၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: zh-min-nan:2011 nî Ji̍t-pún Tang-pak tē-hng tē-tāng
အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: fr:Séisme de 2011 de la côte Pacifique du Tōhoku au Japon
စာကြောင်း ၆၄ - စာကြောင်း ၆၄ -
[[fa:زمین‌لرزه و سونامی توهوکو ۲۰۱۱]]
[[fa:زمین‌لرزه و سونامی توهوکو ۲۰۱۱]]
[[fi:Sendain maanjäristys 2011]]
[[fi:Sendain maanjäristys 2011]]
[[fr:Séisme de 2011 de la côte Pacifique du Tōhoku]]
[[fr:Séisme de 2011 de la côte Pacifique du Tōhoku au Japon]]
[[gl:Terremoto e tsunami de Sendai de 2011]]
[[gl:Terremoto e tsunami de Sendai de 2011]]
[[gv:Craa-hallooin as tsunami Tōhoku 2011]]
[[gv:Craa-hallooin as tsunami Tōhoku 2011]]

၀၅:၃၄၊ ၁၉ မတ် ၂၀၁၁ ရက်နေ့က မူ

၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ
ဆန်ဒိုင် မြောက်ဘက်ဒေသ ဆူနာမီကြောင့် ပျက်စီးသွားပုံ။
ဖိုင်:2011-sendai-quake.png
UTC အချိန်??
ရက်စွဲ *၁၄:၄၆:၂၃၊ ၁၁ မတ် ၂၀၁၁ (+၀၉:၀၀) (၂၀၁၁-၀၃-၁၁T၁၄:၄၆:၂၃+၀၉:၀၀)
ကာလ၅ မိနစ်[၁]
အတိုင်းအတာ၉.၀  Mw[၂]
အနက်၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်)
ငလျင်ဗဟို38.321°N 142.369°E
အမျိုးအစားMegathrust earthquake
သက်ရောက်ဧရိယာဂျပန် (primary)
ပစိဖိတ်တဝန်း (ဆူနာမီ)
စုစုပေါင်းပျက်စီးမှုရေလွှမ်းခြင်း၊ မြေပြိုခြင်း၊ မီးလောင်းခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်း၊ နျူကလီယာ ဓာတ်ပေါင်းပို မတော်တဆမှု
အရှိန်ထိပ်0.35g
ဆူနာမီရှိ
မြေပြိုမှုများရှိ
Aftershocks၃၁၅ ကြိမ် (၃၀ မှာ ၆.၀ MW အထက်)
Deprecated See documentation.

၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ (東北地方太平洋沖地震 Tōhoku Chihō Taiheiyō-oki Jishin[၃]?, "တိုဟိုကုဒေသ (အရှေ့မြောက်ဒေသ) ပစိဖိတ်ကမ်းလွန်ငလျင်") သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်စံတော်ချိန် ၁၄ နာရီ ၄၆ မိနစ် (05:46 UTC) တွင် ဂျပန်ကမ်းလွန် ပင်လယ်ပြင်၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြီးဖြစ်ပြီး[၄][၅] ဂျပန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ၉.၀ MW[၆] စကေးရှိ အင်အားကြီး ငလျင်ကြီးဖြစ်သည်။ ငလျင်ဗဟိုမှာ တိုဟိုကုဒေသ အိုရှိကကျွန်းဆွယ် အရှေ့ဖက်ကမ်းနှင့် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာတွင် တည်ရှိပြီး အနက်မှာ ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) ရှိသည်။[၇][၈]

ငလျင်ဖြစ်ပွားပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ ဂျပန်အပါအဝင် မြောက်အမေရိကနှင့် တောင်အမေရိကရှိ နိုင်ငံပေါင်း ၂၀ ၏ ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ပြောင်းရွှေ့ခဲ့သည်။[၉][၁၀][၁၁] ဂျပန်ကမ်းရိုးတန်းကို ရိုက်ခတ်သည့် ဆူနာမီလှိုင်းကြီးများမှာ ၁၀ မီတာ (၃၃ ပေ) ကျော် မြင့်မားသည်။ အခြားနိုင်ငံများတွင်လည်း လှိုင်းကြီးလှိုင်းငယ်များကို ဖြစ်ပွားစေခဲ့သည်။[၅] ယင်းလှိုင်းများသည် ဂျပန်၏ ကမ္ဘာအခြားတစ်ဘက်ခြမ်းရှိ ချီလီနိုင်ငံအထိပင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ဆူနာမီလှိုင်းကြီးများသည် ကုန်းမြေအတွင်းပိုင်း ၁၀ ကီလိုမီတာ (၆ မိုင်) အထိ ဝင်ရောက်တိုက်စားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။[၁၂]

ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် လူပေါင်း ၃၃၇၃ ဦးသေဆုံး၊ ၇၅၅၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျပန်ရဲဌာနချုပ်မှ အတည်ပြု ထုတ်ပြန်ထားသည်။ သို့သော်လည်း လက်တွေ့ အသေအပျောက်ဦးရေမှာ အခုထက်များပြားနိုင်ကြောင်း ခန့်မှန်းရသည်။[၁၃] ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံတွင် အတိုင်းအတာကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့သည်။ လူနေအိမ်ခြေများ၊ ကားလမ်းများ၊ မီးရထားလမ်းများနှင့် ရေကာတာတစ်ခု ပျက်စီးခဲ့သည်။ ဂျပန်အရှေ့မြောက်ဒေသတွင် အိမ်ခြေပေါင်း ၄.၄ သန်းကျော် လျှပ်စစ်မီး မရှိဖြစ်ခဲ့သည့်အပြင် ၁.၄ သန်းခန့်မှာ ရေမရရှိဘဲဖြစ်နေသည်။[၁၄] လျှပ်စစ်ဓာတ်အားပေးစက် အတော်များများ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး အနည်းဆုံး နျူကလီယာ ဓာတ်ပေါင်းဖို ၃ ခု၌ မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ ဥပဒ်ဖြစ်စေနိုင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်လာကြောင်း တိုင်းတာတွေ့ရှိရသည်။[၁၅][၁၆] ထို့ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖူကုရှိမ အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ မီတာ ၂၀ ပတ်လည်နှင့် အမှတ် ၂ ဓာတ်အားပေးစက်ရုံမှ ၁၀ မီတာ ပတ်လည်အတွင်း နေထိုင်ကြသူများအား ပြောင်းရွှေ့ခဲ့သည်။

ဆန်ဒိုင်ငလျင်သည် အတိုင်းအတာအားဖြင့် ၁၉၀၀ ပြည့်နှစ် ငလျင်တိုင်းတာရေး မှတ်တမ်းများ စတင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသမိုင်းတွင် အင်အားအကြီးမားဆုံး ငလျင်ကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ငလျင်ဖြစ်သည်ဟု သိရသည်။[၁၇][၁၈][၁၉] ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (菅直人; Naoto Kan) က "ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၆၅ နှစ်အတွင်း ဂျပန်နိုင်ငံအဖို့ အကြီးမား၊ အခဲယဉ်းဆုံး ဘေးအန္တရာယ်ဖြစ်သည်။"ဟု မတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ပြောဆိုခဲ့သည်။[၂၀]

ကိုးကား

  1. NBC Nightly News (11 Mar. 2011)
  2. USGS analysis as of 2011-03-12။ Earthquake.usgs.gov။ 2011-03-13 တွင် ပြန်စစ်ပြီး။
  3. 気象庁 Japan Meteorological Agency။ 平成23年3月11日14時46分頃の三陸沖の地震について(第2報) 気象庁 | 平成23年報道発表資料 (in Japanese)။ JMA။ 11 March 2011 တွင် ပြန်စစ်ပြီး။
  4. Reilly, Michael (11 March 2011 17:22 GMT). "Japan's quake updated to magnitude 9.0". New Scientist. Retrieved on 11 March 2011. 
  5. ၅.၀ ၅.၁ Tsunami warning center raises magnitude of Japan quake to 9.1Honolulu Star-Advertiser။ 11 March 2011 တွင် ပြန်စစ်ပြီး။
  6. | www.cbsnews.com
  7. "Séisme et tsunami dévastateurs: plus de 1000 morts et disparus au Japon" (in French)၊ 11 March 2011။ 12 March 2011 တွင် ပြန်စစ်ပြီး 
  8. "Tsunami hits north-eastern Japan after massive quake"၊ BBC News၊ 11 March 2011။ 11 March 2011 တွင် ပြန်စစ်ပြီး 
  9. Tsunami bulletin number 3။ Pacific Tsunami Warning Center/NOAA/NWS (11 March 2011)။ 11 March 2011 တွင် ပြန်စစ်ပြီး။
  10. Wire Staff (11 March 2011)။ Tsunami warnings issued for at least 20 countries after quake။ CNN။ 11 March 2011 တွင် ပြန်စစ်ပြီး။
  11. PTWC warnings complete list။ 11 March 2011 တွင် ပြန်စစ်ပြီး။
  12. Roland Buerk။ Japan earthquake: Tsunami hits north-eastNews။ BBC။ 12 March 2011 တွင် ပြန်စစ်ပြီး။
  13. Hiyama၊ Hiroshi။ Blast at Japan nuke plant; quake leaves 10,000 missingAFP။ 12 March 2011 တွင် ပြန်စစ်ပြီး။
  14. World English။ NHK (12 March 2011)။ 12 March 2011 တွင် ပြန်စစ်ပြီး။
  15. 2011/03/13 01:04 - Meltdown Caused Nuke Plant Explosion: Safety Body။ E.nikkei.com။ 2011-03-13 တွင် ပြန်စစ်ပြီး။
  16. Report: 2nd Japan nuclear meltdown likely under way - World news - Asia-Pacific - msnbc.com။ MSNBC။ 2011-03-13 တွင် ပြန်စစ်ပြီး။
  17. Magnitude 8.9 – NEAR THE EAST COAST OF HONSHU, JAPAN 2011 March 11 05:46:23 UTCUnited States Geological Survey (USGS)။ 11 March 2011 တွင် ပြန်စစ်ပြီး။
  18. 8.9 Earthquake in Japan, Tsunami Warning to Russia, Taiwan and South East Asia (11 March 2011)။ 11 March 2011 တွင် ပြန်စစ်ပြီး။
  19. Japan quake – 7th largest in recorded history (11 March 2011)။ 11 March 2011 တွင် ပြန်စစ်ပြီး။
  20. Japanese PM: 'Toughest' crisis since World War II publisher=CNNWorld။ 13 March 2011 တွင် ပြန်စစ်ပြီး။