ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎GA ဖြစ်ပြီးနောက်: အပိုင်းသစ်
စာကြောင်း ၁၃၄ - စာကြောင်း ၁၃၄ -
:::::::::@[[အသုံးပြုသူ:Htanaungg|Htanaungg]] Noted bro. [[အသုံးပြုသူ:Dr Lotus Black|Dr Lotus Black]] ([[အသုံးပြုသူ ဆွေးနွေးချက်:Dr Lotus Black|ဆွေးနွေး]]) ၁၂:၀၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)
:::::::::@[[အသုံးပြုသူ:Htanaungg|Htanaungg]] Noted bro. [[အသုံးပြုသူ:Dr Lotus Black|Dr Lotus Black]] ([[အသုံးပြုသူ ဆွေးနွေးချက်:Dr Lotus Black|ဆွေးနွေး]]) ၁၂:၀၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)
::::::::::[[မီဒီယာဝီကီ:Sitenotice]] မှာ ရေးထားလိုက်ပါပြီ။ အဆင်ပြေမယ် ထင်ပါတယ်။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၁၂:၂၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)
::::::::::[[မီဒီယာဝီကီ:Sitenotice]] မှာ ရေးထားလိုက်ပါပြီ။ အဆင်ပြေမယ် ထင်ပါတယ်။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၁၂:၂၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)

== GA ဖြစ်ပြီးနောက် ==

enwiki မှာတော့ GA ဖြစ်ပြီးရင် ၇ ရက်အတွင်း Did you know section အတွက် nominate လုပ်ကြပါတယ်။ ဒီမှာက DYK မရှိသေးတော့ GA ဖြစ်သွားတဲ့ဆောင်းပါးကို main page မှာပေါ်အောင် [[တမ်းပလိတ်:Featured article]] မှာ ထားရင်အဆင်ပြေပါမလား။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၁၀:၄၄၊ ၂၄ နိုဝင်ဘာ ၂၀၂၁ (UTC)

၁၀:၄၄၊ ၂၄ နိုဝင်ဘာ ၂၀၂၁ ရက်နေ့က မူ

 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 

အကြံဉာဏ်သစ်များနှင့် အဆိုပြုချက်အသစ်များကို ဤနေရာတွင် ဆွေးနွေးပါသည်။ အဆိုပြုချက် မတင်သွင်းမီ:

« ဆွေးနွေးချက် အဟောင်းများ,



Stub နေရာ

unreferenced တွေကို အပေါ်ဆုံးမှာထားတာ တွေ့တယ်. stub တွေက ဘာလို့ အောက်ဆုံးရောက်ရတာလဲ. တိုတယ်လို့ နာမည်တပ်ချင်ပြီး ဖွက်လဲထားချင်ရင် stub သုံးတာလား. အပေါ်ဆုံးမှာထားလို့ မရနိုင်ဘူးလား. NuDeity (ဆွေးနွေး) ၂၀:၂၉၊ ၁ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဒီနည်းတွေက မြန်မာဝီကီက စတင်ထွင်တာမဟုတ်ပါဘူး။ enwiki ကမူကို ယူသုံးတာပါ။ "Place a stub template at the very end of the article" လို့ရေးထားပါတယ်။ လူအင်အားရော စနစ်ကျမှုရောအလွန်မြင့်ပြီး တစ်ခုခုစည်းကမ်းထုတ်တယ်ဆိုရင် လူပေါင်းများစွာ ဆွေးနွေးအဖြေရှာပြီး အသင့်တော်ဆုံးစည်းကမ်းချကြတာပါ။ အပေါ်ထား အောက်ထားတွေက စာကြောင်း စာပိုဒ် အခြားဝီကီနည်းပညာ စသဖြင့် အကြောင်းရင်းတွေရှိပါလိမ့်မယ်။ ဦးထုပ်ဆောင်းပြီး ဖိနပ်ဝတ်သလိုပေါ့။ Aungookingofcelestials (ဆွေးနွေး) ၀၁:၂၇၊ ၂ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အပြည့်အစုံရှင်းလင်းထားတာမဟုတ်ပေမယ့် နားလည်နိုင်အောင်လို့ ဝီကီပီးဒီးယား:ဆောင်းပါးတို ကို ဖတ်ရှုနိုင်ပါတယ်။ NinjaStrikers «» ၀၃:၃၂၊ ၂ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အောက်ဆိုလဲ အောက်ပေါ့. မနေ့ကတော့ အောက်ဆုံးမှာထားပါဆိုတာ မတွေ့တာ အသေအချာပဲ. :D NuDeity (ဆွေးနွေး) ၀၆:၅၀၊ ၂ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အမည်ပေးစနစ်

မြန်မာဝီကီမှာ File အမည်တွေကလွဲလို့ တခြား နိုင်ငံခြားဘာသာစကားတွေအတွက် အသံ/ အက္ခရာ ဖလှယ်ပုံ (အမည်ပေးစနစ်) တိတိပပ သတ်မှတ်ထားတာမျိုးမရှိတော့ နိုင်ငံခြားအသံတွေ ဖလှယ်တဲ့အခါ (အက္ခရာဖလှယ်တာရော အသံဖလှယ်တာရော) ကိုယ့်စိတ်ထင်ရာပေါင်းကြတော့ အမှားတွေ ကြုံလာရပါတယ်။ သာဓကပြရရင် လောလောလတ်လတ် တွေ့လိုက်ရတဲ့ Sakyamuni (သကျမုနိ) ကို စကြာမုနိ၊ စကျမုနိလို့ မှားတာမျိုး၊ Croissant ကို ခွစမ်း၊ ခရိုစွန် လုပ်ကြတာမျိုးကစလို့၊ Suga (ရှူးဂါး) ကို သုခ၊ Agust D ကို အဂ္ဂဓိလို့ လုပ်တာအလယ်၊ ဟိုးအရင်ကတည်းက ရေးပြီးသားတွေဖြစ်တဲ့ Park Geun Hye (ဘတ်ဂွန်းဟဲ) ကို ဖတ်ကွန်းဟယ် လုပ်တာမျိုး၊ Rhee Syng Man (= Ri/ Ree Seung Man; ရီဆွန်းမန်း) ကို ဆောင်မန်ဟီး လုပ်တာမျိုးအဆုံး အမျိုးစုံကို မှားနေကြတာပါ။ အဲဒီအတွက် ဘာသာပြန်တာများတဲ့ ဘာသာစကားတွေအတွက် Naming Convention သတ်မှတ်ဖို့ အကြံပြုလိုပါတယ်။ ဘာသာစကားတစ်ခုရဲ့ အသံထွက်ကို တခြားဘာသာစကားတစ်ခုမှာရှိတဲ့ အက္ခရာတွေနဲ့ အတိအကျ ပြလို့မရပေမဲ့လဲ အတိုင်းအတာတစ်ခုထိတော့ အမှားတွေ လျော့နိုင်သမျှလျော့၊ နည်းနိုင်သမျှ နည်းသွားတာပေါ။ Htanaungg (ဆွေးနွေး) ၀၇:၂၈၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

@Aungookingofcelestials: any suggestions, pls? Htanaungg (ဆွေးနွေး) ၀၇:၃၄၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Naming convention ဆိုတာ မရှိသင့်ပါဘူး. လူတွေရဲ့ ဖန်တီးနိုင်စွမ်းကို ကန့်သတ်ပစ်တာ ဝီကီရဲ့ ငါးခုမြောက်ဥပဒေသ နိုးဖင်းရူးနဲ့ ညှိပါတယ် :3 P0rnytail (ဆွေးနွေး) ၀၉:၄၉၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
P0rnytail, enwiki ဘက်မှာတော့ naming convention အခု ၉၀ ​ကျော်တောင် ရှိပါရဲ့။ Htanaungg (ဆွေးနွေး) ၀၉:၅၉၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဒီနေရာမှာပဲ ဆွေးနွေးလိုက်ပါတော့မယ်။ မြန်မာနိုင်ငံရဲ့ လူပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးခေါင်းစဉ်တွေမှာ Prefix စနစ်လေး သတ်မှတ်ထားပေးရင် ပိုကောင်းမယ် ထင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက ဥပမာ - 'ဦးသန့်' လို့ပဲ ထားမလား၊ သန့် (ဦး)လို့ပဲ ထားမလား၊ 'ဗိုလ်ချုပ် အောင်ဆန်း' (သို့) အောင်ဆန်း (ဗိုလ်ချုပ်) အဲ့လိုမျိုး စနစ်တစ်ခုခုသတ်သတ်မှတ်မှတ်လေး ရှိရင် index ထောက်ရတာရော၊ ရှာဖွေရတာရော ပိုအဆင်ပြေမယ် ထင်မိပါတယ်ဗျ။ တချို့ လူပုဂ္ဂိုလ်အကြောင်း ဆောင်းပါးတွေမှာ မြင်တွေ့နေတဲ့ဟာလေးက ဘယ်လိုမျိုးလဲဆိုတော့ ကလောင်ရှင် ကြည်ညိုရင် ဆောင်းပါးခေါင်းစဉ်က စာလုံးစီရော၊ ပြသရောမှာ ဂုဏ်ပုဒ်တွေ ဝေဝေဆာဆာနဲ့ ဖော်ပြပေးပြီးတော့ အကြည်ညိုပျက်ရင်ကြတော့ ဖော်ပြမှုက တမျိုးဖြစ်နေတာတွေ မြင်လို့ပါ။ WD မှာ property အရရော statement အရရော ရှာရတာ အဆင်မပြေလို့ပါ ခင်ဗျာ။ အပြုသဘောဆွေးနွေးခြင်းသက်သက်ဖြင့် Pho Sai (ဆွေးနွေး) ၀၃:၂၄၊ ၁၀ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Self-admitted sock puppetry
I smell NuDeity would be P0rnytail's sock puppet, by the way. Found evidently at ဆွေးနွေးချက်:အိုင် and ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ)#အင်း အိုင် ကန်.) Htanaungg (ဆွေးနွေး) ၀၉:၅၉၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ခြေအိတ်စွပ်တယ်ဘာတယ် လုပ်မနေနဲ့ ကျုပ်ဖြင့် merge နည်းတောင် လိုက်ရှာနေရသေးတယ်. တခုထဲရှိရမယ်ဆို အဲဒါဖျက်လိုက်. P0rnytail (ဆွေးနွေး) ၁၂:၃၉၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers: He just admitted. Htanaungg (ဆွေးနွေး) ၁၂:၅၃၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
I already suspected that based on his behaviors. NinjaStrikers «» ၁၇:၃၇၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Naming convention is one of the Wikipedia's guidelines, and Wikipedia also has policies on Article titles. Htanaungg (ဆွေးနွေး) ၁၂:၅၇၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Naming Convention တွေကတော့ လိုအပ်ပါတယ်။ တစ်စု၊ တစ်ဖွဲ့၊ တစ်ကျောင်းတည်းက လူတွေရေးသားတာမဟုတ်ဘဲ လူတိုင်းပါဝင်ရေးသားခြင်းဖြစ်လို့ ပေါ်ပေါက်လာရင်တော့ အတိုင်းထက်အလွန်ပါ။ ပထဝီ၊ ဆေး၊ သိပ္ပံ၊ လူပုဂ္ဂိုလ် ... စတာတွေ။ ဘာသာစကားများနဲ့ပတ်သက်ရင်လည်း ဥရောပဘက်က စကားတွေဆို ဘယ်လိုယူမလဲ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း စတာတွေဆို တစ်မျိုး၊ ရှေးဟောင်းစကားတွေဖြစ်တဲ့ ပါဠိ၊ သက္ကတ ဆို မည်သို့ဖလှယ်ကြမလဲ၊ သူ့အခြေအနေနဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေမှာ ယေဘုယျသဘောလောက် ပေါ်လာရင်ကို မဆိုးလောက်ပါဘူး။ အမည်ပေးခြင်းမှာ မတော်တဆ (accidental) အမှားများကို လက်ခံနိုင်ပါတယ်။ မတော်တဆဆိုတာ ပုံမှန်ဖြစ်နေတာမဟုတ်ပါဘူး။ ဆောင်းပါးအများမှာ တစ်ခုစ နှစ်ခုစ မှားခြင်းမျိုးပါ၊ ကျွန်တော်တို့ကိုယ်တိုင်လည်း မှားကြပါတယ်။ ရည်ရွယ်တဲ့ (intentional) (သို့) (အဓိပ္ပာယ်တစ်မျိုးရောက်အောင် ထွင်လိုက်တဲ့ (coining a phrase) အမှား (သို့) လက်ခံနိုင်တဲ့ နယ်ပယ် (acceptable range ) ကျော်တာ၊ လက်ရှိမြန်မာစာမှာ အတည်တကျရှိတဲ့ (ရေးထုံး) တွေကလွဲလို့ ခေတ်အရ အသံဖလှယ်ရာမှာ အလွန်အသုံးနဲတဲ့ (ပုံမှန်အများ သုံးလေ့မရှိတဲ့) ဋ ဍ .. ဤ ... စသဖြင့်ကို ရှောင်ရန်၊ (ပါဠိ၊ သက္ကတ၊ အိန္ဒိယ(စကားအချို့) အာရေဗျ နဲ့ ထိုစကားများကို ရံခါ အခြေပြုပေးတတ်ကြတဲ့ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား... စတာတွေ၊ ဂရိ ရောမ လက်တင် တို့က အလက်ဇန္ဒြား၊ အရစ္စတိုတယ် တို့လိုအမည်တွေကလွဲလို့) အခြား ဥရောပစကားများက အမည်တွေကို စာလုံးဆင့်သုံးတာ (မြန်မာစာပညာရှင် ဦးထွန်းတင့်ကတော့ မြန်မာစကားစစ်စစ်မှာ စာလုံးဆင့်မရှိဘူးလို့တောင် ဆိုထားခြင်းရှိတယ်။) ရှောင်ပြီး ရိုးရိုးရှင်းရှင်း ရေးတာမျိုးတွေ၊ စသဖြင့် စသဖြင့် သူ့ကဏ္ဍနဲ့သူ အမည်ပေးစနစ်လေးတွေ ရှိရင်တော့ ပိုမိုကောင်းလာနိုင်ပါတယ်။ သို့ပေမယ် အတော်ကို ခက်ခဲမယ်ထင်တယ်။ ဒီလို လမ်းညွှန်၊ စနစ် မပေါ်ပေါက်သေးတောင် ထိန်းထိန်းသိမ်းသိမ်း ရေးမယ်ဆို ပြဿနာအတော်နဲမှာပါဗျာ။ Aungookingofcelestials (ဆွေးနွေး) ၁၃:၁၁၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Aungookingofcelestials, ဆွေးနွေးပေးတာ ကျေးဇူးဆရာ။ naming convention တွေကို ကျွမ်းကျင်သူတွေက နည်းနည်းစီ ဖြည့်သွားလဲ အဆင်ပြေတာပဲနော်။ Htanaungg (ဆွေးနွေး) ၁၃:၂၆၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ကျွန်တော် တခြား ပထဝီ၊ ဆေး၊ သိပ္ပံ လိုမျိုး ဘာသာရပ်ဆိုင်ရာ term တွေအတွက်တော့ သေချာမသိပေမဲ့၊ ကျောင်းမှာ/သင်တန်းမှာသင်ရတဲ့ ဘာသာစကားတွေတော့ လုပ်ကြည့်ချင်တယ်။ community consensus လိုတာမျိုးဆိုလဲ အခုလိုပဲ ဆွေးနွေးပေးကြဖို့ ပြောရမှာပေါ့။ ပထမဆုံး၊ Roman lipi နဲ့ ရေးထားတဲ့ ပါဠိကို မြန်မာအက္ခရာဖလှယ်နည်းက သတ်မှတ်ပြီးသားဆိုတော့ အဲဒါကစရင် အဆင်ပြေမယ်ထင်တာပဲ။ (ဖတ်စာအုပ်ထဲကနေ ကူးလိုက်ရုံပဲလေ။) Htanaungg (ဆွေးနွေး) ၁၄:၁၅၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Good idea! And I don't know how precious the new page would be for others, but it means the world to me. Fully appreciate it. Aungookingofcelestials (ဆွေးနွေး) ၁၇:၁၈၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အမည်ပေးစနစ်က ရှိထားဖို့လိုတဲ့ အချက်တစ်ခုပါ။ ဟိုးအရင်ကတည်းက မြန်မာဝီကီမှာ အသံဖလှယ်တာ၊ ဘာသာပြန်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြဖူးပေမယ့် တိတိကျကျ အဖြေမထွက်ခဲ့ဘူး။ ကျွန်တော်လည်း ဆောင်းပါးခေါင်းစဉ်နဲ့ ဖိုင်အမည်ပေးစနစ် နှစ်ခုကိုပဲ အင်္ဂလိပ်ဝီကီကို ကိုးကားပြီး ဒီဖက်မှာ ဘာသာပြန်နိုင်ခဲ့ပေမယ့် ကျန်တာတွေကို ဆက်မလုပ်နိုင်သေးပါဘူး။ အခုလို ဝိုင်းဝန်းပြီး နည်းနည်းချင်းစီ လုပ်သွားကြတာပေါ့ဗျာ။ NinjaStrikers «» ၁၇:၃၅၊ ၂၃ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Aungookingofcelestials ဘယ်လိုရေးကြမယ်ဆိုပြီး စုဝေးတိုင်ပင်တာ ကောင်းပါတယ်. ဒါပေမဲ့ ဝီကီကွန်မြူနတီဟာ မြန်မာနိုင်ငံသားတိုင်းကို ကိုယ်စားမပြုနိုင်တာကိုလဲ ထဲ့တွေးပါ. ဘာသာစကားဆိုတာ လူတွေကြောင့်ဖြစ်လာတာမို့ ဘာသာစကားတိုင်းက သဒ္ဒါမှာ ခြွင်းချက်တွေ ရှိလာတာပါ. ဒါကြောင့် အဘိဓါန်ကအတိုင်း ပူဒီနံပေမဲ့ လူတွေခေါ်တဲ့ ပူစီနံကို Redirect နဲ့ ထပ်ထဲ့ပေးထားရတယ်. ပြောချင်တာက Naming convention ဆိုတာကြီးဖြစ်လာရင် မလိုက်နာစရာ မရှိပါ. ဒါပေမဲ့ လူသုံးများတာနဲ့ မကိုက်ရင် ဒီ Naming convention ကိုကိုင်ပြီး တယ်ငြင်းနေရင် ဘယ်လိုဆက်သွားမလဲ. အမည်ပေးတဲ့နေရာမှာ မှားတယ်ဆိုတာ မရှိပါ. အသုံးတွင်ကျယ်သွားတာနဲ့ အသုံးနဲပြီး ပျောက်သွားတာမျိုးပဲ ရှိတယ်. ဋတလင်းချိတ် ဌဝမ်းဘဲ မဖတ်တတ်တာ သင်ပုန်းကြီး မသင်ထားတဲ့သူပဲ. သင်ပုန်းကြီးမှ သင်မထားရင် စာမတတ်တဲ့စာရင်းထဲ ပါပြီ. ဒီအက္ခရာတွေသုံးလို့ မဖတ်တတ်တာ မဖြစ်နိုင်တာ. စာကို မတတ်တာဘဲ ဖြစ်နိုင်တယ်. အဆင့်တွေမရှိ အထပ်တွေမရှိဆိုရင် သင်ပုန်းကြီးမှာ ဋဝဂ်ကို ဘာလို့ ဆက်ထဲ့နေတာလဲ စဉ်းစားပါ. အိန္ဒိယ (မင်းတုန်းမင်းလက်ထက် ဣန္ဒိယ ခေါ်. ကင်းဝန်မင်းကြီးမှတ်တမ်းမှာကြည့်) ဆိုရင် နောက်လူတွေ (ဦးဘေမောင်တင်တို့ မင်းသုဝဏ်တို့) ပြင်တာပဲ. ဘာလို့ အိန်ဒိယ မရေးတာလဲ. ထွန်းတင့်ဆိုတာ မြန်မာစာအဖွဲ့မှ လူတော်ကုန်မှဖြစ်တဲ့ အဖြည့်ခံပါ. သူ့စကားကို စာရင်းသွင်းစရာ မလို. သူလုပ်တာ ရှေးတုံးကရှိပြီးသားတွေ ပြန်ပုံနှိပ်စားတာပဲ ရှိ. ခုခေတ် မြန်မာစာအဖွဲ့အရည်အချင်းသိချင်ရင် ၂၀၁၀ နောက်ပိုင်း စွယ်စုံကျမ်းနှစ်ချုပ်ကိုကြည့်. နဲနဲမှ သုံးစားမရ. ကျနော့်အကြံကတော့ မျက်နှာဖြူတွေနည်း မြန်မာစာကို ခေတ် ၂ ခေတ်ခွဲရေးတာ ကောင်းမယ်. ရတနာပုံခေတ်နဲ့အရှေ့ ဖ-ဘ တပိုင်း၊ တ-တစ် နေဝင်းအောက်ဆွဲသတ်ပုံ တပိုင်း. P0rnytail (ဆွေးနွေး) ၀၅:၅၁၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
"ဘယ်လိုရေးကြမလဲ .... မလိုက်နာစရာမရှိပါ။" အထိ ဆွေးနွေးခုခံစရာမရှိပါ။ အမည်ပေးရာ၌ မှန်/မှား ကိစ္စနဲ့ပတ်သက်ပြီး ဝီကီပြင်ပ (သို့) စာနယ်ဇင်းနယ်ပယ်တွေမှာ ယေဘုယျသဘောအရ စာရေးဆရာတွေမှာ သူတို့ကြိုက်တာကို သူတို့ပေးပိုင်ခွင့်ရှိပါတယ်။ ဝီကီတည်းဖြတ်သူတွေကျတော့ သူတို့လို artistic or poetic licence မရှိတော့၊ အများသုံးတို့ ရေးထုံးတို့ ခေတ်ကာလသတ်မှတ်ချက်စည်းမျဉ်း၊ လမ်းညွှန် ဆိုတာတွေ အောက်မှာရှိသွားပါတယ်။ P0rnytail ဟာ ပြင်ပမှာ နာမည်ကျော် စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးဖြစ်ပြီး သုံးစွဲလိုက်တဲ့ (သို့) ထွင်လိုက်တဲ့ ဝေါဟာရတွေဟာ ရေပန်းစားလို့ အများသူငါ ယူသုံးရင် ဝီကီကလည်း ယူသုံးရမှာပါ။ လူသုံးမရှိရင် ဝီကီမှာလည်း သုံးစွဲဖို့ မဖြစ်နိုင်ပါဘူး။ ဣန္ဒိယ၊ ဣသရေလ တွေက မှားတာမဟုတ်ပါဘူး။ ဒီခေတ်မှာအသုံးနဲပြီး သူ့အစား ဒီခေတ်လူတွေက အိန္ဒိယ၊ အစ္စရေး စသဖြင့် ခေါ်ကြ သုံးကြသမို့ ဒီခေတ်အတွက် ဒီစာလုံးတွေက အဆင်ပြေဆုံးပါ။ နောင်နှစ်တစ်ရာ ငါးရာလောက်ဆို အိန္ဒိယက အင်္ဒိယား (သို့) ဉုံဓုယ ပြောင်းသွားနိုင်ပါတယ်။ အဲ့ခေတ်ကလူတွေ ဆုံးဖြတ်ပါလိမ့်မယ်။ ဦးထွန်းတင့် ၊ မြန်မာစာအဖွဲ့နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းရေးရာဖြစ်လို့ ကျွန်တော် မဆွေးနွေးလိုပါ။ သူတို့က စာအုပ်စာပေ စသဖြင့် ထုတ်နှုတ်ရေးသား ဖြန့်ချိကြပြီး scholastic or academic field ကဖြစ်လို့ သူတို့ ရေးတာ၊ တင်ပြတာကိုတော့ ဝီကီက ကိုးကားယူနိုင်ပါတယ်။ မျက်မှောက်ခေတ်အတွက် လက်ရှိမြန်မာစာအဖွဲ့က သတ်မှတ်ထားတဲ့ စံ၊ စည်းမျဉ်းတွေပဲ ယူသုံးသင့်ပါတယ်။ နောင်တစ်ချိန် ကျွန်တော်ရေးတဲ့ဆောင်းပါးဟာ အဲဒီခေတ်ရဲ့ စံ၊ စည်းမျဉ်းနဲ့မကိုက်ရင် အဲဒီလူတွေ ပြင်ကြမှာပါ။ လေးစားစွာဖြင့် ... Aungookingofcelestials (ဆွေးနွေး) ၁၁:၁၉၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
လက်ရှိ မြန်မာစာအဖွဲ့ဟာ မြန်မာဘာသာစကားနဲ့ပတ်သက်ပြီး စံပြုထားရတဲ့ အဘိဓာန်၊ စာလုံးပေါင်းသတ်ပုံကျမ်း စတာတွေကို စီစဉ်ဖြန့်ချိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအတွက် မြန်မာဝီကီပီးဒီးယားဟာ စာလုံးပေါင်း၊ ရေးထုံး၊ ဝေါဟာရ၊ အဓိပ္ပာယ်စတာတွေကို မြန်မာစာအဖွဲ့က သတ်မှတ်ထားတဲ့ စံ၊ စည်းမျဉ်းတွေအတိုင်း လိုက်နာကျင့်သုံးပါတယ်။ မြန်မာစာအဖွဲ့ရဲ့ စံတွေစည်းမျဉ်းတွေမှာ မပါတဲ့ အခြားဝေါဟာရတွေအတွက် reliable source တွေ သုံးတဲ့၊ အသုံးတွင်ကျယ်တဲ့ အသုံးအနှုန်းကို ယူပါတယ်။ ဒါက မြန်မာဝီကီတစ်ခုထဲအတွက် မဟုတ်ဘဲ အခြားဝီကီတွေမှာလဲ အဲဒီလိုပဲ လုပ်ကြပါတယ်။ အခုလို အမည်ပေးစနစ်တွေကို လုပ်ကြတဲ့အခါမှာ အများသဘောဆန္ဒနဲ့ ချိန်ညှိပြီး လုပ်ဆောင်ကြဖို့လိုပါတယ်။ အဲလို အများသဘောတူထားတဲ့ စည်းမျဉ်းတွေဟာ နောင်တစ်ချိန်မှာ ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ လိုကောင်းလိုလာနိုင်ပါတယ်။ အဲဒီအခါကျလည်း ပြင်ဆင်ဖြည့်စွက်စတာတွေကို အများသဘောဆန္ဒအတိုင်းပဲ လုပ်သွားကြပါလိမ့်မယ်။ လူသုံးများတာနဲ့ မကိုက်တဲ့၊ အသုံးမရှိတဲ့ ဝေါဟာရတွေ ရှိလာခဲ့မယ်ဆိုရင် အများသဘောတူထားတဲ့ စည်းမျဉ်းနဲ့ပဲ ချိန်ထိုးဆုံးဖြတ်ကြရမှာဖြစ်ပြီး အများလက်ခံခဲ့ရင် ဆက်သုံးကြပါလိမ့်မယ်။ NinjaStrikers «» ၁၆:၁၈၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ကွန်ဗန်းရှင်းဆိုတာ အများသဘောတွေ့တဲ့အစီအစဉ်လို့ သိတာပဲ. ဒါနဲ့ သဘောမတွေ့တဲ့ ငနဲက ဘယ်လိုလုပ်မလဲလို့ မျက်နှာဖြူတွေဘက် သွားကြည့်တော့ Use common sense ဆိုတာ တွေ့တာပဲ. မရေးဖြစ်တာထက်စာရင် အယ်ဒီတာတွေက စည်းမျဉ်းတိုင်း လိုက်နာစရာ မလိုပဲ ရေးနိုင်သတဲ့. ဆိုတော့ကာ 'Guys, now I've a release!' ပေါ့. လုပ်ချင်တဲ့ ကွန်ဗန်းရှင်းလုပ်ကြပါ. လွတ်လပ်စွာကွဲလွဲခြင်းကိုအလေးအနက်ထားစွာဖြင့် :D P0rnytail (ဆွေးနွေး) ၁၉:၂၃၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Beware of en:WP:NOTIAR before mentioning en:WP:SENSE. Htanaungg (ဆွေးနွေး) ၀၃:၃၅၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
For 8 things in en:WP:NOTIAR,
I only need to concentrate 2, 3, 4 and 5.
For #2, I can justify everytime you/whoever challenge the action I did.
For #3, I can accept whoever pointing out. (There is no need to get mad. This is Wiki.)
For #4, I can give a reason for every actions I did though I can't promise it will be a good one. What I know is good or bad one solemnly ::::::: depends on viewer's opinion.
For #5, Just like #2 I know the foreseeable effects of my actions and ready to be justified.
So, deal with this. :D P0rnytail (ဆွေးနွေး) ၀၆:၁၀၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
So far it's only your words. There's no evidence you deal with the policies. You've recently made Down syndrome ဓေါင်းစင်ဓရုမ်း (which is moved to ဒေါင်းဆင်ဒရုန်း by admin, luckily) and Quebec ခူဘက် in စိန့်မာရီ. ~ ထနောင်း (🔔📝) ၀၅:၃၂၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ခူဘက် is still ခူဘက် (sad for you :D) P0rnytail (ဆွေးနွေး) ၀၇:၄၈၊ ၉ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

File upload wizard ကို ဝီကီပီးဒီးယား:ဖိုင်တင်ကူညီကိရိယာ အနေနဲ့ ပြင်ဆင်ထားပြီးပါပြီ။ ဆိုဒ်ရဲ့ ဘယ်ဖက်ခြမ်း "ကိရိယာများ" အပိုင်းအောက်က "ဖိုင်တင်ရန်" (Upload File) ရဲ့ ရည်ညွှန်းရာလင့်ခ်ကို Special:Upload အစား ဝီကီပီးဒီးယား:ဖိုင်တင်ကူညီကိရိယာနဲ့ အစားထိုးပြောင်းလဲလိုပါတယ်။ site configuration ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် အခြားသူတွေရဲ့ သဘောထားကို ဒီနေရာကနေ အရင်ဆုံး ဆွေးနွေးစေလိုပါတယ်။ "ဖိုင်တင်ရန်" လင့်ခ်ကို ဝီကီပီးဒီးယား:ဖိုင်တင်ကူညီကိရိယာနဲ့ အစားထိုးပြီးတဲ့အခါ မူရင်း Special:Uploadကို သုံးဖို့ အထူးစာမျက်နှာများအောက်က "မီဒီယာ အစီရင်ခံချက်များနှင့် Upload တင်ထားသည်များ" ထဲကနေ သွားနိုင်သလို ဖိုင်တင်ကူညီကိရိယာ စာမျက်နှာအောက်ဆုံးက "ဒေသတွင်း တင်ရန်အတွက် ရိုးရိုးဖောင်ပုံစံ" ကိုနှိပ်ပြီးလဲ သွားနိုင်ပါတယ်။ ဖိုင်တင်ကူညီကိရိယာအတွက် လက်စွဲလမ်းညွှန်စာတမ်းကိုလဲ နောက်ပိုင်းမှာ ဖြည့်စွက်ရေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၆:၄၂၊ ၉ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

သဘောတူပါတယ်။ Dr Lotus Black (ဆွေးနွေး) ၀၆:၅၃၊ ၉ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စကားပုံများ ပေါင်းရန်

Dead-end pages တွေမှာ စကားပုံအများစု ပါပါတယ်. ထပ်ချဲ့စရာလဲ မရှိပါ. မြန်မာစကားပုံများ ခေါင်းစီးနဲ့ ပေါင်းလိုက်ချင်ပါတယ်. မျက်နှာဖြူတွေကတော့ Wikitionary ထဲ ထဲ့တာတွေ့တယ်. ဘယ်လိုစီရင်မလဲ သိချင်. P0rnytail (ဆွေးနွေး) ၀၅:၄၆၊ ၁၁ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

နံပါတ်စဉ်စာရင်း ပြုလုပ်ချက်(Function of "Numbered List") မြန်မာ ဂဏန်းအက္ခရာပြောင်းစေရန်

ဆောင်းပါးထဲမှာ အပိုင်း(သို့)အပိုဒ်ခွဲထဲမှာ ထည့်တဲ့ Numbered List တွေကို မြန်မာအက္ခရာ ဂဏန်းစာလုံးလေးတွေ ပြောင်းစေချင်ပါတယ်။ ကြည့်ရတဲ့ UI အပိုင်းမှာလဲ ပိုအဆင်ပြေစေမယ် ထင်လို့ပါ။ ပြောင်းမယ်ဆိုရင် Content Translation လောက်နဲ့ မရလောက်ဘူးထင်လို့ပါ။ Admin များ၊ ကျွမ်းကျင်သူများ အမြင်လေး ဆွေးနွေးပေးကြပါအုံး ခင်ဗျာ။ Pho Sai (ဆွေးနွေး) ၀၈:၅၈၊ ၁၈ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

လှုပ်ရှားဆောင်ရွက်မှု ပဋိဉာဉ်စာတမ်း မူကြမ်းရေးဆွဲရေး ကော်မတီအတွက် အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းအား ယခု ဖွင့်လှစ်လိုက်ပါပြီ။ ဤရွေးကောက်ပွဲ၌ ကမ္ဘာတစ်ဝှမ်းမှ ဝီကီမီဒီယန် စုစုပေါင်း ၇၀ ဦးသည် မဲဆန္ဒနယ် ၇ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပါသည်။

ဆန္ဒမဲပေးခြင်းအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပါသည် (ကမ္ဘာတဝှမ်း မည်သည့်ဒေသ၌မဆို)။

ကော်မတီတွင် အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦး ပါ၀င်မည် : အွန်လိုင်းအဖွဲ့များမှ ရွေးချယ်မည့် အဖွဲ့ဝင် ၇ ဦး၊ ဝီကီမီဒီယာလုပ်ငန်းခွဲများ၌ တပြိုင်တည်း ရွေးချယ်ပေးမည့် အဖွဲ့ဝင် ၆ ဦး ဖြစ်ပြီး ကျန်အဖွဲ့ဝင် ၂ ဦး အား ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ခန့်အပ်ပေးမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ကော်မတီဖွဲ့နိုင်ရန် စီစဉ်ထားသည်။

မဲပေးရန် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ အကြောင်းအား နှစ်သက်ရာ ဘာသာစကားဖြင့် ဖတ်ရှုလေ့လာရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Candidates>

မူကြမ်းရေးဆွဲရေးကော်မတီအကြောင်း လေ့လာရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee>

ဤရွေးကောက်ပွဲအတွက် မဲပေးခြင်းဆိုင်ရာ အကြံဉာဏ်များပေးရန် လျှောက်လွှာအား စမ်းသပ်ဆောင်ရွက်နေပါသည်။ ကိရိယာတန်ဆာပလာ (tool) အား သင်ကိုယ်တိုင် ကလစ်နှိပ်ကြည့်၍ သင်နှင့် အနီးစပ်ဆုံး၌ မည်သည့်ကိုယ်စားလှယ်လောင်းဖြစ်သည်ကို ကြည့်လိုက်ပါ ! ဤနေရာသို့ ဝင်ကြည့်ပါ <https://mcdc-election-compass.toolforge.org/>

အသိပေးကြေညာချက်အပြည့်အစုံကို ဖတ်ရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Elections>

SecurePoll သို့ သွားရောက် မဲပေးရန်: <https://meta.wikimedia.org/wiki/Special:MyLanguage/Movement_Charter/Drafting_Committee/Elections>

လေးစားစွာဖြင့်/

လှုပ်ရှားဆောင်ရွက်မှုမဟာဗျူဟာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်း

MNadzikiewicz (WMF) (ဆွေးနွေး) ၀၇:၃၉၊ ၁၃ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဆောင်းပါးကောင်း သတ်မှတ်ရန် အဆိုပြုချက်

အခုဆိုရင် မြန်မာဝီကီမှာလည်း တချို့ဆောင်းပါးတွေ အထူးဆောင်းပါး (Featured article) မဟုတ်တောင် ဆောင်းပါးကောင်း (Good article) စာရင်းဝင်တဲ့ဆောင်းပါးတွေ အတော်အသင့်ရှိလာပြီလို့ ယုံကြည်ရပါတယ်။ အင်္ဂလိပ်ဝီကီဘက်မှာတော့ ဆောင်းပါးကောင်း (GA) ဝင်ဖို့ အဆင့်သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းစဉ်တွေက နည်းနည်းတော့ ရှုပ်ပါတယ်။ မြန်မာဝီကီမှာ အဲသလိုလုပ်ရမယ့် Guideline/Policy တွေတော့ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ ဒါပေမယ့် တည်းဖြတ်သူ @Htanaungg: ဘာသာပြန်ထားတဲ့ WP:GA နဲ့ဆို ဆောင်းပါးကောင်း (GA) အဆင့်ဝင်ဆောင်းပါး အခု ၁၀၊ ၂၀ လောက် သတ်မှတ်နိုင်မယ်လို့ ထင်တာပါပဲ။ အများကြီး မဟုတ်တောင် ရသလောက် လုပ်မယ်ဆိုရင် ဆောင်းပါးကောင်းတွေ နောက်ထပ်ပေါ်ထွက်လာဖို့ ၊ အဲဒီကနေ အထူးဆောင်းပါးတွေ ပေါ်လာဖို့ တွန်းအားတခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ လောလောဆယ် အကဲဖြတ်စစ်ဆေးမယ့် ပေါ်လစီတော့ မရှိသေးပါဘူး။ အဲဒီအတွက် လောလောဆယ် ဘယ်လိုလုပ်ရင် GA ဆောင်းပါးတွေကို အလွယ်တကူ သတ်မှတ်ဆုံးဖြတ်နိုင်မလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

  • ဆောင်းပါးကောင်းအကြောင်း - WP:GA
  • ဆောင်းပါးကောင်း အင်္ဂါရပ် - WP:GACR
  • ဆောင်းပါးကောင်း လမ်းညွှန် - WP:GAN/I
  • ဆောင်းပါးကောင်း အမည်စာရင်းသွင်း - WP:GAN
  • ဆောင်းပါးကောင်း အကဲဖြတ်စစ်ဆေးခြင်း - en:WP:GAR (လောလောဆယ် မြန်မာဝီကီအတွက် ဘာသာမပြန်ရသေး)

@Zawthet:, @Pho Sai:, @Ninjastrikers:, @Aungookingofcelestials:, @ခင်မောင်မောင်လွင်:, @Albert Poliakoff:, @Kantabon:, @NayiMuu:, @Bhone.bm: Dr Lotus Black (ဆွေးနွေး) ၁၆:၁၀၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဆရာ Dr Lotus Black အနေနဲ့ GA အကြောင်း စိတ်ဝင်စားလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ GA nomination က enwiki ဘက်မှာက တအားများတော့ သူ့ project နဲ့သူ articles alert မှာ ပေါ်နေအောင် သူတို့က bot ကို သုံးကြတယ်။ ဒီမှာတော့ မလိုလောက်ပါဘူးဗျ။ guidelines တွေက WP:GAN/I မှာ nominator အတွက် အကုန်ရေးပြီးပြီမို့ nominate လုပ်ချင် လုပ်လို့ရပါတယ်။ ကျွန်တော် review လုပ်ပေးပါမယ်။ ကျန်တဲ့ policy ပိုင်းတော့ ကျွန်တော် ဖြည်းဖြည်းချင်း ဆက်ဖြည့်သွားပါမယ်။ PS: WP:GAR က reassessment အတွက်ပါဗျ။ GA တစ်ပုဒ်မှမရှိသေးတဲ့အတွက် ပြန်လည်ဆန်းစစ်ပေးဖို့ ​တောင်းဆိုစရာလဲ မလိုသေးပါဘူးဗျ။ ~ ထနောင်း (🔔📝) ၁၃:၃၅၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
GA nomination နမူနာအနေနဲ့ ကြည့်လို့ရပါတယ်။

~ ထနောင်း (🔔📝) ၁၃:၄၅၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

လုပ်သင့်ပါတယ်။ ဆောင်းပါးတွေကို စနစ်တကျ သတ်မှတ်ပြီးသားလဲ ဖြစ်သွားတာပေါ့။ NinjaStrikers «» ၁၄:၀၂၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဆွေးနွေးပေးတာ ကျေးဇူးပါခင်ဗျ၊ အမှန်အတိုင်း ပြောရရင် ကျနော်က မြန်မာဝီကီမှာ GA, FA ဆောင်းပါးတွေ ပေါ်လာတာကို မြင်ချင်တာပဲရှိတာ။ GA လုပ်ငန်းစဉ်တွေနဲ့လည်း သိပ်မရင်းနှီးပါဘူး။ ဒီအကြောင်း တည်းဖြတ်သူတွေအကုန်လုံး သိသွားအောင် ဗဟိုစာမျက်နှာမှာ Banner message လေး ပေါ်အောင် ထားလိုက်ရင် ကောင်းမလားမသိဘူး။ အဲဒါ ထုံးစံအတိုင်း ကိုနင်ဂျာ @Ninjastrikers: အဆင်ပြေရင် ဖန်တီးပေးပါအုံး။ Dr Lotus Black (ဆွေးနွေး) ၁၆:၁၀၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Dr Lotus Black၊ ကောင်းပါတယ် ဆရာ။ ဘာသာပြန်ဖြစ်ဖြစ်၊ ဆောင်းပါးအသစ်ဖြစ်ဖြစ် ရေးရတာ ပိုအားရှိသွားကြမယ်ထင်ပါတယ်။ Pho Sai (ဆွေးနွေး) ၁၇:၁၀၊ ၂၁ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Dr Lotus Black: WP:GAN/I#2 မှာ အမည်စာရင်းတင်သွင်းပုံကို enwiki နဲ့ မတူအောင် ကျနော် နည်းနည်းပြင်ထားပါတယ်။ enwiki မှာက Template:GAN ထည့်ရုံနဲ့ bot က သူ့အလိုလို အလုပ်လုပ်သွားပေမဲ့ ဒီမှာကျ အဆင်မပြေလို့ အခုပြင်လိုက်တဲ့ ပုံစံက ပိုအဆင်ပြေပြီး ပိုလွယ်မယ် ထင်ပါတယ်။ (လူကိုယ်တိုင်လုပ်ရတာလေးတစ်ခုပါပဲ။) GA criteria တွေနဲ့ ကိုက်ညီတဲ့ဆောင်းပါးတွေ့ရင် WP:GAN က ခေါင်းစဉ်ခွဲတွေအောက်မှာ nominate လုပ်လို့ရပါပြီ။ review ကတော့ article talk မှာပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်ဗျ။ ~ ထနောင်း (🔔📝) ၀၅:၄၄၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Htanaungg ဟုတ်ကဲ့ ဘရို အဆင်ပြေမှာပါ။ nominate လုပ်ဖို့ စိတ်ဝင်စားတဲ့ active editor တွေကို အသိပေးအကြောင်းကြားရမယ်။ ဘယ်သူမှ မရှိသေးရင်တော့ ကျနော်ပဲ အစမ်းတခုလောက် nominate လုပ်ကြည့်ရမယ်။ Dr Lotus Black (ဆွေးနွေး) ၀၅:၅၇၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
banner notice မှာ ဘယ်လိုမျိုးရေးရမလဲဗျ။ GA လုပ်ငန်းစဉ်အကြောင်း ဘာဘာညာညာ ရေးမလား။ GA nominate လုပ်ထားတာရှိလို့ ဝင်ဆွေးနွေးပါ ဘာညာ ရေးကြမလား။ NinjaStrikers «» ၀၆:၀၀၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မြန်မာဝီကီပီးဒီးယားမှာ ​ဆောင်းပါးကောင်းလုပ်ငန်းစဉ်တွေ စတင်အသက်ဝင်နေပြီဖြစ်လို့ သတ်မှတ်ချက်နဲ့အညီ ဆောင်းပါးတွေဖန်တီးပြီး ဆောင်းပါးကောင်းအမည်စာရင်းတင်သွင်းလို့ ရပြီဆိုတဲ့အကြောင်းဆို ဘယ်လိုနေမလဲဗျ။ banner notice က။ ~ ထနောင်း (🔔📝) ၀၆:၁၁၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မည်သူမဆို မိမိ ဖန်တီး/တည်းဖြတ်ထားတဲ့ ဆေင်းပါးက GA တန်းဝင်တယ်လို့ယူဆမယ်ဆိုရင် စာရင်းသွင်းနိုင်ပါပြီ ဘာညာပါ့ GA လုပ်ငန်းစဉ်ကိုလည်း ရင်းနှီးအောင် ဖတ်ပေးပါပေါ့ Dr Lotus Black (ဆွေးနွေး) ၀၈:၀၀၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
DASSK အကြောင်း ဆောင်းပါးက GA ဖြစ်နိုင်တယ်ဆရာ Dr Lotus Black။ ~ ထနောင်း (🔔📝) ၁၀:၀၂၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Htanaungg Noted bro. Dr Lotus Black (ဆွေးနွေး) ၁၂:၀၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မီဒီယာဝီကီ:Sitenotice မှာ ရေးထားလိုက်ပါပြီ။ အဆင်ပြေမယ် ထင်ပါတယ်။ NinjaStrikers «» ၁၂:၂၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

GA ဖြစ်ပြီးနောက်

enwiki မှာတော့ GA ဖြစ်ပြီးရင် ၇ ရက်အတွင်း Did you know section အတွက် nominate လုပ်ကြပါတယ်။ ဒီမှာက DYK မရှိသေးတော့ GA ဖြစ်သွားတဲ့ဆောင်းပါးကို main page မှာပေါ်အောင် တမ်းပလိတ်:Featured article မှာ ထားရင်အဆင်ပြေပါမလား။ ~ ထနောင်း (🔔📝) ၁၀:၄၄၊ ၂၄ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]