ခင်သန်းနု: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကနဲ +ခနဲ)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၆ - စာကြောင်း ၂၆ -
'''ခင်သန်းနု''' (၇ ဒီဇင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
'''ခင်သန်းနု''' (၇ ဒီဇင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။


ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ခုနှစ်၊ [[ပျဉ်းမနားမြို့]]၊ အောင်းအုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် [[ဘယ်သန်]] ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။
ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ခုနှစ်၊ [[ပျဉ်းမနားမြို့]]၊ အောင်းကုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် [[ဘယ်သန်]] ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။


တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။
တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။

၀၆:၀၈၊ ၂၂ နိုဝင်ဘာ ၂၀၂၁ ရက်နေ့က မူ

ခင်သန်းနု
'
မွေးသက္ကရာဇ် (1945-12-07) ဒီဇင်ဘာ ၇၊ ၁၉၄၅ (အသက် ၇၈)
အမည်ရင်း မသန်းနု
မိဘအမည် ဦးအောင်သန်း + ဒေါ်နု
မွေးဖွားရာဒေသ ပျဉ်းမနားမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ရုပ်ရှင်သရုပ်ဆောင်
ကြင်ဖော် ဗိုလ်မှူးကြီး မောင်မောင်ခင် (ပထမအိမ်ထောင်)၊ ဒေါက်တာမြတ်သူရစိုး (ဒုတိယအိမ်ထောင်)
သားသမီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနု။ သမီး မြတ်သန်းနုစိုး
ထင်ပေါ်ကျော်ကြားမှု ပြည်ထောင်စုမယ်ရုပ်ရှင်သရုပ်ဆောင်
ထင်ရှားသည့်လက်ရာများ တင့်လှပေဟန် ဇာတ်ကား၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို၊ မှုံရွှေရည် ဇာတ်ကား
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ အကယ်ဒမီ သုံးထပ်ကွမ်း
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ခင်သန်းနု (၇ ဒီဇင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။

ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ခုနှစ်၊ ပျဉ်းမနားမြို့၊ အောင်းကုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။

တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။

ချစ်သောသူတစ်ယောက် ဇာတ်ကားသည် ဝင်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူတစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝင်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်သည်။

အဲဒီကားများကအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာတဲ့ ခင်သန်းနုဟာ အဲဒီခေတ်က ရေပန်းစားနေဆဲ ဖြစ်တဲ့ ရွှေဘ၊ တင်ညွန့်တို့နဲ့ တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဝင်းဦး၊ ခင်သန်းနုတို့ အတွဲဟာ ပရိသတ်များအတွက် အတွဲညီတဲ့ သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့ဟာ ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အတွဲဖြစ်ခဲ့ပါတယ်။

ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။ ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောခနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန်ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ဝါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။

ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနဲ့လည်း ခင်သန်းနုဟာ ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိတဲ့ ကားများဟာ သူတို့နှစ်ဦးရဲ့ နာမည်ကြီး ကားများ ဖြစ်ခဲ့ပါတယ်။

ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂ဝ ရာစု ကိုကျော်ညွန့်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုပါတယ်။

ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြပေမယ့် ၁၉၇ဝ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ဝင်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားနဲ့ ထူးချွန်ဆု ရရှိသွားခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ခုနစ်စဉ်အလွမ်း ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မှုံရွှေရည် ရဲ့အဆက် ဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်တဲ့ အတွက် ဝင်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရိုက်ရင်းတန်းလန်းမှာ ဝင်းဦး ကွယ်လွန်သွားတဲ့အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ဝင်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီ ကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေး ပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့တဲ့ ခင်သန်းနုကို မျှော်လင့်ခဲ့ကြပေမယ့် ထူးချွန်ဆုနဲ့ လွဲခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ ကွာ ရှင်းပြတ်စဲပြီးဖြစ်တဲ့ ခင်သန်းနုက ဒေါက်တာမြတ်သူရစိုး နဲ့ ဒုတိယအိမ်ထောင် တည်ထောင်ခဲ့ပါတယ်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့ပြန်ပါတယ်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလ အတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သမီးတစ်ကောင် နွားတစ်ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်ပါတယ်။

ခင်သန်းနုဟာ ရုပ်ရှင် လောကထဲဝင်ရောက်လာတဲ့ အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ဝင်း၊ မောင်သန်းဝင်းတို့ဟာ ခင်သန်းနုနဲ့ တွဲဖက်ခဲ့ကြတဲ့ သရုပ်ဆောင်သစ်များ ဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ ခင်သန်းနုဟာ သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာပါတယ်။ ၂၀၀ဝ ပြည့်နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးတဲ့ သမီးရှင် ဇာတ်ကားမှာ သမီးများကိုမွေးထားတဲ့ အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ ဒီဆု အပါအဝင် ခင်သန်းနုဟာ အကယ်ဒမီ သုံးထပ်ကွမ်းဖြစ်ပြီး ယနေ့အချိန် အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ် ပီး ကျန်းမာရေး အခြေအနေ အရ စိတ်ကြိုက်ဇာတ်ကား များကိုသာ ရွေးချယ်ရိုက်ကူးရင်း ကမ္ဘောဇရိပ်သာ နေအိမ်မှာ သမီးမြတ်သန်းနုစိုးနဲ့ အတူ နေထိုင်လျက်ရှိပါတယ်။ [၁]

ဓာတ်ပုံများ

ကိုးကား

  1. ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်းမှ)