Ubuntu: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.2) (robot Modifying: en:Ubuntu (operating system)
အရေးမကြီး r2.6.5) (ရိုဘော ဖယ်ရှားနေသည: ksh:Ubuntu
စာကြောင်း ၁၈၂ - စာကြောင်း ၁၈၂ -
[[ko:우분투 (리눅스 배포판)]]
[[ko:우분투 (리눅스 배포판)]]
[[ks:Ubuntu]]
[[ks:Ubuntu]]
[[ksh:Ubuntu]]
[[ku:Ubuntu GNU/Linux]]
[[ku:Ubuntu GNU/Linux]]
[[ky:Убунту]]
[[ky:Убунту]]

၁၉:၃၅၊ ၁၆ မတ် ၂၀၁၁ ရက်နေ့က မူ

Ubuntu
Ubuntu logo
ဖိုင်:Ubuntu-gusty-desktop-final.jpg
Ubuntu 7.10 "Gutsy Gibbon" LiveCD Desktop.


Developer Canonical Ltd./Ubuntu Foundation
Family Linux
Source Model Free and open source software
နောက်ဆုံး version 9.04 (Jaunty Jackalope)
ထုတ်ဝေသောနေ့ 24 Apirl 2009
Kernal Type Monolithic kernel, Linux
User Interface GNOME
Update Model APT
Package Manager dpkg
Default User interface GNOME
Website Ubuntu.com

Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို "တဦးနဲ့တဦး စာနာထောက်ထားခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ အခြေခံ လူ့အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ operating system တခုလို့ဆိုရင် မမှားပါဘူး။ သူ့ကို လက်ဆွဲကွန်ပြူတာမှအစ၊ စားပွဲတင်ကွန်ပြူတာနဲ့​ ဆာဗာကွန်ပြူတာအဆုံး အသုံးပြနိုင်​တယ်။ Ubuntu နဲ့အတူ သူ့အမျိုးတွေဖြစ်တဲ့ Kubuntu, Xubuntu, နဲ့ Edubuntu ဆိုပြီး ရှိပါသေးတယ်။

Ubuntu နဲ့ သူတို့ အချင်းချင်းဘယ်လို ကွဲပြားလဲ?

ဟုတ်ကဲ့ ... သူ့တို့ရဲ့ အခြေခံ Environments တွေအလိုက် အနည်းအကျဉ်းကွဲပြားပါတယ်။ Ubuntu က ဂရပ်ဖစ်တွေကို အသားပေးထားတဲ့ Gnome desktop environment ကိုသုံးပါတယ်။ စတင်သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် ရည်ရွယ်စီမံထားတယ်၊ Gnome ရဲ့ မူလရှိရင်းစွဲ Gedit လိုText editor ၊ သီးချင်းနားထောင်ဖို့အတွက် rhythmbox ပလေယာ၊ CD ဖတ်/rip ဖို့အတွက် Sound Juicer ၊ အီးမေးလ်နဲ့ ပြက္ခဒိန်တွေအတွက် Evolution စတာတွေ အသင့်ပါဝင်ပါတယ်။

Kubuntu ကတော့ KDE environment ကိုသုံးပါတယ်၊ K Desktop လို့လည်း ခေါ်ကြတယ်။ သူကနည်းနည်းမြင့်လာပြီ။ လင်းနစ်အထာကို နပ်ပြီးသား သုံးစွဲသူတွေအတွက် သင့်တော်ပါတယ်။ Ubuntu မှာလို Configuration options တွေ သိပ်ရှင်းမနေဘူး၊ နည်းနည်း Advance ပိုဖြစ်တာပေါ့ဗျာ။ သူ့မှာလည်း konqueror လို web browser နဲ့ file manager ၊ Kopete လို instant messenger ၊ K3B လို CD ရေးစက်တွေ အရန်သင့်ထည့်ထားပါတယ်။

Xubuntu ကျတော့ Gnome နဲ့ KDE တွေထက်ပိုပေါ့​တဲ့​ Xfce environment ကို သုံးတယ်၊ Xubuntu က Ubuntu, Kubuntu မှာလို အသွင်အပြင်ပိုင်းကို သိပ်ဦးစားမပေးဘူး၊ ဒါကြောင့်လည်း ပိုပေါ့တာထင်တယ်။ သူ့ကို မှတ်ဉာ‎ဏ် ၁၂၈ နဲ့ ၂၅၆ မီဂါဘိုက်မှာတောင် ခပ်ပေါ့ပေါ့သုံးနိုင်တယ်။ ဒါပေမယ့် Kubuntu, Ubuntu ထက်မလျော့တဲ့ point & click configuration options တွေနဲ့​ လာတာဗျ။

Edubuntu က ပညာရေးဝန်ဆောင်မှုတွေအတွက် သီးသန့်ထုတ်တယ်လို့ ဆိုပါတယ်။ သူ့ကိုGnome မှာတင်ထားပေမယ့် Ubuntu လို default applications အတိုင်းမဟုတ်ပါ။ ပညာရေးမှာ သုံးတဲ့ သီးသန့် apps တွေနဲ့တန်ဆာဆင်ထားတဲ့အပြင် GPaint, Atomix နဲ့ Xaos လို apps တွေပါ ပါဝင် ပါတယ်။

ကဲ... အထက်မှာ ဆိုထားတဲ့အတိုင်း Ubuntu Distributions တွေမှာတောင် သုံးစွဲသူအလိုက် နောက်ထပ်လေးမျိုးထပ်ကွဲတယ်...၊ ဒါဖြင့်ရင် ကျနော်/ကျမ ကတော့ program ရေးပါတယ်၊ web publications တွေလုပ်ပါတယ်၊ သုံးရမှာက နည်းနည်း Advance ဖြစ်တဲ့ Kubuntu ၊ ဒါပေမယ့် Gnome ‎ဂရပ်ဖစ်ကိုကြိုက်လို့ Ubuntu ပဲသုံးချင်တယ် ရမလား..? အဖြေက... ဟုတ်ကဲ့ ... ရပါတယ်...။ ကိုယ့်အနေနဲ့ Kubuntu-Deskop ကို Ubuntu အပေါ်တင်ချင်ရင် တင်လို့ရပါတယ်။ Gnome နဲ့ KDE native applications ကိုလည်း Xface မှာ သုံးချင်ရင် သုံးလို့ရပါသေးတယ်။ လိုက်လျောညီထွေမှု အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Ubuntu, Kubuntu, Xubuntu နဲ့ Edubuntu တွေရဲ့ applications များဟာ သူတို့အချင်းချင်း တာဝန်ခွဲဝေ‌ အသုံးပြုနိင်တဲ့ အလေ့ရှိလို့ပါပဲ။ ဒါကြောင့် ကျွန်တော် Personal အနေနဲ့ Graphical Interface မှာ ဝင်းဒိုးလိုပဲ အားကောင်းပြီး ရိုးရှင်းလွယ်ကူတဲ့ Ubuntu ကို သုံးဖို့ ဆုံးဖြတ်နေတာပါ။ ထွက်ခဲ့ပြီးတဲ့ Ubuntu က အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 9.04: April 2009 (Jaunty Jackalope)
  • 8.10: October 2008 (Intrepid Ibex)
  • 8.04: April 2008 (Hardy Heron)
  • 7.10: Oct 2007 (Gutsy Gibbon)
  • 7.04: April 2007 (Feisty Fawn)
  • 6.10: October 2006 (Edgy Eft)
  • 6.06: June 2006 (Dapper Drake)
  • 5.10: October 2005 (Breezy Badger)
  • 5.04: April 2005 (Hoary Hedgehog)
  • 4.10: October 2004 (Warty Warthog)

ထွက်ခဲ့ပြီးတဲ့ Ubuntu နဲ့​ ဆက်​လက်​ထွက်​ရှိ​အုန်း​မဲ့​ Ubuntu တွေ​ကို​သိ​ချင်​ရင်​ 6.png Ubuntu Release Cycle မှာ​ကြည့်​လို့​ရ​ပါ​တယ်။​

ဒါကတော့ သူတို့အတွက် Download sites တွေပါ။

Ubuntu Kubuntu Xubuntu Edubuntu


Installations CD/DVD တွေကို လည်း မှာမယ်ဆိုရင် အလကားပေးနေပါတယ်။ Shipping ကတော့ လနဲ့ချီကြာတတ်ပါတယ်။ လိပ်စာကတော့ https://shipit.ubuntu.com/ ပါ။

ဒါတွေကတော့ Ubuntu နဲ့ သူ့အမျိုးတွေ အကြောင်းပါ၊ အခုမျက်မှောက်ခေတ်မှာ ကွန်ပြူတာသုံးစွဲသူတွေက တဖြည်းဖြည်းနဲ့ လင်းနစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ခံရင်း သုံးစွဲနေကြပါပြီ။ Linux သုံးခြင်းဖြင့် ကွန်ပြူတာကို လုံလုံခြုံခြုံ သုံးနိုင်တဲ့အပြင် သူ့မှာရှိတဲ့ အစိတ်အပိုင်းတိုင်းကို ပြုပြင်နိုင်ခွင့်ရှိတယ်။

နောက်တစ်ခုက အခမဲ့ပါ။ Ubuntu ဆို သူ့ဆိုဒ်မှာကို အမြဲတမ်းအခမဲ့​ ဖြစ်ရစေမယ်လို့ ‎ကတိပေးထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အိုင်တီမှာ ရန်ပုံငွေပိုမကုန်ရတော့ဘူးပေါ့။

Other

ပြင်ပအင်တာနက်စာမျက်နှာအညွှန်း