မင်းကွတ်သီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.3) (ရိုဘော ပေါင်းထည့်နေသည: ln:Mangusita
အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: ln:Mangusitá
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
[[ka:მანგოსტანი]]
[[ka:მანგოსტანი]]
[[ko:망고스틴]]
[[ko:망고스틴]]
[[ln:Mangusita]]
[[ln:Mangusitá]]
[[lt:Mangostaninė garcinija]]
[[lt:Mangostaninė garcinija]]
[[map-bms:Manggis]]
[[map-bms:Manggis]]

၁၃:၀၇၊ ၁၆ မတ် ၂၀၁၁ ရက်နေ့က မူ

မင်းကွတ်သီး
Purple Mangosteen
Mangosteen fruit, together with its cross section
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
Division:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
G. mangostana
ဒွိနာမ
Garcinia mangostana
ဖိုင်:Mangostee.jpg
မင်းကွတ်သီး(Mangosteen)

မင်းကွတ်ပင်သည် ဂတ်တဖာရီး မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအလိုအားဖြင့် ဂါစင်းနီးယားမန်ဂိုစတားနားဟုခေါ်သည်။ မင်းကွတ်ပင်၏ မူလပေါက်ရာအရပ်မှာ မလ္လာယုကျွန်းဆွယ်ဖြစ်၍ မြန်မာနိုင်ငံတွင်းသို့ တဆင့်ယူဆောင်စိုက်ပျိုးသည့် အပင်လတ်မျိုးဖြစ်သည်။ မင်းကွတ်ပင်သည် ပု၍ ဝိုင်းသည့်အပြင် လှပ၏။ အချို့မင်းကွတ်ပင်များမှာ ပေ ၃ဝ အထိ မြင့်မားကြသည်။ အရွက်သည်စိမ်း၍ ထူပြီးလျှင် တောက်ပ၏။ အမွေးကလေးများလည်း ပါရှိ၏။ အချို့မင်းကွတ်ရွက်များသည် ၈ လက်မခန့်အထိ ရှည်သည်။ မင်းကွတ်ပွင့်သည် ပန်းရောင်ဖြစ်၍ အချင်း ၂ လက်မခန့်ရှိသည်။

မင်းကွတ်သီးသည် လိမ္မော်သီး ပုံသဏ္ဍာန်ကဲ့သို့ ရှိသော်လည်း လိမ္မော်သီးထက်ငယ်သည်။ အရောင်မှာ သီးစ၌ စိမ်း၍ မှည့်လာသောအခါ နီညို၍ မှောင်သော အရောင်ရှိသည်။ ကန့်လန့်ဖြတ် တိုင်းလျှင် ၂ လက်ခခန့်ရှိသည်။ မင်းကွတ်သီး၏ အခွံမှာ ထူ၍မာ၏။ အခွံအတွင်း၌ အဖြူရောင်အသားရှိသော အမြွာပေါင်း ၄ မြွာမှာ ၈ မြွာထိ ပါလေ့ရှိသည်။ ထိုအသားမှာ ပျော့ညက်၍ ချိုပြီးလျှင် အေးသောအရသာရှိသည်။ အရည်ရွှမ်းသည်။ မြန်မာနိုင်ရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာမှာ အပူများ၍ မင်းကွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည်ဟု ဆိုကြသည်။

ဖိုင်:Mangostee2.jpeg
မင်းကွတ်ပင်

မင်းကွတ်ပင်သည် ပူပြင်းစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် တနင်္သာရီတိုင်း၌ ထိုအပင်များ ကောင်းစွာ ဖြစ်ထွန်းကြသည်။ ထိုကြောင့် တနင်္သာရီတိုင်းတွင် မြေဩဇာထက်သန်သည့် ချိုင့်ဝှမ်းများနှင့် ပင်လယ်ကမ်းတလျှောက်ရှိ တောင်ခြေတို့၌ မင်းကွတ်ခြံကြီးများကို တွေ့မြင်ရသည်။

အပင်သစ်ပွားလာအောင် လက်ရှိပြုလုပ်နည်းမှာ အစေ့ကို စိုက်သည့်နည်းပင်ဖြစ်သည်။ ဤနည်းဖြင့် စိုက်ပျိုးလျှင် မင်းကွတ်ပင်များ အကြီးနှေး၍ အပင်သက် ၁ဝ နှစ်ကျမှ အသီးသီးနိုင်သည်။ ထိုကြောင့် အသီးမြန်မြန် ရရှိရန်အတွက် အပင်ပေါက်စ အောက်ခံပင်များ မျိုးကိုင်းများနှင့် အကိုင်းချင်းဆက်နည်းဖြင့်၎င်း၊ မြေထုပ်ဆွဲခြင်းနည်းဖြင့်၎င်း စမ်းသပ် စိုက်ပျိုးလျက်ရှိကြသည်။ မင်းကွတ်ပင်များကို တပင်နှင့်တပင် ပေ ၂ဝ စီခွာ၍ စိုက်ပျိုးကြသည်။

မင်းကွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလလောက်မှစ၍ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းအထိအပွင့်များပွင့်သည်။ မိုးဦးနှင့် မိုးလယ်လများဖြစ်သော မေလမှ ဩဂုတ်လအတွင်း အသီးများမှည့်ကြသည်။ မင်းကွတ်သီးမှည့်သည့် ချိုအေးသော အရသာနှင့် ပြည့်စုံသောကြောင့် ကမ္ဘာတွင် ကျော်ကြားသော သစ်သီးဖြစ်သည်။ ထိုကြောင့် နိုင်ငံတော်အစိုးရ စိုက်ပျိုးရေးဌာနသည် မင်းကွတ်သီးများကို ဥရောပတိုက်နှင့် အာဖရိကတိုက်တောင်ပိုင်းသို့ နှစ်စဉ် တင်ပို့ရောင်းချလေသည်။

မင်းကွတ်သီးအခွံ၊ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုကြသည်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (က)