ရှမ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်, -မြောက်ဖက် +မြောက်ဘက်, -အနောက်ဖက် +အနောက်ဘက်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀၀ - စာကြောင်း ၁၀၀ -
*တေးပြုစာဆို ဒေါက်တာ [[ခမ်းလိတ်၊ စိုင်း|စိုင်းခမ်းလိတ် ]]
*တေးပြုစာဆို ဒေါက်တာ [[ခမ်းလိတ်၊ စိုင်း|စိုင်းခမ်းလိတ် ]]
*တေးရေးဆရာ၊ အဆိုတော် [[ထီးဆိုင်၊ စိုင်း|စိုင်းထီးဆိုင် ]]
*တေးရေးဆရာ၊ အဆိုတော် [[ထီးဆိုင်၊ စိုင်း|စိုင်းထီးဆိုင် ]]
*တေးရေးဆရာ၊ အဆိုတော် [[ ဆိုင်မောဝ်၊ စိုင်းဆိုင်မောဝ်]
*တေးရေးဆရာ၊ အဆိုတော် [[ ဆိုင်မောဝ်၊ စိုင်းဆိုင်မောဝ် ]]


*ရော့ခ် အဆိုတော် [[လေးဖြူ]]
*ရော့ခ် အဆိုတော် [[လေးဖြူ]]

၀၀:၁၁၊ ၂၇ အောက်တိုဘာ ၂၀၂၁ ရက်နေ့က မူ

ဖိုင်:ShanCouple.jpg
ရိုးရာဝတ်စုံနှင့် ရှမ်းမောင်မယ်

ရှမ်းလူမျိုး (ရှမ်း: ၸုမ်းၶိူဝ်းတႆး; IPA:tsum4 kʰɤ4 taj4) များသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်လူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရှမ်းလူမျိုးတို့မှာ တိဘက်-တရုတ်မျိုးရင်း ဖြစ်သည်။ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင် (ရှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ ရာစု အစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်ခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါးသွားခဲ့ရသည်။ သို့သော် အလုံးစုံ ပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။

ရှမ်းအမျိုးသမီးတစ်ဦး
ရှမ်းပြည်နယ် မြေပုံ

တရုတ်ပြည်ကို မွန်ဂို (တာတာ) တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၎င်း ရှမ်း-တိုင် တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလဒ်အဖြစ် တောင်ဘက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ ၁၃ ရာစုတွင် အလုံးအရင်းဖြင့် တောင်ဘက်တလွှားသို့ ဆင်းလာကြရာ အနောက်ဘက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှသည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အလယ်ပိုင်းဒေသများ အပါဝင်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ မြောက်ဘက်ပိုင်း အထိကျယ်ပြန့်စွာ အခြေချကာနေထိုင်ကြသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော (မှုန်း) လူမျိုးများအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင် ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြသည်။

ရှမ်းဝေါဟာရ ရှင်းလင်းချက်

ရှမ်း ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို တိုင်း(Tai) ဟု ခေါ်ကြသည်။ ရှမ်း(ခေါ်) တိုင်း၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ရှေးမြန်မာကျောက်စာတို့တွင် သျမ် (သို့မဟုတ်) သျံ ဟု ရေးသားကြသည်။ ဤဝေါဟာရသည် အာသံ(အရှမ်း)၊ အဟုမ်၊ သယာမ်၊ စိအန်(သို့မဟုတ်) စိအန်လို ဟူသော ဝေါဟာရနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံးအမည်မှာ လောဝ် (သို့မဟုတ်) အိုက်လောဝ် ဖြစ်ဟန်တူသည်။[၁]

သျှမ်းဟူသော ဝေါဟာရကို ရှမ်းမြန်မာ ပါဠိပညာရှင်ကြီးများက "သာမိ ဣဿရိယတီတိ သာမိ။ ။"

သာမိ- အရှင်သခင်အဖြစ်ဖြင့်၊
ဣဿရိယတိ- အစိုးရတတ်၏။
ဣတိတသ္မာ- ထို့ကြောင့်၊
သာမိ-သာမိမည်၏။ ဟု ဝိဂြိုဟ်ပြု ဖွင့်ဆိုထားသည်။

ဤသို့ ဖွင့်ဆိုခြင်းမှာ ရှမ်းလူမျိုးများသည် ခတ္တိယနွယ်စဉ် သာကီဝင်တို့မှ ဆင်းသက်လာသည်ဟု ယူဆခြင်းဖြစ်သည်။

ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။ သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ [၂]

ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂၀ ပြည့်နှစ်မှ စ၍ သျံ သျမ် ဟု တွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ် မတိုင်မီက တွေ့ရသည်။[၃]

ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာ မကြာတွေ့ရသည်။ သျှာမ်း(ရှမ်း) လူမျိုးအကြောင်းကို (၁၁၂၀-အေဒီ)မှစ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင် ဖော်ပြထားသည်။ [၄]

သျှာမ်း ဟူသော အမည်ပညတ်နှင့် စပ်လျဉ်း၍ ရှမ်းပြည် မြန်မာပြည် အကြောင်းကို ရေးသားခဲ့သော ဆာဂျော့စကော့ စသည့် ပုဂ္ဂိုလ်များက သျှာမ်းဟူသော အခေါ်အဝေါ်ကို မြန်မာလူမျိုးနှင့် အခြားလူမျိုးများက အသုံးပြုခေါ်ဝေါ်ကြသည်။ မည်သည့်အတွက်ကြောင့် အသုံးပြုသည်ဟူ၍ ခိုင်လုံသော အထောက်အထား မရှိဟု ဆိုသည်။ သို့သော် မစ္စတာတီရိရန်ဒီလာကိုပီရီ (Mr.Terrien de lacouperie) ကမူ The Cradle of Shan Race စာအုပ်၌ -

တရုတ်ပြည်တွင် Hia (ဟိရ)မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များ ဟူ၍ အဓိပ္ပာယ်ရှိသည့် Shang (ရှံ) လူမျိုးများမှ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလ တစ်မျိုးတည်း ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်) Saing (ဆိုင်) Shen(ရှင်) Sien(စီရင်) အစရှိသော အမည်များနှင့် များစွာ တူညီသော အမည်များ တွေ့ရှိရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

၎င်း၏ အဆိုကို ကျနစွာစိစစ်ကြည့်လျှင် သျှာမ်း ဟူသော အမည်နာမသည် ကုန်သည်များဟူ၍ အဓိပ္ပာယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာ ရှိပေသည်။ [၅] ဘီစီ ၁၁၂၂-ခုနှစ်တွင် တရုတ် (Shang) ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။[၆]

၎င်းအပြင် မစ္စတာကော့ကရိန်း ရေးသားသော The Shans စာအုပ်တွင် ဝ နှင့် လွယ်လ တိုင်းရင်းသားများက ရှမ်းကို Shen(ရှံ) ဟု ခေါ်ကြောင်း၊ ကန်တုန်နီဘာသာအားဖြင့် Tsim(စင်မ်) ဟုခေါ်ကြောင်း ရေးသားထားသည်။ ။ [၇] ကချင်တိုင်းရင်းသားလည်း ရှမ်းကို Sam (ဆန်-မ်)ဟု ခေါ်သည်ကို တွေ့ရသည်။ မွန်လူမျိုးများက ရှမ်းကို Seam(ဆိန်-မ်)ဟု ခေါ်ကြသည်။ တနင်္သာရီဒေသတွင် နေထိုင်ကြသော မြန်မာမျိုးနွယ်စုများကလည်း ယိုးဒယား(ထိုင်း)ကို Shan( ရှမ်း)ဟုပင် ခေါ်ဝေါ်ကြသည်။ အနောက်နိုင်ငံသားများကလည်း ယခင်က ယိုးဒယား(ထိုင်း)ကို Saim(သယာမ်)ဟု ခေါ်သည်။

မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ

မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များ ရှိဖူးပါသည်။ ထင်ထင်ရှားရှား အင်အားများသည့် ခေတ်နှစ်ခေတ် ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ် ကာလနှင့် နောင်ဒုတိယပုဂံခေတ် ပြန်ထူထောင်သည်အထိ ဖြစ်သည်။ ထိုကာလက ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ (တစ်စီးရှင်သီဟသူ) ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ ပင်းယစစ်ကိုင်းတို့တွင် ကြီးစိုးကြသည်။

ဒုတိယခေတ်မှာ အင်းဝခေတ်၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာ မိစ္ဆာအယူရှိလေရာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။

ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။

ရှေးရှမ်းနယ်များ

ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလား မွေ့လျော်ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။) (၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀) မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀) သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊ (၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း။ (၁) သီပေါနယ်၊ (၂) တောင်ပိုင်းနယ်၊ (၃) မိုင်းရယ်နယ်၊ (၄) မြောက်သန္နီနယ်၊ (၅) မိုးမိတ်နယ်၊ (၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း။ ပေါင်း ၃၃-နယ် ဖြစ်၏။

ယနေ့ ရှမ်းပြည်နယ်

ပြည်နယ်မြို့တော် တောင်ကြီးမြို့

အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့်

လူဦးရေ ၄.၇ သန်းခန့်

ခရိုင် ၁၁ ခရိုင်

မြို့နယ် ၅၄ မြို့နယ်

အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့်

လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ်

ရှမ်းပြည်နယ် လည်းရှု

ရှမ်း ၉ ဆက်၊ ၉ စော်ဘွား

သုတေသနသရုပ်ပြအဘိဓာန်တွင် ဖော်ပြချက်အရ ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ....... မင်းကြီးများ ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။

မှတ်ချက်။ ။ ရှမ်းပြည်အစ မိုင်းမော က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။

ရှမ်းမျိုး ၃၀

ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ -

  • လင်း၊ သက်၊ ချင်း၊ ခုံ၊ ရင်၊ ကတူး၊ မြန်၊ အကျော်၊ ဂင်၊ ရှမ်း(၁၀)။
  • ဇဝါ၊ မျက်နှာမည်း၊ ကသည်း၊ ရေမီးထွက်၊ ကရက်၊ လဝ၊ လော၊ ပန်းလောင်၊ တရက်၊ ရှမ်း(၁၀)။
  • စနု၊ ဘအူ၊ ကရင်၊ ကချင်၊ ဂနော၊ ယောန်၊ လဝိုက်၊ တရုပ်၊ ယိုးဒယား၊ အနဲ (၃၀)။

ရှမ်း (၃၄) မျိုး

ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အခါ-အီကော)၊ ကိုးကန့်၊ ခန္တီရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအိုဝ်း၊ တိုင်းလွယ်၊ တိုင်းလျမ်၊ ထိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ ။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် ဗမာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စု ပါဝင်နေထိုင်ကြသည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွ ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်ပြီး ခါးတွင် ပုဝါစ စည်းနှောင်လေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကို ပတ်လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအဝင် အပန်းဖြေလေ့လာရန် ဒေသများစွာ ရှိသည်။

ဘာသာနှင့်စာပေ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရှမ်းဘာသာ

ဘာသာအယူဝါဒအရေးတွင် ရှေးအခါက နတ်ကိုးခြင်းများကို ယုံကြည်ခဲ့ကြသည်။ သခင်စော်ဘွားဖြစ်သူ သေလွန်လျှင် မိဖုရား၊ မောင်းမနှင့် ကျွန်လူ၊ တိရစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြေမြုပ်သည့် အလေ့များပင် ရှိခဲ့သည်ဟုဆိုသည်။ သို့သော် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါ အယူများကို ဆက်လက်ပြုလုပ်စေခြင်း မရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။ သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိကြသည်။

  • စာပေ

ယနေ့မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ရှမ်းစာပေ၌ အက္ခရာပေါင်း ၁၉ လုံး ရှိသည်။

ထင်ရှားသော ရှမ်းလူမျိုးများ

အနုသုခုမအနုပညာ

  • သျှမ်းအိုးစည်
  • သျှမ်းခ​​မောက်
  • သျှမ်းသိုင်း
  • သျှမ်းတိုးနယားအက
  • သျှမ်းကိန္နရာ၊ကိန္နရီအက
  • သျှမ်းဗုံတိုအက

ရည်ညွှန်းကိုးကား

  1. ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၃၆၉
  2. ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။
  3. ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၄၀၄
  4. သန်းထွန်း(ဦး) ရှေးဟောင်းမြန်မာရာဇဝင်၊ နှာ-၂၁၉။
  5. ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။
  6. Hsen(Khur), The Origin of Tais and A Short History of Shan.P.10
  7. ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။
  • တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး
  • သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း
  • ဇမ္ဗူတံဆိပ်ကျမ်း