ကလေးမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး r2.6.5) (ရိုဘော ဖယ်ရှားနေသည: ja:カレーミョ
စာကြောင်း ၄၆ - စာကြောင်း ၄၆ -
[[en:Kalaymyo]]
[[en:Kalaymyo]]
[[fr:Kalaymyo]]
[[fr:Kalaymyo]]
[[ja:カレーミョ]]
[[pl:Kalay]]
[[pl:Kalay]]
[[uk:Калай (М'янма)]]
[[uk:Калай (М'янма)]]

၀၆:၃၂၊ ၂ မတ် ၂၀၁၁ ရက်နေ့က မူ

ကလေးမြို့

ကလေးမြို့

ကလေးမြို့သည် အထက်ချင်းတွင်းခရိုင် ချင်း တောင်တောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ်နှင့် ၂မိုင်ခန့်ကွာ ဝေးသော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၉၂ ခန့်ရှိ၍ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း ၂၄ ဖါလုံရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်း အရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ ၅၆၇ ခန့်ရှိသည်။ ကလေးမြို့သည် ရှေးမြန်မာမင်းတို့လက်ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်း အစရှိသော ယိုယွင်းနေသည့် ရှေး ဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင် နိုင်သေးသည်။

ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက် တန်း ကျောင်းတစ်ကျောင်းနှင့် ခေတ်မှီသော လေယာဉ်ကွင်း လည်း ရှိသဖြင့်၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကား လာသော မြို့ကလေးတစ်မြို့ ဖြစ်ပေသည်။ မြို့ပေါ်ရှိ လူဦးရေ ၏ ၅ပုံ ၃ ပုံမှာ တောင်သူလယ်လုပ်များဖြစ်၍၊ မြို့နယ်ရှိလူထု မှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ် ကြသည်။

ကလေးမြို့နှင့် မိုင် ၂ဝခန့်အကွာတွင် ကျောက်မီးသွေးတွင်း တစ်ခုကို တွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်တူးဖေါ် လုပ်ကိုင်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊ ကလေးမြို့ အနီးတစ်ဝိုက် ကျေးရွာများသို့ ချင်းတောင်ဒေသမှ ချင်းလူမျိုးများသည်၎င်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ(ခေါ်) လူးဆိုင် ချင်းလူမျိုးများသည်၎င်း၊ အိမ်ထောင်စုအလိုက် တစ် သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကွျန်းများ လုပ်ကိုင်လျက်ရှိကြ၏။

ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော မြို့တစ်မြို့ ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို သုတ်သင် ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိ သလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ ကလေးမြို့တွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဆိုသော ရွှေဘုံသာ စေတီတော် ရှိလေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)