ကွန်ဖြူးရှပ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.2) (ရိုဘော ပြင်ဆင်နေသည: no:Konfutse
အရေးမကြီး ရိုဘော ပေါင်းထည့်နေသည: map-bms:Konfusius
စာကြောင်း ၁၄၉ - စာကြောင်း ၁၄၉ -
[[Category:ဒ​ဿ​နိ​က​ဗေဒ]]
[[Category:ဒ​ဿ​နိ​က​ဗေဒ]]
[[Category:အတွေး​အခေါ်​ပညာ​ရှင်]]
[[Category:အတွေး​အခေါ်​ပညာ​ရှင်]]

[[gd:Confucius]]
[[ku:Konfuçe]]
[[tt:Конфуций]]
[[zh-yue:孔子]]


[[af:Konfusius]]
[[af:Konfusius]]
စာကြောင်း ၂၁၀ - စာကြောင်း ၂၀၅ -
[[ga:Confúicias]]
[[ga:Confúicias]]
[[gan:孔子]]
[[gan:孔子]]
[[gd:Confucius]]
[[gl:Confucio]]
[[gl:Confucio]]
[[gn:Konfúsio]]
[[gn:Konfúsio]]
စာကြောင်း ၂၄၁ - စာကြောင်း ၂၃၇ -
[[km:ខុង ជឺ]]
[[km:ខុង ជឺ]]
[[ko:공자]]
[[ko:공자]]
[[ku:Konfuçe]]
[[kw:Confucius]]
[[kw:Confucius]]
[[ky:Конфуций]]
[[ky:Конфуций]]
စာကြောင်း ၂၄၉ - စာကြောင်း ၂၄၆ -
[[lt:Konfucijus]]
[[lt:Konfucijus]]
[[lv:Konfūcijs]]
[[lv:Konfūcijs]]
[[map-bms:Konfusius]]
[[mg:Confucius]]
[[mg:Confucius]]
[[mk:Конфучиј]]
[[mk:Конфучиј]]
စာကြောင်း ၃၁၃ - စာကြောင်း ၃၁၁ -
[[tpi:Kongzi]]
[[tpi:Kongzi]]
[[tr:Konfüçyüs]]
[[tr:Konfüçyüs]]
[[tt:Конфуций]]
[[ty:Confucius]]
[[ty:Confucius]]
[[ug:كۇڭزى]]
[[ug:كۇڭزى]]
စာကြောင်း ၃၃၂ - စာကြောင်း ၃၃၁ -
[[zh-classical:孔子]]
[[zh-classical:孔子]]
[[zh-min-nan:Khóng-chú]]
[[zh-min-nan:Khóng-chú]]
[[zh-yue:孔子]]

၁၉:၄၁၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၁ ရက်နေ့က မူ

ဖိုင်:Confucius.jpeg
ကွန်​ဖြူး​ရှပ်(ဘီ​စီ ၅⁠၅​၁-၄​၇​၉)

တရုတ်​အတွေး​အခေါ်​ပညာ​ရှင် ကွန်​ဖြူး​ရှပ် (孔夫子 သို့ 孔子၊ Confucius) (ဘီ​စီ ၅⁠၅​၁-၄​၇​၉) ကို ယနေ့ တရုတ်​နိုင်ငံ အရှေ့မြောက်​ဖက်​ရှိ ရှန်​တုန်ပြည်နယ် (山東 Shandong) ရှိ လူ (魯 Lu) နိုင်ငံ​ငယ်​လေး​တွင် ဘီ​စီ-၅⁠၅​၁ ခု​က ဖွားမြင်​သည်။ ငယ်​စဉ်​က​ပင် ဖ​ခင်​ဆုံးပါး​သ​ဖြင့် မိ​ခင်​မုဆိုးမ​က ကျွေးမွေး​စောင့်ရှောက် လာ​ခဲ့​သည်။ လူ​ငယ်​ဘ၀​က အစိုးရ​ဝန်​ထမ်း​အဖြစ် တာဝန်​ထမ်း​ခဲ့​ဖူး​ပြီး ဝန်​ထမ်း​သက် အတော်​ကြာ​မှ အလုပ်​ထွက်​ကာ အတွေး​အမြင်​များ​ကို စတင်​ဟောပြော​ပို့ချ​သည်။

နောက်​ပါ​တပည့်​များပြား​လာ​ပြီး အသက်​ငါး​ဆယ်​အရွယ်​တွင် လူအစိုးရ​က ရာထူး​ကြီး​ပေး​ကာ တာဝန် ထမ်း​ဆောင်​ရန် ကမ်းလှမ်း​သော​ကြောင့် မင်း​မှု​ထမ်း​ဖြစ်​ပြန်​သည်။ လေး​နှစ်​သာ​ခံ​ပြီး ကုန်းတိုက်​သူ​တို့​ကြောင့် ပြည်​နှင်​ဒဏ်​ဖြင့် ၁​၃ နှစ်​တိုင် နေ​ရ​ရှာသည်။ ထို ၁​၃ နှစ်​တွင် တရုတ်​ပြည် ပဒေသရာဇ်​နိုင်ငံ​ငယ်​လေး​များ​တွင် နယ်​လှည့် ဟောပြော​ပို့ချ​သူ​အဖြစ် နေထိုင်​ရှင်​သန်​ခဲ့​သည်။ နာ​မည်ကျော်​ဘ၀​ဖြင့် ဇာတိ​သို့​ပြန်​ရောက်​ပြီး ၅ နှစ်​အကြာ (အသက် ၇​၂​နှစ်) တွင် ကွယ်​လွန်​သည်။

ကွန်​ဖြူး​ရှပ် ဆို​သည့်​အခေါ်​မှာ ကန်​တုံ တရုတ်​သံ​မှ ဖ​လှယ်​ထား​ခြင်း​ဖြစ်​ပြီး မန်​ဒ​ရင်း​သံ​ဖြင့်​ဆို​လျှင် ခုန်​ဖူ​ဇီ (Koung Fu Zi) ဟု အနီး​စပ်​ဆုံး အသံ​ဖ​လှယ်​နိုင်​သည်။ ခုန်/ကွန် မှာ​မျိုး​ရိုး​နာမည် ဖြစ်​ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်​ကြီးရင့်​သူ၊ ပညာ​ကြွယ်၀​သူ​ကို လေးစား​သ​မှု​ဖြင့် ခေါ်ဝေါ်​သည့် အသုံး​အနှုံး​ဖြစ်​သည်။ ထို့​ကြောင့် ခုန်​ပညာရှိ​လူကြီး​မင်း ဟု​အဓိပ္ပါယ်​ရ​သည်။

ကွန်​ဖြူး​ရှပ်​ကို အတွေး​အခေါ်​ပညာ​ရှင်​သာ​မက ဘာသာ​ရေး​ရှေ့ဆောင်​အဖြစ်​လည်း သတ်​မှတ်​ကြ​သည်။ ကိုး​ရီး​ယား​ကျွန်းဆွယ်​တွင် ဘာသာ​ရေး အသွင်​ဖြင့် ကိုးကွယ်​သေး​သည်။ တရုတ်​လူ​မျိုး​တို့​အတွက်​မူ ဘ၀​လမ်းပြ ဒ​ဿ​န ဆရာ​ကြီး​အဖြစ် ကြည်ညို​ပြီး ၄င်း​၏​လမ်း​စဉ်​များ​ကို လိုက်နာ​ကြ​ပါ​သည်။

ကွန်​ဖြူး​ရှပ်​၏ အတွေး​အခေါ်​တို့​မှာ အသစ်​အဆန်း များ⁠များ​စား​စား ပါ​လှ​သည်မ​ဟုတ်​ပေ။ အဟောင်း​ကို​သာ ကောင်း​အောင်​ပြင်​ပြီး လူ​တို့​မ​မေ့​အပ်​ကြောင်း​ကို အဓိက​ထား ဆိုဆုံးမ​ခြင်း​သာ ဖြစ်​သည်။ သို့သော် ထို​ဆုံးမ​စာ​များ​မှာ အစိုးရ​အုပ်ချုပ်​ရေး​ကို ပဲ့ကိုင်​သည့် လမ်း​ညွှန်​ပြဋ္ဌာန်း​ချက်​လည်း ဖြစ်လာ​သည်။ တရုတ်​နိုင်ငံ မင်း​ဆက် အဆက်ဆက်၊ ခေတ်​အဆက်ဆက်​တွင် သုံး​နှစ်​တစ်​ကြိမ်​ကျ ဘုရင်​က ကြီး​မှူး​ကျင်းပ​သည့် နိုင်ငံ​လုံး​ဆိုင်​ရာ ဘု​ရင့်​စာ​မေး​ပွဲ​တွင် ဖြေ​ဆို​ရန် ပြဋ္ဌာန်း​ထား​သည့် ကျမ်း​မှာ ထို​ကွန်​ဖြူး​ရှပ်​၏ ၄​အုပ်၊ ၅​ကျမ်း (四書五經) ခေါ်​သည့် (စာအုပ်​အား​ဖြင့် ၄​အုပ်၊ ကျမ်းစာ​အား​ဖြင့် ၅ ကျမ်း) သာ​ဖြစ်​သ​ဖြင့် တရုတ်​တို့ အတွက် မ​ရှိ​မ​ဖြစ် ကျင့်ဝတ်​ကျမ်း၊ အုပ်ချုပ်​မှု​ရေးရာ စံ​ကျမ်း၊ လူ​မှု​ရေး​ကျမ်း များ​လည်း​ဖြစ်​တော့​သည်။

သမိုင်း​တွင် ကွန်​ဖြူး​ရှပ်​ဝါ​ဒီ​နှင့် ကွန်​ဖြူး​ရှပ်​ဂိုဏ်း​သား​များ​သည် တရုတ်​နိုင်ငံ​ကို ပထမ​ဆုံး​စုစည်း အုပ်ချုပ်​သည့် ချင်မင်း​ဆက်(秦 Chin)လက်ထက် ပထမ​ဆုံး​ဧကရာဇ်​ဘွဲ့​ခံ ရှီ​ဟွမ်​တီ(ချင်​ရှိ​ဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီ​စီ-၂⁠၂​၁ ခု​တွင် ပြင်းထန်​စွာ​နှိပ်ကွပ်​မှု​ကို ခံ​ခဲ့​ရ​သည်။ ၄င်း​၏​ကျမ်းစာ​များ​ကို အဆိပ်အတောက်​ဟု သတ်​မှတ်​ပြီး မီး​ပုံ​ရှို့​ရန် အမိန့်​ပေး​သည်​သာ​မက ကျမ်း​ဆောင် အကျော်​အမော်​တို့​ကို​ပါ မြေ​မြုပ်​သတ်​ဖြတ်​သ​ဖြင့် ကွန်​ဖြူး​ရှပ်​ဝါ​ဒီ​တို့ ကပ်​ဘေး​သင့်​သည့် ကာလ​ဟု​ဆို​နိုင်​သည်။ သို့သော် ချင်​မင်း​ဆက် အချိန်​တို​အတွင်း​ပျက်​သုဉ်း​ပြီး နောက်​တက်​သည့် ဟန်(漢 Han)မင်း​ဆက် လက်ထက်​တွင် အကြီး​အကျယ် မြှောက်စား​သ​ဖြင့် ကွန်​ဖြူး​ရှပ်​ဝါ​ဒီ​တို့ ပြန်လည် ဦး​မော့​နိုင်​တော့​သည်။

နောက်​တစ်​ကြိမ်​အနေ​ဖြင့် မော်​စီ​တုန်း (毛澤東) ဦးဆောင်​မှု​ဖြင့် တရုတ်​နိုင်ငံ​တွင် ယဉ်ကျေး​မှုတော်​လှန်​ရေး (文化大革命)ကြီး​ဆင်​နွှဲ​စဉ်​တွင်​လည်း တစ်​ကြိမ် ပြန်လည်​နှိပ်ကွပ်​ခြင်း ခံ​ခဲ့​ရ​ပြန်​သည်။ ကွန်​ဖြူး​ရှပ်​အထိမ်းအမှတ် ရုပ်တု​များ​ကို ဖျက်ဆီး​ပစ်​ခဲ့​သည်။ သို့သော်​လည်း သမိုင်း​တစ်​လျှောက် အခိုင်​အမာ​နေရာ​ယူ​ပြီး ဖြစ်​သည့် ကွန်​ဖြူး​ရှပ်​ဝါဒ​မှာ ပျက်စီး​ခြင်း​သို့ မ​ကျ​ရောက်​တော့​ပေ။ အထက်​ပါ နှစ်​ကြိမ်​မှ​လွဲ​လျှင် တရုတ်​ပြည်​ကို အုပ်ချုပ်​သည့် ကျန်​မင်း​ဆက်​များ​အားလုံး​နီးပါး​က ကွန်​ဖြူး​ရှပ်​ဒ​ဿ​န​ကို နိုင်​ငံတော် ဒ​ဿ​န​သဖွယ် လိုက်နာ​ပြီး၊ ၄င်း​၏ လမ်း​ညွှန်​ဆုံးမ​မှု​တို့​ကို ထိန်းသိမ်း​လိုက်နာ​ပြီး အုပ်ချုပ်​ရေး​ကို ဖေါ်​ဆောင်​သ​ဖြင့် တရုတ်​ပြည်​သူ​တို့​သည် ကမ္ဘာ့​သမိုင်း​တစ်​လျှောက် အကောင်း​ဆုံး​ဟု ဆို​နိုင်​သည့် အုပ်ချုပ်​မှု​စံ​နှုံး​ဖြင့် အုပ်ချုပ်​ခြင်း​ကို ခံ​ခဲ့​ရ​သည်​ဟု ဆို​နိုင်​ပေ​သည်။[၁]


ကွန်​ဖူး​ဇီး

တရုတ်​ပညာရှိ​သုခမိန်​ကြီး ကွန်​ဖူး​ဇီး​သည် ယခု​ရှန်​တွန် ကျွန်းဆွယ်​တွင် အပါအဝင်​ဖြစ်​သော လူး​နယ်​၌ ခရစ်​မပေါ်​မီ ဖြစ်​သော ဘီ​စီ ၅⁠၅​ဝ ခု​နှစ်​တွင် ဖွားမြင်​၍၊ သူ​၏​ဖ​ခင်​မှာ ခ​ရိုင် တစ်​ခု​ကို အုပ်ချုပ်​သော လူကြီး​ဖြစ်​၏။ ကွန်း​ဖူး​စီး​၏ မျိုး​ရိုး အမည်​မှာ ကွန်​ဖြစ်​၍ ဖူး​ဇီး​ကား ပညာရှိ​ကြီး၊ သို့မဟုတ် ဆရာ ကြီး​ဟု အနက်​ရ​၏။ (ဆရာ​ကြီး​ကွန် အဓိပ္ပာယ်​ရ​သော သူ​၏ အမည်​ကို၊ လက်တင်​စာ​ဖြင့် ရေးရာ​တွင် ကွန်​ဖြူး​ရှပ်​ဟု ဖြစ်လာ​သည်။)

ကွန် ၃ နှစ်​သား​အရွယ်​တွင် သူ​၏​ဖ​ခင်​ကွယ်​လွန်​၍၊ ကျန်​ရစ်​သူ​တို့​မှာ နေ​ရေး​ထိုင်​ရေး ကျပ်တည်း​ခဲ့​၏။ ကွန်​သည် ၅ နှစ်​သား​ခန့်​က​ပင် အခြား​သောက​လေး​များ​နှင့် မ​တူ​ဘဲ ဉာဏ်​ပညာ ထက်မြက်​သူ​ဖြစ်​ခဲ့​သည်။ ၁​၉ နှစ်​သား​အရွယ်​တွင် အိမ်ထောင်​ပြု​ရာ သား ၁ ယောက် သမီး ၂ ယောက် ထွန်းကား​ခဲ့​လေ​သည်။

အသက် ၂​၂ နှစ်​အရွယ်​တွင် ပညာ​အမြော်အမြင်​နှင့် ပြည့်စုံ သော​ကွန်​သည် ကျောင်း​တစ်​ကျောင်း တည်ထောင်​၍ လူ့​ကျင့် ဝတ်​တရား​နှင့် တိုင်း​ပြည်​အုပ်ချုပ်​မှု​သဘော​တရား​များ​ကို သင်ကြား လေ​သည်။ သူ​၏​တပည့် များ​ထံ​မှ နည်း​များ​မ​ဟူ ဉာဏ်ပူဇော်​ခ​များ​ကို လက်ခံ​၍ သင်ကြား​ပေးသော်​လည်း စိတ်ပါ​ဝင်စား​ခြင်း​မ​ရှိ​သည့် တပည့်​များ​ကို​ကား လက်မ​ခံ​ချေ။ သူ​၏​တပည့်​များ​တွင် လူး​နယ်​မှ ထိပ်​သီး​လူ​လုံ​ထံ​များ ပါဝင် လေ​သည်။

အသက် ၃​၄ နှစ်​အရွယ်​တွင် ဆရာ​ကြီး ကွန်​သည် နန်းစိုက်​ရာ​မြို့တော်​သို့ သွား​ရောက်​ပြီး​လျှင် ရှေး​ဟောင်း စာပေ ပိဋကတ်​နှင့် သု​ခု​မ​ပညာ​ရပ်​များ​ကို ရှာဖွေ​ဆည်း​ပူး​ပြန်​သည်။ အပြန်​တွင် တိုင်း​ပြည်​ဆူ​ပူ​၍ အုပ်ချုပ်​သူ​မြို့စား​လည်း ဆီ​နယ်​သို့ ထွက်ပြေး​တိမ်းရှောင်​နေ​ရ​သည်​နှင့် ကြုံ​လေ​သည်။ မိမိ​တို့​အပေါ် တွင် အုပ်ချုပ်​သူ​ကို တိုက်ခိုက်​နှင်ထုတ်​သူ​များ​အား ကွန်​ဖူး​ဇီး သည် မ​တွေ့​လို​သ​ဖြင့် နေ​ရပ်​သို့​မ​ပြန်​တော့​ဘဲ၊ မြို့စား​ပြေး​ရာ သို့ လိုက်​သွား​ခဲ့​၏။ သူ​၏​တပည့်​များ​စွာ​လည်း သူ​နှင့်​အတူ လိုက်​ပါသွား​ကြ​သည်။

လမ်းခရီး​တွင် မိန်းမ​တစ်​ယောက်​သည် သင်း​ချိုင်း​ရာ တစ်​ခု​၏​အနီး​၌ ငိုကြွေး​လျက်​ရှိ​သည်​ကို တွေ့​ရ​၍ ပညာရှိ​ကြီး​က ရပ်တန့်​ပြီး​လျှင် အကျိုးအကြောင်း​ကို မေးမြန်း​၏။ ငိုကြွေး လျက် ရှိ​သော မိန်းမ​က 'ဤ​နေရာ​၌ ကျွန်မ​၏ ယောက္ခမ သည်​၄င်း၊ လင်​သည်​၄င်း၊ သား​ငယ်​သည်​၄င်း၊ ကျား​ရဲ​ဘေး​ဖြင့် သေ​ဆုံး​သွား​သော​ကြောင့် ငိုကြွေး​နေ​ပါ​သည်'ဟု ပြန်ပြော​သော အခါ၊ ပညာရှိ​ကြီး​က 'သို့​ဖြစ်​လျှင် ချစ်​သမီး အဘယ်​ကြောင့် ဤ​မျှ ကျား​ရဲ​ရှိ​သော​အရပ်​ကို မ​ခွာ​သ​နည်း'ဟု မေး​၏။ မယ် ဒုက္ခ​လည်း 'အရှင်၊ ကျွန်မ​သည် ဤ​နေရာ​၌ နှိပ်စက်​သော အစိုးရ​မ​ရှိ​သော​ကြောင့် နေ​ပါ​သည်'ဟု ဖြေ​လေ​သည်။ ထို​အခါ ပညာရှိ​ကြီး​သည် သူ​၏​တပည့်​များ အား 'ချစ်​သား​တို့၊ ဆင်ခြင် ကြ​လော့၊ နှိပ်စက်​သော အစိုးရ​သည် ကျား​ထက်​ဆိုး​၍ ကျား ထက်​ပင် ပိုမို ကြောက်လန့်​ကြကုန်​သည်'ဟု ဩ​ဝါဒ​စကား မိန့်​ကြား​ခဲ့​ဘူး​၏။

ထို့နောက်​မ​ကြာ​မီ ကွန်​ဖူး​ဇီး​လည်း ဇာတိ​ဖြစ်​သော လူး​နယ်​သို့ ပြန်လာ​ပြီး​နောက်၊ ၁​၅ နှစ်​ခန့် စာပေ လေ့​လာ လိုက်စား​ယင်း သူ​၏​တပည့်​များ​ကို ဆုံးမ​ဩ​ဝါဒ​ပေး​ခဲ့​၏။ အသက် ၅​၂ နှစ်​အရွယ်​တွင် ချွန်​တူး​မြို့​တွင် တရားသူကြီး အဖြစ် ခန့်​အပ်​ခြင်း​ခံ​ရ​သည်။ သို့သော် များ​မ​ကြာ​မီ ယခင်​က ထွက်ပြေး​ရ​သော မြို့စား​၏ ညီ​ဖြစ်​သူ မြို့စား​က ပြန်ခေါ်​၍ ကြီးမြင့်​သော ရာထူး​တစ်​ခု​တွင် ခန့်ထား​လေ​သည်။ ထို့နောက် ကွန်​ဖူး​ဇီး​အား ရာဇဝတ်​ဌာန​ဆိုင်​ရာ ဝန်ကြီး​အဖြစ်​ခန့်ထား​သော အခါ သူ​၏​စီမံ​အုပ်ချုပ်​ပုံ ကောင်းမွန်​လှ​သော​ကြောင့် ရာဇဝတ် မှု​ခင်း​များ ဖြစ်ပွား​ခြင်း​မ​ရှိ​ဘဲ လိမ်လည်​မှု၊ ဆိုးသွမ်း​မိုက်မဲ​မှု​များ လည်း ပပျောက်​လေ​သည်။

ယင်းသို့ စွမ်းဆောင်နိုင်​မှု​ကြောင့် ကွန်​ဖူး​ဇီး​သည် လူ​အများ ၏ ကြည်ညို​လေးစား​ခြင်း ခံယူ​ရ​သည်​နှင့်​အမျှ၊ အိမ်နီးချင်း​ဖြစ် သော နယ်​များ​မှ မြို့စား​များ​က​မူ ကွန်​ဖူး​ဇီး​သည် တစ်​နေ့​နေ့ တွင် သူ​တို့​၏​လူ​များ​အပေါ်​ဝယ် ဩ​ဇာ​လွှမ်းမိုး​လာ​မည်​ဟု စိုးရိမ်​ကြ​သည်။ လူး​နယ်​နှင့် အလွန်​နီး​ကပ်​သည့် နယ်​တစ်​နယ်​မှ မြို့စား​သည် အခြား​မြို့စား​များ​ထက် ပိုမို​စိုးရိမ်​သ​ဖြင့် အတီး အမှုတ် အက​အခန်း​တွင် ကျွမ်းကျင်​သော မိန်းမ​ချော​ကလေး​များ ကို လူး​နယ်​အုပ်ချုပ်​သူ မြို့စား​ထံ​သို့ စေလွှတ်​၍ မြို့စား​ကို ကွန်​ဖူး​ဇီး​အား ပစ်​ပယ်​စေ​ရန် ဖြားယောင်း​စေ​သည်။ ထို​သူ​၏ အကြံအစည် ထမြောက်​အောင်မြင်​သော​ကြောင့် ကွန်​ဖူး​ဇီး​လည်း လူး​နယ်​မှ ထွက်​ခွာ​သွား​ရ ရှာ​လေ​သည်။

ထို့နောက် မြို့စား​လည်း မေ့လျော့​နေ​သ​ဖြင့် ကွန်​ဖူး​ဇီး​အား ပြန်​မခေါ်​တော့​ချေ။ ဆရာ​ကြီး​လည်း ၁​၃ နှစ်​မျှ ကာလ​ပတ်လုံး တရုတ်​နိုင်ငံ အနှံ့အပြား​သို့ လှည့်လည်​သွား​လာ​ခဲ့​ပြီး​မှ လူး​နယ် သို့ ပြန်လာ​ခဲ့​လေ​သည်။ သို့ရာတွင် မည်​သည့်​ရာထူး​ကို​မျှ လက်မ​ခံ​တော့​ချေ။

ဆရာ​ကြီး​ကွန်​ဖူး​ဇီး​၏ တပည့်​ပေါင်း ၃​ဝ⁠ဝ​ဝ ကျော်​ရှိ​သည့် အနက် ၇​ဝ၊ ၈​ဝ ခန့်​မှာ သူ​၏​တပည့်​ရင်း စာတတ်​ပုဂ္ဂိုလ်​ကြီး များ ဖြစ်​ကြ​၍ ထူးချွန်​သူ​များ ဖြစ်​လေ​သည်။ ထို​တပည့်​ရင်း များ​သည် သူ​အနီး​၌ နေ့​ည​မ​ပြတ် ရိုသေ​စွာ​ဆည်းကပ်​လျက် ဆရာ​ကြီး​ပြုမူ​ပြောဆို သွန်သင်​သ​မျှ​ကို တစ်​စ​မ​ကျန် နာယူ မှတ်သား​ကြ​လေ​သည်။ ထို​ပုဂ္ဂိုလ်​များ​မှ​တစ်​ဆင့် ပညာရှိ​ကြီး​၏ အကြောင်း​ကို ကျွနု်ပ်​တို့ သိ​ကြ​ရ​ပေ​သည်။

ကွန်​ဖူး​ဇီး​၏ ဩ​ဝါဒ​များ​မှာ လူ​တို့​၏​ကိုယ်​ကျင့်​တရား ကောင်းမွန်​ရေး​ဖြစ်​၍ သာသနာ​ရေး​ဆိုင်​ရာ ဟောပြော​ချက်​များ မဟုတ်​ပေ။ အသက်​ရှင်​နေ​စဉ်​တွင် မည်သို့​နေထိုင်​ပြုမူ​မှ ကောင်း​သော​နေ​ခြင်း ဖြစ်​မည်​ကို ဆောင်​ပုဒ်​ကလေး​များ​ဖြင့် သွန်သင်​ခဲ့​၏။ သူ​၏​ဩ​ဝါဒ​များ​စွာ​တို့​တွင် 'သင့်​အား သူတစ်ပါး​က ပြုမူ​လျှင် သင်​နှစ်သက်​မည်​မဟုတ်​သည့် အပြု အမူ​မျိုး​ကို တစ်ပါး​သူ​တို့​အား မည်​သည့်​အခါ​မျှ မ​ပြုမူ​လေ​နှင့် ဟူ​သော စကား​မှာ ဆရာ​ကြီး​၏ လက်သုံး​စကား​တစ်​ရပ် ဖြစ်​လေ​သည်။

သူမ​ကွယ်​လွန်​မီ သူ​၏​သား​နှင့် တပည့်​ရင်း​ပညာ​တတ် ပုဂ္ဂိုလ် ၂ ဦး ကွယ်​လွန်​ခဲ့​လေ​ရာ၊ ဆရာ​ကြီး​မှာ များ​စွာ နှမြော တသ​မိ​လေ​သည်။ အသက် ၇​၃ နှစ်​အရွယ်​သို့ ရောက်​၍ သူ ကွယ်​လွန်​ရ​မည်​ကို သိ​သော​အခါ တစ်​ခု​သော​နံနက်​စောစော​တွင် လမ်းလျှောက်​ယင်း 'တောင်​ကြီး​သည် ပြို​ရ​မည်။ သံတိုင်​သည် လည်း ကျိုး​ရ​မည်။ ပညာရှိ​သည်​လည်း သစ်ပင်​များ​ကဲ့သို့ ညှိုးနွမ်း​ပျက်စီး​ရ​ချေ​မည်​တကား။'ဟု သံဝေဂ​စကား ကျူး​ရင့် သည်​ကို သူ​၏​တပည့်​ရင်း​တစ်​ယောက်​က မှတ်သား​ထားခဲ့ လေ​သည်။

ကွန်​ဖူး​ဇီး​သည် ဘီ​စီ ၄​၇​၈ ခု​တွင် ကွယ်​လွန်​အနိစ္စ ရောက် လေ​သည်။ သူ​၏​ရုပ်​အလောင်း​ကို ချူး​ဖူး​မြို့​တွင် ကောင်း​စွာ မြှုပ်​နှံ​သင်္ဂြိုဟ်​ကြ​လေ​သည်။ သူ​သည် သာမန်​လူ​သား တရား ဟော ဆရာ​ကြီး​မျှ​သာ ဖြစ်သော်​လည်း ပညာ​ဗ​ဟု​သုတ ပြည့်​ဝ လှ​သော သူတော်ကောင်း​ပညာရှိ​ကြီး​တစ်​ဦး ဖြစ်​သော​ကြောင့် သန်း​ပေါင်း​များ​စွာ​သော အရှေ့​တိုင်း​ရင်း​သား​တို့​က ဘုရား တစ်​ဆူ ဂူ​တစ်​လုံး​အမှတ်ပြု​၍ ဆည်းကပ်​ကိုးကွယ်​ကြ​သည်။ တရုတ်​လူ​မျိုး​များ​သည် နှစ်စဉ် ချူး​ဖူး​မြို့​ရှိ သူ​၏​သင်း​ချိုင်း​ဂူ​သို့ သွား​ရောက်​၍ အရိုအသေ​ပြု​ကြ​သည်။ အသက်​ရှင်​စဉ်​က​ထက် ကွယ်​လွန်​သော​အခါ​မှ၊ ကွန်​ဖူး​ဇီး​၏ ဩ​ဝါဒ​များ​ကို လိုက်နာ ကျင့်​သုံး​သူ ဦးရေ များပြား​လာ​သည်။ ယခု​အခါ တရုတ်​နိုင်ငံ​ရှိ မြို့​ကြီး​တိုင်း​တွင် ကွန်​ဖူး​ဇီး​အား ရည်စူး​၍ ဆောက်​လုပ်​ထား သော ဘုရား​ကျောင်း အနည်း​ဆုံး​တစ်​ဆောင်​စီ ရှိ​လေ​သည်။ [၂]

ရည်ညွှန်း​ကိုး​ကား

  1. ကျော်​စွာ(၁​၀​၀)-ဒေါက်​တာ​သန်း​ထွန်း
  2. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၂)