သန်းသန်းဆင့် (အဆိုတော်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး HotCatကို အသုံးပြု၍ Category:မြန်မာ အဆိုတော်များကို ဖယ်ရှားခဲ့သည်၊ Category:မြန်မာ အမျိုးသမီး အဆိုတော်များကို ပေါင်းထည့်ခဲ့သည်
→‎ကိုးကား: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၂ - စာကြောင်း ၁၂ -
{{reflist}}
{{reflist}}


{{lifetime|1944|1988}}
[[ကဏ္ဍ:မြန်မာ အမျိုးသမီး အဆိုတော်များ]]
[[ကဏ္ဍ:မြန်မာ အမျိုးသမီး အဆိုတော်များ]]
{{Bio-stub}}
{{Bio-stub}}

၁၇:၂၄၊ ၂၀ စက်တင်ဘာ ၂၀၂၁ ရက်နေ့က မူ

သန်းသန်းဆင့်သည် မြန်မာသံစဉ် သီဆိုသော အဆိုတော် တေးသံရှင်တစ်ဦးဖြစ်သည်။၁၉၄၄ခုနှစ်၊​အောက်တိုဘာလတွင် အဖ ဦးသန်းနိုင်နှင့် အမိ ဒေါ်ကြည်တို့မှ ဧရာဝတီတိုင်းဒေသကြီးကျိုက်လတ်မြို့၌ မွေးဖွားသည်။ ၁၉၅၈-ခုနှစ်တွင် ဂီတလောကထဲသို့ ဝင်ရောက်လာပြီး စိန်ဝေလျှံဂီတာတင်အုံးတို့ထံတွင် တပည့်ခံ သင်ကြားရင်း ချိန်ဆည်းဆာ နှင့် အကိုကြီးရယ် စိုးရိမ်မိတယ် သီချင်းများကို စတင် အသံလွှင့်ခဲ့သည်။ အကိုကြီးရယ် စိုးရိမ်မိတယ် သီချင်းကို သစ်ဆန်းအဖွဲ့မှ ဂီတာတင်အုံးက ရေးစပ်ပြီး သူမအတွက် တေးသံရှင်အဖြစ် ထင်ပေါ်စေသည့် သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယဉ်ကျေးမှုဌာန၌ ဝင်ရောက်အမှုထမ်းခဲ့သည်။


သူ၏ အောင်မြင်ကျော်ကြားသော တေးအချို့မှာ ဆီမလူးတဲ့ ပေဖူးလွှာ၊ ညောင်ရေသဘင်၊ ရွှေဘုံမှာ စံချင်သူပါ၊ မလေးလက်ခတ်သံ၊ သဘင်သည်မလေးနှင်းဆီ၊ ဝိုင်းဝိုင်းလည်၊ တုံ့လှည့်မေတ္တာ၊ ချိန်ဆည်းဆာ စသည့်သီချင်းများ ဖြစ်သည်။ ဝိုင်းဝိုင်းလည်တေးသည် အငြိမ့်မင်းသမီးဘဝကို ပုံဖော်ထားသော တေးဖြစ်၍ မြန်မာ့အသံက မကြာခဏ ထုတ်လွှင့်ပေးနေရသော နာမည်ကျော် တေးတစ်ပုဒ် ဖြစ်သည်။


၁၉၆၀-ခုနှစ်တွင် ရုပ်ရှင်လောကသို့ ကူးပြောင်းခဲ့ပြီး ရွှေထုတ်တဲ့ မြပုဝါ သည် သူ၏ ပထမဦးဆုံး သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဆက်လက်၍ အရိုင်းစံပယ်၊ အချစ်နှင့် စစ်၊ မှားတဲ့အခါလဲ မှားပေမပေါ့၊ အောင်ပင်လယ် စသည့်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။၁၉၈၈ခုနှစ်၊ဇူလိုင်လ ၁ရက်​နေ့တွင် ကွယ်လွန်သည်။[၁] [၂]

ကိုးကား

  1. တေး-၁၀၀၀ စာအုပ်မှ
  2. တင်နိုင်တိုး၏ ပါလီမန်​ခေတ်ထင်​ပေါ်​​​​ျော်ြကားမြန်မာအမျိုးသမီးများစာအုပ်မှ