ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (ဝေါဟာရ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎Korean family names: အကြောင်းပြန်ခြင်း
→‎Korean family names: အကြောင်းပြန်ခြင်း
စာကြောင်း ၁၁၉ - စာကြောင်း ၁၁၉ -
:: အဲဒါဟုတ်တယ်လေ၊ Romanization system ကို မှားပါတယ်လို့ ​ပြောမိလို့လား။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၁၃:၃၂၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)
:: အဲဒါဟုတ်တယ်လေ၊ Romanization system ကို မှားပါတယ်လို့ ​ပြောမိလို့လား။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၁၃:၃၂၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)
:::လိုက်ပြင်မယ်ဆိုလို့ ပြောတာ. အသုံးများတာ ယူရမယ်ဆိုတဲ့ ဥပဒေသ ရှိတယ်မှတ်လား [[အသုံးပြုသူ:P0rnytail|P0rnytail]] ([[အသုံးပြုသူ ဆွေးနွေးချက်:P0rnytail|ဆွေးနွေး]]) ၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)
:::လိုက်ပြင်မယ်ဆိုလို့ ပြောတာ. အသုံးများတာ ယူရမယ်ဆိုတဲ့ ဥပဒေသ ရှိတယ်မှတ်လား [[အသုံးပြုသူ:P0rnytail|P0rnytail]] ([[အသုံးပြုသူ ဆွေးနွေးချက်:P0rnytail|ဆွေးနွေး]]) ၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)
:Kim, Kang ရဲ့ အနီးစပ်ဆုံး အသံထွက်က ဂင်၊ ဂန် မဟုတ်ဘူး။ ကင်၊ သို့ ခင်၊ ကန် သို့ ခန် ဖြစ်တယ်။ အဲဒါကလည်း အစသံ မို့ ဖြစ်တယ်။ ဒုသံက စပြီး ဂသံ ပြောင်းထွက်ရတာ ဖြစ်တယ်။ 김 ဆိုတဲ့ အက္ခရာကပဲ မပြောင်းဘဲ နေတာ ဖြစ်တယ်။ [[User:Bhone.bm|<span style="font-variant:small-caps;color:yellow;font-family:Calibri;">Bhone<span style="color:red"> d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸</span>BM</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Bhone.bm|☎]]»</span></sup> ၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)

၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ ရက်နေ့က မူ

 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
လက်ဖက်ရည်ဆိုင်၏ ဝေါဟာရ အခန်းသည် ဘာသာရပ်ဆိုင်ရာ ဝေါဟာရများနှင့် ဘာသာပြန်ဆိုရန် ခက်ခဲသည့် ဝေါဟာရများကို ဆွေးနွေးနိုင်ရန် ဖြစ်သည်။
« ဆွေးနွေးချက် အဟောင်းများ,



ဘိက္ခုနီအခေါ်အဝေါ်

ဘိက္ခုနီ ပါဠိစကားလုံးကို မြန်မာလိုပြန်လည်ရေးသားရာမှာ "ရဟန်းမိန်းမ" ဆိုတာထက် "ရဟန်းမ" လို့ပဲ လက်ရှိအနေအထားအရသုံးသင့်သည်ဟု အကြံပြုချင်ပါသည်။ ခေတ်ရွှေ့ရှားလာတာနဲ့ စကားတွေက အသံထွက်၊ အဓိပ္ပာယ်တွေလည်း အများကြီးရွေ့လာပါတယ်။ "ရဟန်းမိန်းမ" က မှားသည်ဟုမဆိုသာသော်လည်း မပြတ်သားသောအနက် (ဒွိဟအနက် - ambiguous) ဖြစ်တတ်လို့ အနက်တစ်ခုတည်းထင်ပေါ်မယ့် "ရဟန်းမ" ဆိုတာပိုအဆင်ပြေပါတယ်။ suggestion ပါ။ Aungookingofcelestials (ဆွေးနွေး) ၁၇:၃၁၊ ၇ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မြန်မာအဘိဓာန်မှာလဲ "ရဟန်းမ" လို့ပဲ ပြပါတယ်။ NinjaStrikers «» ၀၂:၄၈၊ ၂၉ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ပိဋကတ်မြန်မာပြန်တွေမှာက "ရဟန်းမိန်းမ" လို့ပဲ ဘာသာပြန်ထားတာ တွေ့ပါတယ်။ အခြားဘာသာရေးနဲ့ သက်ဆိုင်တာတွေမှာလည်း "ရဟန်းမိန်းမ" လို့ပဲ သုံးကြပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၇:၄၂၊ ၂၉ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရှေးနန်းတွင်းခေတ်များ၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ် ... စတာတွေမှာ ပညာရှင် စာရေးဆရာ ရဟန်း/လူတွေရဲ့ စာလုံးပေါင်းက အမျိုးမျိုးရှိခဲ့ကြပါတယ်။ ဦးနေဝင်းလက်ထက်မှာ စာလုံးတွေတစ်ညီတည်းဖြစ်အောင် မြန်မာစာအဖွဲ့က (ပြင်ပရဟန်းရှင်လူအကူအညီ) များနဲ့ သတ်မှတ်တာခဲ့တာကို တွေ့ရှိရပါတယ်။ စာစုံအောင်မဖတ်ဖူးသော်လည်း ရဟန်းမိန်းမ / ရဟန်းမ နှစ်မျိုးစလုံးကို အထင်ကရ စာပေတွေမှာ တွေ့ဖူးပါတယ်။ ရဟန်းမိန်းမ က မမှားပါဘူး ပိဋကတ်မြန်မာပြန်ကျမ်းတွေမှာ ပိုသုံးကြပါတယ်။ မင်းကွန်းတိပိဋကဆရာတော်ကိုယ်တိုင် မဟာဗုဒ္ဓဝင် မှာ နှစ်မျိုးလုံးသုံးစွဲပါတယ်။ဇာချဲ့ရရင် ဂျပန်ကဗုဒ္ဓဘာသာဘုန်းကြီးအချို့ မိန်းမယူကြတော့ ထိုအမျိုးသမီးတွေကို ရဟန်းမိန်းမ လို့လဲသုံးနိုင်ကြတယ် ဟီး ;) ။ ဒါ့ကြောင့် မြန်မာအဘိဓာန်က တစ်မျိုးတည်း ပေးသွားတာလားမသိ။ တစ်ညီတည်း ပိုတိတိကျကျဖြစ်ရင် ကောင်းမယ်ထင်လို့ပါ။ Aungookingofcelestials (ဆွေးနွေး) ၁၀:၄၁၊ ၂၉ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တစ်ညီတည်းဖြစ်ရင်တော့ ပိုကောင်းတယ်။ ဘယ်တစ်ခုကို အတည်ယူရမလဲဆိုတာကျတော့ နားလည်တဲ့သူတွေနဲ့ တိုင်ပင်မှ ဖြစ်မယ်နဲ့တူတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၁:၂၄၊ ၂၉ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မေးမြန်းခြင်း

"abc abc abc ဖြစ်၏ ။" နဲ့ "abc abc abc ဖြစ်၏။" မှာ ပုဒ်မကို ခွာရေးသလား သို့ ပူးရေးသလား မသိဘူး။ ကျောင်းတုန်းက ခွာပြီးမှ ပုဒ်မ တပ်တာ၊ ခု Bot တစ်ခုက ပူးပြီး တပ်တာဖြစ်လို့ ဘယ်ဟာမှန်လဲ မသိလို့ သိရှိသူများ ဖြေပေးပါရန် :) ။ Aungookingofcelestials (ဆွေးနွေး) ၁၉:၅၂၊ ၂၆ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ခွာရေး/ပူးရေး အနေနဲ့ သတ်မှတ်ချက် မရှိဘူးထင်တာပဲ။ သေချာတော့မသိ။ ပုဒ်မအကြောင်းနည်းနည်းရှာဖတ်ကြည့်တာတော့ အဲလိုမတွေ့မိဘူးဗျ။ ကျနော်တို့ရေးရင်တော့ ပူးရေးတာချည်းပဲ။ NinjaStrikers «» ၀၂:၄၅၊ ၂၉ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ပုဒ်ထီး ပုဒ်မ ပုဒ်ကလေး အားလုံး ရှေ့စာလုံးနဲ့ ပူးနေရမှာပါ။ ပြီးရင် စပေ့ တကွက်ခြား နောက်ဝါကျတကြောင်းစ။ အင်္ဂလိပ်မှာ ပုံစံ ကြည့်။ စပေ့ တကွက်ခြားတာက အင်္ဂလိပ် မြန်မာ ကိုရီးယားမှာ တွေ့တယ်။ စပေ့မခြားတာက တရုတ်၊ ဂျပန်မှာ တွေ့တယ်။ ဘာသာစကားအားလုံးမှာ တူညီချက်က ပုဒ်ထီး၊ ပုဒ်မ အားလုံး ရှေ့စာလုံးနဲ့ ပူးနေရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၄၂၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

IMPORTANT: Admin activity review

Hello. A policy regarding the removal of "advanced rights" (administrator, bureaucrat, interface administrator, etc.) was adopted by global community consensus in 2013. According to this policy, the stewards are reviewing administrators' activity on all Wikimedia Foundation wikis with no inactivity policy. To the best of our knowledge, your wiki does not have a formal process for removing "advanced rights" from inactive accounts. This means that the stewards will take care of this according to the admin activity review.

We have determined that the following users meet the inactivity criteria (no edits and no logged actions for more than 2 years):

  1. Mmthinker (administrator)

These users will receive a notification soon, asking them to start a community discussion if they want to retain some or all of their rights. If the users do not respond, then their advanced rights will be removed by the stewards.

However, if you as a community would like to create your own activity review process superseding the global one, want to make another decision about these inactive rights holders, or already have a policy that we missed, then please notify the stewards on Meta-Wiki so that we know not to proceed with the rights review on your wiki. Thanks, --علاء (ဆွေးနွေး) ၁၈:၂၄၊ ၇ ဖေဖော်ဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

DONE:

ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း သုံးစွဲရန်)

အောက်ပါဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွင်သာ ရေးသားပါ။ ဤဆွေးနွေးချက်တွင် နောက်ထပ် မည်သည့်ပြင်ဆင်တည်းဖြတ်မှုကိုမျှ မပြုလုပ်သင့်ပါ။

Naming convention (Japanese)

ဂျပန်လူမျိုးတွေရဲ့ နာမည်ကို မျိုးရိုးနာမည် အရင်ရေးရလား၊ ကိုယ်ပိုင်နာမည် အရင်ရေးရလားဗျ။ enwiki မှာ en:Taishi Nakagawa ဆိုပြီး ကိုယ်ပိုင်နာမည်အရင်ရေးတာတွေ့ရပေမဲ့၊ jawiki မှာကျ jp:中川大志 (俳優) (= Nakagawa Taishi) ဆိုပြီး မျိုးရိုးနာမည် အရင်ရေးတာတွေ့ရလို့ပါ။ Htanaungg (ဆွေးနွေး) ၀၅:၅၅၊ ၂၂ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

en ကလိုပဲ အသုံးများပါတယ်။ ဥပမာ en:Shinzo Abe ကို ရှင်ဇို အာ့ဘဲ့၊ ရှင်ဇိုအာဘေး စသဖြင့် မီဒီယာတွေမှာရေးကြပါတယ်။ Google မှာ အာဘေး ရှင်ဇို လို့ရှာရင်တောင် ရှင်ဇို အာဘေး အတွက်ပဲ အများဆုံး တွေ့ရပါတယ်။ NinjaStrikers «» ၀၆:၀၅၊ ၂၂ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Ninjastrikers ဂျပန်မှာ တရုပ်လိုပဲ မျိုးရိုးကို အရင်ရေးတယ်. ဒါပေမဲ့ အင်္ဂလိပ်လိုရေးရင် အင်္ဂလိပ်ထုံးစံအတိုင်း မျိုးရိုးကို နောက်ကရေးတယ်. အင်္ဂလိပ်လို ရှင်ဇိုအာဘေး တွေ့တယ်ဆိုပေမဲ့ ဂျပန်လိုရေးတဲ့အခါ အာဘေးရှင်ဇိုပဲ ရေးရမှာ. ဒီအကြောင်းနဲ့စပ်ပြီး ပြောရရင် မြန်မာတွေက ဂျပန်အကြောင်းကို အင်္ဂလိပ်က ယူယူရေးနေတာ. ဂျပန်ကနေ ယူရေးပြီး မျိုးရိုးနာမည် ရှေ့ကထားတဲ့သူ ပေါ်လာရင် ဘယ်လိုရှင်းမလဲ. P0rnytail (ဆွေးနွေး) ၀၄:၀၆၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
WP:COMMONNAME အရ ခိုင်လုံတဲ့ ရင်းမြစ်တွေကနေ ရည်ညွှန်းခေါ်ဝေါ်တဲ့ အသုံးများတဲ့အမည်ကိုသာ အသုံးပြုဖို့ ပိုမိုသင့်လျော်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် BBC Burmese, Myanmar Times, Eleven စတဲ့ မီဒီယာကြီးတွေက သုံးတဲ့ပုံစံအတိုင်း ယူထားတာပါ။ ဒါ့အပြင် ဒီနေရာမှာဆွေးနွေးခဲ့တဲ့ ရလဒ်တွေအရ (အခြားဘာသာစကားအမည်တွေကို ထောက်ပြထည့်သွင်းဆွေးနွေးခဲ့တာမရှိခဲ့ပေမယ့်) အင်္ဂလိပ်အမည်အတိုင်းခေါ်ဝေါ်သုံးစွဲဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန်အမည်တွေကို မြန်မာလိုရေးရာမှာ အင်္ဂလိပ်ပုံစံရေးတာ အများစုဖြစ်နေရတာက စာရေး/စာဖတ်သူအများစုရဲ့ ဘာသာစကားတတ်ကျွမ်းမှုကြောင့်လဲ ဖြစ်မယ်ထင်ပါတယ်။ အများစုက မြန်မာ/အင်္ဂလိပ်ကိုတော့ အခြေခံကျွမ်းကျင်တတ်ကြတာမို့ မြန်မာဘာသာပြန်တဲ့အခါ ဂျပန်ကနေ တိုက်ရိုက်မယူဘဲ အင်္ဂလိပ်ကနေပဲ ယူကြတယ်လို့ ထင်ပါတယ်။ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အခြေအနေတစ်ခုက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ဂျပန်အမည် သုံးစွဲမှုပုံစံဖြစ်ပါတယ်။ ဂျပန်သံအမတ် Ichiro Maruyama ကို မြန်မာလို မစ္စတာမာရုမာ အိချိရော လို့ ဖော်ပြသုံးစွဲပါတယ်။ ဒါကြောင့် အမည်ပေးစနစ် (ဂျပန်) ကို
  • ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း)
  • ရွေးချယ်စရာ ၂ - "မျိုးရိုးအမည် ကိုယ်ပိုင်အမည်" (ဂျပန်အသုံးအတိုင်း)
ဘယ်လိုထားကြမလဲဆိုတာ ဝိုင်းဝန်းဆုံးဖြတ်ကြတာပေါ့။ နောက်ထပ် ထည့်စဉ်းစားပေးရမှာက WP:NAMINGCRITERIA မှာဖော်ပြထားတဲ့ "အရှိအတိုင်းဖြစ်ခြင်း – ခေါင်းစဉ်သည် စာဖတ်သူများအနေဖြင့် ရှာဖွေလေ့ရှိသည့် အမည်ဖြစ်ပြီး တည်းဖြတ်သူများအနေဖြင့် ဆောင်းပါးတစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာတွင် အသုံးပြုသည့် အမည်လည်း ဖြစ်သည်။ ထိုသို့သော ခေါင်းစဉ်မျိုးသည် မြန်မာဘာသာတွင် ခေါ်ဝေါ်သည့်အမည်အတိုင်း ဖြစ်လေ့ရှိသည်။" ဆိုတဲ့အတိုင်း စာဖတ်သူတွေ ရင်းနှီးပြီးသား၊ ရှာဖွေလေ့ရှိတဲ့ ပုံစံကို ရွေးချယ်သင့်ပါတယ်။ NinjaStrikers «» ၀၄:၄၆၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အင်္ဂလိပ်မှာက မျိုးရိုးနာမည်ကို နောက်မှာ ထားလေ့ ရှိတာဆိုတော့ ဂျပန် မျိုးရိုးကို နောက်ပို့ပြီး သူတို့အတွက် မှတ်ရလွယ်အောင် ကမ္ဘာပြုတာပေါ့၊ ပတ်စ်ပို့တွေမှာလည်း တွေ့ပါလိမ့်မယ်။ ဒါမဲ့ လက်မခံလို။ မြန်မာက ဒီစည်းမျဉ်းနဲ့ လွတ်ကျွတ်သင့်တယ်။ တရုတ် ဂျပန် ကိုရီးယား ယဉ်ကျေးမှုအတူတူပါ၊ တရုတ်မှာ မျိုးရိုး အရှေ့ထားရသလို၊ ဂျပန် ကိုရီးယားလည်း ဒီအတိုင်းပဲ။ မြန်မာဘာသာ ခေါ်ဝေါ်သည့်အမည်အတိုင်း ဖြစ်လေ့ ရှိခြင်း ဆိုတာနဲ့ ပတ်သက်လို့ ရှင်ဇိုအာဘေးလို အသုံးများတာကို ပြန်ညွှန်းထားစေလို။ တသမတ်တည်းအနေနဲ့က အာရှတိုက် တတိုက်လုံးအနေနဲ့ မျိုးရိုး ရှေ့မှာထား အနောက်တိုင်းဆို မျိုးရိုး နောက်မှာထား နားအေးရော။ မျိုးရိုးမရှိတဲ့ နိုင်ငံလည်း အာရှတိုက်မှာ ရှိလိမ့်ဦးမယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၂၆၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဒါနဲ့ ပတ်သက်ပြီး ဟိုးနှစ်တွေလောက်တုန်းက သတင်းစာမှာ ဖတ်ရတာ ဂျပန်ဘက်က တရားဝင်ဌာနတွေကနေ နိုင်ငံခြားကို ပန်ကြားတာ ရှိတယ်။ သူတို့ပုံစံအတိုင်း မျိုးရိုး+အမည် ရေးပေးဖို့။ ဒါပေမယ့် ဘယ်နိုင်ငံခြားသားကမှ မလိုက်နာပါဘူး။ အခုအချိန်အထိ။ နိုင်ငံခြားသားတွေက အခုအချိန်အထိ အမည်+မျိုးရိုး ကို သုံးနေကြတုန်းပဲ။ နှစ်ပေါင်းများစွာ တွင်ကျယ်လာခဲ့တဲ့ အသုံးတစ်ခုကို နိုင်ငံတစ်ခုက တရားဝင်စာထုတ်တောင်းဆိုတာတောင် ဘယ်သူမှ ပြန်မပြင်ပေးကြပါဘူး။ အသားကျပြီးသား အရာတစ်ခုကို ပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၀၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

Vote

Pls discuss above and vote here. Htanaungg (ဆွေးနွေး) ၀၆:၀၄၊ ၂၂ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

Aungookingofcelestials, ခင်မောင်မောင်လွင်, your votes are welcome. ~ ထနောင်း (🔔📝) ၀၇:၃၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
vote ​ပေးမဲ့သူများ ကျန်ပါသေးလားဗျ။ ထပ် ping ရရင် canvassing ဖြစ်မှာစိုးလို့။ ~ ထနောင်း (🔔📝) ၀၇:၃၅၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
I've all noted with thanks. The result was to use Option 1. ~ ထနောင်း (🔔📝) ၀၇:၅၇၊ ၅ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၂ - "မျိုးရိုးအမည် ကိုယ်ပိုင်အမည်" (ဂျပန်အသုံးအတိုင်း) Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၆:၁၄၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၂ - "မျိုးရိုးအမည် ကိုယ်ပိုင်အမည်" (ဂျပန်အသုံးအတိုင်း) ~ ထနောင်း (🔔📝) ၀၆:၅၆၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း)ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၀၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း) မီဒီယာတွေကလဲ ဒီအတိုင်းသုံးနေတော့ မျိုးရိုးရှေ့ထားတာ ဒီမှာပဲသုံးရင် ကြောင်မယ်ထင် P0rnytail (ဆွေးနွေး) ၁၄:၂၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း) Aungookingofcelestials (ဆွေးနွေး) ၁၅:၄၈၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ရွေးချယ်စရာ ၁ - "ကိုယ်ပိုင်အမည် မျိုးရိုးအမည်" (အင်္ဂလိပ်အသုံးအတိုင်း) Dr Lotus Black (ဆွေးနွေး) ၀၈:၄၉၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အထက်ပါ ဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွင်သာ ရေးသားပါ။ ဤဆွေးနွေးချက်တွင် နောက်ထပ် မည်သည့်ပြင်ဆင်တည်းဖြတ်မှုကိုမျှ မပြုလုပ်သင့်ပါ။

File Upload Wizard/Article Wizard

အသုံးပြုသူတွေ၊ လူသစ်တွေ အဆင်ပြေအောင် File upload wizard နဲ့ article wizard တွေ လုပ်ဖို့ပြင်နေတာရှိပါတယ်။ လောလောဆယ် FUW ကို ဝီကီပီးဒီးယား:File Upload Wizard/sandbox မှာ ပြင်ဆင်ထားပါတယ်။ ပြဿနာက wizard စာလုံးကို မြန်မာလိုဆီလျော်အောင် ပြန်ဖို့ခက်နေတာပါ။ အရင်တုန်းက ရေးခဲ့တဲ့သူတွေကတော့ AW ကို "အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်" ဆိုပြီး သုံးခဲ့တာတော့ရှိတယ်။ သူနဲ့လိုက်ဖက်အောင် FUW ကျ "ဖိုင်တင်သည့် ဝိဇတ်" လို့သုံးရင်ရပေမယ့် မသိတဲ့သူကျ ဝိဇတ်ဆိုတာ ဘာကြီးလဲ ဆိုပြီး ဖြစ်နေနိုင်တယ်။ အဲဒီအတွက် FUW နဲ့ AW အတွက် ဆီလျော်မယ့် အသုံးအနှုန်းလေး စဉ်းစားမိတာရှိရင် အကြံပြုပေးကြပါဦး။ NinjaStrikers «» ၀၂:၃၄၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

iAbidan မှာ wizard ကို ဝိဇ္ဇာ လို့ ​ပြ​ောထားတာ တွေ့တယ်ဗျ။ ~ ထနောင်း (🔔📝) ၀၃:၀၉၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဆောင်းပါးဝိဇ္ဇာ/ ဖိုင်တင်ဝိဇ္ဇာ။ NinjaStrikers «» ၀၅:၁၃၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အပ်ချလောင်း လို့ ပြန်ပါ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၂၉၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အင်္ဂလိပ် ဝိဇာတ်ကို မစဉ်းစားဘဲ သူ့ရဲ့ လုပ်ဆောင်ချက်ကိုပဲ စဉ်းစားမယ်ဆိုရင် လမ်းညွှန် လိုအပ်ချက် ကိရိယာ အကူအညီ အဲထဲက တခုခု အဓိပ္ပာယ်ပါပဲ။ တလက်စတည်း အကြံပြုချင်တာက ကဏ္ဍ အစုမှာ ၁ ကဏ္ဍ ၅ စာမျက်နှာ အဲလို မဟုတ်ဘဲ အတိုကောက် ၁ ဍ, ၅ နှာ လို့ သုံးစေချင်ပါတယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၄၈၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
iAbidan ကို ခိုင်လုံတဲ့ရင်းမြစ်လို့ မထင်. Wizard ရဲ့ မူလအလုပ်လုပ်ပုံက ဟယ်ရီပေါ်တာကလို မှော်နှင်တံနဲ့ လုပ်တာဖြစ်လို့ မှော်ဆရာပဲ ဖြစ်ရမှာ. ကွန်ပျူတာဘက်မှာ သုံးတာက သုံးတဲ့သူဟာ နောက်ခံကိစ္စတွေ သိစရာမလိုပဲ အရေးကြီးတာတွေပဲ GUI က ထဲ့ပေးရုံနဲ့ အဆင်သင့် (အပေါ်ကပြောသလို "အပ်ချလောင်း") ရသွားတာဖြစ်လို့ မှော်ဆရာ ဖြစ်သင့်တယ်. P0rnytail (ဆွေးနွေး) ၀၆:၁၆၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Wizard (noun) 1. (in stories) a man with magic powers; 2. a person who is especially good at something; 3. (computing) a program that makes it easy to use another program or perform a task by giving you a series of simple choices (OALD 10th edition) ~ ထနောင်း (🔔📝) ၀၇:၀၄၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Wizard - A help feature of a software package that automates complex tasks by asking the user a series of easy-to-answer questions. So goes the definition of Oxford English Dictionary. As suggested by bro Bhone.bm, I would like to combine two of his proposed phrases ကိရိယာ + အကူအညီ to become ကူညီကိရိယာ, or ကိရိယာ + လမ်းညွှန် to become လမ်းညွှန်ကိရိယာ. And လမ်းညွှန်မှော်ဆရာ (literally) might be a lovable phrase, as expressed by bro P0rnytail. အလိုအလျောက်ကိရိယာ would be a possible term, although I am not too sure about the function of wizard here; poor me. just suggestion! Aungookingofcelestials (ဆွေးနွေး) ၁၃:၄၄၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဆောင်းပါးလမ်းညွှန်မှော်ဆရာ နဲ့ ဖိုင်တင်လမ်းညွှန်မှော်ဆရာ လို့သုံးမယ်ဆိုရင် အဆင်ပြေမယ်ထင်တယ်။ NinjaStrikers «» ၀၅:၃၈၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အင်္ဂလိပ်ကနေ မြန်မာ ဖလှယ် တော်တော်ကို ရှည်ထွက်လာသလားလို့ပါ။ ဆောင်းပါးလမ်းညွှန်။ ဖိုင်တင်လမ်းညွှန်၊ ဆောင်းပါးမှော်ဆရာ၊ ဖိုင်တင်မှော်ဆရာ ဆိုပြီး ကျစ်ကျစ်ပဲ သုံးကြပါလား။ ဝေါဟာရကို အသစ်တီထွင် သုံးစွဲ ပေးရမှာပါ။ ဒါမှ ဝေါဟာရ တိုးပွားလာမှာ။ အဲဒါ ဝေါဟာရတွေကို ဖွင့်ဆို ရှင်းပြနေဖို့ မဟုတ်ပါ။ ဒါတွေက သုံးစွဲသူတွေက နားလည်အောင် ကွကို လေ့လာရမှာပါ။ သက်ဆိုင်ရာ ဝိဇတ်ထဲ ဝင်လိုက်ရင် သူ့ကို တခါ အဓိပ္ပာယ် ဖွင့်ဆို ရှင်းပြကြဦးမှာပဲမလား။ နောက်ဆုံး ဝိဇတ်ပဲ သုံးကြပါလား။ အထဲမှာ ပြန်ရှင်းပြရင် ရတာပဲ။ ဝေါဟာရ ကြွယ်တာပေါ့။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၇:၀၆၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဆောင်းပါးလမ်းညွှန်ကိရိယာဖိုင်တင်လမ်းညွှန်ကိရိယာဆောင်းပါးလမ်းညွှန်အကူအညီဖိုင်တင်လမ်းညွှန်အကူအညီ။ ကိုယ်ပိုင်ခံစားချက်ကို ပြောရရင် မှော်ဆရာတွေ၊ ဝိဇ္ဇာတွေကို သဘောမကျပါဘူး။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၁၂၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အဓိပ္ပာယ်လဲမလွဲအောင်ဆိုရင် ဆောင်းပါးကူညီကိရိယာ နဲ့ ဖိုင်တင်ကူညီကိရိယာ လို့ သုံးတာပဲ ပိုကောင်းမယ်ထင်။ လမ်းညွှန်တာတော့ပါပေမယ့် ဒီနေရာမှာကျ လမ်းညွှန်တာတင်မက ကိရိယာကိုယ်တိုင်ဝင်လုပ်ပေးတဲ့ ပုံစံမျိုးဖြစ်မှာပါ။ NinjaStrikers «» ၀၆:၁၉၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

"မြောက်"များ မြောက်မြားနေခြင်း

မဟာရာဇဝင်ကြီးက စကားလုံးတွေတွေ့လို့ သတိရပြီး ပြောတာပါ. မင်းခေါင်နောက်ကလူကို ဒုတိယမင်းခေါင် ခေါ်ပါတယ်. အလားတူပဲ သီပေါမင်းကို မန္တလေးရတနာပုံ ဒုတိယ မြို့တည်နန်းတည်မင်း ခေါ်ပါတယ်. အဲဒီ့ ပထမ ဒုတိယ တတိယဆိုတာတွေဟာ နောက်မှာ "မြောက်" တို့ "ကြိမ်မြောက်" တို့ "အကြိမ်မြောက်" တို့ ထဲ့စရာမလိုကြောင်း သိထားပါတယ်. သို့ပေမဲ့ ဝီကီမှာ အင်္ဂလိပ်နာမည်အများစုကို ပဉ္စမမြောက်ဂျော့ဘုရင်၊ တတိယမြောက် ကုလအထွေထွေအတွင်းရေးမှူးချုပ်၊ ဆဋ္ဌမအကြိမ်မြောက် ... အစည်းအဝေး ဆိုတာတွေ တွေ့ရပါတယ်. ဒါမျိုးတွေ bot နဲ့ပြင်ရင် အဆင်ပြေနိုင်ပါတယ်. ဒါမှမဟုတ် ဒီလိုပဲ "မြောက်" "ကြိမ်မြောက်" တွေ ဆက်သုံးမှာလား သိချင်တယ်. ဒီမှာက ထစ်ခနဲရှိ မြန်မာစာအဖွဲ့ မြန်မာစာအဖွဲ့ ညွှန်းတော့ ဒီတခုရော မြန်မာစာအဖွဲ့သဘောအတိုင်း လုပ်မလား သိချင်တာ :3 P0rnytail (ဆွေးနွေး) ၁၂:၃၁၊ ၂၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မြောက် က အစဉ်ပြပစ္စည်း အနေနဲ့ အပို ထည့်သုံးကြတယ်ထင်တယ်။ အပြင်က ဟိုနေရာ ဒီနေရာတွေမှာလည်း မြင်နေကျပဲ၊၊ မြန်မာစွယ်စုံကျမ်းမှာ ဒုတိယဂျော့ တတိယဂျော့ လို့ပဲရေးကြပါတယ်။ တစ်မူတည်းရှေ့နောက် ကိုက်ညီရင်တော့ကောင်းမှာပါ။ Aungookingofcelestials (ဆွေးနွေး) ၁၄:၄၆၊ ၂၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဘွဲ့၊ နာမည်တွေမှာ မြောက်/ကြိမ်မြောက်မပါဘဲ ရေးတာကောင်းမယ်ထင်ပါတယ်။ NinjaStrikers «» ၁၈:၁၉၊ ၂၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မြောက်တွေမပါတာက ပိုကောင်းပါတယ်။ NayiMuu® talk ၀၀:၀၂၊ ၃၀ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဘာသာစကား

ဘာသာစကားဆိုတာ လူဖန်တီးထားတဲ့ အမှောင်ခေတ်မတိုင်မီ ဟိုးရှေ့အစောပိုင်းကတည်းက ကမ္ဘာမြေပေါ်မှာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်၊

ယနေ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ ဘာသာစကားနဲ့ ဖော်ပြထားတဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေအားလုံးဟာ ဘာသာစကားတခုအရ ယနေ့လူသားတွေ နားလည်ထားသိရှိမှု၊ ဘာသာစကားအရမဟုတ်ပဲ ယနေ့လူသားတွေ အလွယ်တကူ မသိနိုင်တဲ့ ပြင်ပလောက တကယ့်အမှန်တရား ဖြစ်ရပ်တွေအားလုံးကို အခု ဒီနေရာကနေ စတင်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

  1. MyanmarStonerClub
ဝမ်းနဲစရာဘဲ. ဒီမှာ ဆွေးနွေးလို့ မရဘာ :3 P0rnytail (ဆွေးနွေး) ၁၁:၅၀၊ ၉ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

Korean family names

ကိုရီးယားမျိုးရိုးအမည်တွေမှာ Kim, Kang, Park, Choi, Song, Jung က အနီးစပ်ဆုံး အသံထွက်ဆိုရင် ဂင်၊ ဂန်၊ ဘတ်၊ ချွဲ၊ ဆုန်း၊ ​ဂျောင် ဖြစ်ရမှာကို အတော်လေး မှားနေတာ တွေ့ရပါတယ်။ (အထူးသဖြင့် Kim နဲ့ Park မှာ ကင်၊ ပတ် ဖြစ်နေ။) အဲဟာတွေ တွေ့မိသလောက် လိုက်ပြင်မယ်လို့ စိတ်ကူးမိလို့ပါ။ ~ ထနောင်း (🔔📝) ၀၇:၂၀၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အဲဒါဆို ယူတာမှားနေပြီ. Baek ကို Park. Yee ကို Lee. Gim ကို Kim ရေးတာ ကိုရီးယားတွေကိုယ်တိုင် ရေးတာ. IG မှာ ကြည့်ရင် သိနိုင်တယ်. P0rnytail (ဆွေးနွေး) ၁၂:၂၄၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အဲဒါဟုတ်တယ်လေ၊ Romanization system ကို မှားပါတယ်လို့ ​ပြောမိလို့လား။ ~ ထနောင်း (🔔📝) ၁၃:၃၂၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
လိုက်ပြင်မယ်ဆိုလို့ ပြောတာ. အသုံးများတာ ယူရမယ်ဆိုတဲ့ ဥပဒေသ ရှိတယ်မှတ်လား P0rnytail (ဆွေးနွေး) ၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Kim, Kang ရဲ့ အနီးစပ်ဆုံး အသံထွက်က ဂင်၊ ဂန် မဟုတ်ဘူး။ ကင်၊ သို့ ခင်၊ ကန် သို့ ခန် ဖြစ်တယ်။ အဲဒါကလည်း အစသံ မို့ ဖြစ်တယ်။ ဒုသံက စပြီး ဂသံ ပြောင်းထွက်ရတာ ဖြစ်တယ်။ 김 ဆိုတဲ့ အက္ခရာကပဲ မပြောင်းဘဲ နေတာ ဖြစ်တယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၄:၂၇၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]