ဂျိုက်ဂွါး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (robot Adding: ga:Iaguar
အရေးမကြီး ရိုဘော ပေါင်းထည့်နေသည: mr:जॅग्वार (प्राणी)
စာကြောင်း ၃၉ - စာကြောင်း ၃၉ -
[[Category:တိရစ္ဆာန်]]
[[Category:တိရစ္ဆာန်]]
[[Category:နို့တိုက်သတ္တဝါ]]
[[Category:နို့တိုက်သတ္တဝါ]]

[[gd:Iaguar]]
[[zh-yue:美洲豹]]


[[ar:يغور]]
[[ar:يغور]]
စာကြောင်း ၆၄ - စာကြောင်း ၆၇ -
[[fr:Jaguar]]
[[fr:Jaguar]]
[[ga:Iaguar]]
[[ga:Iaguar]]
[[gd:Iaguar]]
[[gn:Jaguarete]]
[[gn:Jaguarete]]
[[he:יגואר]]
[[he:יגואר]]
စာကြောင်း ၈၃ - စာကြောင်း ၈၅ -
[[ml:ജാഗ്വാർ]]
[[ml:ജാഗ്വാർ]]
[[mn:Ягуар]]
[[mn:Ягуар]]
[[mr:जॅग्वार (प्राणी)]]
[[ms:Jaguar]]
[[ms:Jaguar]]
[[nah:Ocēlōtl]]
[[nah:Ocēlōtl]]
စာကြောင်း ၁၁၀ - စာကြောင်း ၁၁၃ -
[[vi:Báo đốm Mỹ]]
[[vi:Báo đốm Mỹ]]
[[zh:美洲豹]]
[[zh:美洲豹]]
[[zh-yue:美洲豹]]

၀၇:၀၁၊ ၇ ဖေဖော်ဝါရီ ၂၀၁၁ ရက်နေ့က မူ

ဂျိုက်ဂွါး
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
ကြောင်မျိုးရင်း
မျိုးစု:
ပင်သီရာ
မျိုးစိတ်:
ပင်သီရာအုံကာ
ဒွိနာမ
ပင်သီရာအုံကာ
ကမ္ဘာပေါ်ရှိ ဂျိုက်ဂွါးများ ကျက်စားရာ နေရာပြ မြေပုံ

ဂျိုက်ဂွါး(Jaguar) သည် ပင်သီရာအုံကာ မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်ပြီး တောင်အမေရိကနှင့် အမေရိက အလယ်ပိုင်းတွင် နေထိုင်ကျက်စားကြသည်။ ဂျိုက်ဂွါးသည် ကျားနှင့် ခြင်္သေ့တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနောက်ကမ္ဘာခြမ်းတွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ကြောင်မျိုးရင်းဝင် သတ္တဝါလည်း ဖြစ်သည်။

ဂျိုက်ဂွားတို့သည် ၄င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် ကျားသစ်နှင့် ပုံစံတူသည်။ သို့သော် ဂျိုက်ဂွါးများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၄င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ၄င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။ ဂျိုက်ဂွါး၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၄င်းတို့၏ သားကောင်များကို တမူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၄င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။

ပုံပန်းသဏ္ဍာန်

ဂျိုက်ဂွါးတို့တွင် အဝါရောင်နှင့် လိမ္မော်နှင့်အဝါ ရောယှက်နေသော အမွှေးအမျှင် များ ရှိကြပြီး အညိုနှင့် အနက်ရောင် အစက်အပြောက်များ ရှိကြသည်။ ၄င်းတို့သည် ကြီးမား၍ အလေးချိန်စီးပြီး သန်မာသော ကြွက်သားများလည်း ရှိကြသည်။ တခါတရံတွင် လုံးဝမည်းနက်နေသော ဂျိုက်ဂွါးများရှိသော်လည်း အနီးကပ်ကြည့်ရှုပါက အစက်အပြောက်များကို မြင်တွေ့နိုင်သည်။ ၄င်းတို့ကို ကျားသစ်နက် ဟု ခေါ်လေ့ ရှိကြသည်။

ဂျိုက်ဂွါးတို့သည် အမြင့်တက်ရာတွင် မကျွမ်းကျင်သော်လည်း ရေကူးကျွမ်းကျင်သော သတ္တဝါများ ဖြစ်ကြသည်။

နေထိုင်ကျက်စားရာ ဒေသ

ဂျိုက်ဂွါးတို့သည် တောင်အမေရိကနှင့် အမေရိက အလယ်ပိုင်းတို့တွင် ကျက်စားလေ့ ရှိကြသည်။ ၄င်းတို့သည် အများအားဖြင့် မိုးသစ်တောများတွင် နေလေ့ရှိသော်လည်း ဆဗားနားမြက်ခင်းပြင်များ၊ ညွှန်တောများနှင့် သဲကန္တာရဒေသများတွင်လည်း နေထိုင်လေ့ ရှိကြသည်။

နေထိုင်မှု ဘဝ

ဂျိုက်ဂွါးတို့သည် အစားအသောက်ကို ရွေးချယ်စားသုံးလေ့ မရှိပဲ ရသမျှကို အကုန်စားလေ့ ရှိကြသည်။ နို့တိုက်သတ္တဝါ အကောင် အကြီးနှင့် အသေးများ၊ ငှက်များ၊ တွားသွားသတ္တဝါများ၊ ငါးများနှင့် ကျွဲနွားများကို စားလေ့ ရှိကြသည်။ သားကောင်ဖမ်းဆီးရာတွင် ၄င်းတို့သည် သားကောင်၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီးမှ ရုတ်တရက် ခုန်အုပ်၍ ဖမ်းဆီးလေ့ရှိသည်။ ဂျိုက်ဂွါးတို့သည် သားကောင်တို့၏ ဦးခေါင်းခွံကို ကိုက်ခွဲ၍ သတ်ဖြတ်လေ့ ရှိကြသည်။ ထို့နောက် သားကောင်ကို လုံခြုံသော နေရာသို့ သယ်ဆောင်သွားပြီးမှ စားသုံးလေ့ရှိသည်။

ပုံမှန်အားဖြင့် ဂျိုက်ဂွါး အမသည် ရက် ၁၀၀ ခန့် ကိုယ်ဝန်ဆောင် အပြီးတွင် ကလေး ၁ ကောင်မှ ၄ကောင် အထိ မွေးလေ့ ရှိကြသည်။ အကောင်ငယ်လေးများသည် ၁နှစ် မှ ၂ နှစ်အတွင်း မိသားစုကို စွန့်ခွာသွားလေ့ ရှိသည်။ ၃ နှစ်ခန့်တွင် အရွယ်ရောက်လေ့ ရှိသည်။ ပြင်ပလောကတွင် နေထိုင်သော ဂျိုက်ဂွါးများမှာ ၁၀ နှစ် မှ ၁၂ နှစ် အထိ သက်တမ်းရှိပြီး တိရစ္ဆာန်ရုံ အတွင်းမှ ဂျိုက်ဂွါးများမှာမူ ၂၀ နှစ်မှ ၂၂ နှစ် အထိ သက်တမ်း ရှိတတ်သည်။