ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.6.4) (robot Adding: ur:ردرفورڈ بی ہیز
စာကြောင်း ၈၂ - စာကြောင်း ၈၂ -
{{အမေရိကန် သမ္မတများ}}
{{အမေရိကန် သမ္မတများ}}


[[an:Rutherford B. Hayes]]
[[ang:Rutherford B. Hayes]]
[[ang:Rutherford B. Hayes]]
[[ar:رذرفورد هايز]]
[[ar:رذرفورد هايز]]
[[an:Rutherford B. Hayes]]
[[az:Raterford Heys]]
[[az:Raterford Heys]]
[[bcl:Rutherford B. Hayes]]
[[bn:রাদারফোর্ড বি. হেইজ]]
[[zh-min-nan:Rutherford B. Hayes]]
[[be:Рэзерфард Бэрчард Хейс]]
[[be:Рэзерфард Бэрчард Хейс]]
[[be-x-old:Рутэрфорд Бэрчард Хэес]]
[[be-x-old:Рутэрфорд Бэрчард Хэес]]
[[bcl:Rutherford B. Hayes]]
[[bs:Rutherford B. Hayes]]
[[bg:Ръдърфорд Хейс]]
[[bg:Ръдърфорд Хейс]]
[[bn:রাদারফোর্ড বি. হেইজ]]
[[bs:Rutherford B. Hayes]]
[[ca:Rutherford Birchard Hayes]]
[[ca:Rutherford Birchard Hayes]]
[[ceb:Rutherford B. Hayes]]
[[ceb:Rutherford B. Hayes]]
[[cs:Rutherford B. Hayes]]
[[co:Rutherford B. Hayes]]
[[co:Rutherford B. Hayes]]
[[cs:Rutherford B. Hayes]]
[[cy:Rutherford B. Hayes]]
[[cy:Rutherford B. Hayes]]
[[da:Rutherford B. Hayes]]
[[da:Rutherford B. Hayes]]
စာကြောင်း ၁၀၂ - စာကြောင်း ၁၀၁ -
[[dv:ރުތަފޯލްޑް ބިކާޑް ހޭއިސް]]
[[dv:ރުތަފޯލްޑް ބިކާޑް ހޭއިސް]]
[[en:Rutherford B. Hayes]]
[[en:Rutherford B. Hayes]]
[[et:Rutherford Hayes]]
[[es:Rutherford B. Hayes]]
[[eo:Rutherford B. Hayes]]
[[eo:Rutherford B. Hayes]]
[[es:Rutherford B. Hayes]]
[[et:Rutherford Hayes]]
[[eu:Rutherford Birchard Hayes]]
[[eu:Rutherford Birchard Hayes]]
[[fa:رادرفورد بیرچارد هیز]]
[[fa:رادرفورد بیرچارد هیز]]
[[fi:Rutherford B. Hayes]]
[[fr:Rutherford Birchard Hayes]]
[[fr:Rutherford Birchard Hayes]]
[[ga:Rutherford B. Hayes]]
[[ga:Rutherford B. Hayes]]
[[gv:Rutherford B. Hayes]]
[[gd:Rutherford B. Hayes]]
[[gd:Rutherford B. Hayes]]
[[gl:Rutherford Birchard Hayes]]
[[gl:Rutherford Birchard Hayes]]
[[ko:러더퍼드 B. 헤이스]]
[[gv:Rutherford B. Hayes]]
[[he:רתרפורד הייז]]
[[hr:Rutherford B. Hayes]]
[[hr:Rutherford B. Hayes]]
[[io:Rutherford Hayes]]
[[hu:Rutherford B. Hayes]]
[[id:Rutherford B. Hayes]]
[[id:Rutherford B. Hayes]]
[[io:Rutherford Hayes]]
[[is:Rutherford B. Hayes]]
[[is:Rutherford B. Hayes]]
[[it:Rutherford B. Hayes]]
[[it:Rutherford B. Hayes]]
[[ja:ラザフォード・ヘイズ]]
[[he:רתרפורד הייז]]
[[pam:Rutherford B. Hayes]]
[[ka:რეზერფორდ ჰეისი]]
[[ka:რეზერფორდ ჰეისი]]
[[rw:Rutherford B. Hayes]]
[[ko:러더퍼드 B. 헤이스]]
[[sw:Rutherford B. Hayes]]
[[la:Rutherford Birchard Hayes]]
[[la:Rutherford Birchard Hayes]]
[[lt:Rutherford B. Hayes]]
[[lv:Raterfords Heiss]]
[[lv:Raterfords Heiss]]
[[lt:Rutherford B. Hayes]]
[[hu:Rutherford B. Hayes]]
[[mr:रदरफोर्ड बी. हेस]]
[[mr:रदरफोर्ड बी. हेस]]
[[ms:Rutherford B. Hayes]]
[[ms:Rutherford B. Hayes]]
[[nds:Rutherford Birchard Hayes]]
[[nl:Rutherford B. Hayes]]
[[nl:Rutherford B. Hayes]]
[[nn:Rutherford B. Hayes]]
[[ja:ラザフォード・ヘイズ]]
[[no:Rutherford B. Hayes]]
[[no:Rutherford B. Hayes]]
[[nn:Rutherford B. Hayes]]
[[oc:Rutherford Birchard Hayes]]
[[oc:Rutherford Birchard Hayes]]
[[pam:Rutherford B. Hayes]]
[[pl:Rutherford Hayes]]
[[pnb:ردرفورڈ بی ہیز]]
[[pnb:ردرفورڈ بی ہیز]]
[[nds:Rutherford Birchard Hayes]]
[[pl:Rutherford Hayes]]
[[pt:Rutherford B. Hayes]]
[[pt:Rutherford B. Hayes]]
[[ro:Rutherford Birchard Hayes]]
[[rm:Rutherford Birchard Hayes]]
[[rm:Rutherford Birchard Hayes]]
[[ro:Rutherford Birchard Hayes]]
[[ru:Хейз, Резерфорд Бёрчард]]
[[ru:Хейз, Резерфорд Бёрчард]]
[[sq:Rutherford B. Hayes]]
[[rw:Rutherford B. Hayes]]
[[scn:Rutherford B. Hayes]]
[[scn:Rutherford B. Hayes]]
[[sh:Rutherford B. Hayes]]
[[simple:Rutherford B. Hayes]]
[[simple:Rutherford B. Hayes]]
[[sl:Rutherford Birchard Hayes]]
[[sl:Rutherford Birchard Hayes]]
[[sq:Rutherford B. Hayes]]
[[sr:Радерфорд Б. Хејз]]
[[sr:Радерфорд Б. Хејз]]
[[sh:Rutherford B. Hayes]]
[[fi:Rutherford B. Hayes]]
[[sv:Rutherford B. Hayes]]
[[sv:Rutherford B. Hayes]]
[[sw:Rutherford B. Hayes]]
[[tl:Rutherford B. Hayes]]
[[tl:Rutherford B. Hayes]]
[[tr:Rutherford B. Hayes]]
[[tr:Rutherford B. Hayes]]
[[uk:Резерфорд Хейз]]
[[uk:Резерфорд Хейз]]
[[ur:ردرفورڈ بی ہیز]]
[[vi:Rutherford Birchard Hayes]]
[[vi:Rutherford Birchard Hayes]]
[[war:Rutherford B. Hayes]]
[[war:Rutherford B. Hayes]]
စာကြောင်း ၁၅၇ - စာကြောင်း ၁၅၇ -
[[yo:Rutherford B. Hayes]]
[[yo:Rutherford B. Hayes]]
[[zh:拉瑟福德·伯查德·海斯]]
[[zh:拉瑟福德·伯查德·海斯]]
[[zh-min-nan:Rutherford B. Hayes]]

၂၁:၁၁၊ ၆ ဖေဖော်ဝါရီ ၂၀၁၁ ရက်နေ့က မူ

ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်
Rutherford Birchard Hayes
၁၈၂၂-၁၈၉၃
မွေးနေ့ ၄၊ အောက်တိုဘာ၊ ၁၈၂၂
မွေးရပ် ဒီလာဝဲ အိုဟိုင်းယိုးပြည်နယ်
ကွယ်လွန်နေ့ ၁၇၊ ဇန်နဝါရီ၊ ၁၈၉၃
ကွယ်လွန်ရပ် ဖရီးမောင့် အိုဟိုင်းယိုးပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၉ ဦးမြောက်သမ္မတ
အလုပ်အကိုင် ဗိုလ်မှုးကြီး၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၇၇-၄၊ မတ်၊ ၁၈၈၁
ဒုတိယ သမ္မတ ဝီလီယံ ဝှီးလား
လွှဲအပ်သူ ယူလီဆီးစ် ဆင်ပဆန် ဂရန့်
ဆက်ခံသူ ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်
နိုင်ငံသား ဖိုင်:USA.png အမေရိကန် နိုင်ငံ

လူသိနည်းသော သမ္မတတစ်ဦးအဖြစ် ဟေးစ်ကို မှတ်တမ်းတင်ကြသည်။ ဇနီးသည်၏ အားပေးမှုများကြောင့် ကျွန်စနစ်တိုက်ဖျက်ရေး ဝါဒီတစ်ဦးအဖြစ် တက်တက်ကြွစွာပါဝင်လာပြီး ရီပါပလီကန်ပါတီဝင် တစ်ဦးဖြစ်လာသည်။ ပြည်တွင်းစစ်ကာလက မြောက်ပိုင်းတပ်တွင် ဗိုလ်မှုးရာထူးဖြင့် ရွတ်ရွတ်ချွံချွံထမ်းဆောင်ရာ ဆိုးဆိုးဝါးဝါးတစ်ကြိမ် အပါအဝင် ငါးကြိမ်တိုင်တိုင် ဒဏ်ရာအနာတရ ရခဲ့ဖူးသည်။ တိုက်ပွဲကာလများတွင် မဆုတ်မနစ်တိုက်ခိုက်တတ်သူအဖြစ် နာမည်ကြီးသည်။ လေးနှစ်တာအတွင်း ဗိုလ်မှုးကြီးရာထူးသို့ တိုးမြှင့်ခံရပြီးနောက် တိုက်ပွဲများစွာကို အောင်နိုင်ကာ ဗိုလ်ချုပ်ရာထူးဖြင့် အငြိမ်းစားယူသည်။ ထိုနောက် လွှတ်တော်အမတ်အဖြစ် အရွေးကောက်ခံရသည်။

အောက်လွှတ်တော်တွင် ဟေးစ်သည် ရီပါပလီကန်တို့တင်သွင်းသည့် တောင်ပိုင်းဒေသများပြန်လည်ထူထောင်ရေးမူကို ထောက်ခံသည်။ မိသားစုနှင့် ခွဲခွာနေထိုင်ရသဖြင့် အဆင်မပြေသောကြောင့် အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှုးရာထူးအတွက် ပြန်သွားအရွေးခံရာ ၁၈၆၇ နှင့် ၁၈၆၉ တို့တွင် နှစ်ကြိမ်ဆက် အရွေးခံရသည်။ ၁၈၇၂တွင် နိုင်ငံရေးမှ အနားယူသည်။ သို့သော် ကြာကြာနားခွင့်မရလိုက်။ ၁၈၇၃တွင် ဖြစ်ပေါ်လာသည့် ငွေကြေးပြဿနာနှင့် ဂရန့်အစိုးရအဖွဲ့အတွင်း ခြစားမှုများကြောင့် ရီပါပလီကန်ပါတီ ဩဇာကျဆင်းလာပြီး ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီမှ အင်အားကောင်းလာသည်။ သို့ဖြင့် ၁၈၇၅တွင် ရီပါပလီကန်ပါတီက ဟေးစ်အား အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ် ထပ်မံ၍အရွေးခံစေသည်။ ထိုရွေးကောက်ပွဲတွင် ဟေးစ်က နှာတစ်ဖျားအသာဖြင့် အနိုင်ရကာ ပြည်နယ်အုပ်ချုပ်ရေးမှုး ဖြစ်ပြန်သဖြင့် ပါတီတွင်းတွင် သမ္မတလောင်းအဖြစ် အများက ရှုမြင်လာတော့သည်။ ၁၈၇၆ ပါတီညီလာခံတွင် ဟေးစ်ကို သမ္မတလောင်းအဖြစ် ရီပါပလီကန်ပါတီက သတ်မှတ်ကြေညာလိုက်သည်။

ရွေးကောက်ပွဲသည် တောင်ပိုင်းပြန်လည်တည်ဆောက်ရေးကို စိတ်ကုန်နေကြသည့် မြောက်ပိုင်းသားများ၊ အစိုးရအဖွဲ့၏ ခြစားမှုများ၊ အလုပ်လက်မဲ့ပြဿနာများ၊ ငွေးကြေးဖောင်းပွမှုများကြောင့် ရီပါပလီကန်ပါတီအတွက် မျက်နှာပန်းမလှသော ပွဲဖြစ်နေသည်။ အစောပိုင်းရလာဒ်များအရ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း တီလ်ဒင်က မဲအပြတ်အသတ်ဖြင့် အောင်နိုင်နေခဲ့သော်လည်း မဲရေတွက်မှုများ အဆုံးတွင်မူ ဟေးစ်က မဲအသာရမှုအနည်းငယ်ဖြင့် သမိုင်းတွင်သည့် ရလာဒ်ကို ရကာ သမ္မတဖြစ်လာသည်။

ပွတ်ကာသီကာဖြင့် သမ္မတဖြစ်လာသူ ဟေးစ်သည် ပြဿနာတစ်ပုံတစ်ပင်ဖြင့် ရင်ဆိုင်ရတော့သည်။ ငွေကြေးဖောင်းပွမှုကြောင့် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်ကာ လူအများကျပ်တည်းပြီး မကျေမနပ်ဖြစ်နေကြသည်။ အလုပ်သမားများအနေဖြင့်လည်း လုပ်အားခအရနည်းသဖြင့်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲတွင်းနက်လာကြသည်။ ပိုဆိုးသည်မှာ လူဝီစီယားနားပြည်နယ်နှင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့တွင် ဒီမိုကရက်တစ်များက စင်ပြိုင်အစိုးရများဖွဲ့ကာ တရားဝင်အုပ်ချုပ်နေသည့် ရီပါပလီကန်တို့အပေါ် အာခံနေခြင်းဖြစ်သည်။ ရီပါပလီကန်တို့အနေဖြင့် ရုံးနားတစ်ဝိုက်တွင်သာ အာဏာရှိတော့သည့် အဖြစ်နှင့် ကြုံလာရသည်။ တိုင်းပြည်ခေါင်းဆောင်ဖြစ်သော ဟေးစ်အနေဖြင့် ဝတ္တရားရှိသည်အတိုင်း လွှတ်တော်တွင် ကြီးစိုးနေသည့် ဒီမိုကရက်တစ်များနှင့် အုပ်ချုပ်ရေးပိုင်းတွင် နေရာရနေကြသော ရီပါပလီကန်တို့အကြားတွင် စေ့စပ်ဖြန်ဖြေပေးရသည်။ ငွေးကြေးဘဏ္ဍာရေးမှအစ် ကာကွယ်ရေးကိစ္စရပ်များအထိ အစွန်းနှစ်ဖက်ထွက်နေသော အဖွဲ့ကြီးနှစ်ဖွဲ့ကို ထိန်းကျောင်းရသည်မှာ အမှန်တော့ လွယ်ကူလှသော အလုပ်မဟုတ်ပေ။


ပြည်တွင်းစစ်တွင်းနှင့် စစ်လွန်ကာလများတွင် သမ္မတလင်ကွန်း၏ တောင်ပိုင်းပြန်လည်ထူထောင်ရေးမူကို ၄င်းအားဆက်ခံကြသည့် သမ္မတဂျွန်ဆင် နှင့် သမ္မတဂရန့်တို့က အားကြိုးမာန်တက် ဖော်ဆောင်တည်ဆောက်ပေးခဲ့ကြသည်။ သိုသော် ဟေးစ်ကထိုဝါဒအား မထောက်ခံဘဲ စီမံကိန်းများကို ရပ်ဆိုင်းပစ်လိုက်သည်။ မလိုသူတို့က ကျွတ်ကျွတ်ညံအောင် ဝေဖန်ပြီး၊ လိုသူတို့က ချီးမွမ်းခန်းဖွင့် ကြသည့် လုပ်ဆောင်ချက်ဖြစ်သည်။ အမှန်အားဖြင့် ပြည်နယ်တစ်ခုတစ်လေမှ အစိုးရရိပ်သာနှင့် ကမ်းခြေပိုင်းဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းလောက်မျှသာ ကျန်ရှိတော့သည့်အချိန်ဖြစ်သည့်အတွက် ထိုသို့ရပ်ဆိုင်းလိုက်ခြင်းမှာ အပြစ်ဆိုဖွယ်ပြောပလောက်အောင် မရှိပေ။ ထို့ပြင် တောင်ပိုင်းတွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များကို ရုတ်သိမ်းမည့်အရေးလည်း ကျန်ရှိနေသေးသည်။ တောင်ပိုင်းရော၊ မြောက်ပိုင်းပါ တပ်ရုတ်သိမ်းရေးကို အလိုရှိနေသဖြင့် ဟေးစ်အနေဖြင့် တောင်ပိုင်းတွင်ကြီးစိုးနေသည့် ဒီမိုကရက်တစ်တို့ဖြင့် ညှိနှိုင်းကာ အာခံနေသော ပြည်နယ်နှစ်ခုမှ စင်ပြိုင်တည်ထောင်ထားသော ဒီမိုကရက်များအနေဖြင့် ရီပါပလီကန်အုပ်ချုပ်ရေးအရာရှိများနှင့် ထိုပြည်နယ်တွင်းရှိ လူမည်းများ၏ လုံခြုံရေးကို အာမခံစေသည်။ ကတိကဝတ်များလိုလိုလားလားပေးကြသော်လည်း အချိန်မကြာမီ လိုလိုလားလားပင် ပြန်လည်ဖောက်ဖျက်ကြသဖြင့် ဟေးစ်အနေဖြင့် အခက်အခဲတွေ့ရသည်။

သပိတ်ကြီး

ထိုတောင်ပိုင်းပြည်နယ်နှစ်ခုတို့တွင် ၁၈၇၇ရွေးကောက်ပွဲအရ ဒီမိုကရက်တစ်တို့ အာဏာရလာသည်။ များမကြာမီတွင် အမေရိကန်သမိုင်းတွင် အကြီးဆုံးဖြစ်သည့် သပိတ်ကြီးဖြစ်တော့သည်။ မီးရထား အလုပ်သမားများက တရားလွန် လုပ်ခလျော့ချခံရသည်ကို မကျေနပ်သဖြင့် မီးရထားလိုင်းတစ်ချို့မှ စတင်သပိတ်မှောက်ရာ အကြီးအကျယ်ပြန့်နှံ့သွားရသည်။ ထိုသပိတ်ကြီးသို့ တပြည်လုံးမှ လူကြီးလူငယ်မရွေး အလုပ်လက်မဲ့များက လက်တွဲပါဝင်ကြသည်။ မီးရထားလိုင်းပိုင်ရှင်များက သပိတ်ကို အင်အားသုံးဖြိုခွဲစေလိုသော်လည်း သမ္မတဟေးစ်က ငြင်းပယ်သည်။ ဥပေဒအရ ပြည်နယ်အစိုးရများနှင့် မြို့တော်ဝန်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တောင်းဆိုလာမှသာလျှင် ဗဟိုအစိုးရအနေဖြင့် လက်နက်ကိုင်တပ်များကို စေလွှတ်သည်။ သို့ရာတွင် ထိန်းသိမ်းခြင်းမျှသာဖြစ်ပြီး လက်နက်ဖြင့် ပစ်ခတ်ခွင့်မရှိပေ။ ကာလကြာသော် ရပ်တည်ရန် ရံပုံငွေမရှိ၊ ထောက်ပံ့မှုမရှိ၊ စားစရာပင်မရှိတော့သဖြင့် သပိတ်မှောက်သူများဖက်မှ လက်လျှော့ကာ သပိတ်လှန်လိုက်ကြသည်။

ငွေကြေးပြဿနာ

သမ္မတဂရန့်လက်ထက်တွင် ဒေါ်လာတစ်ရာတန်များကို ပြန်လည်သိမ်းဆည်းခြင်းဖြင့် ဒေါ်လာကို ရွှေဖြင့်ကျားကန်ပေးထားသည့် ငွေမာအဖြစ်ရောက်ရန် စီမံခဲ့သည်။ အကျိုးဆက်အနေဖြင့် ဈေးကွက်အတွင်း ငွေကြေးရှားပါးလာကာ ကုန်ပစ္စည်းဈေးနှုန်းများ ထုပ်လုပ်မှုစားရိတ်အောက်သို့ ရောက်သွားသဖြင့် ကုန်ထုတ်အင်အားစုများ အထိနာသွားသည်။ ထို့ကြောင့် စိုက်ပျိုးရေးသမားများနှင့် လုပ်ငန်းရှင်များဖက်က ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ထုတ်ဝေပေးစေလိုကြသည်။ ဟေးစ်က ငွေကြေးဖောင်းပွမှုကို မလိုလားသဖြင့် ငွေစက္ကူကိုများများစားစားထုတ်မပေးဘဲ နေလိုက်သည်။ ၁၈၇၈တွင် အောက်လွှတ်တော်မှ Bland-Allison ဥပဒေဖြင့် လစဉ် တစ်ဒေါ်လာတန် ဒင်္ဂါးပြားများကို ငွေဖြင့်သွန်းကာ ထုတ်လုပ်ရန် စီစဉ်သည်။ ဟေးစ်က ရွှေဖြင့် ကျောထောက်နောက်ခံမပေးထားသည့် ငွေကြေးသည် ငွေကြေးဖောင်းပွမှု ဖြစ်စေသည်မှတစ်ပါး အကျိုးမများနိုင်ဟု ဆိုကာဗီတိုအာဏာဖြင့် ပယ်ချပြီးတားဆီးသည်း လွှတ်တော်က ဗီတိုကိုကျော်လွှားကာ ဥပဒေကို အသက်သွင်းသဖြင့် ထိုငွေဒင်္ဂါးများကို ဟေးစ်အပါအဝင် နောက်ဆက်ခံသည့် သမ္မတများက ရွှေဖြင့် ကျောထောက်နောက်ခံလုပ်ပေးလိုက်သည်။ အကျိုးဆက်အနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာကာ ဥရောပလယ်ယာထွက်ကုန်များကို အမေရိကမှ ပခုံးခြင်း ယှဉ်လာနိုင်ခြင်းဖြစ်သည်။

စည်းရုံးရေး

ဟေးစ်သည် ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်တတ်သူဖြစ်သည်။ ပြည်တွင်းစစ်လက်ကျန်တရားခံများကို ခုံရုံးမတင်စေဘဲ လွှတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ အများကြိုက်ရေးဆွဲထားသည့် ဥပဒေများကိုလည်း နောင်အရှည်အတွက် အကျိုးမရှိဟု ယူဆလျှင် ပယ်ချသည်။ သို့သော် လူထုအကြိုက်တွင် ဟေးစ်အနေဖြင့် ယုတ်လျော့သွားခြင်းမရှိပေ။ လူထုစည်းရုံးရေးအတွက် မကြာခဏ ခရီးလှည့်လည်ကာ မိန့်ခွန်းများပြောတတ်သည်။

အောင်မြင်မှုများ

မှတ်တမ်းတင်ထိုက်သည့် လုပ်ဆောင်ချက်မှာ အထက်လွှတ်တော်အမတ်များ၏ ကိုယ့်လူဆွဲခန့်ပုံစံကို ဖျက်သိမ်းပစ်နိုင်ခြင်းဖြစ်သည်။ လွှတ်တော်နှင့် အခြားအရပ်ဖက်ဆိုင်ရာ ဝန်ထမ်းများတွင် အထက်လွှတ်တော်အမတ်များ၏ ဆွေမျိုးများနှင့် နီးစပ်သူများကို ခန့်ထားစေခြင်းကို ဆိုလိုသည်။ ဟေးစ်က ထိုအကြံအဖန်ဝန်ထမ်းခန့်အပ်သည့် စနစ်ကို အစိုးရရုံးများအတွက် ဝန်ထမ်းခန့်အပ်ရေး စာမေးပွဲများဖြင့် တိုက်ဖျက်လိုက်သည်။ ထိုပြုပြင်ရေးအောင်မြင်သဖြင့် ၁၈၈၃တွင် အဆိုပါစနစ်ကိုအခြေခံသည့် ပန်ဒယ်တန် အက်ဥပဒေ (Pandleton Act) ပေါ်ထွက်လာသည်။

နောက်အောင်မြင်မှုတစ်ရပ်မှာ ဒီမိုကရက်တစ်တို့ ကြီးစိုးသော အောက်လွှတ်တော်က သမ္မတအပေါ်တွင် အာဏာလွှမ်းမိုးလိုခြင်းကို အပြတ်တိုက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ လွှတ်တော်အနေဖြင့် သမ္မတအာဏာကို ကန့်သတ်ရန် ကြိုးပမ်းသော်လည်း ပြည်သူတို့မထောက်ခံသဖြင့် ထိုအဆိုပြုချက် ကျဆုံးသွားသည်။

အာဏာစွန့်လိုသူ

ဟေးစ်သည် ရဲရင့်ပြတ်သားသူတစ်ဦးအနေဖြင့် သမ္မတနောက်တစ်ဆက် ထပ်မံအရွေးခံလိုလျှင်လည်း အောင်မြင်မှုရရန် နီးစပ်သော်လည်း အာဏာတည်မြဲရေးကို အာရုံစိုက်လျှင် တိုင်းပြည်တာဝန်များ လှစ်ဟင်းမည်ဟု ဆိုကာ ရွေးကောက်ပွဲထပ်မံမဝင်ဘဲ သက်တမ်းတစ်ကြိမ်သာထမ်းဆောင်ရန် ဆုံးဖြတ်သည်။ ထို့ကြောင့် ရီပါပလီကန်ပါတီအနေဖြင့် ဂါးဖီးလ်ဒ်အား သမ္မတလောင်းအဖြစ် တင်မြောက်လိုက်သည်။ အငြိမ်းစားဘဝတွင် တိုင်းပြည်တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သည်။ အကျဉ်းသားများ ပညာသင်ကြားရေး၊ သေဒဏ်စနစ် ဖျက်သိမ်းရေး၊ ဆင်းရဲသားရပ်ကွက်နှင့် ကျောင်းများ ဖွံဖြိုးရေး စသဖြင့် တက်တက်ကြွကြွ လှုံဆော်သည်။ ဆင်းရဲချမ်းသာကွာဟချက် ကြီးမားလာလျှင် ရာဇဝတ်မှုများထူပြောလာနိုင်သည့်အတွက် လူချမ်းသာများထံမှ အခွန်အခ များများကောက်ခံကာ ဆင်းရဲသားများအတွက် ထောက်ပံ့ပေးသင့်သည်ဟု ဆိုခဲ့သည်။

ကိုးကား

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း