Microsoft Planner: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး retaining title
စာကြောင်း ၁ - စာကြောင်း ၁ -
{{retaining title}}
{{Infobox software
{{Infobox software
| name = Microsoft Planner
| name = Microsoft Planner

၀၃:၁၃၊ ၂၂ ဇွန် ၂၀၂၁ ရက်နေ့က မူ

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Microsoft Planner
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ပထမဆုံး ဖြန့်ချိခြင်းဇွန် ၆၊ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၀၆-06)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Web-based, Android, iOS
ဆော့ဖ်ဝဲလ် အမျိုးအစားProductivity software
ဝက်ဘ်ဆိုဒ်tasks.office.com

Microsoft Planner သည် Microsoft Office 365 ပလက်ဖောင်းတွင် ပါဝင်သည့် အစီအစဉ်ရေးဆွဲသည့် အက်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ Office 365 တွင် ဤဆော့ဝဲကို ပရီမီယံ၊ စီးပွားရေးနှင့် ပညာရေးအသုံးပြုမှု စသဖြင့် အမျိုးမျိုး ရရှိနိုင်သည်။[၁] Microsoft Planner သည် အသင်းအဖွဲ့ဖြင့်လုပ်ဆောင်သည့်လုပ်ငန်းများအတွက်ကိရိယာတစ်ခုလည်းဖြစ်ကာ နည်းအမျိုးမျိုးဖြင့် အသုံးချနိုင်သည်။ အချို့ကမူ Microsoft Planner ကို အဖွဲ့အား ထိန်းသိမ်းမှု၊ ဖိုင်မျှဝေခြင်း၊ ဖွဲ့စည်းခြင်း စသည်တို့အတွက် အသုံးပြုသည်။[၂] ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် မိုက်ခရိုဆော့သည် အထွေထွေအသုံးပြုနိုင်ရန် အက်ပလီကေးရှင်းကို ထုတ်ဝေခဲ့ပြီး ပထမပတ် အနည်းငယ်ကြာပြီးနောက် အသုံးပြုခပေးဆောင်ရသည့် အစီအစဉ်ကို အသုံးပြုကာ ထုတ်ဝေခဲ့သည်။[၃] Microsoft Planner ကို အပ်စတိုးနှင့် Google Play store တို့တွင် ရနိုင်သကဲ့သို့ ကွန်ပျူတာတွင်လည်း အသုံးပြုနိုင်သည်။[၄] ထို့ကြောင့်ပင် Microsoft Planner သည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်နေခြင်း ဖြစ်သည်။ Microsoft Planner ကို စတင်အသုံးပြုမည့်သူသည် ပထမဆုံးအနေဖြင့် Office 365 အကောင့်တစ်ခုကို ပြုလုပ်ရမည် ဖြစ်သည်။[၄]

Planner သည် အသုံးပြုသူနှင့် အဖွဲ့များကို အစီအစဉ်များ ဖန်တီးခြင်း၊ နေရာချခြင်း၊ လုပ်ငန်းဆောင်တာများ သတ်မှတ်ခြင်း၊ ဖိုင်မျှဝေခြင်း၊ ဆက်သွယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦပူးပေါင်းဆောင်ရွက်ခြင်း၊ အဆင့်မြှင့်တင်မှုများဆက်တိုက်ရရှိခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။ Microsoft planner သည် Office 365 Group နှင့် ချိတ်ဆက်ထားသဖြင့် အသုံးပြုသူများသည် ပလက်ဖောင်းများစွာမှ ပူးပေါင်းကာ အသုံးပြုနိုင်သည်။ Planner တွင် အစီအစဉ်အသစ်တစ်ခု ဖန်တီးပါက Office 365 Group အသစ်တစ်ခု အလိုအလျောက် ဖန်တီးပေးသည်။[၅] Each new plan created in Planner automatically creates a new Office 365 group.[၆]

ပြင်ပလင့်များ

ကိုးကား

  1. Lovejoy၊ Ben။ Microsoft offers new Planner app to 'eligible' Office 365 subscribers။ June 7, 2016 တွင် ပြန်စစ်ပြီး။
  2. What is Office 365 Planner? A Beginner's Guide (in en)။ 2021-04-26 တွင် ပြန်စစ်ပြီး။
  3. Perez၊ Sarah။ Microsoft officially launches Planner, its Trello competitorAol။ June 6, 2016 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Microsoft Planner | Information Technology Services | University of Alaska Anchorage။ 2021-04-26 တွင် ပြန်စစ်ပြီး။
  5. How to Use Microsoft Planner Effectively (Manage Tasks Efficiently) (in en-US)။ 2021-04-26 တွင် ပြန်စစ်ပြီး။
  6. Microsoft Planner ready for showtime။ Microsoft။ June 6, 2016 တွင် ပြန်စစ်ပြီး။