မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ခေါင်းစဉ်အသစ်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီး စစ်အုပ်ချုပ်ရေးအမိန့် စည်းကြပ်ခြင်း
စာကြောင်း ၈၅ - စာကြောင်း ၈၅ -
=== ကောလာဟလပျံ့နှံ့မှု ===
=== ကောလာဟလပျံ့နှံ့မှု ===
အင်တာနက်ပိတ်ခံထားရသော ဖေဖော်ဝါရီ ၇ ရက်ညတွင် SMS များဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ၊ NLD ခေါင်းဆောင်များ၏ သေဆုံးမှု, မင်းအောင်လှိုင်အဖမ်းခံရစသော သတင်းမှားများပျံ့နှံ့လာခဲ့သည်။<ref>{{Cite web|title=ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ|url=https://www.rfa.org/burmese/news/dassk-release-rumor-02062021113852.html|access-date=2021-02-07|website=Radio Free Asia|language=en}}</ref><ref>{{Cite news|date=2021-02-07|title=After a decade of change in Myanmar, fear of the past drives anti-coup protests|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-past-idUSKBN2A70HI|url-status=live|access-date=2021-02-07}}</ref>ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကောလာဟလကို တပ်မတော်ပိုင်[[မြဝတီရုပ်မြင်သံကြား|မြဝတီရုပ်သံ]]မှလွှင့်ခဲ့ရာ ထင်ယောင်ထင်မှားဖြစ်‌စေခဲ့ပြီး လူများသည် လမ်းများပေါ်တက်၍ မီးပန်းများဖောက်လွှတ် အောင်ပွဲခံသည်အထိဖြစ်ခဲ့ကြသည်။<ref>{{Cite web|title=Myanmar coup: Tens of thousands protest and call for Aung San Suu Kyi's release despite internet being cut off|url=https://news.sky.com/story/myanmar-coup-tens-of-thousands-protest-and-call-for-aung-san-suu-kyis-release-despite-internet-being-cut-off-12211146|access-date=2021-02-07|website=Sky News|language=en}}</ref> အင်တာနက်ဝန်‌ဆောင်မှုပိတ်ခံထားရခြင်းကြောင့် သတင်းမှန်ရရှိရန်ခက်ခဲလာကာ ကောလာဟလများကိုပိုမိုပျံ့နှံ့စေခဲ့သည်။
အင်တာနက်ပိတ်ခံထားရသော ဖေဖော်ဝါရီ ၇ ရက်ညတွင် SMS များဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ၊ NLD ခေါင်းဆောင်များ၏ သေဆုံးမှု, မင်းအောင်လှိုင်အဖမ်းခံရစသော သတင်းမှားများပျံ့နှံ့လာခဲ့သည်။<ref>{{Cite web|title=ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ|url=https://www.rfa.org/burmese/news/dassk-release-rumor-02062021113852.html|access-date=2021-02-07|website=Radio Free Asia|language=en}}</ref><ref>{{Cite news|date=2021-02-07|title=After a decade of change in Myanmar, fear of the past drives anti-coup protests|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-past-idUSKBN2A70HI|url-status=live|access-date=2021-02-07}}</ref>ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကောလာဟလကို တပ်မတော်ပိုင်[[မြဝတီရုပ်မြင်သံကြား|မြဝတီရုပ်သံ]]မှလွှင့်ခဲ့ရာ ထင်ယောင်ထင်မှားဖြစ်‌စေခဲ့ပြီး လူများသည် လမ်းများပေါ်တက်၍ မီးပန်းများဖောက်လွှတ် အောင်ပွဲခံသည်အထိဖြစ်ခဲ့ကြသည်။<ref>{{Cite web|title=Myanmar coup: Tens of thousands protest and call for Aung San Suu Kyi's release despite internet being cut off|url=https://news.sky.com/story/myanmar-coup-tens-of-thousands-protest-and-call-for-aung-san-suu-kyis-release-despite-internet-being-cut-off-12211146|access-date=2021-02-07|website=Sky News|language=en}}</ref> အင်တာနက်ဝန်‌ဆောင်မှုပိတ်ခံထားရခြင်းကြောင့် သတင်းမှန်ရရှိရန်ခက်ခဲလာကာ ကောလာဟလများကိုပိုမိုပျံ့နှံ့စေခဲ့သည်။

=== စစ်အုပ်ချုပ်ရေးအမိန့် စည်းကြပ်ခြင်း ===


===တပ်မတော်ဘက်လိုက် တန်ပြန်ဆန္ဒပြပွဲများ===
===တပ်မတော်ဘက်လိုက် တန်ပြန်ဆန္ဒပြပွဲများ===

၂၀:၃၆၊ ၈ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

၂၀၂၁ မြန်မာနိုင်ငံ ဆန္ဒပြမှုများ
မန္တလေးဘူတာကြီးအနီးတွင် မော်တော်ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်နေကြစဉ်
နေ့ရက်၂ ဖေဖော်ဝါရီ ၂၀၂၁ - လက်ရှိ
နေရာ
မြန်မာနိုင်ငံတစ်ဝှမ်း
အကြောင်းရင်းခံ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
ရည်မှန်းချက်များ
  • စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဏာသိမ်းအစိုးရ ပြုတ်ကျရေး
  • နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး
  • ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဖွဲ့စည်း၍ တရားဝင် အစိုးရအသစ် ဖွဲ့နိုင်ရေး
နည်းလမ်းများဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း၊ အာဏာဖီဆန်ခြင်း
အခြေအနေလက်ရှိ
ထိခိုက်သူများ
ဖမ်းဆီးခံရသူ၁၅၂ နှင့် အထက်

၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများသည် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှအာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။[၁]ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ [၂]အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊အနီရောင်ဖဲကြိုးလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ [၃]

နောက်ခံသမိုင်းကြောင်း

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မဲမသမာမှု အကြောင်းပြချက်ဖြင့် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ထိန်းသိမ်းခဲ့သည်။ထို့အပြင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အခြားအရေးပါသူများကိုပါ ထိန်းသိမ်းခဲ့ကြသည်။ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်အစောပိုင်းမှစ၍ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး နံနက်၈နာရီခန့်တွင် ဝိုင်ဖိုင်ဝန်ဆောင်မှုများပါ ပြတ်တောက်သွားပြီးနောက် တစ်နိုင်ငံလုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို နံနက် ၈နာရီ တွင် တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းမှ နိုင်ငံတော်အာဏာကို ယာယီသမ္မတဦးမြင့်ဆွေမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။ထိုနေ့ ည‌ပိုင်း မှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တပ်မတော်အစိုးရအသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ပြည်သူလူထု၏ လှုပ်ရှားမှုများ

ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ

ဖေဖော်ဝါရီလ ၁ရက်နေ့ညနေပိုင်းတွင် ဆက်သွယ်ရေးလိုင်းများ ပြန်လည် ရရှိပြီးနောက် တိုင်းပြည်အနှံ့ရှိ ဆေးရုံများမှ လက်ထောက်ဆရာဝန်များမှ အလုပ်မဆင်းကာ အာဏာဖီဆန်ကြရန် ဆုံးဖြတ်ခဲ့သည်။ဖေဖော်ဝါရီ ၂ရက်နေ့တွင် အလုပ်မဆင်းပဲ နေခဲ့ကြလေသည်။နောက်ရက်များတွင် အခြားသောဆေးရုံများမှ ဆေးဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။နောက်ရက်များတ့င် ဆရာဝန်များသာမက အခြားသော ဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ၁၃ဦးတွင် ၆ဦးမှာ နှုတ်ထွက်ခဲ့ကြောင်း မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်မှ လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် လူမှုကွန်ယက်များမှတစ်ဆင့် ကျယ်ပြန့်လာပြီး နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းများပါ ပါဝင်ခဲ့သည်။

တပ်မတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်မှု

ဖေဖော်ဝါရီ ၃ရက်နေ့တွင် စစ်အစိုးရမှ ထုတ်လုပ်သော ပစ္စည်းများကို မသုံးစွဲကြရန် တိုက်တွန်းပြီး သပိတ်မှောက်ခဲ့ကြသည်။[၄]ထိုအထဲတွင် မိုင်တဲ ဆက်သွယ်ရေးလုပ်ငန်း၊မြန်မာ၊မန္တလေးနှင့် ဒဂုံဘီယာများ၊ကော်ဖီများ၊အာဏာသိမ်း စစ်ခေါင်းဆောင်၏ သမီးဖြစ်သူ ပိုင်ဆိုင်သော သတ္တမမြောက်အာရုံ (7th Sense Creation) [၅]တို့ပါဝင်သည်။

သံပုံးတီးပွဲများ

အာဏာသိမ်းခံရသည့် ညမှစတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်၊တိုက်ခန်းများတွင် ည ၈နာရီအချိန်မှ ၈နာရီ ၁၅မိနစ်အထိ သံပုံးများတီးခဲ့ကြသည်။မကောင်းဆိုးဝါးများကို သံပုံးတီး၍ နှင်သည့် အလေ့အထကို ဆန္ဒပြမှုတွင် အသုံးပြုကြခြင်းဖြစ်သည်။နောက်ရက်များတွင် တိုင်းပြည်အနှံ့တွင် တီးခဲ့ကြသည်။ဖေဖော်ဝါရီ ၇ရက်နေ့မှစတင်ကာ နံနက် ၈နာရီ၊ နေ့လည် ၂နာရီနှင့် ည ၈နာရီ အချိန်၃ချိန်ခွဲ၍ တီးခဲ့ကြသည်။

ဆန္ဒပြပွဲများ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ထောက်ခံမှု

ဖဲကြိုးနီလှုပ်ရှားမှု

လူမှုကွန်ရက်

စစ်အစိုးရ၏ တန်ပြန်ရေးအစီအမံများ

အင်တာနက်ဖြတ်တောက်မှု

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည်တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ပေးစွမ်းသူများကို အမိန့်ပေးခဲ့သည်။[၆] MPT သည်လည်း Facebook messenger၊ Instagram နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၇][၆] ဖေ့စဘွတ်ကို ပြည်သူများမလိုက်နာခြင်းလှုပ်ရှားမှု ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။[၆] ဖေ့စဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar စသည်တို့ကိုရေးခဲ့ကြသည်။[၈] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါပိတ်ပင်ခဲ့သည်။[၉][၁၀] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၁၁] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လူမှုကွန်ရက်များကို ပိတ်ပင်ထားသည်။[၁၂]

ဖမ်းဆီးမှုတရားစွဲခြင်းများ

ပြိုင်ဘက်နိုင်ငံရေးပါတီများပါဝင်မှု

တပ်မတော်သည် အာဏာသိမ်းမှုအပြီး ပြိုင်ဘက်နိုင်ငံရေးပါတီများကို ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး [၁၃]ဖေဖော်ဝါရီ ၂ရက် ၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ကောင်စီအဖွဲ့ဝင်များထဲတွင် ဖဒိုမန်းငြိမ်းမောင် (KNU အဖွဲ့ဝင်ဟောင်း)၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ (NLD ၏ ခွဲထွက်ပါတီဖြစ်သော NDF ပါတီ ပူးတွဲတည်ထောင်သူများ) စသော အရပ်သားနိုင်ငံရေးသမားများစွာပါဝင်သည်။[၁၄] ဖေဖော်ဝါရီ ၃ ရက် ၂၀၂၁ တွင် ဒေါ်အေးနုစိန် (ဒုဥက္ကဌ ရခိုင်အမျိုးသားပါတီ) အပါအဝင် အရပ်သားနိုင်ငံရေးသမား ၅ ဦးထပ်မံပါဝင်လာခဲ့သည်။[၁၅] ဖေဖော်ဝါရီ ၆ ရက် တွင် ကောင်စီသို့ပါဝင်ရန် တပ်မတော်၏ကမ်းလှမ်းချက်ကို လက်ခံသည်ဟု မွန်ညီညွတ်ရေးပါတီက ကြေညာခဲ့သည်။[၁၆]

ကောလာဟလပျံ့နှံ့မှု

အင်တာနက်ပိတ်ခံထားရသော ဖေဖော်ဝါရီ ၇ ရက်ညတွင် SMS များဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ၊ NLD ခေါင်းဆောင်များ၏ သေဆုံးမှု, မင်းအောင်လှိုင်အဖမ်းခံရစသော သတင်းမှားများပျံ့နှံ့လာခဲ့သည်။[၁၇][၁၈]ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကောလာဟလကို တပ်မတော်ပိုင်မြဝတီရုပ်သံမှလွှင့်ခဲ့ရာ ထင်ယောင်ထင်မှားဖြစ်‌စေခဲ့ပြီး လူများသည် လမ်းများပေါ်တက်၍ မီးပန်းများဖောက်လွှတ် အောင်ပွဲခံသည်အထိဖြစ်ခဲ့ကြသည်။[၁၉] အင်တာနက်ဝန်‌ဆောင်မှုပိတ်ခံထားရခြင်းကြောင့် သတင်းမှန်ရရှိရန်ခက်ခဲလာကာ ကောလာဟလများကိုပိုမိုပျံ့နှံ့စေခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့် စည်းကြပ်ခြင်း

တပ်မတော်ဘက်လိုက် တန်ပြန်ဆန္ဒပြပွဲများ

ကိုးကား

  1. Anti-Coup Protest on Streets of Myanmar's Second City (၃ ဖေဖော်ဝါရီ ၂၀၂၁)။
  2. Myanmar adopts nonviolent approach to resist army coup (in en) (2021-02-03)။
  3. CNN၊ Carly Walsh and Akanksha Sharma။ Protests break out in Myanmar in defiance of military coup
  4. Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။
  5. Military Chief's Family Members Spend Big on Blockbuster Movies, Beauty Pageants။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ Staff၊ Reuters။ "Myanmar internet providers block Facebook services after government order" (in en)၊ Reuters၊ 2021-02-03။ 
  7. Directive to block social media service (in en) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  8. Potkin၊ Fanny။ "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (in en)၊ Reuters၊ 2021-02-05။ 
  9. Myanmar’s new military government is now blocking Twitter and Instagram (in en-US)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  10. Directive to block social media services Twitter and Instagram in Myanmar (in en) (2021-02-05)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  11. Myanmar junta blocks internet access as coup protests expand (2021-02-06)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  12. Internet access partially restored in Myanmar as protests grow against military coup (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  13. https://elevenmyanmar.com/news/snld-dpns-reject-offer-to-participate-in-new-government
  14. မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in my)။ Radio Free Asia။ 2 February 2021 တွင် ပြန်စစ်ပြီး။
  15. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ Tatmadaw Information Team။ 4 February 2021 တွင် ပြန်စစ်ပြီး။
  16. အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  17. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  18. "After a decade of change in Myanmar, fear of the past drives anti-coup protests" (in en)၊ Reuters၊ 2021-02-07။ 
  19. Myanmar coup: Tens of thousands protest and call for Aung San Suu Kyi's release despite internet being cut off (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ