လီယိုနာဒိုဒါဗင်ချီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (robot Adding: nds-nl:Leonardo da Vinci
အရေးမကြီး robot Adding: si:ලියනාඩෝ ඩා වින්සි
စာကြောင်း ၁၄၃ - စာကြောင်း ၁၄၃ -
[[se:Leonardo da Vinci]]
[[se:Leonardo da Vinci]]
[[sh:Leonardo Da Vinci]]
[[sh:Leonardo Da Vinci]]
[[si:ලියනාඩෝ ඩා වින්සි]]
[[simple:Leonardo da Vinci]]
[[simple:Leonardo da Vinci]]
[[sk:Leonardo da Vinci]]
[[sk:Leonardo da Vinci]]

၀၂:၄၉၊ ၂၅ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

ဖိုင်:Dvc.jpg
လီယိုနာဒို ဒါဗင်ချီ

လီယိုနာဒို ဒီ ဆာ ပီရို ဒါဗင်ချီ ( အီတာလျံ: Leonardo di ser Piero da Vinci; အသံထွက် (အကူအညီ ၊ သတင်း) (၁၄၅၂ ဧပြီ ၁၅ – ၁၅၁၉ မေ ၂) သည် အီတလီလူမျိုး စွယ်စုံပညာရှင်၊ ပန်းချီဆွဲသူ၊ ပန်းပုထုသူ၊ ဗိသုကာပညာရှင်၊ တေးဂီတသမား၊ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်သူ၊ ခန္ဓာဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ မြေပုံဆွဲသူ၊ ရုက္ခဗေဒပညာရှင် နှင့်စာရေးဆရာဖြစ်သည်။လီယိုနာဒိုကိုလူမှုရေးဘာသာရပ်များတွင် ကျွမ်းကျင်နှံ့စပ်သော ပါရမီအခံရှိသည့် ရှေးဦးမူလပုံအဖြစ် ရံဖန်ရံခါ ဖေါ်ပြခဲ့ကြသည်။ သူငြမ်းသတ်၍မရနိုင်သည့် သိလိုစိတ်ပြင်းပြမှုသည် သူ၏တီထွင်မှုစွမ်းအား တစ်ခုတည်းနှင့်သာ ညီမျှခဲ့သည်။သူ့ကို ထာဝစဉ် အထင်ပေါ်အကျော်ကြားဆုံးသော ပန်းချီဆရာကြီးများထဲမှတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သိရှိထားကြပြီး၊ အမှန်တစ်ကယ်ပင်ပုံစံမျိုးစုံဖြင့် အမြဲတမ်းရှင်သန်နေမည့် အထက်မြက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။

လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်

ပန်းချီသမိုင်းပညာရှင် ဟယ်လင် ဂါဒနာ (Helen Gardner) ၏အဆိုအရ၊ သူ့စိတ်ဝင်စားမှုများ၏ အမြင်စူးရှမှုများသည် ရှေ့ကဖြစ်နှင့်ပြီးသောကိစ္စ ရပ်များ မပါရှိခဲ့ပဲ၊“သူ၏စိတ် နှင့် ရုပ်ရည်သည် ကျွန်တော်တို့အတွက် လူသားထက်သာလွန်ထူးကဲသူ ဟုထင်မြင်ရပြီး၊ သူကိုယ်တိုင်ကပင် လျှို့ဝှက်ဆန်းကျယ်ပြီး ခပ်စိမ်းစိမ်းဖြစ်နေသည့်လူတစ်ဦး ဖြစ်သည်” ။သို့သော်လည်း လီယိုနာဒိုအကြောင်းကို အမျိုးမျိုးတွေးတောမှန်းဆ နေချိန်တွင်၊ မာကို ရော့စီ (Marco Rosci) ထောက်ပြထားသည်မှာ၊ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်သည် လျှို့ဝှက်ဆန်းကျယ်မှုထက် အနှစ်သာရရှိစွာ ယုတ္တိဆန်ပြီး၊ သူပြုလုပ်ခဲ့သည့် လေ့လာစူးစမ်းမှုအတွေ့အကြုံ နည်းနာများသည် သူ့ခေတ်သူ့ကာလက လုပ်ရိုးလုပ်စဉ် အလုပ်များ မဟုတ်ပါ။

ပန်းချီကားများ

ဖိုင်:D22.jpg
လီယိုနာဒို ဒါဗင်ချီ၏ နာမည်ကြီး လက်ရာတစ်ခုဖြစ်သည့် "မိုနာလီစာ"ပန်းချီကား

လီယိုနာဒိုသည် စာချုပ်စာတန်းရှေ့နေ ပီရို ဒါ ဗင်ချီ နှင့် လယ်သူမ ကက်တာရီးနား တို့မှ ဖလောရင့်စ်ဒေသ ဗင်ချီ တွင် မွေးဖွားခဲ့ပြီး၊ အီတလီနိုင်ငံ ဖလောရင့်စ်မြို့၏နာမည်ကျော်ကြားသော ပန်းချီဆရာကြီး ဗာရော့ချီအို (Verrocchio) ၏ ပန်းချီအလုပ်ခန်းတွင် ပညာသင်ကြားခဲ့ရသည်။ သူ၏ငယ်စဉ်ဘဝ အချိန်တော်တော်များများသည် မီလန် (Milan) မြို ့ရှိ လူဒိုဗွီကို အီး မော်ရို (Ludovico il Moro) ၏ အလုပ်များတွင် ကုန်ဆုံးခဲ့ရသည်။ နောက်ပိုင်းတွင် သူသg် ရောမ ၊ ဘိုလောက်နား ၊ နှင့် ဗင်းနစ် မြို ့တို့တွင် အလုပ်လုပ်ခဲ့ပြီး၊ သူ၏နောက်ဆုံးအချိန်များကို ပြင်သစ်နိုင်ငံရှိ ပထမဖရန့်စစ်ဘုရင် ဆုချီးမြှင့်ခဲ့သည့် နေအိမ်တွင် ကုန်ဆုံးခဲ့သည်။ လီယိုနာဒိုသည် ပထမဦးစွာ ပန်းချီဆရာလည်းဖြစ်ခဲ့ပြီး၊အောင်မြင်ကျော်ကြားသူလည်း ဖြစ်ခဲ့သည်။ သူ၏ပန်းချီကားများထဲမှ နှစ်ကား ဖြစ်သည့် ၊ မိုနာလီဆာ နှင့် နောက်ဆုံးညစာ တို့သည် အထင်ရှားအကျော်ကြားဆုံး နှင့် အချိန်တိုင်းလိုပင် ပုံတူဟာသ ရေးဆွဲခံရခြင်း၌အများဆုံး နှင့် ပုံတူဘာသာရေး ပန်းချီကားအဖြစ် အများဆုံး ပြန်လည်ထုတ်လုပ်ပေးရသည်။ ထိုပန်းချီကားများ ၏ကျော်ကြားမှုနောက် ကပ်၍ပါလာသည့်ပန်းချီကားမှာ မိုက်ကယ်အိန်ဂျလို၏အာဒမ်၏ဖန်ဆင်းမှုဖြစ်သည်။ လီယိုနာဒို၏ပန်းချီကားတစ်ကားဖြစ်သည့် စွယ်စုံရလူသည်လည်း ယဉ်ကျေးမှု၏ပြယုဂ်အဖြစ် အစဉ်သတိ ရနေကြပြီး၊ ယူရို မှအစ ပြဌာန်းစာအုပ်များ ၊ တီရှပ်များ အဆုံး ပစ္စည်းတိုင်းလိုလို အပေါ်တွင် ပြန်လည်ကူးယူ အသုံးပြုနေကြသည်။ သူ၏ပန်းချီကား၁၅ခု ကျန်ခဲ့ကောင်းကျန်ခဲ့ရမည်ဖြစ်ပြီး၊ အရေအတွက်အနည်းငယ်သာကျန်ခဲ့ရခြင်းသည် မကြာခဏဖြစ်တတ်သည့် ဘေးဒုက္ခအန္တရာယ်များကြောင့်လည်းကောင်း၊ သူ၏နည်းပညာအသစ် များအပေါ် အစဉ်တစိုက်အချိန်ယူ စမ်းသပ်မှုများ နှင့် သူ၏လုပ်လက်စများကို အချိန်ကြာကြာပစ်ထားတတ်ခြင်း တို့ကြောင့်လည်းကောင်း ဖြစ်သည်။ သို့သော်လည်း အနည်းငယ်သာကျန်ရှိသည့် သူ၏လက်ရာများနှင့်အတူ ဆွဲထားသည့်ပုံများ၊ သိပ္ပံပညာဆိုင်ရာပုံကြမ်းများ နှင့် ပန်းချီကား၏သဘာဝအပေါ် သူ၏တွေးခေါ်မှုများ ပါရှိသည့် သူ၏မှတ်စုစာအုပ်များ တို့သည် ပန်းချီ ပညာရှင် နောက်မျိုးဆက်များအတွက် ထားပေးခဲ့သည့် အမွေအနှစ်များ ဖြစ်ပြီး၊ သူနှင့်ခေတ်ပြိုင် မိုက်ကယ်အိန်ဂျလို နှင့် ပြိုင်ဆိုင်ရာတွင် တစ်ခုတည်းသော အားသာချက်ဖြစ်သည်။

နည်းပညာတီထွင်မှု

လီယိုနာဒိုသည် သူ၏နည်းပညာတီထွင်ခြင်းများအတွက်လေးစားမြတ်နိုးခြင်းခံရသည့် ပုဂ္ဂိလ်ဖြစ်သည်။ သူသည်ရဟတ်ယာဉ်၊ တင့်ကား၊ အားပြင်းသည့်နေရောင်ခြည်စွမ်းအား၊ ဂဏန်းပေါင်းစက်၊အခွံနှစ်ထပ် နှင့် သတ္တုအလွှာထပ်ပိုးခြင်း၏ အစဦးဆုံးထုတ်ဖေါ်ချက်-သီအိုရီ- များကို တွေးတောစဉ်းစား ထုတ်ဖေါ်ခဲ့သည်။ ထိုနည်းတူစွာပင် သူရေးဆွဲခဲ့သည့်ပုံစံ အနည်းငယ်သာ တည်ဆောက်ခဲ့သည် သို့မဟုတ် သူအသက်ရှိစဉ်အတွင်းကတည်းကပင် တည်ဆောက်ပြီးခဲ့ သည်။ သို့သော် သူ၏အချို့သော အသေးစား တီထွင်မှုများဖြစ်သည့် အလိုအလျှောက်ရစ်လုံးရစ်စက်နှင့် ဝါယာကြိုးဆွဲဆန့် အားတိုင်းတာသည့် စက်တို့သည် ပစ္စည်းထုတ်လုပ်နေသည့်ကမ္ဘာထဲသို့မကြေညာဘဲဝင်ရောက်လာခဲ့ကြသည်။ သိပ္ပံပညာရှင်အဖြစ် သူသည် ခန္ဓာဗေဒ၊ မြို့ပြ အင်ဂျင်နီယာလုပ်ငန်း၊ အမြင်နှင့်အလင်းဆက်နွယ်မှုကို သိပ္ပံနည်းကျလေ့လာမှုများ နှင့် အရည်များ၏ သက်ရောက်အင်အားပညာရပ်များ တို့၏ နယ်ပယ်တွင် ရှိသော သူ၏အသိပညာအဆင့်သည် ရှေ့သို့များစွာကြို၍သိသောအဆင့်သို့ ရောက်ရခဲ့သည်။


[၁]

ကိုးကား

  1. http://en.wikipedia.org/wiki/Leonardo_da_vinci

ပြင်ပလင့်ခ်များ