အဝေရာ: တည်းဖြတ်မှု မူကွဲများ
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7 |
ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8 |
||
စာကြောင်း ၅၆ - | စာကြောင်း ၅၆ - | ||
===အရွက်နှင့် အသီးခွံ=== |
===အရွက်နှင့် အသီးခွံ=== |
||
# အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။ |
# အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။ |
||
<ref>http://arogyamonline.com/commodity/materials/?raw=92</ref> |
<ref>http://arogyamonline.com/commodity/materials/?raw=92{{Dead link|date=January 2021 }}</ref> |
||
# ဘောစကိုင်းရွက်များ လက်တဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင် ပြုတ်၍ လက်ဘက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် သောက်ပေးပါက (နံနက် တစ်ကြိမ်၊ ည တစ်ကြိမ်) သွေးတိုးရောဂါ ကျဆင်းသွားစေသည်။ |
# ဘောစကိုင်းရွက်များ လက်တဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင် ပြုတ်၍ လက်ဘက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် သောက်ပေးပါက (နံနက် တစ်ကြိမ်၊ ည တစ်ကြိမ်) သွေးတိုးရောဂါ ကျဆင်းသွားစေသည်။ |
||
# အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေပါသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။ |
# အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေပါသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။ |
၀၂:၅၁၊ ၁၆ ဇန်နဝါရီ ၂၀၂၁ ရက်နေ့က မူ
ဘောစကိုင်း | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးရင်းသေး: | |
မျိုးဇာတ်: | |
မျိုးစု: | |
မျိုးစိတ်: | L. leucocephala
|
ဒွိနာမ | |
Leucaena leucocephala | |
Synonyms | |
Leucaena glauca (L.) Benth.[၂] |
Leucaena glauca Benth (ဘောစကိုင်း)
- Botany Term : Leucaena glauca Benth
- Species/Family : Mimosaceae
ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။
ပုံသဏ္ဌာန်
အပင်
ပင်လတ် တစ်မျိုးဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင်ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။
အရွက်
ငှက်မွှေးး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။
အပွင့်
ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဌာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။
အသီး
သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
ခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
အာနိသင်
မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။
အသုံးပြုပုံ
အခေါက်
- အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
- အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
အစေ့
- အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။
ပဉ္စငါးပါး
- ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။
အရွက်နှင့် အသီးခွံ
- အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။
- ဘောစကိုင်းရွက်များ လက်တဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင် ပြုတ်၍ လက်ဘက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် သောက်ပေးပါက (နံနက် တစ်ကြိမ်၊ ည တစ်ကြိမ်) သွေးတိုးရောဂါ ကျဆင်းသွားစေသည်။
- အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေပါသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။
- အရွက်များကို ဆေးပြီး ညက်အောင်ထောင်းကာ အနာဟောင်း၊ အနာဆွေးများကို အုံပေးထားပါက အနာပျောက် မြန်စေပါသည်။
- ပြည်တစိုစို ရှိနေသော အနာများကို ရွက်ပြုတ်ရည်နှင့် ဖန်ဆေးပေးခြင်းဖြင့် အနာများ အသားနုတက် မြန်စေပါသည်။
- ရွက်နုကို ဟင်းချိုဖြစ်စေ၊ တို့စရာဖြစ်စေ၊ သုပ်၍ စားခြင်းတို့ဖြင့် နေ့စဉ်မှန်မှန် စားပေးပါက အစာအိမ်ရောဂါရှင်များ ရောဂါသက်သာ ပျောက်ကင်းစေသည်။
- အစာမှား၍ အဆိပ်ဖြစ်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ မကြာခဏ အော့အန်ခြင်းများ ဖြစ်နေပါက အရွက်ကြမ်း လက်တဆုပ်စာကို သုံးခွက်တစ်ခွက်တင် ကျိုပြီး သောက်ပေးပါက အစာမှားနှင့် အဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပါသည်။ [၄]
-
Leaves -
Flowers and immature fruit -
Pod and seeds -
Subabul growing wild on the outskirts of Mumbai
ကိုးကား
- ↑ Leucaena leucocephala (Lam.) de Wit။ Germplasm Resources Information Network။ United States Department of Agriculture (1995-03-24)။ 11 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-18 တွင် ပြန်စစ်ပြီး။
- ↑ Leucaena leucocephala (tree)။ Global Invasive Species Database။ Invasive Species Specialist Group။ 2010-01-18 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=92[လင့်ခ်သေ]
- ↑ မန္တလေးနေ့စဉ်၊ ၁၈.၁၀.၂၀၁၈၊ စာ-၁၇