စက္ကူ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး robot Adding: udm:Кагаз
စာကြောင်း ၁၃၂ - စာကြောင်း ၁၃၂ -
[[tl:Papel (gamit-panulat)]]
[[tl:Papel (gamit-panulat)]]
[[tr:Kâğıt]]
[[tr:Kâğıt]]
[[udm:Кагаз]]
[[uk:Папір]]
[[uk:Папір]]
[[ur:کاغذ]]
[[ur:کاغذ]]

၁၅:၁၂၊ ၁၄ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

မနီလာစက္ကူထပ်

စက္ကူကိုပထမဦးစွာအေဒီ ၁၀၅ ခုနှစ်ခန့်က အင်ပါယာရှင်ကြီးဟိုတီထံတွင် နန်းတွင်းမှူးမတ်တစ်ဦး ဖြစ်သူ TS'AI LUN ဆိုင်းလွန်းမှတီထွင်ခဲ့ပါသည်။ သူသည် စက္ကူကိုတီထွင်ခဲ့သော်လည်း သူ၏အမည်ကိုစာဖတ်သူအများစုမှာ အသိနည်းခဲ့ကြသည်။ ၎င်း၏တီထွင်မှုမှာအလွန်တရာပင်အရေးပါခဲ့သော်လည်း အနောက်တိုင်းကသူ့အားဥပေက္ခာပြု လျစ်လျူရှူခဲ့ခြင်းကားအံ့ဩစရာပင်ဖြစ်ပါသည်။ အရေးပါလှ့ပြီးအဓိကကျလှသော စွယ်စုံကျမ်းကြီးများတွင်ပင် သူ့ဘဝအထုပ္ပတ္တိကို အကျဉ်းမျှပင် ဖော်ပြထားခြင်းမရှိခဲ့ပေ။ သူ၏အမည်အား ကျောင်းသုံးသမိုင်းများတွင် သာရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ အရေးပါလှသော စက္ကူ၏အကြောင်းကိုလေ့လာသုံးသပ်ခဲ့သည့်သမိုင်းသုတေသီတစ်ဦးဖြစ်သူ Michael H.Harts ကသူ၏နာမည်ကျော် The most influential persons in History ဆိုသောစာအုပ်ကိုပြုစုခဲ့ရာ၌ TS'AI LUN ဆိုသူရှိမှရှိပါလေစဟု သံသယဝင်ခဲ့ရကြောင်းကို ၎င်း၏စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့ရာတွင် သူ၏ ဂရုတစိုက်လေ့လာသုတေသနပြုချက်များအရ ဆိုင်းလွန်းမှာ အမှန်ကတကယ်ပင် ရှိခဲ့သည်ကိုသိခဲ့ရသည်။

ကြိုးစားအားထုတ်

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်က တီထွင်ခဲ့သည်။ ကိုင်လွန်ကို အေဒီ(၅၀)က တရုတ်ပြည်အရှေ့ပိုင်း၊ ဂွိုင်ယန်စီရင်စု၌ မွေးဖွားသည်။ သူသည် သစ်ခေါက် ပိုက်ဆံလှျော်ပင်၊ ပိုးချည်မှျင်တို့မှ စက္ကူထုတ်လုပ်ရန် ကြိုးစားသည့်အပြင် ငါးဖမ်းပိုက်များမှပင် စက္ကူထုတ်လုပ်ရန် ကြိုးစားအားထုတ် ခဲ့သည်။ ကိုင်လွန်အနေနှင့် စက္ကူတီထွင်ရန် ကြိုးစားရခြင်း အကြောင်းမှာ တရုတ်ဘုရင် ဟီဒီက ၎င်းအား စက္ကူထုတ်လုပ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သောကြောင့် ဖြစ်သည်။ [၁]

စက္ကူကိုတီထွင်သူအဖြစ်ဆိုင်းလွန်းကိုမှတ်တမ်းတင်ထားခဲ့ကြ၍ယင်း၏အမည်မှာတရုတ်ပြည်တွင် အလွန်အင်မတန်ပင် ကျော်ကြား လှပါသည်။ဆိုင်းလွန်းသည် တရုတ်တို့၏မှတ်တမ်းများအရ သင်းကွပ်ထားသူတစ်ဦးဖြစ်သည်။

အင်ပါယာရှင်ကြီးမှာဆိုင်းလွန်း၏ တီထွွင်မှုကိုသဘောကျနှစ်ခြိုက်ခဲ့၍ ဆိုင်းလွန်းအားရာထူးတိုးမြှင့် ပေးခဲ့ပြီးဘုရင့်ဘွဲ့တံဆိပ်အား ပေးအပ်ခဲ့ရာ ဆိုင်းလွန်းမှာချမ်းသာကြွယ်ဝလာခဲ့သည်။သို့ရာတွင်သူသည်နောက်ပိုင်းနန်းတွင်းလုပ်ကြံမှု တစ်ခု၌မလွှဲမရှောင် သာပါဝင်ခဲ့သော ကြောင့်ကျဆုံးမှုသို့ဦးတည်ခဲ့ရပြီးသိက္ခာ ဆုံးပါးသွားသောကြောင့်သူသည်ရေမိုးချိုး၊ အဝတ်အစားသစ်များဝတ်ဆင်၍ အဆိပ်သောက်သေခဲ့ သည်ဟုတရုတ်တို့ကမှတ်တမ်းတင်ခဲ့သည်။

ဒုတိယရာစုနှစ်တွင် တရုတ်ပြည်၌ စက္ကူအသုံးတွင်းကျယ်လာခဲ့ပြီး ရာစုနှစ်အနဲငယ်အတွင်းတွင် တရုတ်တို့မှအာရှတိုက်၏ အခြားဒေသများ သို့စက္ကူကိုတင်ပို့ခဲ့သည်။ ကာလအတန်ကြာသည်အထိတရုတ်တို့က စက္ကူလုပ်နည်းကိုလျှို့ဝှက်ခဲ့သော်လည်း ရ၅၁ ခုနှစ်တွင် တရုတ်စက္ကူ အလုပ်သမားအချို့အား အာရပ်တို့မှဖမ်းဆီးမိသွားရာမှ များမကြာမှီပင် ဘဂ္ဂဒက်မြို့နှင့် ဆမာရ်ကန်မြို့တွင် စက္ကူကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

စက္ကူလုပ်နည်းအတတ်မှာ အာရပ်ကမ္ဘာသို့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ရာ ဆယ့်နှစ်ရာစုနှစ်တွင် ဥရောပသားတို့ကထိုအတတ်အား အာရပ်တို့ထံမှ သင်ယူတတ်မြောက်ခဲ့ကြပါသည်။ ၎င်းနောက်စက္ကူအသုံးမှာ တဖြည်းဖြည်းတွင်ကျယ်လာခဲ့ရာ ဂူတင်ဘတ်က ပုံနှိတ်စက်ကိုတီထွင်ပြီးနောက်ပိုင်း အနောက်တိုင်းတွင်သားရေချပ်၏နေရာ၌ အဓိကစာရေးကိရိယာအဖြစ် စက္ကူကနေရာယူပြီး အစားထိုး အသုံးချခဲ့ကြသည်။

တရုတ်ပြည်တွင်ဆိုင်းလွန်းမတိုင်မီ ယခင်ကာလက စာအုပ်ကိုဝါးနှင့်လုပ်ကြရသောကြောင့် ယင်းသို့သောစာအုပ်များမှာ လေးလံပြီး ကို့ယို့ကားယားနိူင်လွန်းလှ၏။ အချို့သောစာအုပ်မျိုးများကိုမှုုပိုးထည်တွင်ရေးသားစီရင်ခဲ့ကြ၍ ၎င်းပိုးထည်စာအုပ်မျိုးမှာ တန်ဖိုးများလွန်းလှပါသည်။ အနောက်တိုင်းတွင်မူ စက္ကူမထွက်မှီယခင်ကာလက သားရေချပ်များတွင်ရေးသား ခဲ့ကြသည်။ ဤသားရေ ချပ်များကို သိုးရေ၊ဆိတ်ရေနှင့်ပြလုပ်ခဲ့ကြ၍ ဂရိရောမနှင့်အီဂျစ်တွင်မှူ ပါပါရပ်စ်ခေါ်ကျူချပ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် သားရေချပ်နှင့် ကျူချပ်နှစ်မျိုးလုံးမှာရှားပါးရုံသာမကပဲ ထုတ်လုပ်မှုစားရိတ်လည်းကြီးမြင့်လှပါသည်။

စာအုပ်များနှင့်အခြားစာရေးကိရိယာများမှာ ယခုအခါတွင်ဈေးနုန်းချိုသာစွာဖြင့် ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါသည်။စက္ကူတီထွင်နိုင်ခဲ့ စဉ်ကပင်စပြီးအရည်အတွက်များစွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ စက္ကူနှင့်ပုံနှိပ်စက်တို့မှာတစ်ခုနှင့်တစ်ခုအရေးပါပုံခြင်းမှာ ယခုအခါတွင် မတိမ်းမယိမ်းဖြစ်နေပြီဟုဆိုရပါမည်။တကယ်တန်းအသေအခြာတွေးကြည့်လျှင်မူ ပုံနှိပ်စက်မှာ ဤမျှပဓာနမကျပါပေ။ဈေးနုန်းချိုသာပြီး အလျှံပယ်ရနိုင်သည့် ပုံနှိတ်ပစ္စည်းမရှိခဲ့လျှင် ပုံနှိတ်စက်၏အရေးပါမှုမှာ မထင်ပေါ်နိုင်ပေ။

ယခင်ကာလဆိုင်းလွန်းမတိုင်မှီအချိန်တွင်တရုတ်ပြည်၌စာရေးကိရိယာမရှိခဲ့ပေ။ ရှိခဲ့သည့်ဝါးစာအုပ်အစရှိသည့်ကိရိယာများမှာလည်း အနောက်တိုင်းတွင်သုံးစွဲနေပြီဖြစ်သည့် ပါပါးရပ်စ်စာအုပ်မျိုးလောက် အရာမရောက်ပေ။ တရုတ်တို့၏ယဉ်ကျေးမှုတိုးတတ်ရေးမှာ စာရေးကိရိယာ ချို့တဲ့မှုကြောင့် ကြီးစွာအဟန့်အတားဖြစ်ခဲ့၍ နှောင့်နှေးခဲ့ရသည်။ တရုတ်ပညာရှိတစ်ဦးမှာ စာအုပ်များကို လှည်းနှင့်တိုက်ယူခဲ့ရသည်။ ဤသို့သောအခြေအနေမျိုးတွင် အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမှာ မည်မျှပင်ခက်ခဲမည်ကို တစ်စုံတစ်ဦးအနေနှင့် တွေးကြည့်နိုင်ပေသည်။

ဆိုင်းလွန်း၏စက္ကူတီထွင်မှုကဤသို့သောအခြေအနေကိုလုံးလုံးလျားလျားပင်ပြောင်းလဲသွားစေခဲ့သည်။သင့်တော်သော စာရေးကိရိယာရှိလာသည်နှင့်တရုတ်အမျိုးသားတို့၏ယဉ်ကျေးမှုမှာလျှင်လျှင်မြန်မြန်ပင်တိုးတတ်လာခဲ့တော့သည်။
[၂]

မြန်မာနိုင်ငံ၌ စက္ကူစတင်ရောက်ရှိပုံ

ကိုးကား

  1. မြန်မာ့အလင်း သတင်းစာ (၅.၇.၂၀၀၉)
  2. မောင်မင်းနိုင်(ဝါးခယ်မ)၏ကမ္ဘာ့ဩဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ရာစာအုပ်