သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
No edit summary
စာကြောင်း ၂၃၆ - စာကြောင်း ၂၃၆ -
ဆရာတော် သျှင်မဟာသီလဝံသကိုယ်တိုင် -
ဆရာတော် သျှင်မဟာသီလဝံသကိုယ်တိုင် -


"နတ်ပြည်ထောင်ထား၊ လူတိ်ု့အားကိ်ု၊ ကြောင်းလျားကျင့်ညီ၊ ပါရမီသာ၊ တစ်စောင်ပါ"
"နတ်ပြည်ထောင်ထား၊ လူတ်ု့အားကိ်ု၊ ကြောင်းလျားကျင့်ညီ၊ ပါရမီသာ၊ တစ်စောင်ပါ"
ကြောင်း ဝန်ခံ ရေးသားတော်မူထားလေသည်။
ကြောင်း ဝန်ခံ ရေးသားတော်မူထားလေသည်။


သက္ကရာဇ် ၈ဝဝ-ပြည့်ခန့်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ တောင်းပန်သောကြောင့်
သက္ကရာဇ် ၈ဝဝ-ပြည့်ခန့်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ တောင်းပန်သောကြောင့်
' ဗောဓိလုံးစုံ၊ ပွင်းဖူးငုံသား ' အစချီ ဓမ္မပါလပျို့ကိုလည်း ရေးသားစပ်ဆိုတော်မူခဲ့ပြန်ပါသည်။
' ဗောဓိလုံးစုံ၊ ပွင်းဖူးငုံသား ' အစချီ ဓမ္မပါလပျို့ကိုလည်း ရေးသားစပ်ဆိုတော်မူခဲ့ပြန်ပါသည်။
သို့သော်လည်း ထိုပျို့ကို ပြီးစီးအောင် ရေးသားစပ်ဆိ်ုခြင်း မပြုနိုင်ခဲ့ချေ။ ၁၇-ပိုဒ်မျှ ရေးသားစပ်
သို့သော်လည်း ထိုပျို့ကို ပြီးစီးအောင် ရေးသားစပ်ဆိုခြင်း မပြုနိုင်ခဲ့ချေ။ ၁၇-ပိုဒ်မျှ ရေးသားစပ်
ဆိုပြီးချိန်ဝယ် ဇာတိမူလ အခြေခံကျသူတို့ သဘာဝအတိုင်း တစ်ဘဝခန္ဓာဝန်ကို ရုပ်သိမ်းတော်မူ
ဆိုပြီးချိန်ဝယ် ဇာတိမူလ အခြေခံကျသူတို့ သဘာဝအတိုင်း တစ်ဘဝခန္ဓာဝန်ကို ရုပ်သိမ်းတော်မူ
ခဲ့ရရှာပါသည်။ ဆရာတော် ပျံလွန်တော်မူသော သက္ကရာဇ်ကို ၈၈၂-ခုနှစ်ဟုလည်းကောင်း၊ ၈၈၂-
ခဲ့ရရှာပါသည်။ ဆရာတော် ပျံလွန်တော်မူသော သက္ကရာဇ်ကို ၈၈၂-ခုနှစ်ဟုလည်းကောင်း၊ ၈၈၂-
စာကြောင်း ၂၅၄ - စာကြောင်း ၂၅၄ -
ရှင် နန်းဖွဲ့မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊(သျှိသျှားကန်ဘွဲ့မော်ကွန်းဟုလည်းခေါ်သည်၊)
ရှင် နန်းဖွဲ့မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊(သျှိသျှားကန်ဘွဲ့မော်ကွန်းဟုလည်းခေါ်သည်၊)
တိလောကဟု အစချီ ဆုံးမစာ၊ မွေးသမိခင်အစချီ ဆုံးမစာ၊ အသင်္ခါရိက Óဏသမ္ပယောအစချီ
တိလောကဟု အစချီ ဆုံးမစာ၊ မွေးသမိခင်အစချီ ဆုံးမစာ၊ အသင်္ခါရိက Óဏသမ္ပယောအစချီ
ဆုံးမစာ ( ¤င်းအချီပင် သျှင်မဟာရဋ္ဌသာရရေးလည်း ရှိသည်။) ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊
ဆုံးမစာ ( ၄င်းအချီပင် သျှင်မဟာရဋ္ဌသာရရေးလည်း ရှိသည်။) ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊
မဟာရဟနီတိ၊ နေတ္တိပါဠိတော်နိသျ၊ ဆုံးမစာ စကားပုံ၊ ရတနာဗိမာန်ကျောင်းကျောက်စာ၊
မဟာရဟနီတိ၊ နေတ္တိပါဠိတော်နိသျ၊ ဆုံးမစာ စကားပုံ၊ ရတနာဗိမာန်ကျောင်းကျောက်စာ၊
ပေါရာဏကထာလင်္ကာဟောင်း၊ ဧကပိုဒ်ရတုများ၊ ရတုပိုဒ်စုံများ စသည်တို့ ဖြစ်ပေသည်။
ပေါရာဏကထာလင်္ကာဟောင်း၊ ဧကပိုဒ်ရတုများ၊ ရတုပိုဒ်စုံများ စသည်တို့ ဖြစ်ပေသည်။

၁၀:၄၉၊ ၁၁ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

သျှင်မဟာသီလဝံသ (၈၁၅-၈၈၀)

အချာပဝရ-ချီ တောင်တွင်းကြီးဖွဲ့ ရတုရေးသူ သျှင်မဟာသီလဝံသမှာ တောင်တွင်းကြီးမြို့မြောက်ဖက် မြို့လုလင်ရွာ အဖဦးကြည်၊ အမိဒေါ်ဒွေးတို့မှ ၈၁၅-ခုနှစ် တွင် ဖွားမြင်သော သားဖြစ်၍ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ မောင်ညိုသည် တောင်တွင်းကြီးမြို့ ရတနာဗိမာန်ကျောင်း နတ်မှီးလင်းဆရာတော်အထံ၌ ပညာသင်ကြား၍ ၈၃၅-ခု၊ အသက် ၂၀-ပြည့်သောအခါ ရဟန်းအဖြစ်သို့ ရောက်သည်။ သျှင်မဟာသီလဝံသသည် အင်းဝနေပြည်တော်ကြီးအနီး တံတားဦးအရပ်သို့ ရောက်သောအခါ အသက် ၄၀-မျှ ရှိပေပြီ။ ဘုရင် ဒုတိယမင်းခေါင် ကြားသိတော်မူသောအခါ သဒ္ဓါကြည်ညိုရှိလှသဖြင့် ရတနာဗိမာန်ကျောင်းကို တင်လှူတော်မူသည်။ သျှင်မဟာသီလဝံသသည် ရတနာဗိမာန်ကျောင်းတော်ကြီး၌ သာမဏေ၊ ရဟန်း တပည့်တပန်းတို့အား စာပေပို့ချပေးရုံသာမက ဂန္ထန္တရကျမ်းများကို ရေးသားသည့်အပြင် ပါရမီခန်းပျို့စသော ပျို့လင်္ကာတို့ကိုလည်း ရေးသားတော်မူသည်။ ဒုတိယမင်းခေါင်နတ်ရွာစံပြီးနောက် သားတော်ရွှေနန်းကြော့ရှင် လက်ထက်တွင် စကားပြေဖြစ်သည့် ပါရာယနဝတ္ထုကို ရေးသားတော်မူသည်။ သက္ကရာဇ် ၈၀ဝ-ပြည့်နှစ်ရောက်သောအခါ သက်တော် ၆၅-နှစ် ဝါတော် ၄၅-ဝါအရတွင် ပျံလွန်တော်မူသတည်း။ [၁]

သဒ္ဒါတွင် သျှင်မဟာကစ္စည်း ၊ ကဗျာတွင် သျှင်မဟာသီလဝံသတည်း

ဟု ဥဒါန်းတွင်

လျက် ရှိသော ဆရာတော် သျှင်မဟာသီလဝံသ၏ မွေးဖွားရာဒေသသည် ယဉ်ကြည်နက်ဆုံး၊ ကျုံးလည်းသီတာ၊ လပကြာနှင့်၊ သန္တာအတိ၊ စီ၏ဘိသို့၊ မြို့၏တန်ဆောင်း၊ ရဲလောင်းရင်တား၊ တံခါးလေးသွယ်၊ ဖိုင်ဖိုင်ကျယ် သော မြန်မာပြည်အလည်ပိုင်း မကျတကျ တောင်တွင်းကြီးမြို့ ဒေသဖြစ်ပေသည်။

တောင်တွင်းကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာကြီး အရှေ့ပိုင်း၊ မောင်းတိုင်ရပ်၌ အဖ ဦးကြည်၊ အမိ နတ်ထိန်းကြီး ဒေါ်ဒွေးတို့မှ သက္ကရာဇ် ၈၁၅-ခုနှစ်တွင် ဖွားမြင်လေသည်။ နံတော် သောကြာသားဖြစ်၍ ငယ်မည်ကိုကား မောင်ညို၊ သို့မဟုတ် မောင်ရွှေညိုဟု ခေါ်လေသည်။ မောင်ညို ၇-နှစ်သား အရွယ်တွင် မိဘနှစ်ပါးတို့က တောင်တွင်းကြီးမြို့မြောက်၊ တောင် တွင်းမြို့စား သီဟပတေ့ကြီး ဆောက်လုပ်သော ရတနာဗိမာန်ကျောင်း၌ သီတင်းသုံးသော ဆရာ တော် သျှင်သီလာစာရာဘိဓဇထံ အပ်နှံကြလေသည်။

ရှေးသူဟောင်းတို့ အဆိုရှိသည်မှာ ပေလေးပင် သျှင်လေးပါးအဝင်အပါ သျှင်မဟာ သီလဝံသအလောင်း မောင်ညိုနှင့် သျှင်ဥတ္တမကျော်အလောင်း မောင်ဥက္ကာတိ်ု့အား နတ်မှီးလင်း ဆရာတော်ထံ အပ်မည်ပြုရာ ဆရာတော်သည် အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်ဆို၏။ ထိုအိပ်မက်မှာ မိမိလကျာ်ဘက်ရင်နို့ကို ရွှေခြင်္သေ့စို့လျက် လက်ဝဲဘက် ရင်နို့ကို ရွှေကျေးစို့သည် ဟူ၍ ဖြစ်သည်။ ထိုအိပ်မက်ကို မြင်မက်၍ မကြာမြင့်မီပင် ရွှေခြင်္သေ့နှင့်တူသော မောင်ညိုနှင့် ရွှေကျေးနှင့်တူသော မောင်ဥက္ကာတို့ ကျောင်းသို့ ရောက်လာကြသည်ဆို၏။

ကျောင်းသားနှစ်ယောက် ရောက်ရှိလာပြီးနောက် ¤င်းတို့ အသွင်ကို လေ့လာ၍ ဆရာ တော်သည် ခြင်္သေ့သည် တောသုံးထောင်ကို အစိုးရသည်၊ ကျေးသားသည် အပလီ ပိုသည်၊ မောင်ညိုသည် ပိဋကတ်သုံးပုံကို အစိုးအပိုင် နိုင်မည့်သူ ဖြစ်သည်။ မောင်ဥက္ကာသည် အပလီနွဲ့ နှောင်း စာဆိုကောင်းမည့်သူ ဖြစ်သည်၊ ဟု ဆင်ခြင်သုံးသပ်မိလေသည်။ သျှင်မဟာသီလဝံသလောင်းလျှာ မောင်ညိုသည် ၇-နှစ်သားအရွယ် ကျောင်းသားဘဝ မှာပင် ရုတ်ချည်း ကဗျာလင်္ကာများကို စပ်ဆိ်ုနိုင်သည်။ ဉာဏ်ပညာလည်း ထက်မြက်စူးရှလှသည်။ ထို့ကြောင့် ကျောင်းသားတို့ အလယ်တွင် ထင်ပေါ်ခဲ့သည်။

မောင်ညိုသည် မည်သည့်ခုနှစ်တွင် သာမဏေပြုသည်ဟု အမှတ်အသား မတွေ့ရပေ။ သို့ရာတွင် သျှင်ဥတ္တမကျော်ကဲ့သို့ တစ်ကျောင်းတည်းဝင်၍ တစ်ဆရာတည်း သင်ကြားခဲ့ကြသော ကြောင့် သျှင်ဥတ္တမကျော်ကဲ့သို့ပင် ၁၅-နှစ်သားအရွယ်၌ သာမဏေပြုသည်ဟု ယူဆရပေသည်။ မောင်ညို၏ သာမဏေဘွဲ့မှာ သျှင်သီလဝံသဟူ၍ ဖြစ်သည်။

သျှင်သီလဝံသသည် အသက် ၂ဝ-ပြည့်၍ ရဟန်းဘဝကို ယူတော်မူလျှင် ပိဋကတ်ကျမ်း ဂန် အတန်တန်တို့၌ လိမ္မာတတ်ပွန်တော်မူပြီဖြစ်၏။ စာဆိုဗီဇ ဝါသနာတော်အရ မြန်မာမှု ကဗျာလင်္ကာတို့၌ ရင့်ကျက်တော်မူဘိ၏။ သို့အလျောက် သျှင်သီလဝံသသည် ရှေးဦးစွာသော ပျို့လင်္ကာအဖွဲ့ကျမ်းဖြစ်သည့် ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ အစချီ ပါရမီတော်ခန်းပျို့ကို ရေးသား စပ်ဆိုလေသည်။ ယင်းပျို့ကို ရေးသားစပ်ဆိုတော်မူရာ သက္ကရာဇ် ၈၅၃-ခု၊ သက်တော် ၃၈-နှစ် တွင် ပြီးစီးခဲ့သည်။ ဤသည်ကို ရည်၍-

"ဘုရားမြတ်မွန်၊ နိဗ္ဗာန်ပြည်ခေါင်၊ လွန်ပြီးနောင်မှ၊ နှစ်ထောင်သုံးဆယ်၊ ငါးနှစ်ဝယ်၌၊" ဟူ၍ စပ်ဆိုထားခဲ့ပေသည်။ ဤပျို့ကို ရေးစပ်လိုက်သဖြင့် သျှင်သီလဝံသ၏ ကျမ်းတတ်တစ်ဆူ ကဗျာ့ဝိဒူဟူသော ဂုဏ်ရနံ့သည် တောင်တွင်းရွှေပြည်၌ ထုံပျံ့ခဲ့လေသည်။

သျှင်သီလဝံသ အရှင်မြတ်သည် ပါရမီတော်ခန်းပျို့ကို ရေးစပ်တော်မူပြီးသည့်နောက် စိတ်တွင်း၌ တောင့်တမှု တစ်ခုဖြစ်ပေါ်လာ၏။ ထိုတောင့်တမှုကား ထိပ်တန်းပညာရှင်တို့ ကိန်း အောင်းရာ၊ စာသံပေသံတို့ဖြင့် ဖုံးလွှမ်းရာ နေပြည်တော် ရွှေအင်းဝသို့ သွား၍ စာဝါခံလိုစိတ်များ ဖြစ်၏။ ထို့ကြောင့် ပါရမီတော်ခန်းပျို့ကို စပ်ဆိုပြီးနောက် တစ်နှစ်ကျော်မျှ အကြာတွင် သက္ကရာဇ် ၈၅၄-ခု၊ တပို့တွဲလမှစ၍ အင်းဝနေပြည်တော်သို့ ြ<ွကရန် အခွင့်ကို မျှော်လင့်နေခဲ့၏။ ဤသည်ကို ရည်၍ တောင်တွင်းလာပျို့၌-

သဘင်ဆောင်ပြီး၊ ရာသီနီး၍၊ ဆောင်းမြီးအလယ်၊ သဝယ်ခနှင့်၊ မာဃဆင့်၍၊ ခါ သင့်ကုန်ကျွမ်း၊ အာဩာ>ွပမ်း၍၊ သာရွှမ်းသနှင့်၊ နယေပင့်သည်၊ ၊ သနှင့် ဧကို နာနှင့်ဆို။ ဟူ၍ စပ်ဆိုတော်မူခဲ့လေသည်။

သျှင်သီလဝံသသည် နေပြည်တော်အင်းဝသို့ ြ<ွကလိုသောအာသာ ထပ်ခါခါ ဖြစ်ပါသော် လည်း မိမိဆရာတော်အား မလျှောက်ကြားဝံ့သဖြင့် ဖင့်နွှဲနေခဲ့ရသည်။ ဤသို့ဖြင့် သက္ကရာဇ် ၈၅၅- ခုနှစ်သို့ ရောက်ရှိလာသောအခါ ပိုမို၍ ဆန္ဒစောလာသဖြင့် မလျှောက်ဝံ့ လျှောက်ဝံ့နှင့်ပင် ဦးတင် လျှောက်ကြားမိလေတော့သည်။ ဆရာတော်သည် သျှင်သီလဝံသအား နေပြည်တော် အင်းဝသို့ မသွားစေလိုသဖြင့် စကားမဆို ဆိတ်ဆိတ်သာ နေတော်မူသည်။

သျှင်သီလဝံသသည် ပထမအကြိမ် အခွင့်မသာသဖြင့် ဒုတိယအကြိမ် ထပ်မံ လျှောက် ထားပြန်လေသည်။ ထိုအခါ ဆရာတော်က အင်းဝပြည်သည် ကျမ်းတတ်သူ များလှသည်၊ သင်သွားသဖြင့်လည်း တလုပ်ပြည်သို့ အပ်ရောင်းသွားသည်နှင့် တူချိမ့်မည်၊ ဟု မိန့်တော်မူ၍ တရားဓမ္မကို ဟောပြ၍ တားမြစ်တော်မူပြန်သည်။ သို့ရာတွင် ဆန္ဒကို မထိန်းသိမ်းနိုင်သော သျှင်သီလဝံသသည် တတိယအကြိမ်မြောက် လျှောက်ထားပြန်ရာ ထိုအခါမှ ဆရာတော်က အကြည်အသာ ခွင့်ပေးတော်မူသည်။

ဆရာတော်ထံမှ ခွင့်ပြုချက်ရလျှင် သျှင်သီလဝံသသည် နေပြည်တော်သို့ ြ<ွကရောက်ရန်

အတွက် မိမိဒါယကာများကို နှုတ်ခွန်းဆက်သရာ ၄င်းတို့ကလည်း အင်းဝသို့ မြ<ွကစေလိုသဖြင့် တောင်းပန်ကြပြန်သည်။ သို့ရာတွင် သွားလိုသော ဆန္ဒက ပြင်းပြနေရကား စကားကိုပင် တုံ့ပြန် ခြင်း မပြုတော့ဘဲ ပါရမီတော်ခန်းပျို့လင်္ကာကြီးကို ကမ္ပလွေစာထုပ်တွင် ထည့်ယူခဲ့ပြီး ထိုနှစ် ကဆုန်လပြည့်နေ့မှာပင် အင်းဝနေပြည်တော်သို့ ြ<ွကတော်မူခဲ့လေသည်။ ထိုကြောင့်- ကဆုန်ဆန်းတက်၊ ဆယ့်ငါးရက်တွင်၊ လာခဲ့ကျင်သော်၊ များမြင်ထူးလည်၊တောင် တွင်းပြည်ဝယ်၊ စိတ်ကြည်သဒ္ဓါ၊ တကာအပေါင်း၊ ခွင့်တောင်းတုံလို၊ တောင်းပန်ဆိုသော်၊ မနာလိုစိတ်၊ သံနိတ်မပေါ်၊ တုဏှိဘော်ဖြင့်၊ သံငေါ်မဟ၊ ခွင့်မရသော်၊ မြောက်မှဧသန်၊ စိတ်ခံလေးလေး၊ စိတ်တော်ပြေး၍၊ ရပ်ဝေးမြေတာ၊ ရွှေနန်းမှာသို့၊ မျက်နှာရည်ထ၊ ထွက်ခဲ့

ကြွမူ၊

ဟူ၍ တောင်တွင်းလာပျို့၌ ရေးသားဖွဲ့ဆိုတော်မူသည်။

ဤကဲ့သို့ စာပလွေကိုထမ်း၍ ညစ်နွမ်းသော သင်္ကန်းဖြင့်ပင် ြ<ွကလှမ်းလာခဲ့ရာ ရှေးဦးစွာ ပင်းယသို့ ရောက်ရှိခဲ့သည်။ ထိုပင်းယမြို့တွင် ခေတ္တမျှ တည်းခို၍ တရာဓမ္မတို့ကို ဟောကြား တော်မူလေသည်။ ထိုမှတစ်ဖန် ြ<ွကတော်မူခဲ့ရာ အင်းဝနေပြည်တော်အနီး တံတားဦးအရပ်သို့ ချောမောစွာ ရောက်ရှိခဲ့သည်။ ထိုအခါ အင်းဝမြို့တော်မှ လူအများသည် တောင်တွင်း သျှင် သီလဝံသမထေရ်သည် အင်းဝနေပြည်တော်သို့ ရောက်လာသတတ်၊ ဟု အနှံ့အပြား ကြားသိကြကုန်၏။

သျှင်သီလဝံသအရှင်မြတ်၏ အကြောင်းကို ကြားသိကြသော မြို့သူ မြို့သားတို့သည် အရှင့်ထံသို့ မေးမြန်း စုံစမ်းအံ့သောငှာ လာရောက်ကြသည်။ ထိ်ုအထဲတွင် သျှင်ရဋ္ဌသာရလည်း မိမိဆရာ၏ စေခိုင်းချက်အရ စူးစမ်းမေးမြန်းရန် လာရောက်ခဲ့၏။

အင်းဝနေပြည်တော်သို့ သျှင်သီလဝံသ ရောက်ရှိချိန်တွင် အသက်အရွယ်အားဖြင့် ၄ဝ-မျှ ရှိခဲ့ပေပြီ။ တစ်နေ့သောအခါ သျှင်သီလဝံသသည်ဘုရင် ဒုတိယမင်းခေါင်ထံသိ်ု့ မေတ္တာစာ ရေးသားဆက်သွင်းလေသည်။ ထိုမေတ္တာစာကို ရေးသားဆက်သွင်းသည်မှစ၍ ဒုတိ်ယ မင်းခေါင်သည် တောင်တွင်းမှ ရောက်ရှိလာသူ သျှင်သီလဝံသ၏ အရည်အသွေးကို လေးစား ကြည်ညိုတော်မူသည့်အလျောက် စစ်ကိုင်းမြို့ ထူပါရုံစေတီတော်၏ အရှေ့မြောက်ယွန်းတွင် 'ရတနာဗိမာန်ရွှေကျောင်းတော်ကြီး' ကို တင်လှူလေသည်။ (မှတ်ချက်။ ။ အချို့မူတွင် ' သီလဝံသာဘိဓဇ မဟာဓမ္မရာဇဂုရု ' ဘွဲ့တံဆိပ်ကိုလည်း ဆက်ကပ်ကြောင်း ဆိုသည်။ သို့ရာတွင် ထိုခေတ်၌ ဤကဲ့သို့သော ဘွဲ့တံဆိပ်မျိုး ပေးအပ်လေ့ မရှိသေးချေ။ )

သျှင်သီလဝံသသည် ထိုကျောင်းတော်ကြီးကို အလှူခံရသော ပညာကျော်များအနက် ရှစ်ဆက်မြောက် အလှူခံရသူ ဖြစ်ပေသည်။ ဤသည်ကို ရည်၍ ' ရတနာဗိမာန်ကျောင်းကျောက် စာ ' နိဂုံးသံပိုင်း၌-

စစ်ကိုင်းကြီးတောင်၊ မော်ကျောက်ဆောင်လျှင်၊ ရန်အောင်မြင်နောက်၊ သဖန်းမြောက်

တွင်၊ ပေါက်ရောက်ရွှေဘုံ၊ ထူပါရုံဝယ်၊ လက်ဝဲစွယ်သို့၊ အောင်ရွယ်နီးသောင်း၊ မျှို့ကောင်း ကျောင်း၌၊ နောက်နှောင်းသာသနာ၊ စေ့ခါတိုင်အောင်၊ တည်စိမ့်ဆောင်သား၊ ကျောက်ဆောင် လင်္ကာ၊ သံပိုင်းစာကို၊ မဟာသီလဝံသ၊ ထေရ်ကုံငလျှင်၊ မဆွရှေးစို၊ ကျောင်းရိပ်ခိုသား၊ ပုဂ္ဂိုလ်

တို့နောက်၊ ရှစ်ဆက်မြောက်၍၊

စသည်ဖြင့် ဆရာတော် သျှင်သီလဝံသကိုယ်တိုင် ကမ္ပည်းကျောက်စာတပ်၍ ရေးမှတ်တော်မူခဲ့၏။ ဆရာတော်သည် ထိ်ုအခါမှစ၍ နေပြည်တော်ဆရာတော် သျှင်မဟာရဋ္ဌသာရတို့ကဲ့သို့ မင်းဆရာ တော် အဖြစ်သို့ ရောက်ရှိတော်မူလေသည်။

ဆရာတော် သျှင်မဟာသီလဝံသသည် မင်းဆရာပြု၍ ကိုးကွယ်ခြင်း ခံရသော်လည်း မာန်မာန တကြ်<ွကတော်မူလေ့ မရှိပေ။ ထူပါရုံစေတီတော်ဝယ် နေ့စဉ်မပြတ် တံမြက်လှည်းဝတ်ပြု သည်။ တပည့်များအား စာပေပို့သတော်မူ၍ တရားဘာဝနာများကိုလည်း ပွားများတော်မူ၏။ ထိုအကြောင်းကိုလည်း ဆရာတော်ကိုယ်တိုင်-

ရတနာမွေ့လျော်၊ ဓာတ်တော်စုပုံ၊ ထူပါရုံဝယ်၊ စည်းခုံလုံးညီ၊ မဟေသီ၌၊ စေတီယင်္ဂ

ဝတ်၊ နိစ္စပတ်လျှင်၊ မပြတ်တံမြက်၊ ရှိဝတ်တက်၍၊ မပျက်စေရ၊ မျိုးသိဿအား၊ သင်ကြား

ကျမ်းဂန်၊ ဓိပ္ပာယ်ပြန်မှ၊ ဂန္ထဓူရ၊ ရောက်သမျှနှင့်၊ သမထ ဝိပဿနာ၊ စီးဖြန်းပါ

ကြောင်း ဧကပိုဒ်ရတုဖြင့် ဝန်ခံရေးသားတော်မူခဲ့လေသည်။ သက္ကရာဇ် ၈၅၈-ခု၊ အဦးပိုင်းတွင် ဘုရင်မင်းခေါင်သည် ၈၄၂-ခုနှစ်က တည်ထား တော်မူခဲ့သော တန်တားဦး မင်္ဂလာစေတီတော်ကြီး၏ အလယ်ဌာပနာတိုက်တော်ကို ခမ်းနား ကြီးကျယ်စွာ တည်ထားတော်မူသည်။ ထိုအခါ သျှင်မဟာသီလဝံသသည် ' ကြားပိမ့်ကြက် သရေ၊ အောင်မြင်စေအံ့၊ ' အစချီ တန်တားဦးမင်္ဂလာစေတီတော် မော်ကွန်းကို ရေးသား တော်မူသည်။

ဤသို့ ရေးသားနေစဉ် ၁၂-ပိုဒ်မျှ ပြီးဆုံးသောအခါ၌ နေပြည်တော်ဆရာတော် သျှင်မဟာရဋ္ဌသာရ အရှင်သူမြတ်က ' သုံးဆယ့်နှစ်ပါး၊ ထင်ရှားလက္ခဏာ ' အစချီ တန်တားဦးမင်္ဂလာစေတီ တော်မော်ကွန်းကို ရေးသားစီရင်ပြီး၍ ဘုရင့်ရှေ့တော်မှောက်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသောအခါ ဆက်၍ မရေးသားတော့ဘဲ ပုရပိုက်ကို ချေစေသည်ဆို၏။ တပည့်များက ရေးကူးထားလိုက်သဖြင့် ယခုတိုင် တွေ့ရှိနေရသည်ဟု အမှတ်အသား ရှိလေသည်။

ဆရာတော်သည် ရတနာဗိမာန်ကျောင်းတော်ကြီးမှ ဘုရင်မင်းမြတ်၏ နန်းတော်သို့ မကြာခဏ ြ<ွကရောက်တော်မူရသည်။ ြ<ွကရောက်တော်မူရခြင်းမှာ ဘုရင်မင်းမြတ်သည် ရွှေနန်း တော်၌ စာနာပရိသတ်နှင့်တကွ စာပွဲတော်ခံလေ့ရှိသောကြောင့် ဖြစ်သည်။ ဘုရင်မင်းမြတ်သည် သျှင်မဟာသီလဝံသနှင့် သျှင်ဟာရဋ္ဌသာရတို့၏ စာများကို ရွှေကလပ်တွင် တင်တော်မူလျက် စာဆိုတော်တို့အား အသီးသီး ဖတ်ကြားစေသည်။ ထိုအခါ ဘုရင်နှင့်တကွ မှူးမတ်စသော ပရိသတ် အပေါင်းတို့သည် ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ရွှေပန်း ငွေပန်းတို့ဖြင့် ကြဲမြှောက်ပူဇော်၍ ကောင်းချီးနုမော် ပြုတော်မူကြလေသည်။

တစ်နေ့သောအခါ သျှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့နှင့် သျှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်လင်္ကာကြီးကို နာယူအပြီးတွင် ပရိသတ်အပေါင်းတို့က နှစ်ထောင်းအားရ ချီးကျူး ထောမနာကြ၏။ ထိုသို့ ထောမနာစဉ် သျှင်မဟာရဋ္ဌသာရဆရာတော်က-

တောင်တွင်းဆရာ၊ ဘုရားရှင်တို့မည်သည် ဘုရားဆုကို တောင်းပြီးမှ ပါရမီတော်ကို

အစဉ်ဖြည့်ကျင့်ရပေသည်၊ ဤသို့ ဒေသနာအစဉ်ရှိပါသည်၊ ပါရမီခန်းလင်္ကာကို ရေးသား တော်မူချက်မှာ ပါရမီဖြည့်ပြီးမှ ဘုရားဆုကို တောင်းလေသကဲ့သို့ ဖြစ်၍ ဒေသနာအစဉ်

မညီမညွတ် ဖြစ်လေပြီ၊

ဟု မိန့်ကြားသည်။ ထိုအခါ ဆရာတော်သျှင်မဟာသီလဝံသက-

သာသနာ့ဒါယကာ ရေမြေ့ရှင် မင်းတရားက ပါရမီခန်းစာကို နာကြားလိုပါသည်

လျှောက်၍ ပါရမီခန်းလင်္ကာနှင့် ရွှေနန်းတော်သို့ ဝင်ရောက်ရပေသည်၊ ဆုတောင်းခန်းမှာ

ကျွန်ုပ်၏ စိတ်နှလုံးက စီကုံး၍ ပြီးလေပြီ၊

ဟု ပြောကြားပြီးနောက် ကျောင်းသို့ ပြန်ရောက်လျှင် ထူပါရုံစေတီတော်အတွင်း သွား၍ ' ဗောဓိ ညောင်ရွှေ၊ ဗုဒ္ဓဟေအောက်၊ ဆန်းကြယ်ပေါက်သား၊ ' အစချိီ ဆုတောင်းခန်းပျို့ကို ရေးသားတော် မူရာ ရက်အနည်းငယ်အတွင်းမှာ ပြီးစီးတော်မူသည်။

ထိုပျို့ကို ရေးသားသော သက္ကရာဇ်ကိုကား အမှတ်အသား မတွေ့ရဘဲရှိသည်။ သို့ရာ တွင် ဒုတိ်ယဘုရင်မင်းခေါင်လက်ထက် ရေးသားသည်ဆိုသောကြောင့် သက္ကရာဇ် ၈၅၈-ခုနှစ်တွင် တံတားဦးမင်္ဂလာစေတီတော်မော်ကွန်းကို ရေးသားတော်မူပြီးသည့်နောက် သက္ကရာဇ် ၈၆ဝ- ပြည့်လောက်တွင် စပ်ဆိုရေးသားသည်ဟု ခန့်မှန်းကြသည်။

သက္ကရာဇ် ၈၆၃-ခုနှစ်တွင် ဒုတိယဘုရင်မင်းခေါင် နတ်ရွာစံသဖြင့် သားတော် ရွှေနန်းကြော့ရှင် နရပတိသည် ရွှေနန်းစည်းစိ်မ်ကို ဆက်ခံလေသည်။ ထိုနှစ်မှာပင် ဆရာတော် သျှင်မဟာသီလဝံသသည် ယခုထင်ရှား တွေ့ရှိရသော မြန်မာစကားပြေကျမ်းတို့တွင် ရှေးဟောင်း ကျလှသော ' ပါရာယနဝတ္ထု ' ကို ရေးသားတော်မူသည်။ ထိုဝတ္ထုကို ရေးသားပြီးနောက် တစ်နှစ်ခန့် အကြာတွင်လည်း ' ရာဇဝင်ကျော်ကျမ်း ' ကိုရေးသားပြန်လေသည်။

သျှင်မဟာသီလဝံသသည် ဗုဒ္ဓုပ္ပတ္တိပျို့ကိုလည်း ရေးသားသေးသည်ဟု အမှတ်အသား ရှိသည်။ သို့ရာတွင် ထိုပျို့မူရင်းကို ရှာဖွေ၍ မတွေ့ကြရသေးပေ။ ပညာရှင်အချို့ကမူ ဗုဒ္ဓုပ္ပတ္တိပျို့ ဟုူ၍ သီးခြားမရှိ။ ဗုဒ္ဓသဒ္ဒါ ဘုရားကို ဟောသည်။ ဘုရားဖြစ်ခြင်းအကြောင်းကိုပင် ဆိုသည်။ ပါရမီ ၁ဝ-ပါးကို ကျင့်မှ ဘုရားဖြစ်သည်ဆိုသော စကားကို ထောက်၍ ဗုဒ္ဓုပ္ပတ္တိ်ပျို့ဆိုသည်မှာ ပါရမီခန်းပျို့ကိုပင် ခေါ်ကြောင်း အဆိုပြုကြလေသည်။ သက္ကရာဇ် ၁၃ဝ၃-ခုနှစ်က ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်မှ သျှင်မဟာသီလဝံသရေးသားသည်ဟု ကမ္ပည်းတပ်ထားသော ဗုဒ္ဓုပ္ပတ္တိပျို့ တစ်စောင် ပေါ်ထွက်ခဲ့ဖူးသည်။ သို့ရာတွင် ထိုပျို့ကို သျှင်မဟာသီလဝံသ၏ လက်ရာတော် မဟုတ်ဟု ဆုံးဖြတ်ကြသည်။

ထို့ပြင် သျှင်မဟာသီလဝံသ၏ စာတော်စာရင်းတွင် ' သံဝေဂခန်းပျို့ ' ကိုလည်း ထည့်သွင်းထားကြသည်။ ထိုပျို့ကို ပုံနှိပ်ထုတ်ဝေရာ၌လည်း ဆရာတော်ရေးသားကြောင်း ကမ္ပည်းတပ်၍ ထုတ်ဝေခဲ့ကြသည်။ ထိုပျို့ကိုလည်း ဆရာတော်သျှင်မဟာသီလဝံသ ရေးသားသည် ဟု လက်မခံကြပေ။ ရှေးရေး ကျမ်းစာရင်းစသည်တို့၌ ထိုပျို့ကို ဆရာတော်၏ စာဟူ၍ မဆိုပေ။ တစ်ဖန် သက္ကရာဇ် ၁၂၂၁-ခုနှစ်၊ တပိုတွဲလဆန်း ၁ဝ-ရက်နေ့ ရေးကူးပြီးသည် ဆိုသော သံဝေဂခန်းပျို့ပေစာမူ တစ်ဆူ၌ နန်းကျဘုရင်တစ်ပါးစီရင်သော သံဝေဂခန်း ပုဒ်ပေါင်း ၅၄- ပုဒ်၊ ဤတွင်ရွေ့ ပြီးပြည့်စုံ၏။ ဟု ရေးသားထားသည်ကိုလည်း တွေ့ကြရသည်။

သက္ကရာဇ် ၈၆၇-ခုနှစ်တွင် ရွှေနန်းကြော့ရှင်ဘုရင်နရပတိလက်ထက်၌ ငတုံးတာနှင့် ငပြည့်ဝတို့အရေးပေါ်ပေါက်လာ၏။ ၄င်းတို့သည် ဘုရင့်သစ္စာတော်ကို ဖောက်ဖျက်ရုံမျှမက တောင် ငူမင်း၊ ပြည်မင်းတို့ကို ပင့်ခေါ်လေ၍ နိုင်ငံတော်အတွင်း စလေမြို့ကို ဝန်းရံလျက် ရှိကြလေသည်။ ထိုအခါ ဘုရင်နရပတိသည် အုန်းဘောင်စော်ဘွား အကူအညီဖြင့် စစ်သည်ဗိုလ်ပါတို့ကို စုရုံးကာ စလေပုံတောင်သို့ ကြည်းကြောင်း ရေကြောင်းတို့မှ ချီတော်မူလေသည်။ စလေပုံတောင်သို့ ရောက်လျှင် ရတနာရွှေဖောင်တော်မှ တက်၍ ဆင်တော်စောရန်နင်းကို စီးတော်မူလျက် စစ်ပြိုင် လေတော့သည်။ ထိုစစ်ပွဲတွင် ပြည်မင်းနှင့် တောင်ငူမင်းတို့ တပ်ပျက်ချေ၍ ငတုံးတာကိုလည်း ဆင်နှင့်အတူ ရတော်မူသည်။

ထို့နောက် အင်းဝနေပြည်တော်သို့ ပြန်လည်ဆန်တက်တော်မူရာ ပုဂံမြို့၌ ခေတ္တစံနေ တော်မူ၏။ ထိုအခိုက် သျှိသျှားမြို့၌ ငပြည့်ဝ ရောက်ရှိနေကြောင်း ကြားသိတော်မူသဖြင့် သျှိသျှား မြို့သို့ ြ<ွကချီတော်မူပြန်သည်။ ထိုသျှိသျှားမြို့ကိုလည်း ငပြည့်ဝနှင့်တကွ တစ်မြို့လုံးကို ရရှိတော်မူ သည်။ ထိုအခါ ငပြည့်ဝအား သစ္စာတော် ပေး၍ မိတ္ထိလာခေါ် သျှိသျှားမြို့ကိုပင် စားစေတော် မူသည်။ ဤသည်တို့ကို ရည်၍ ရွှေနန်းကြော့ရှင် ဘုရင်နရပတိက ကန်ပေါင်ရိုးမှ နေ၍ ကန်တော် ကြီး၏ အရင်းအမြစ်ကို မေးတော်မူလေဟန်၊ ထိုသို့ မင်းကြီးမေးတော်မူသည်ကို တံငါသည်တစ်ဦးက ဖြေကြားသံတော်ဦးတင်လေဟန်ပြု၍ ဆရာတော်သျှင်မဟာသီလဝံသက သျှိသျှားကန်ဘွဲ့ခေါ် မိတ္ထိလာကန်တော်ဘွဲ့မော်ကွန်းကို ရေးသားတော်မူလေသည်။

သက္ကရာဇ် ၈၇၂-ခုနှစ်တွင်လည်း ဘုရင်နရပတိ၏ ရွှေနန်းတည်မော်ကွန်းကို ရေးသား တော်မူသည်။ ထိုနှစ်တွင် ဘုရင်နရပတိ်သည် ရွှေနန်းတော် ဟောင်းနွမ်းနေသောကြောင့် နန်းသစ်ကို တည်လုပ်တော်မူ၏။ ထိုရွှေနန်းသစ်သည် အလုပ်အဆောင် ချောမောပြေပြစ်လှ သောကြောင့် မင်းတရားအားလည်း ရွှေနန်းကြော့ရှင်ဟူ၍ ခေါ်တွင်လာသည်။ ကနဦးတွင် မင်းတရားက သျှင်မဟာရဋ္ဌသာရအား နန်းတော်တည်လုပ်သည်ကို မော်ကွန်းတစ်စောင် ဖွဲ့တော်မူပါ၊ ဟု လျှောက်ထားရာ သျှင်မဟာရဋ္ဌသာရက မဆိုဘဲ နေလေသဖြင့် သျှင်မဟာသီလ ဝံသ က ' ရှုလော့သွယ်ဖြူး၊ လူသုံးဦးတို့၊ ' အစချီ ရွှေနန်းတည်မော်ကွန်းကို ရေးသားဖွဲ့ဆိုကြောင်း ဆရာစဉ် ဆိုစကား ရှိပေသည်။

ဆရာတော်သည် သာသနာတော်အတွက် အထောက်အကူဖြစ်စေမည့် နေတ္တိပါဠိတော် နိဿယနှင့် မဟာရဟနီတိနိဿယတို့ကိုလည်း ရေးသားတော်မူခဲ့သည်။ ထို့ပြင် ' စကြဝဠာ ' အစချီ ကမ္ဘာလောင်ပျို့နှင့် ကမ္ဘာလောင်ကျမ်းတို့ကိုလည်း ရေးသားသည်ဟု အမှတ်အသား ရှိပေသည်။ သို့ရာတွင် ထိုကျမ်းနှင့် ပျို့တို့ကို ရှာဖွေ၍ မတွေ့ကြရသေးချေ။ သာသနာလင်္ကာရစာတမ်းတို့၌ သျှင်မဟာသီလဝံသသည် တောင်တွင်းကြီးမြို့မှ အင်းဝနေပြည်တော်သို့ ြ<ွကလာခဲ့ရာတွင် ပါရမိီ၊ ဗုဒ္ဓါလင်္ကာရ၊ တောင်တွင်းလာပျို့ သုံးစောင်ကို ယူဆောင်ခဲ့ကြောင်း ဆိုထားသဖြင့် နောက်နှောင်းအရေးအသားတို့၌လည်း သာသနာလင်္ကာရ အဆိုကိုပင် ကိုးကား၍ ရေးသားကြလေသည်။

တောင်တွင်းလာပျို့မှာ အင်းဝရောက်ပြီးမှ သျှင်မဟာရဋ္ဌသာရတို့နှင့် တွေ့ဆုံရပုံတို့ကို ရေးသားထားရာ တောင်တွင်းမြို့က ပါလာခဲ့သည် မဟုတ်ကြောင်း ထင်ရှားပေသည်။ ဗုဒ္ဓါလင်္ကာရ ဆိုသည်မှာလည်း ပျို့ဟူ၍ သီးခြားရှိသည် မဟုတ်ကြောင်း၊ ပါရမီခန်းကိုပင် ခေါ်ကြောင်းဖြင့် မန္တလေးခေတ်တွင် ပညာရှင်တို့ အငြင်းအခုံဖြစ်ခဲ့စဉ်က မိုင်းခိုင်းမြို့စား အတွင်းဝန်မင်းက အဆုံးအဖြတ် ပေးခဲ့ဖူးလေသည်။ ထိုအဆုံးအဖြတ်ကို ခိုင်မာစေသော အချက်တစ်ခုကိုလည်း ဆရာတော် သျှင်မဟာသီလဝံသကိုယ်တိုင် -

"နတ်ပြည်ထောင်ထား၊ လူတ်ု့အားကိ်ု၊ ကြောင်းလျားကျင့်ညီ၊ ပါရမီသာ၊ တစ်စောင်ပါ" ကြောင်း ဝန်ခံ ရေးသားတော်မူထားလေသည်။

သက္ကရာဇ် ၈ဝဝ-ပြည့်ခန့်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ တောင်းပန်သောကြောင့် ' ဗောဓိလုံးစုံ၊ ပွင်းဖူးငုံသား ' အစချီ ဓမ္မပါလပျို့ကိုလည်း ရေးသားစပ်ဆိုတော်မူခဲ့ပြန်ပါသည်။ သို့သော်လည်း ထိုပျို့ကို ပြီးစီးအောင် ရေးသားစပ်ဆိုခြင်း မပြုနိုင်ခဲ့ချေ။ ၁၇-ပိုဒ်မျှ ရေးသားစပ် ဆိုပြီးချိန်ဝယ် ဇာတိမူလ အခြေခံကျသူတို့ သဘာဝအတိုင်း တစ်ဘဝခန္ဓာဝန်ကို ရုပ်သိမ်းတော်မူ ခဲ့ရရှာပါသည်။ ဆရာတော် ပျံလွန်တော်မူသော သက္ကရာဇ်ကို ၈၈၂-ခုနှစ်ဟုလည်းကောင်း၊ ၈၈၂- ခုနှစ် ကျော်ကျော်ဟုလည်းကောင်း အမျိုးမျိုး ရေးသားကြသည်။ သက္ကရာဇ် ၈၈ဝ-ပြည်နှစ်၊ သက် တော် ၆၅-နှစ်၊ ဝါတော် ၄၅-ဝါအရတွင် ပျံတော်မူကြောင်းကိုကား ပညာရှင်အများအပြား လက်ခံထားခဲ့ကြပါသတည်း။

ဆရာတော် သျှင်မဟာသီလဝံသ ရေးသားပြုစုသော စာပေတို့ကို စုစည်းတင်ပြရသော် ပါရမီတော်ခန်းပျို့၊ တောင်းတွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ ဓမ္မပါလပျို့ ( ရေးသားဆဲ ပျံလွန်တော် မူသဖြင့် တပည့် ပုဂံဆရာတော်က ဆက်လက်ရေးသားရာ ၉၉၁-ခုနှစ်တွင် ပြီးသည်။) ကမ္ဘာလောင်ပျို့၊ တန်တားဦးမင်္ဂလာစေတီတော်မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ ရွှေနန်းကြော့ ရှင် နန်းဖွဲ့မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊(သျှိသျှားကန်ဘွဲ့မော်ကွန်းဟုလည်းခေါ်သည်၊) တိလောကဟု အစချီ ဆုံးမစာ၊ မွေးသမိခင်အစချီ ဆုံးမစာ၊ အသင်္ခါရိက Óဏသမ္ပယောအစချီ ဆုံးမစာ ( ၄င်းအချီပင် သျှင်မဟာရဋ္ဌသာရရေးလည်း ရှိသည်။) ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါဠိတော်နိသျ၊ ဆုံးမစာ စကားပုံ၊ ရတနာဗိမာန်ကျောင်းကျောက်စာ၊ ပေါရာဏကထာလင်္ကာဟောင်း၊ ဧကပိုဒ်ရတုများ၊ ရတုပိုဒ်စုံများ စသည်တို့ ဖြစ်ပေသည်။ [၂]

ကိုးကား

  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  2. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်

၁)ဒေါ်မြင့်မြင့်သန်း တည်းဖြတ်သော ပါရမီတော်ခန်းပျို့ နိဒါန်းမှ သျှင်မဟာသီလဝံသအတ္ထုပ္ပတ္တိ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ၊ မြန်မာစာပေသမိုင်း၊ ဆုံးမ စာပေါင်းချုပ်၊ ကဗျာသာရတ္ထသင်္ဂြိုဟ်၊ ကဝိလက္ခဏဒီပနီ၊ သာသနာလင်္ကာရစာတမ်း၊ မြန်မာ စကားပြေ လက်ရွေးစင်အဖြေ၊ ကဝိသေနင်္ဂဗျူဟာကျမ်း၊ ဦးဖိုးကျားမှတ်စု၊ ၁၉၆ဝ-ခု၊ ဧပြီလ ထုတ်၊ ယဉ်ကျေးမှုမဂ္ဂဇင်းမှ ' သံဝေဂခန်းပျို့ သျှင်မဟာသီလဝံသမရေး ' ဆောင်းပါး၊ ပိဋကတ် သမိုင်းစာတမ်း၊ ပေါရာဏကထာဋီကာ၊ ကန်တော်မင်းကျောင်းမေတ္တာစာအဖြေ၊

ကိုးကား

--ကိုရွက်ဝါ 15:33, 22 အောက်​တို​ဘာ​ 2008 (UTC)