ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅၄ - စာကြောင်း ၅၄ -
ပြည်တွင်းစစ်တွင်းနှင့် စစ်လွန်ကာလများတွင် [[အေဘရာဟမ် လင်ကွန်း|သမ္မတလင်ကွန်း]]၏ တောင်ပိုင်းပြန်လည်ထူထောင်ရေးမူကို ၄င်းအားဆက်ခံကြသည့် [[အင်ဒရူး ဂျွန်ဆင်|သမ္မတဂျွန်ဆင်]] နှင့် [[ယူလီဆီးစ် ဆင်ပဆန် ဂရန့်|သမ္မတဂရန့်]]တို့က အားကြိုးမာန်တက် ဖော်ဆောင်တည်ဆောက်ပေးခဲ့ကြသည်။ သိုသော် ဟေးစ်ကထိုဝါဒအား မထောက်ခံဘဲ စီမံကိန်းများကို ရပ်ဆိုင်းပစ်လိုက်သည်။ မလိုသူတို့က ကျွတ်ကျွတ်ညံအောင် ဝေဖန်ပြီး၊ လိုသူတို့က ချီးမွမ်းခန်းဖွင့် ကြသည့် လုပ်ဆောင်ချက်ဖြစ်သည်။ အမှန်အားဖြင့် ပြည်နယ်တစ်ခုတစ်လေမှ အစိုးရရိပ်သာနှင့် ကမ်းခြေပိုင်းဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းလောက်မျှသာ ကျန်ရှိတော့သည့်အချိန်ဖြစ်သည့်အတွက် ထိုသို့ရပ်ဆိုင်းလိုက်ခြင်းမှာ အပြစ်ဆိုဖွယ်ပြောပလောက်အောင် မရှိပေ။ ထို့ပြင် တောင်ပိုင်းတွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များကို ရုတ်သိမ်းမည့်အရေးလည်း ကျန်ရှိနေသေးသည်။ တောင်ပိုင်းရော၊ မြောက်ပိုင်းပါ တပ်ရုတ်သိမ်းရေးကို အလိုရှိနေသဖြင့် ဟေးစ်အနေဖြင့် တောင်ပိုင်းတွင်ကြီးစိုးနေသည့် ဒီမိုကရက်တစ်တို့ဖြင့် ညှိနှိုင်းကာ အာခံနေသော ပြည်နယ်နှစ်ခုမှ စင်ပြိုင်တည်ထောင်ထားသော ဒီမိုကရက်များအနေဖြင့် ရီပါပလီကန်အုပ်ချုပ်ရေးအရာရှိများနှင့် ထိုပြည်နယ်တွင်းရှိ လူမည်းများ၏ လုံခြုံရေးကို အာမခံစေသည်။ ကတိကဝတ်များလိုလိုလားလားပေးကြသော်လည်း အချိန်မကြာမီ လိုလိုလားလားပင် ပြန်လည်ဖောက်ဖျက်ကြသဖြင့် ဟေးစ်အနေဖြင့် အခက်အခဲတွေ့ရသည်။

==သပိတ်ကြီး==
ထိုတောင်ပိုင်းပြည်နယ်နှစ်ခုတို့တွင် ၁၈၇၇ရွေးကောက်ပွဲအရ ဒီမိုကရက်တစ်တို့ အာဏာရလာသည်။ များမကြာမီတွင် အမေရိကန်သမိုင်းတွင် အကြီးဆုံးဖြစ်သည့် သပိတ်ကြီးဖြစ်တော့သည်။ မီးရထား အလုပ်သမားများက တရားလွန် လုပ်ခလျော့ချခံရသည်ကို မကျေနပ်သဖြင့် မီးရထားလိုင်းတစ်ချို့မှ စတင်သပိတ်မှောက်ရာ အကြီးအကျယ်ပြန့်နှံ့သွားရသည်။ ထိုသပိတ်ကြီးသို့ တပြည်လုံးမှ လူကြီးလူငယ်မရွေး အလုပ်လက်မဲ့များက လက်တွဲပါဝင်ကြသည်။ မီးရထားလိုင်းပိုင်ရှင်များက သပိတ်ကို အင်အားသုံးဖြိုခွဲစေလိုသော်လည်း သမ္မတဟေးစ်က ငြင်းပယ်သည်။ ဥပေဒအရ ပြည်နယ်အစိုးရများနှင့် မြို့တော်ဝန်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တောင်းဆိုလာမှသာလျှင် ဗဟိုအစိုးရအနေဖြင့် လက်နက်ကိုင်တပ်များကို စေလွှတ်သည်။ သို့ရာတွင် ထိန်းသိမ်းခြင်းမျှသာဖြစ်ပြီး လက်နက်ဖြင့် ပစ်ခတ်ခွင့်မရှိပေ။ ကာလကြာသော် ရပ်တည်ရန် ရံပုံငွေမရှိ၊ ထောက်ပံ့မှုမရှိ၊ စားစရာပင်မရှိတော့သဖြင့် သပိတ်မှောက်သူများဖက်မှ လက်လျှော့ကာ သပိတ်လှန်လိုက်ကြသည်။

==ငွေကြေးပြဿနာ==
==ကိုးကား==
==ကိုးကား==
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း

၀၈:၅၇၊ ၅ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်
Rutherford Birchard Hays
၁၈၂၂-၁၈၉၃
ဖိုင်:Rutherford Birchard Hays.jpg
မွေးနေ့ ၄၊ အောက်တိုဘာ၊ ၁၈၂၂
မွေးရပ် ဒီလာဝဲ အိုဟိုင်းယိုးပြည်နယ်
ကွယ်လွန်နေ့ ၁၇၊ ဇန်နဝါရီ၊ ၁၈၉၃
ကွယ်လွန်ရပ် ဖရီးမောင့် အိုဟိုင်းယိုးပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၉ ဦးမြောက်သမ္မတ
အလုပ်အကိုင် ဗိုလ်မှုးကြီး၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၇၇-၄၊ မတ်၊ ၁၈၈၁
ဒုတိယ သမ္မတ ဝီလီယံ ဝှီးလား
လွှဲအပ်သူ ယူလီဆီးစ် ဆင်ပဆန် ဂရန့်
ဆက်ခံသူ ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်
နိုင်ငံသား ဖိုင်:USA.png အမေရိကန် နိုင်ငံ

လူသိနည်းသော သမ္မတတစ်ဦးအဖြစ် ဟေးစ်ကို မှတ်တမ်းတင်ကြသည်။ ဇနီးသည်၏ အားပေးမှုများကြောင့် ကျွန်စနစ်တိုက်ဖျက်ရေး ဝါဒီတစ်ဦးအဖြစ် တက်တက်ကြွစွာပါဝင်လာပြီး ရီပါပလီကန်ပါတီဝင် တစ်ဦးဖြစ်လာသည်။ ပြည်တွင်းစစ်ကာလက မြောက်ပိုင်းတပ်တွင် ဗိုလ်မှုးရာထူးဖြင့် ရွတ်ရွတ်ချွံချွံထမ်းဆောင်ရာ ဆိုးဆိုးဝါးဝါးတစ်ကြိမ် အပါအဝင် ငါးကြိမ်တိုင်တိုင် ဒဏ်ရာအနာတရ ရခဲ့ဖူးသည်။ တိုက်ပွဲကာလများတွင် မဆုတ်မနစ်တိုက်ခိုက်တတ်သူအဖြစ် နာမည်ကြီးသည်။ လေးနှစ်တာအတွင်း ဗိုလ်မှုးကြီးရာထူးသို့ တိုးမြှင့်ခံရပြီးနောက် တိုက်ပွဲများစွာကို အောင်နိုင်ကာ ဗိုလ်ချုပ်ရာထူးဖြင့် အငြိမ်းစားယူသည်။ ထိုနောက် လွှတ်တော်အမတ်အဖြစ် အရွေးကောက်ခံရသည်။

အောက်လွှတ်တော်တွင် ဟေးစ်သည် ရီပါပလီကန်တို့တင်သွင်းသည့် တောင်ပိုင်းဒေသများပြန်လည်ထူထောင်ရေးမူကို ထောက်ခံသည်။ မိသားစုနှင့် ခွဲခွာနေထိုင်ရသဖြင့် အဆင်မပြေသောကြောင့် အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှုးရာထူးအတွက် ပြန်သွားအရွေးခံရာ ၁၈၆၇ နှင့် ၁၈၆၉ တို့တွင် နှစ်ကြိမ်ဆက် အရွေးခံရသည်။ ၁၈၇၂တွင် နိုင်ငံရေးမှ အနားယူသည်။ သို့သော် ကြာကြာနားခွင့်မရလိုက်။ ၁၈၇၃တွင် ဖြစ်ပေါ်လာသည့် ငွေကြေးပြဿနာနှင့် ဂရန့်အစိုးရအဖွဲ့အတွင်း ခြစားမှုများကြောင့် ရီပါပလီကန်ပါတီ ဩဇာကျဆင်းလာပြီး ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီမှ အင်အားကောင်းလာသည်။ သို့ဖြင့် ၁၈၇၅တွင် ရီပါပလီကန်ပါတီက ဟေးစ်အား အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ် ထပ်မံ၍အရွေးခံစေသည်။ ထိုရွေးကောက်ပွဲတွင် ဟေးစ်က နှာတစ်ဖျားအသာဖြင့် အနိုင်ရကာ ပြည်နယ်အုပ်ချုပ်ရေးမှုး ဖြစ်ပြန်သဖြင့် ပါတီတွင်းတွင် သမ္မတလောင်းအဖြစ် အများက ရှုမြင်လာတော့သည်။ ၁၈၇၆ ပါတီညီလာခံတွင် ဟေးစ်ကို သမ္မတလောင်းအဖြစ် ရီပါပလီကန်ပါတီက သတ်မှတ်ကြေညာလိုက်သည်။

ရွေးကောက်ပွဲသည် တောင်ပိုင်းပြန်လည်တည်ဆောက်ရေးကို စိတ်ကုန်နေကြသည့် မြောက်ပိုင်းသားများ၊ အစိုးရအဖွဲ့၏ ခြစားမှုများ၊ အလုပ်လက်မဲ့ပြဿနာများ၊ ငွေးကြေးဖောင်းပွမှုများကြောင့် ရီပါပလီကန်ပါတီအတွက် မျက်နှာပန်းမလှသော ပွဲဖြစ်နေသည်။ အစောပိုင်းရလာဒ်များအရ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း တီလ်ဒင်က မဲအပြတ်အသတ်ဖြင့် အောင်နိုင်နေခဲ့သော်လည်း မဲရေတွက်မှုများ အဆုံးတွင်မူ ဟေးစ်က မဲအသာရမှုအနည်းငယ်ဖြင့် သမိုင်းတွင်သည့် ရလာဒ်ကို ရကာ သမ္မတဖြစ်လာသည်။

ပွတ်ကာသီကာဖြင့် သမ္မတဖြစ်လာသူ ဟေးစ်သည် ပြဿနာတစ်ပုံတစ်ပင်ဖြင့် ရင်ဆိုင်ရတော့သည်။ ငွေကြေးဖောင်းပွမှုကြောင့် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်ကာ လူအများကျပ်တည်းပြီး မကျေမနပ်ဖြစ်နေကြသည်။ အလုပ်သမားများအနေဖြင့်လည်း လုပ်အားခအရနည်းသဖြင့်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲတွင်းနက်လာကြသည်။ ပိုဆိုးသည်မှာ လူဝီစီယားနားပြည်နယ်နှင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့တွင် ဒီမိုကရက်တစ်များက စင်ပြိုင်အစိုးရများဖွဲ့ကာ တရားဝင်အုပ်ချုပ်နေသည့် ရီပါပလီကန်တို့အပေါ် အာခံနေခြင်းဖြစ်သည်။ ရီပါပလီကန်တို့အနေဖြင့် ရုံးနားတစ်ဝိုက်တွင်သာ အာဏာရှိတော့သည့် အဖြစ်နှင့် ကြုံလာရသည်။ တိုင်းပြည်ခေါင်းဆောင်ဖြစ်သော ဟေးစ်အနေဖြင့် ဝတ္တရားရှိသည်အတိုင်း လွှတ်တော်တွင် ကြီးစိုးနေသည့် ဒီမိုကရက်တစ်များနှင့် အုပ်ချုပ်ရေးပိုင်းတွင် နေရာရနေကြသော ရီပါပလီကန်တို့အကြားတွင် စေ့စပ်ဖြန်ဖြေပေးရသည်။ ငွေးကြေးဘဏ္ဍာရေးမှအစ် ကာကွယ်ရေးကိစ္စရပ်များအထိ အစွန်းနှစ်ဖက်ထွက်နေသော အဖွဲ့ကြီးနှစ်ဖွဲ့ကို ထိန်းကျောင်းရသည်မှာ အမှန်တော့ လွယ်ကူလှသော အလုပ်မဟုတ်ပေ။

ပြည်တွင်းစစ်တွင်းနှင့် စစ်လွန်ကာလများတွင် သမ္မတလင်ကွန်း၏ တောင်ပိုင်းပြန်လည်ထူထောင်ရေးမူကို ၄င်းအားဆက်ခံကြသည့် သမ္မတဂျွန်ဆင် နှင့် သမ္မတဂရန့်တို့က အားကြိုးမာန်တက် ဖော်ဆောင်တည်ဆောက်ပေးခဲ့ကြသည်။ သိုသော် ဟေးစ်ကထိုဝါဒအား မထောက်ခံဘဲ စီမံကိန်းများကို ရပ်ဆိုင်းပစ်လိုက်သည်။ မလိုသူတို့က ကျွတ်ကျွတ်ညံအောင် ဝေဖန်ပြီး၊ လိုသူတို့က ချီးမွမ်းခန်းဖွင့် ကြသည့် လုပ်ဆောင်ချက်ဖြစ်သည်။ အမှန်အားဖြင့် ပြည်နယ်တစ်ခုတစ်လေမှ အစိုးရရိပ်သာနှင့် ကမ်းခြေပိုင်းဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းလောက်မျှသာ ကျန်ရှိတော့သည့်အချိန်ဖြစ်သည့်အတွက် ထိုသို့ရပ်ဆိုင်းလိုက်ခြင်းမှာ အပြစ်ဆိုဖွယ်ပြောပလောက်အောင် မရှိပေ။ ထို့ပြင် တောင်ပိုင်းတွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များကို ရုတ်သိမ်းမည့်အရေးလည်း ကျန်ရှိနေသေးသည်။ တောင်ပိုင်းရော၊ မြောက်ပိုင်းပါ တပ်ရုတ်သိမ်းရေးကို အလိုရှိနေသဖြင့် ဟေးစ်အနေဖြင့် တောင်ပိုင်းတွင်ကြီးစိုးနေသည့် ဒီမိုကရက်တစ်တို့ဖြင့် ညှိနှိုင်းကာ အာခံနေသော ပြည်နယ်နှစ်ခုမှ စင်ပြိုင်တည်ထောင်ထားသော ဒီမိုကရက်များအနေဖြင့် ရီပါပလီကန်အုပ်ချုပ်ရေးအရာရှိများနှင့် ထိုပြည်နယ်တွင်းရှိ လူမည်းများ၏ လုံခြုံရေးကို အာမခံစေသည်။ ကတိကဝတ်များလိုလိုလားလားပေးကြသော်လည်း အချိန်မကြာမီ လိုလိုလားလားပင် ပြန်လည်ဖောက်ဖျက်ကြသဖြင့် ဟေးစ်အနေဖြင့် အခက်အခဲတွေ့ရသည်။

သပိတ်ကြီး

ထိုတောင်ပိုင်းပြည်နယ်နှစ်ခုတို့တွင် ၁၈၇၇ရွေးကောက်ပွဲအရ ဒီမိုကရက်တစ်တို့ အာဏာရလာသည်။ များမကြာမီတွင် အမေရိကန်သမိုင်းတွင် အကြီးဆုံးဖြစ်သည့် သပိတ်ကြီးဖြစ်တော့သည်။ မီးရထား အလုပ်သမားများက တရားလွန် လုပ်ခလျော့ချခံရသည်ကို မကျေနပ်သဖြင့် မီးရထားလိုင်းတစ်ချို့မှ စတင်သပိတ်မှောက်ရာ အကြီးအကျယ်ပြန့်နှံ့သွားရသည်။ ထိုသပိတ်ကြီးသို့ တပြည်လုံးမှ လူကြီးလူငယ်မရွေး အလုပ်လက်မဲ့များက လက်တွဲပါဝင်ကြသည်။ မီးရထားလိုင်းပိုင်ရှင်များက သပိတ်ကို အင်အားသုံးဖြိုခွဲစေလိုသော်လည်း သမ္မတဟေးစ်က ငြင်းပယ်သည်။ ဥပေဒအရ ပြည်နယ်အစိုးရများနှင့် မြို့တော်ဝန်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တောင်းဆိုလာမှသာလျှင် ဗဟိုအစိုးရအနေဖြင့် လက်နက်ကိုင်တပ်များကို စေလွှတ်သည်။ သို့ရာတွင် ထိန်းသိမ်းခြင်းမျှသာဖြစ်ပြီး လက်နက်ဖြင့် ပစ်ခတ်ခွင့်မရှိပေ။ ကာလကြာသော် ရပ်တည်ရန် ရံပုံငွေမရှိ၊ ထောက်ပံ့မှုမရှိ၊ စားစရာပင်မရှိတော့သဖြင့် သပိတ်မှောက်သူများဖက်မှ လက်လျှော့ကာ သပိတ်လှန်လိုက်ကြသည်။

ငွေကြေးပြဿနာ

ကိုးကား

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း