အယ်လ်ဂျီးရီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး robot Adding: rw:Aligeriya
စာကြောင်း ၁၉၉ - စာကြောင်း ၁၉၉ -
[[roa-rup:Algheria]]
[[roa-rup:Algheria]]
[[ru:Алжир]]
[[ru:Алжир]]
[[rw:Aligeriya]]
[[sa:अल्जीरिया]]
[[sa:अल्जीरिया]]
[[sah:Алжир]]
[[sah:Алжир]]

၀၀:၀၈၊ ၅ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

အယ်ဂျီးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံ
အယ်ဂျီးရီးယား
အယ်လ်ဂျီးရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
အယ်လ်ဂျီးရီးယားနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အယ်ဂျိုင်ယာမြို့
ရုံးသုံး ဘာသာစကားများအာရပ်
ပြင်သစ်
အမျိုးအစားသမ္မတတပိုင်း သမ္မတစနစ်
အစိုးရ
• သမ္မတ
Abdelaziz Bouteflika
• ဝန်ကြီးချုပ်
Ahmed Ouyahia
ဧရိယာ
• စုစုပေါင်း
၂,၃၈၁,၇၄၈ စတုရန်း ကီလိုမီတာ (၉၁၉,၅၉၅ စတုရန်းမိုင်) (အဆင့်: ၁၁)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ခန့်မှန်း
၃၄,၈၉၅,၀၀၀
• သိပ်သည်းမှု
၁၄.၆/km² (၃၇.၉/sq mi) (အဆင့် - ၂၀၄)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၂၅၂.၁၈၉ ဘီလီယံ
• Per capita
US $ ၄,၄၇၇
HDI၀.၆၇၇ (အမြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · ၈၄
ငွေကြေးအယ်ဂျီးရီးယား ဒိုင်နာ
အချိန်ဇုန်+၁
တယ်လီဖုန်းကုဒ်+၂၁၃
Internet TLD.dz

အယ်ဂျီးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသည် အာဖရိကတိုက်၏ အနောက်မြောက်ပိုင်း မြေထဲပင်လယ်ကမ်းခြေ ဆာဟာရသဲကန္တာရဒေသတွင် တည်ရှိသည်။ ဤနိုင်ငံသည် အာဖရိကတိုက်နှင့် ဥရောပတိုက်တို့အကြား ဝင်ထွက်သွားလာရာတွင် ပထဝီအနေအထား အရ တံခါးပေါက်သဖွယ် ဖြစ်နေပါသည်။

နိုင်ငံ၏ ငါးပုံလေးပုံမှာ ဆာဟာရသဲကန္တာရ ဖုံးလွှမ်းလျှက်ရှိသည်။ ပြည်သူအများစုသည် မြောက်ဘက်ကမ်းခြေတလျှောက်၌ နေထိုင်ကြသည်။ အများစုမှာ အာရပ်လူမျိုးများ ဖြစ်ကြ၏။ ၁၇ ရာစု နောက်ပိုင်း အာဖရိကကို အာရပ်များ တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုမီက ဤနိုင်ငံ၌ ဘာဘာလူမျိုးစုများ အခြေချနေထိုင်ကြသည်။ ထိုလူမျိုးများသည် အာရပ်လူမျိုးများ ဩဇာလွှမ်းမိုးမှုကို ခုခံတွန်းလှန်ရင်း တောတောင်ထူထပ်သည့် နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ဘာဘာလူမျိုးများ ဖြစ်ကြသည်။


သမိုင်းကြောင်း

၁၆ရာစုမှစ၍ တူရကီအော်တိုမန် အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော နိုင်ငံအား ၁၈၃၀ ပြည့်နှစ်တွင် ပြင်သစ်က သိမ်းပိုက်ခဲ့၏။ ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသားလွတ်မြောက်ရေး တပ်ဦး၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရာ ၁၉၆၂ ခုနှစ် တွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုလွတ်လပ်ရေး တိုက်ပွဲအတွက် ပြည်သူတစ်သန်းကျော်မျှ အသက်ပေးရင်းနှီးခဲ့ရသည်ဟု ဆို၏။


နိုင်ငံရေး

၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတအဖြစ် အာမက်ဘင်ဘဲလားအား ရွေးချယ်တင်မြှောက်သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတ ဘင်ဘဲလားအား ဗိုလ်မှုးကြီး ဘူပီဒီယင်းက ဖြုတ်ချအာဏာသိမ်းခဲ့သည်။ ၁ဝနှစ်ကြာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ၁၉၇၆ ခုနှစ်၌ ပြဌာန်းကာ ဆိုရှယ်လစ်စနစ်အား အကောင်ထည်ဖော်ရန် ရည်မှန်းခဲ့သည်။ ဆိုရှယ်လစ် စနစ်သစ်တွင် လွတ်လပ်ရေးတိုက်ပွဲ၌ ဦးဆောင်ခဲ့သော အမျိုးသားလွတ်မြောက်ရေးတပ်ဦးသည် နိုင်ငံ၏ တစ်ခုတည်းသော ပါတီဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဘူပီဒီယင်း ကွယ်လွန်သောအခါ ဗိုလ်မှုးကြီး ဘင်ဂျီဒစ် တက်လာသည်။

၁၉၈၆ခုနှစ်တွင် ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာတို့အပြင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများ ကျဆင်းမှုတို့ကြောင့် သပိတ်တိုက်ပွဲများ၊ ကန့်ကွက်ဆန္ဒပြ အကြမ်းဖက်မှုများ ပေါ်ပေါက်လာသည်။ ၁၉၈၉ ခုနှစ်တွင် တစ်ပါတီစနစ် ဖျက်သိမ်းပေးရသည်။ နိုင်ငံသည် သွေးကြောင်းစီး ပြည်တွင်းစစ် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရ၏။

ဖိုင်:Algeria President.JPG
သမ္မတ ဘူတီဖလီကား

၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရာ အစ္စလမ္မစ် ကယ်တင်ရေးတပ်ဦး (အက်ဖ်အိုင်အက်စ်) က အနိုင်ရသည်။ သို့သော် ၁၉၉၂ ဇန်နဝါရီလ ၄ ရက်တွင် သမ္မတအမိန့်ဖြင့် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး တဆက်တည်းပင် ဇန်နဝါရီလ ၁၁ ရက်တွင် သမ္မတ ဘင်ဂျီဒစ် ရာထူးမှ နှုတ်ထွက်သည်။ အာဏာကို မိုဟာမက် ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါဝင်သော နိုင်ငံတော် ကောင်စီကလွှဲယူခဲ့သည်။ ထိုနှစ်ထဲ၌ပင် မိုဟာမက်လုပ်ကြံခံရပီး အကြမ်းဖက်မှုများ တိုးပွားလာ၏။ ၁၉၉၄ ခုနှစ်တွင် မိုဟာမက်နေရာအား အငြိမ်းစား ဗိုလ်မှုးကြီး ဇေရိုးအယ်အား ခန့်အပ်သည်။ ၁၉၉၈ ခုနှစ်တွင် သမ္မတ သက်တမ်းကို လျှော့ပီး သမ္မတရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဇေရိုးအယ်က ကြေငြာခဲ့၏။

၁၉၉၉ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘူတီဖလီကား သမ္မတအဖြစ်ရွေးချယ်ခံရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ဒုတိယ သက်တမ်းအတွက် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ သမ္မတ ဘူတီဖလီကားသည် လွတ်လပ်ရေးတွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သူ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ၁၆ နှစ်ကြာဆောင်ရွက်ခဲ့သော အတွေ့အကြုံရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

အသေးစိတ်လေ့လာရန် - [၁]