အောင်ဗလ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၀ - စာကြောင်း ၂၀ -

(၁၀)နှစ်သားအရွယ်ခန့်မှစ၍ ဇာတ်သဘင်လောကသို့ဝင်ကာ မိခင်အား လုပ်ကျွေးပြုစုသည်။ ဆင်ဖြူကျွန်းမြို့တခွင် ကျေးရွာစဉ်များမှ ဘုရားပွဲ၊ နတ်ပွဲ၊ အလှူပွဲများတွင် အောင်ဗလမပါလျှင် ပွဲမဖြစ်သလောက်ပင် လူကြိုက်များခဲ့သည်။

ကဏ္ဍများ
ပင်မစာမျက်နှာမြန်မာ့ရေးရာနိုင်ငံတကာဆောင်းပါးအားကစားကုန်သွယ်စီးပွားဗီဒီယိုများ
အတို့အဆိတ်ခေတ်ကိုစတဲ့ ယောက်ျားမင်းသမီး မယ်အောင်ဗလ
ဘိုဘို
ဘီဘီစီမြန်မာပိုင်း
၁၇ အောက်တိုဘာ ၂၀၁၉
burma
ဓာတ်ပုံ ရင်းမြစ်, LUDU
ယောက်ျားမင်းသမီး မယ်အောင်ဗလ မရှိတာ အနှစ်တရာကျော်ပါပြီ။ သူဝင်စားတယ်လို့ ယူဆကြတဲ့ မိန်းမမင်းသမီး ဗလပြန်လည်း ၁၉၈၇ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့နာမည်ကို ယူပြီး စာရေးခဲ့တဲ့ ကြေးမုံဦးသောင်းခေါ် အောင်ဗလလည်း ၂ဝဝ၈ က ဆုံးပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ အောင်ဗလမုန့်ဆိုပြီး သူ့နာမည်အစွဲပြုတဲ့မုန့်တမျိုး ကျန်ရစ်ခဲ့သလို အရင်ခေတ်က မန္တလေး သံဖြူတန်းမှာ သစ်သားရောင် ဆေးသုတ်ထားတဲ့ သံဖြူသေတ္တာကို အောင်ဗလသေတ္တာဆိုပြီး ခေါ်တယ်လို့ မြန်မာ့စွယ်စုံကျမ်း က ရေးပါတယ်။

အောင်ဗလဟာ ရှားရှားပါးပါး ယောက်ျားက မိန်းမအသွင် ယူပြီး ကခဲ့လို့ နာမည်ကြီးခဲ့တာသာမက မိန်းမနဲ့တူအောင် သရုပ်ဆောင်ခဲ့လို့လည်း ကျော်ကြားခဲ့ပါတယ်။ ဒီလို ယောက်ျားက မိန်းမလို ကတာဟာ ဆရာပု၊ ဦးဖူးညို စတဲ့ ရုပ်သေး မင်းသမီး ဆရာကြီးတွေရဲ့ အမွေကို ဆက်ခံတယ် ဆိုနိုင်သလို ယဉ်ကျေးမှုမှာ တီထွင်ဆန်းသစ်မှု တခု ဖြစ်ပါတယ်။

သူ့အရင် သီပေါမင်းတက်တဲ့ အချိန်က ကိုစိန်ဒိုင်ဆိုတဲ့ ယောက်ျားမင်းသမီးတယောက် ပေါ်ခဲ့ဖူးပေမယ့် နာမည်ကြီးပြီး ကျန်ခဲ့တာတော့ မြန်မာသဘင်မှာ အောင်ဗလတယောက်ပဲ ရှိပါတယ်။

burma
ဓာတ်ပုံ ရင်းမြစ်, CHASINGCHINTHES.COM
ဓာတ်ပုံ ပုံစာ,
အောင်ဗလနဲ့ စိန်တင် ပို့စကဒ်ထုတ်ခဲ့

မြန်မာဇာတ်သဘင်မှာ အသက်ရှင်တုန်းရော မရှိတဲ့နောက်ရော ကျော်ကြားကျန်ရစ်ခဲ့တဲ့ အနုပညာသည်ဆိုလို့ ဆိုင်းဆရာကြီး စိန်ဗေဒါ၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန်နဲ့ ယောက်ျားမင်းသမီး မယ်အောင်ဗလတို့သာ ရှိတယ်လို့လည်း လူထုဒေါ်အမာက ၁၉၆၇ က ထုတ်တဲ့ အောင်ဗလ ဖိုးစိန် စိန်ကတုံး စာအုပ်မှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်က ဇာတ်မင်းသား ရွှေမန်းတင်မောင် အသက်ရှိဆဲ ကနေဆဲ ဖြစ်ပါတယ်။

အမေနဲ့စျေးရောင်းခဲ့ရ
အောင်ဗလကို ၁၈၈၃ ခုနှစ်က မြန်မာပြည်အလယ်ပိုင်းက ဆင်ဖြူကျွန်းမြို့မှာ မွေးပြီး ငယ်စဉ်က ဆင်းရဲလို့ အမေနဲ့ စျေးလိုက်ရောင်းရပါတယ်။ ကလေးဘဝကတည်းက သူများသနားအောင် ပြောတတ်လို့ စျေးရောင်းကောင်းတယ်လို့ အဆို ရှိပါတယ်။ ငယ်နာမည် အောင်ဘကနေ ဘုန်းကြီးပေးတဲ့ အောင်ဗလနာမည်ယူပြီး ဘုန်းကြီးပျံဇာတ်မှာ မင်းသမီးလုပ်ရာကနေ နာမည်ထွက်လာတာပါ။

burma
ဓာတ်ပုံ ရင်းမြစ်, MYANMAR HISTORICAL ARCHIVE
ဓာတ်ပုံ ပုံစာ,
မထွေးလေးဆီ တပည့်ခံခဲ့

ပညာစုံအောင် မန္တလေးတက်ပြီး နာမည်ကျော် မထွေးလေးဆီမှာ ဖိုးစိန်နဲ့အတူ အကသင်ပါတယ်။ သူ့သဘင်ဘဝမှာ မိန်းမမင်းသမီးတွေထက် ထူးခြားပြီး အက၊ အဆိုနဲ့ အမူအရာမှာ အောင်ဗလရယ်လို့ တွင်ကျန်ရစ်အောင် ထွန်းပေါက် ခဲ့ပါတယ်။ သူ့အသံက နှာသံပါပြီး မခို့တရို့ဆိုတတ် ပြောတတ်လို့ ပရိသတ်က အလွန်စွဲခဲ့တာပါ။ အငို အနွဲ့ အချွဲမှာ မိန်းမတွေ လိုက်မမီလို့ အဆိုတော် ဒေါ်ကြည်အောင်က ဦးအောင်ဗလရဲ့ အမူအရာတွေရယ် ခုကာလထက် နွဲ့တယ်နွဲ့တယ် လို့ အောင်ဗလအလွမ်းပြေ သီချင်း မှာ ဆိုခဲ့ဖူးပါတယ်။

တုတ်ကြိုးအက၊ စည်းသုံးကြိုး ဝါးသုံးကြိုးအကတွေကို အောင်ဗလထွင်ခဲ့ပါတယ်။ သူ ထဘီအနားကို ဆန်ကောဝိုင်းဝိုင်းပြီး ညီညီညာညာ ပြန့်ဝဲနေအောင် ဝိုင်းကတာဟာ ကြည့်ဖူးသူတွေ မျက်စိထဲ စွဲကျန်ရစ်ခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။ ကလေးမွေးတဲ့အခန်းကို သရုပ်ဆောင်ရင် တကယ်မွေးတဲ့သူကို မရမက ချောင်းကြည့်၊ လေ့လာပြီးမှ ကတယ်လို့လည်း ဆိုပါတယ်။

burma
ဓာတ်ပုံ ရင်းမြစ်, CHASINGCHINTHES.COM
ဓာတ်ပုံ ပုံစာ,
ကိန္နရီအသွင် အောင်ဗလ

အောင်ဗလနဲ့ တင်တုရင်တု
အောင်ဗလဟာ လည်စလုတ်ထွက်ပြီး နှာခေါင်းကြီးပေမယ့် သူကရင် အဲဒါတွေအကုန်ပျောက်ပြီး ပွဲကြည့်က သူ့ကို မိန်းမလို့ပဲ မြင်လာစေ တာပါ။ အဲဒီခေတ်က မိန်းမတွေ ပြင်သလိုပဲ ရင်ကိုမောက်အောင် တင်းအောင် ကြိုးထိုးကိုယ်ကျပ် အင်္ကျီထဲ လက်ကိုင်ပုဝါနှစ်ထည်ထည့်၊ အောက်ခံဘောင်းဘီပေါ်မှာ ယောလုံချည်ကို အထပ်ထပ်ခေါက်ပြီး ကြိုးစည်းဝတ်ပါတယ်။

အသားညိုစိမ့်စိမ့်နဲ့ အရပ်သေးသေးပျပ်ပျပ်မှာ မျက်လုံး မျက်ခုံးလှတဲ့အပြင် ပြင်တာဆင်တာလည်း ဝါသနာ ပါတဲ့အတွက် မင်းသမီး အဖြစ် အောင်မြင်ခဲ့တာပါ။ ပြီးတော့ အောင်ဗလရဲ့ တဆစ်ချိုး မျက်ခုံးမျိုးလည်း အဲဒီခေတ် အမျိုးသမီး တွေကြား ခေတ်စားခဲ့ပါတယ်။

လေဘာတီမောင်ကလေးလို့ မန္တလေးကခေါ်တဲ့သူ
မန္တလေးသဘင်ရဲ့ အကမိခင် မင်းသမီး မထွေးလေး
အောင်ဗလ ဆံပင်က တံကောက်ကွေးထိရောက်အောင် ရှည်ပါတယ်။ ပွဲခင်းထဲမှာ သူထွက်လာရင် ထဘီစကို လက်တဘက်ကဆွဲပြီး ပုဝါနဲ့ ယပ်တောင်ကို နောက်တဘက်က ဆုပ်ကိုင်ကာ ကပိုကရိုထွက်လာတတ်ပါတယ်။ ရှစ်ရတီလောက်ရှိတဲ့ စိန်နားကပ်ကို ဝတ်ပြီး ဇာပုဝါပါးကိုခြုံ၊ ခြေတဆတ်ဆတ် မေးတဆတ်ဆတ်နဲ့ အချက် ၅ဝ လောက် လှုပ်ကရင် သူမတူအောင် ကောင်းတယ်လို့ သိရပါတယ်။ လက်ကောက်၊ လက်စွပ်စတဲ့ လက်ဝတ်လက်စားတွေလည်း ဝတ်ပါတယ်။

အဲဒီခေတ်က မြန်မာယောက်ျားတွေမှာ အနေအထိုင်သိမ်မွေ့တာ ခေတ်စားတဲ့အတွက် အောင်ဗလရဲ့ နဂို နူးညံ့မှုဟာ တခြားယောက်ျားတွေနဲ့ တယ်ပြီး မထူးခြားလှဘူးလို့လည်း လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ လူက မင်းသားလိုပဲလို့ အပြောခံရတာကို ဂုဏ်ယူကြပြီး မြန်မာအထက်တန်းနဲ့ အလတ်တန်းစား ယောက်ျားတွေ ကျားကျားလျားလျားဖြစ်အောင် အင်္ဂလိပ်ခေတ်ကုန်ခါနီးကမှ အတင်းပညာပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

burma
ဓာတ်ပုံ ရင်းမြစ်, မြန်မာ့စွယ်စုံကျမ်း
ဓာတ်ပုံ ပုံစာ,
မိန်းမမင်းသား ဒေါ်ကျော်ဗလ

မြန်မာပြည်မှာ အိုးစည်စိန်ဆင်စတဲ့ ယောက်ျားလိုဝတ်ပြီး အိုးစည်တီးကတဲ့ မိန်းမမင်းသမီးတွေ ရှိခဲ့သလို ကျော်ဗလဆိုတဲ့ ယောက်ျားလိုဝတ်ကတဲ့ မင်းသမီးလည်း အောင်ဗလ ကွယ်လွန်ချိန်မှာ ပေါ်ခဲ့ပါတယ်။ မင်းသမီး ယောက်ျား ယောင်ဆောင်ရတဲ့ အခန်းတွေမှာ ဒေါ်ကျော်ဗလ ကျွမ်းကျင်လှတယ်လို့ သိရပါတယ်။ အရပ်ယိမ်းတွေမှာ မိန်းကလေးတွေ ယောက်ျားလို ဝတ်ပြီး မင်းသားက ကတာကတော့ ခုထိ တွေ့နိုင်ပါတယ်။

China
ဓာတ်ပုံ ရင်းမြစ်, PALM/RSCH
ဓာတ်ပုံ ပုံစာ,
တရုတ် ယောက်ျားမင်းသမီး မေ့လန်ဖန်း

နိုင်ငံတကာမှာလည်း အောင်ဗလလိုပဲ ယောက်ျားက မင်းသမီးလို သရုပ်ဆောင်သူတွေ ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ စင်ပေါ်တက် ဖျော်ဖြေတာကို ခွင့်မပြုတဲ့ ဂျပန်က ကာဘူကီဇာတ်ကြီးတွေမှာပါ။ တရုတ်ပြည်က ပီကင်းအော်ပရာမှာလည်း မေ့လန်ဖန်းလို ထင်ရှားတဲ့ ယောက်ျားမင်းသမီး ရှိပါတယ်။

ဖိုးစိန်နဲ့ အတို့အဆိတ်

အောင်ဗလနဲ့တွဲခဲ့တဲ့ မင်းသား တဒါဇင်ကျော်ထဲမှာ ဖိုးစိန်နဲ့ သူနဲ့အတွဲက အထင်ရှားဆုံး ဖြစ်ပါတယ်။ နာမည်ကြီးမင်းသား စိန်ကတုံးနဲ့လည်း တွဲဖူးပါတယ်။ အောင်ဗလကို ဖိုးစိန်က သူနဲ့ရွယ်တူပေမယ့် ဆရာကိုဗလလို့ ခေါ်ပါတယ်။ သူတို့ နှစ်ယောက်လက်ထက် မြန်မာဇာတ်သဘင်ကို နိုင်ငံခြားက လာကတဲ့ ဖာရစီဇာတ်တွေနဲ့အပြိုင် ခမ်းနားအောင် ပြင်ဆင်တိုးချဲ့ခဲ့ကြသလို ပုဝါတကမ်း လက်တကမ်း ကတဲ့ခေတ်ကနေ အတို့အဆိတ်တွေ စပြီး ပါလာခဲ့ပါတယ်။

မင်းသမီးက ယောက်ျားမှန်း သိရက်နဲ့ တို့တာဆိတ်တာတွေ လုပ်တော့ ပရိသတ်က သဘောကျပါတယ်။ အဲဒီည ရန်ကုန်သံစျေးရုံမှာ အတို့အဆိတ်တွေ ပွဲထဲမှာ ပထမဆုံး စလုပ်တော့ လူတယောက် ပြတင်းပေါက်က နောက်လန်ကျအောင် ရယ်လို့ ဇက်ကျိုးသေခဲ့ဖူးပါတယ်။

burma
ဓာတ်ပုံ ရင်းမြစ်, LUDU
ဓာတ်ပုံ ပုံစာ,
၁၉၆၇ က အောင်ဗလတို့အကြောင်း ရေးတဲ့စာအုပ်

အောင်ဗလနဲ့ ဖိုးစိန်တွဲတဲ့ခေတ်က အောင်ဗလကို ယောက်ျားပရိသတ်ကော မိန်းမပရိသတ်ပါ ကြိုက်ပါတယ်။ ဖိုးစိန်ကိုတော့ မိန်းမတွေက ကြိုက်ပြီး ယောက်ျားတွေက မုန်းတယ်လို့ ဆိုပါတယ်။ နောက် အောင်ဗလကို ယောက်ျားမှန်းသိရက်နဲ့ ကြိုက်လို့ လိုက်ပိုးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အောင်ဗလမှာ မိန်းမရှိပြီး သူကိုယ်တိုင် ကြိုက်လို့ တောင်းရမ်း ယူခဲ့တာပါ။

အောင်ဗလနဲ့ ဖိုးစိန် တွဲဖက်ကခဲ့ကြတဲ့အထဲက ကာကဝလ္လိယဇာတ် က နာမည်ကြီးပြီး ၁၉ဝ၉ ခုနှစ်က ဓာတ်ပြားသွင်းခဲ့ပါတယ်။ ဒီဇာတ်ဓာတ်ပြားမှာ မင်းသမီးက စိတ်ဆိုးနေတဲ့ ယောက်ျားကို ကြောက်ကြောက်နဲ့ တော်လို့ ထူးတဲ့အသံဟာ တော်နဲ့ တော့ကြားက တော့်ဆိုတဲ့အသံမျိုးလို့ ဒီဓာတ်ပြားကို နားထောင်ဖူးတဲ့ လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ နောက် အောင်ဗလနဲ့ ဖိုးစိန် စုံတွဲသီချင်းတပုဒ်ထဲက တောလမ်းခရီးမှာ မင်းသမီးက မလှမ်းနိုင်လို့ ဆိုတဲ့ သီချင်းက စာသားတွေ ဟာလည်း နှစ်ခွ အဓိပ္ပာယ်ထွက်တယ်လို့ ပြောကြပါတယ်။

ခြေဖဝါးဆူးစူးလို့ မင်းသမီးက အော်တဲ့အခါ အလယ်လယ် နာတယ် နာတယ်၊ နှုတ်ပါအုံး နှုတ်လှည့်ပါအုံး စတဲ့ စကားပြောတွေ ထည့်ပြီး စပ်လို့ နာမည်ကြီးခဲ့တာပါ။

အောင်ဗလက အပြာရောင်ကို ကြိုက်သူဖြစ်လို့ စစ်မဖြစ်ခင်က အပြာရောင်ကို အောင်ဗလသွေး အောင်ဗလရောင် ခေါ်တယ်လို့လည်း သိရပါတယ်။ အောင်ဗလပန်းဆိုတဲ့ စက္ကူပန်းအပြာရောင်တမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဇာတ်ထွက်ရင် ထဘီ၊ ပုဝါ၊ စည်းကြိုးနဲ့ ပန်းကအစ အပြာရောင် တရောင်တည်း ဝတ်ပြီး ကတဲ့အဆင်အပြင်ကို အောင်ဗလ စခဲ့တယ် ဆိုပါတယ်။

burma
ဓာတ်ပုံ ရင်းမြစ်, LUDU
ဓာတ်ပုံ ပုံစာ,
မင်းသားအသွင်နဲ့ အောင်ဗလ

၁၉၁၃ က မန္တလေးမှာ အောင်ဗလဆုံးတဲ့အချိန်မှာတော့ အမြောက်ပစ်ဖောက်ပြီး အခမ်းနားဆုံး ဧည့်မသာအဖြစ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။ သူ့အလောင်းကိုလည်း သူကခဲ့တဲ့ မောင်မစ္စကဇာတ် ထဲကလိုပဲ ယောက်ျားတလှည့် မိန်းမတလှည့် ပြင်ပေးထားပါတယ်။

အဲဒီ စျာပနမှာ အောင်ဗလကို မိန်းမပရိသတ်က လွမ်းတာကို မကျေနပ်တဲ့ ကာလသားတွေနဲ့ မိန်းမတွေ အပြန်အလှန် ဆဲရေးစပ်ဆိုတဲ့ တေးထပ်တွေလည်း ကျန်ရစ်ခဲ့ပါတယ်။ သူ့ဆရာ မင်းသမီး မထွေးလေးကတော့ ပွဲကရင်း တပည့်ကို လွမ်းကြောင်း သီချင်းစပ်ငိုလို့ ပရိသတ်တွေပါ ငိုခဲ့ရပါတယ်။

အောင်ဗလမရှိတဲ့နောက် ကျော်ဗလ၊ ဆယ်ဗလ၊ ဗလခင်၊ ဗလကြင်၊ အောင်စီဗလ၊ စိန်ဗလနဲ့ ဗလစိန် စတဲ့ မင်းသမီး မင်းသားတွေ ပေါ်ခဲ့သလို သူဝင်စားတယ်ဆိုတဲ့ ဗလပြန်လည်း ဒုတိယကမ္ဘာစစ် စစ်ကြီးမဖြစ်ခင်နဲ့ စစ်ပြီးခေတ်မှာ ထင်ရှားခဲ့ပါတယ်။

နာမည်ကျော် ဇာတ်မင်းသမီး ပဲခူးမယ်ကျော့ဟာလည်း အောင်ဗလတပည့် ဖြစ်ပြီး ဆရာမူသလို မူပြတတ်ပါတယ်။

နောက် အောင်ဗလ ခေတ်ကောင်းစဉ်က ပျဉ်းမနားမြို့မှာ ညဇာတ်ကအပြီး မနက်ကျတော့ သူ့ကို မိန်းမလိုဝတ်ပြီး သက်သက် စျေးထဲမှာ ရုံသွင်းပြခဲ့ဖူးပါတယ်။ ဒါကိုလည်း လူတွေက အားပေးကြတယ်လို့ သိရပါတယ်။

== သဘင်သည်ဘဝ ==
== သဘင်သည်ဘဝ ==

၁၇:၃၀၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ ရက်နေ့က မူ

အောင်ဗလ
၁၉၅၀-ခုနှစ်က မင်းသမီးဝတ်စုံနဲ့ တွေ့မြင်ရသော မင်းသားကြီး အောင်ဗလ
မွေးဖွားအောင်ဗလ
(၁၈၈၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၈)ဖေဖော်ဝါရီ ၁၈၊ ၁၈၈၃
မကွေးတိုင်းဆင်ဖြူကျွန်းမြို့
ကွယ်လွန်နိုဝင်ဘာ ၂၂၊ ၁၉၁၃(၁၉၁၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၂) (အသက် ၃၀)
အလုပ်အကိုင်သဘင်ပညာရှင်
ကျော်ကြားမှုအရင်းခံယောက်ျားမင်းသမီး မယ်အောင်ဗလ
မိဘ(များ)ဦးလူကြီးနှင့် ဒေါ်မယ်ပွင့်

ယောက်ျားမင်းသမီး ဦးအောင်ဗလခေါ် မယ်အောင်ဗလသည် မြန်မာဇာတ်သဘင်လောကတွင် အထူးပင် အတုယူလေးစားခြင်းခံရသော ပြည်သူ့ အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်သည်။

အောင်ဗလကို မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိသော ဆင်ဖြူကျွန်းမြို့ မြောက်ပိုးတန်းရပ်ကွက်တွင် (၁၂၄၄)ခုနှစ် တပေါင်းလဆန်း (၁၃) ရက် တနင်္ဂနွေနေ့ နံနက် တစ်ချက်တီးအချိန်တွင် ဖွားမြင်သည်။ ဖခင်မှာ ကန်တော်ရွာသား ရုပ်သေးဆရာ ဦးလူကြီးဖြစ်၍ အမိမှာ ဒေါ်မယ်ပွင့် ဖြစ်သည်။ ဦးလူကြီးနှင့် ဒေါ်မယ်ပွင့်တို့တွင် သားကြီးကိုစံထွန်းဦး၊ သမီး မသင်းအုံ၊ မသင်းပုံတို့ကို ဖွားမြင်ပြီးနောက် သားငယ်အောင်ဗလကို ဖွားမြင်သည်။

ငယ်ဘဝ

အောင်ဗလ ခြောက်နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးလူကြီး ကွယ်လွန်သဖြင့် မိခင်ဖြစ်သူက ဆား၊ ငါးပိ စသည့် ရောင်းဝယ်လုပ်ကိုင်၍ သားဖြစ်သူကို ကြီးပြင်းအောင်မွေးမြူလေသည်။ သားငယ်အောင်ဗလအား အရွယ်ရောက်သော် ဘုန်းကြီးကျောင်းသို့ပို့အပ်၍ စာပေသင်ကြားစေသည်။ အောင်ဗလသည် အတီးအမှုတ် အကအခု ဝါသနာပါသည့် အလျောက် ကျောင်းသားဘဝကပင် ဂီတနှင့် သဘင်ပညာကို လိုက်စားခဲ့လေသည်။ ဦးလေးတော်သူ အရပ်သားဦးထွန်းဝထံတွင် ဗုံရှည်နှစ်လုံးအတီးသင်၊ အကသင်၍ အရပ်ယိမ်းများတွင် ပါဝင်ကပြလေ့ရှိသည်။ ဆရာဘုန်းတော်ကြီး ဦးလင်္ကာထံတွင် အပြေအဆို အငိုမှအစ လေ့လော သင်ကြား လိုက်စားခဲ့သည်။

(၁၀)နှစ်သားအရွယ်ခန့်မှစ၍ ဇာတ်သဘင်လောကသို့ဝင်ကာ မိခင်အား လုပ်ကျွေးပြုစုသည်။ ဆင်ဖြူကျွန်းမြို့တခွင် ကျေးရွာစဉ်များမှ ဘုရားပွဲ၊ နတ်ပွဲ၊ အလှူပွဲများတွင် အောင်ဗလမပါလျှင် ပွဲမဖြစ်သလောက်ပင် လူကြိုက်များခဲ့သည်။ ကဏ္ဍများ ပင်မစာမျက်နှာမြန်မာ့ရေးရာနိုင်ငံတကာဆောင်းပါးအားကစားကုန်သွယ်စီးပွားဗီဒီယိုများ အတို့အဆိတ်ခေတ်ကိုစတဲ့ ယောက်ျားမင်းသမီး မယ်အောင်ဗလ ဘိုဘို ဘီဘီစီမြန်မာပိုင်း ၁၇ အောက်တိုဘာ ၂၀၁၉ burma ဓာတ်ပုံ ရင်းမြစ်, LUDU ယောက်ျားမင်းသမီး မယ်အောင်ဗလ မရှိတာ အနှစ်တရာကျော်ပါပြီ။ သူဝင်စားတယ်လို့ ယူဆကြတဲ့ မိန်းမမင်းသမီး ဗလပြန်လည်း ၁၉၈၇ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့နာမည်ကို ယူပြီး စာရေးခဲ့တဲ့ ကြေးမုံဦးသောင်းခေါ် အောင်ဗလလည်း ၂ဝဝ၈ က ဆုံးပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ အောင်ဗလမုန့်ဆိုပြီး သူ့နာမည်အစွဲပြုတဲ့မုန့်တမျိုး ကျန်ရစ်ခဲ့သလို အရင်ခေတ်က မန္တလေး သံဖြူတန်းမှာ သစ်သားရောင် ဆေးသုတ်ထားတဲ့ သံဖြူသေတ္တာကို အောင်ဗလသေတ္တာဆိုပြီး ခေါ်တယ်လို့ မြန်မာ့စွယ်စုံကျမ်း က ရေးပါတယ်။

အောင်ဗလဟာ ရှားရှားပါးပါး ယောက်ျားက မိန်းမအသွင် ယူပြီး ကခဲ့လို့ နာမည်ကြီးခဲ့တာသာမက မိန်းမနဲ့တူအောင် သရုပ်ဆောင်ခဲ့လို့လည်း ကျော်ကြားခဲ့ပါတယ်။ ဒီလို ယောက်ျားက မိန်းမလို ကတာဟာ ဆရာပု၊ ဦးဖူးညို စတဲ့ ရုပ်သေး မင်းသမီး ဆရာကြီးတွေရဲ့ အမွေကို ဆက်ခံတယ် ဆိုနိုင်သလို ယဉ်ကျေးမှုမှာ တီထွင်ဆန်းသစ်မှု တခု ဖြစ်ပါတယ်။

သူ့အရင် သီပေါမင်းတက်တဲ့ အချိန်က ကိုစိန်ဒိုင်ဆိုတဲ့ ယောက်ျားမင်းသမီးတယောက် ပေါ်ခဲ့ဖူးပေမယ့် နာမည်ကြီးပြီး ကျန်ခဲ့တာတော့ မြန်မာသဘင်မှာ အောင်ဗလတယောက်ပဲ ရှိပါတယ်။

burma ဓာတ်ပုံ ရင်းမြစ်, CHASINGCHINTHES.COM ဓာတ်ပုံ ပုံစာ, အောင်ဗလနဲ့ စိန်တင် ပို့စကဒ်ထုတ်ခဲ့

မြန်မာဇာတ်သဘင်မှာ အသက်ရှင်တုန်းရော မရှိတဲ့နောက်ရော ကျော်ကြားကျန်ရစ်ခဲ့တဲ့ အနုပညာသည်ဆိုလို့ ဆိုင်းဆရာကြီး စိန်ဗေဒါ၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန်နဲ့ ယောက်ျားမင်းသမီး မယ်အောင်ဗလတို့သာ ရှိတယ်လို့လည်း လူထုဒေါ်အမာက ၁၉၆၇ က ထုတ်တဲ့ အောင်ဗလ ဖိုးစိန် စိန်ကတုံး စာအုပ်မှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်က ဇာတ်မင်းသား ရွှေမန်းတင်မောင် အသက်ရှိဆဲ ကနေဆဲ ဖြစ်ပါတယ်။

အမေနဲ့စျေးရောင်းခဲ့ရ အောင်ဗလကို ၁၈၈၃ ခုနှစ်က မြန်မာပြည်အလယ်ပိုင်းက ဆင်ဖြူကျွန်းမြို့မှာ မွေးပြီး ငယ်စဉ်က ဆင်းရဲလို့ အမေနဲ့ စျေးလိုက်ရောင်းရပါတယ်။ ကလေးဘဝကတည်းက သူများသနားအောင် ပြောတတ်လို့ စျေးရောင်းကောင်းတယ်လို့ အဆို ရှိပါတယ်။ ငယ်နာမည် အောင်ဘကနေ ဘုန်းကြီးပေးတဲ့ အောင်ဗလနာမည်ယူပြီး ဘုန်းကြီးပျံဇာတ်မှာ မင်းသမီးလုပ်ရာကနေ နာမည်ထွက်လာတာပါ။

burma ဓာတ်ပုံ ရင်းမြစ်, MYANMAR HISTORICAL ARCHIVE ဓာတ်ပုံ ပုံစာ, မထွေးလေးဆီ တပည့်ခံခဲ့

ပညာစုံအောင် မန္တလေးတက်ပြီး နာမည်ကျော် မထွေးလေးဆီမှာ ဖိုးစိန်နဲ့အတူ အကသင်ပါတယ်။ သူ့သဘင်ဘဝမှာ မိန်းမမင်းသမီးတွေထက် ထူးခြားပြီး အက၊ အဆိုနဲ့ အမူအရာမှာ အောင်ဗလရယ်လို့ တွင်ကျန်ရစ်အောင် ထွန်းပေါက် ခဲ့ပါတယ်။ သူ့အသံက နှာသံပါပြီး မခို့တရို့ဆိုတတ် ပြောတတ်လို့ ပရိသတ်က အလွန်စွဲခဲ့တာပါ။ အငို အနွဲ့ အချွဲမှာ မိန်းမတွေ လိုက်မမီလို့ အဆိုတော် ဒေါ်ကြည်အောင်က ဦးအောင်ဗလရဲ့ အမူအရာတွေရယ် ခုကာလထက် နွဲ့တယ်နွဲ့တယ် လို့ အောင်ဗလအလွမ်းပြေ သီချင်း မှာ ဆိုခဲ့ဖူးပါတယ်။

တုတ်ကြိုးအက၊ စည်းသုံးကြိုး ဝါးသုံးကြိုးအကတွေကို အောင်ဗလထွင်ခဲ့ပါတယ်။ သူ ထဘီအနားကို ဆန်ကောဝိုင်းဝိုင်းပြီး ညီညီညာညာ ပြန့်ဝဲနေအောင် ဝိုင်းကတာဟာ ကြည့်ဖူးသူတွေ မျက်စိထဲ စွဲကျန်ရစ်ခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။ ကလေးမွေးတဲ့အခန်းကို သရုပ်ဆောင်ရင် တကယ်မွေးတဲ့သူကို မရမက ချောင်းကြည့်၊ လေ့လာပြီးမှ ကတယ်လို့လည်း ဆိုပါတယ်။

burma ဓာတ်ပုံ ရင်းမြစ်, CHASINGCHINTHES.COM ဓာတ်ပုံ ပုံစာ, ကိန္နရီအသွင် အောင်ဗလ

အောင်ဗလနဲ့ တင်တုရင်တု အောင်ဗလဟာ လည်စလုတ်ထွက်ပြီး နှာခေါင်းကြီးပေမယ့် သူကရင် အဲဒါတွေအကုန်ပျောက်ပြီး ပွဲကြည့်က သူ့ကို မိန်းမလို့ပဲ မြင်လာစေ တာပါ။ အဲဒီခေတ်က မိန်းမတွေ ပြင်သလိုပဲ ရင်ကိုမောက်အောင် တင်းအောင် ကြိုးထိုးကိုယ်ကျပ် အင်္ကျီထဲ လက်ကိုင်ပုဝါနှစ်ထည်ထည့်၊ အောက်ခံဘောင်းဘီပေါ်မှာ ယောလုံချည်ကို အထပ်ထပ်ခေါက်ပြီး ကြိုးစည်းဝတ်ပါတယ်။

အသားညိုစိမ့်စိမ့်နဲ့ အရပ်သေးသေးပျပ်ပျပ်မှာ မျက်လုံး မျက်ခုံးလှတဲ့အပြင် ပြင်တာဆင်တာလည်း ဝါသနာ ပါတဲ့အတွက် မင်းသမီး အဖြစ် အောင်မြင်ခဲ့တာပါ။ ပြီးတော့ အောင်ဗလရဲ့ တဆစ်ချိုး မျက်ခုံးမျိုးလည်း အဲဒီခေတ် အမျိုးသမီး တွေကြား ခေတ်စားခဲ့ပါတယ်။

လေဘာတီမောင်ကလေးလို့ မန္တလေးကခေါ်တဲ့သူ မန္တလေးသဘင်ရဲ့ အကမိခင် မင်းသမီး မထွေးလေး အောင်ဗလ ဆံပင်က တံကောက်ကွေးထိရောက်အောင် ရှည်ပါတယ်။ ပွဲခင်းထဲမှာ သူထွက်လာရင် ထဘီစကို လက်တဘက်ကဆွဲပြီး ပုဝါနဲ့ ယပ်တောင်ကို နောက်တဘက်က ဆုပ်ကိုင်ကာ ကပိုကရိုထွက်လာတတ်ပါတယ်။ ရှစ်ရတီလောက်ရှိတဲ့ စိန်နားကပ်ကို ဝတ်ပြီး ဇာပုဝါပါးကိုခြုံ၊ ခြေတဆတ်ဆတ် မေးတဆတ်ဆတ်နဲ့ အချက် ၅ဝ လောက် လှုပ်ကရင် သူမတူအောင် ကောင်းတယ်လို့ သိရပါတယ်။ လက်ကောက်၊ လက်စွပ်စတဲ့ လက်ဝတ်လက်စားတွေလည်း ဝတ်ပါတယ်။

အဲဒီခေတ်က မြန်မာယောက်ျားတွေမှာ အနေအထိုင်သိမ်မွေ့တာ ခေတ်စားတဲ့အတွက် အောင်ဗလရဲ့ နဂို နူးညံ့မှုဟာ တခြားယောက်ျားတွေနဲ့ တယ်ပြီး မထူးခြားလှဘူးလို့လည်း လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ လူက မင်းသားလိုပဲလို့ အပြောခံရတာကို ဂုဏ်ယူကြပြီး မြန်မာအထက်တန်းနဲ့ အလတ်တန်းစား ယောက်ျားတွေ ကျားကျားလျားလျားဖြစ်အောင် အင်္ဂလိပ်ခေတ်ကုန်ခါနီးကမှ အတင်းပညာပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

burma ဓာတ်ပုံ ရင်းမြစ်, မြန်မာ့စွယ်စုံကျမ်း ဓာတ်ပုံ ပုံစာ, မိန်းမမင်းသား ဒေါ်ကျော်ဗလ

မြန်မာပြည်မှာ အိုးစည်စိန်ဆင်စတဲ့ ယောက်ျားလိုဝတ်ပြီး အိုးစည်တီးကတဲ့ မိန်းမမင်းသမီးတွေ ရှိခဲ့သလို ကျော်ဗလဆိုတဲ့ ယောက်ျားလိုဝတ်ကတဲ့ မင်းသမီးလည်း အောင်ဗလ ကွယ်လွန်ချိန်မှာ ပေါ်ခဲ့ပါတယ်။ မင်းသမီး ယောက်ျား ယောင်ဆောင်ရတဲ့ အခန်းတွေမှာ ဒေါ်ကျော်ဗလ ကျွမ်းကျင်လှတယ်လို့ သိရပါတယ်။ အရပ်ယိမ်းတွေမှာ မိန်းကလေးတွေ ယောက်ျားလို ဝတ်ပြီး မင်းသားက ကတာကတော့ ခုထိ တွေ့နိုင်ပါတယ်။

China ဓာတ်ပုံ ရင်းမြစ်, PALM/RSCH ဓာတ်ပုံ ပုံစာ, တရုတ် ယောက်ျားမင်းသမီး မေ့လန်ဖန်း

နိုင်ငံတကာမှာလည်း အောင်ဗလလိုပဲ ယောက်ျားက မင်းသမီးလို သရုပ်ဆောင်သူတွေ ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ စင်ပေါ်တက် ဖျော်ဖြေတာကို ခွင့်မပြုတဲ့ ဂျပန်က ကာဘူကီဇာတ်ကြီးတွေမှာပါ။ တရုတ်ပြည်က ပီကင်းအော်ပရာမှာလည်း မေ့လန်ဖန်းလို ထင်ရှားတဲ့ ယောက်ျားမင်းသမီး ရှိပါတယ်။

ဖိုးစိန်နဲ့ အတို့အဆိတ်

အောင်ဗလနဲ့တွဲခဲ့တဲ့ မင်းသား တဒါဇင်ကျော်ထဲမှာ ဖိုးစိန်နဲ့ သူနဲ့အတွဲက အထင်ရှားဆုံး ဖြစ်ပါတယ်။ နာမည်ကြီးမင်းသား စိန်ကတုံးနဲ့လည်း တွဲဖူးပါတယ်။ အောင်ဗလကို ဖိုးစိန်က သူနဲ့ရွယ်တူပေမယ့် ဆရာကိုဗလလို့ ခေါ်ပါတယ်။ သူတို့ နှစ်ယောက်လက်ထက် မြန်မာဇာတ်သဘင်ကို နိုင်ငံခြားက လာကတဲ့ ဖာရစီဇာတ်တွေနဲ့အပြိုင် ခမ်းနားအောင် ပြင်ဆင်တိုးချဲ့ခဲ့ကြသလို ပုဝါတကမ်း လက်တကမ်း ကတဲ့ခေတ်ကနေ အတို့အဆိတ်တွေ စပြီး ပါလာခဲ့ပါတယ်။

မင်းသမီးက ယောက်ျားမှန်း သိရက်နဲ့ တို့တာဆိတ်တာတွေ လုပ်တော့ ပရိသတ်က သဘောကျပါတယ်။ အဲဒီည ရန်ကုန်သံစျေးရုံမှာ အတို့အဆိတ်တွေ ပွဲထဲမှာ ပထမဆုံး စလုပ်တော့ လူတယောက် ပြတင်းပေါက်က နောက်လန်ကျအောင် ရယ်လို့ ဇက်ကျိုးသေခဲ့ဖူးပါတယ်။

burma ဓာတ်ပုံ ရင်းမြစ်, LUDU ဓာတ်ပုံ ပုံစာ, ၁၉၆၇ က အောင်ဗလတို့အကြောင်း ရေးတဲ့စာအုပ်

အောင်ဗလနဲ့ ဖိုးစိန်တွဲတဲ့ခေတ်က အောင်ဗလကို ယောက်ျားပရိသတ်ကော မိန်းမပရိသတ်ပါ ကြိုက်ပါတယ်။ ဖိုးစိန်ကိုတော့ မိန်းမတွေက ကြိုက်ပြီး ယောက်ျားတွေက မုန်းတယ်လို့ ဆိုပါတယ်။ နောက် အောင်ဗလကို ယောက်ျားမှန်းသိရက်နဲ့ ကြိုက်လို့ လိုက်ပိုးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အောင်ဗလမှာ မိန်းမရှိပြီး သူကိုယ်တိုင် ကြိုက်လို့ တောင်းရမ်း ယူခဲ့တာပါ။

အောင်ဗလနဲ့ ဖိုးစိန် တွဲဖက်ကခဲ့ကြတဲ့အထဲက ကာကဝလ္လိယဇာတ် က နာမည်ကြီးပြီး ၁၉ဝ၉ ခုနှစ်က ဓာတ်ပြားသွင်းခဲ့ပါတယ်။ ဒီဇာတ်ဓာတ်ပြားမှာ မင်းသမီးက စိတ်ဆိုးနေတဲ့ ယောက်ျားကို ကြောက်ကြောက်နဲ့ တော်လို့ ထူးတဲ့အသံဟာ တော်နဲ့ တော့ကြားက တော့်ဆိုတဲ့အသံမျိုးလို့ ဒီဓာတ်ပြားကို နားထောင်ဖူးတဲ့ လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ နောက် အောင်ဗလနဲ့ ဖိုးစိန် စုံတွဲသီချင်းတပုဒ်ထဲက တောလမ်းခရီးမှာ မင်းသမီးက မလှမ်းနိုင်လို့ ဆိုတဲ့ သီချင်းက စာသားတွေ ဟာလည်း နှစ်ခွ အဓိပ္ပာယ်ထွက်တယ်လို့ ပြောကြပါတယ်။

ခြေဖဝါးဆူးစူးလို့ မင်းသမီးက အော်တဲ့အခါ အလယ်လယ် နာတယ် နာတယ်၊ နှုတ်ပါအုံး နှုတ်လှည့်ပါအုံး စတဲ့ စကားပြောတွေ ထည့်ပြီး စပ်လို့ နာမည်ကြီးခဲ့တာပါ။

အောင်ဗလက အပြာရောင်ကို ကြိုက်သူဖြစ်လို့ စစ်မဖြစ်ခင်က အပြာရောင်ကို အောင်ဗလသွေး အောင်ဗလရောင် ခေါ်တယ်လို့လည်း သိရပါတယ်။ အောင်ဗလပန်းဆိုတဲ့ စက္ကူပန်းအပြာရောင်တမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဇာတ်ထွက်ရင် ထဘီ၊ ပုဝါ၊ စည်းကြိုးနဲ့ ပန်းကအစ အပြာရောင် တရောင်တည်း ဝတ်ပြီး ကတဲ့အဆင်အပြင်ကို အောင်ဗလ စခဲ့တယ် ဆိုပါတယ်။

burma ဓာတ်ပုံ ရင်းမြစ်, LUDU ဓာတ်ပုံ ပုံစာ, မင်းသားအသွင်နဲ့ အောင်ဗလ

၁၉၁၃ က မန္တလေးမှာ အောင်ဗလဆုံးတဲ့အချိန်မှာတော့ အမြောက်ပစ်ဖောက်ပြီး အခမ်းနားဆုံး ဧည့်မသာအဖြစ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။ သူ့အလောင်းကိုလည်း သူကခဲ့တဲ့ မောင်မစ္စကဇာတ် ထဲကလိုပဲ ယောက်ျားတလှည့် မိန်းမတလှည့် ပြင်ပေးထားပါတယ်။

အဲဒီ စျာပနမှာ အောင်ဗလကို မိန်းမပရိသတ်က လွမ်းတာကို မကျေနပ်တဲ့ ကာလသားတွေနဲ့ မိန်းမတွေ အပြန်အလှန် ဆဲရေးစပ်ဆိုတဲ့ တေးထပ်တွေလည်း ကျန်ရစ်ခဲ့ပါတယ်။ သူ့ဆရာ မင်းသမီး မထွေးလေးကတော့ ပွဲကရင်း တပည့်ကို လွမ်းကြောင်း သီချင်းစပ်ငိုလို့ ပရိသတ်တွေပါ ငိုခဲ့ရပါတယ်။

အောင်ဗလမရှိတဲ့နောက် ကျော်ဗလ၊ ဆယ်ဗလ၊ ဗလခင်၊ ဗလကြင်၊ အောင်စီဗလ၊ စိန်ဗလနဲ့ ဗလစိန် စတဲ့ မင်းသမီး မင်းသားတွေ ပေါ်ခဲ့သလို သူဝင်စားတယ်ဆိုတဲ့ ဗလပြန်လည်း ဒုတိယကမ္ဘာစစ် စစ်ကြီးမဖြစ်ခင်နဲ့ စစ်ပြီးခေတ်မှာ ထင်ရှားခဲ့ပါတယ်။

နာမည်ကျော် ဇာတ်မင်းသမီး ပဲခူးမယ်ကျော့ဟာလည်း အောင်ဗလတပည့် ဖြစ်ပြီး ဆရာမူသလို မူပြတတ်ပါတယ်။

နောက် အောင်ဗလ ခေတ်ကောင်းစဉ်က ပျဉ်းမနားမြို့မှာ ညဇာတ်ကအပြီး မနက်ကျတော့ သူ့ကို မိန်းမလိုဝတ်ပြီး သက်သက် စျေးထဲမှာ ရုံသွင်းပြခဲ့ဖူးပါတယ်။ ဒါကိုလည်း လူတွေက အားပေးကြတယ်လို့ သိရပါတယ်။

သဘင်သည်ဘဝ

အောင်ဗလသည် နာမည်ကြီးမင်းသမီး မထွေးလေးထံမှ အဆို၊ အငို၊ အက သင်ခဲ့ဖူးသည်။ ရွှေရင်ဆို့ရုပ်သေးမင်းသမီးကြီး ဦးရွှေဖောင်၊ ဦးဖိုးကွန်းတို့ထံမှလည်း အပြော၊ အဆို၊ အငို၊ အမူအရာမှအစ သင်ကြား ပညာယူခဲ့သည်။

မင်းသားကိုသန်းဆိုသူနှင့် တွဲကစဉ်က မြေဝိုင်းအနိမ့်သဘင်အဖြစ် ကပြခဲ့ရသည်။ အောက်နယ်သို့ဆင်းခဲ့ရာ ဟင်္သာတရောက်သောအခါ တွဲဖတ်ကပြရန် မင်းသမီး ကောင်းကောင်းရှာရင် ဟင်္သာတမြို့သို့ ဆိုက်ရောက်လာသော ဦးဘိုးစိန်နှင့် တွေ့ကြလေသည်။ အောင်ဗလနှင့်အတူ နာမည်ကျော်လူပြတ် ကြုံတိုင်း၊ ဆင့်ဆံ၊ ကျော်ဇံ စသည်တို့လည်း ပါလာလေသည်။ အောင်ဗလနှင့် ဘိုးစိန်တို့ အတွဲသည် ဘက်ညီလှသဖြင့် နာမည်ထွက်လာလေသည်။

တွဲကခဲ့သောမင်းသားများမှာ ဦးဘိုးစိန်အပြင်၊ ဦးစိန်ကတုံး၊ ဦးချစ်စရာ၊ ဦးစိန်ခို၊ ဧရာဝဏ် ဦးတင့်ကြီး၊ ဦးစိန်အုပ်၊ မောင်ထွန်းကြိုင်တို့ ဖြစ်ကြသည်။ အောင်ဗလသည် (၁၂၇၅) ခုနှစ်တွင် စိန်ကတုံးနှင့် တွဲကသည်။

ဘဝနိဂုံး

၁၂၇၅ ခုနှစ် မန္တလေးသို့ ဇာတ်ရွှေ့သွားရာ ဥပုပ်ကုန်း ပွဲစားကြီး ဦးဘိုးဆုံအိမ်တွင် ခေတ္တနေ၍ ကွမ်းခြံအရပ်တွင် တိုက်ငှားကာ ဇာတ်နားနေစဉ် မန္တလေး၊ရန်ကုန်တို့မှ သမားအကျော်အမော်တို့ကို ပင့်ခေါ်ကုသ ပါသော်လည်း တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက် စနေနေ့ညနေ (၅) နာရီခွဲအချိန်တွင် မန္တလေးမြို့၌ကွယ်လွန်အနိစ္စရောက်သည်။

ကိုးကား

  1. ကာတွန်း ဝင်းအောင်။ အောင်မြင်ထင်ရှားမြန်မာအနုပညာရှင်များ