လယုန်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
လယုန်တံဆိပ် (မြန်မာနိုင်ငံ)
အရေးမကြီးNo edit summary
စာကြောင်း ၄၈ - စာကြောင်း ၄၈ -


=== တရုတ်နိုင်ငံ ===
=== တရုတ်နိုင်ငံ ===
တရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော ''Chu Ci'' အရ လပေါ်တွင် ယုန် (hare) ရှိသည်ဟု မှတ်ချက်ချသည်။ အနောက် ဟန်ပြည်နယ်ကာလ ယုန်များကိုတရုတ်နိုင်ငံသို့ မိတ်မဆက်ရသေးသဖြင့် မူရင်းပုံမှာ ယုန် (rabbit) မဟုတ်ဘဲ hare (ယုန်တစ်မျိုး) ဖြစ်ခဲ့သည်။ <ref>{{Cite web|url=https://www.guokr.com/article/437661/|title=月兔的兔,是什么兔?|date=2013-12-03|language=zh}}</ref>
တရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော ''Chu Ci'' အရ '''[[လ (ကမ္ဘာရံဂြိုဟ်)|လ]]ပေါ်တွင် [[ယုန်]] (hare) ရှိသည်'''ဟု မှတ်ချက်ချသည်။ အနောက် ဟန်ပြည်နယ်ကာလ ယုန်များကိုတရုတ်နိုင်ငံသို့ မိတ်မဆက်ရသေးသဖြင့် မူရင်းပုံမှာ ယုန် (rabbit) မဟုတ်ဘဲ hare (ယုန်တစ်မျိုး) ဖြစ်ခဲ့သည်။ <ref>{{Cite web|url=https://www.guokr.com/article/437661/|title=月兔的兔,是什么兔?|date=2013-12-03|language=zh}}</ref>


[[ဟန်မင်းဆက်]]မှ ကဗျာဆရာများသည် လပေါ်မှ ယုန်ကို Jade Hare (玉兔) သို့မဟုတ် Gold Hare (金兔) ဟုခေါ်ဆိုလေ့ရှိကြသည်။ တန်တရုတ် Tang China မှ နာမည်ကြီးကဗျာဆရာ [[လီပို]]က သူ၏ကဗျာဖြစ်သော The Old Dust တွင် လပေါ်ရှိယုန်အကြောင်း စပ်ဆိုထားခဲ့သည်။ <ref>{{Cite web|url=https://www.poemhunter.com/poem/the-old-dust/|title=The Old Dust Poem by Li Po - Poem Hunter}}</ref>
[[ဟန်မင်းဆက်]]မှ ကဗျာဆရာများသည် လပေါ်မှ ယုန်ကို Jade Hare (玉兔) သို့မဟုတ် Gold Hare (金兔) ဟုခေါ်ဆိုလေ့ရှိကြသည်။ တန်တရုတ် Tang China မှ နာမည်ကြီးကဗျာဆရာ [[လီပို]]က သူ၏ကဗျာဖြစ်သော The Old Dust တွင် လပေါ်ရှိယုန်အကြောင်း စပ်ဆိုထားခဲ့သည်။ <ref>{{Cite web|url=https://www.poemhunter.com/poem/the-old-dust/|title=The Old Dust Poem by Li Po - Poem Hunter}}</ref>
စာကြောင်း ၆၃ - စာကြောင်း ၆၃ -
[[ဆောင်းဦးရာသီပွဲတော်]] (Mid-Autumn Festival) ကို တရုတ်နှင့် ဗီယက်နမ်တို့တွင်မက အာရှနိုင်ငံအသီးသီးတွင် ကျင်းပလေ့ရှိသည်။ လယုန်ဒဏ္ဍာရီကိုအကြောင်းပြု၍ တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-date.htm Mid-Autumn Festival Dates in 2020, 2021, 2022]</ref> (နှစ်စဉ် '''[[တော်သလင်းလ]]ပြည့်နေ့''') ကျရောက်လျှင် ဆောင်းဦးရာသီပွဲတော်ကို ကျင်းပလေ့ရှိသည်။<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-story.htm Mid-Autumn Festival Stories (Top 3 Most Interesting Legends)]</ref> ဂျပန်နိုင်ငံတွင် Tsukimi festival ဟူ၍လည်းကောင်း၊ ကိုရီးယားနိုင်ငံတွင် Chuseok festival ဟူ၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် Sampeah Preah Khae (Bon Om Touk) ဟူ၍လည်းကောင်း လယုန်ဒဏ္ဍာရီကို ရည်ညွှန်း၍ အာရှတစ်ဝှမ်း ပွဲတော်များကျင်းပကြသည်။ ဤဒဏ္ဍာရီသည် ဆောင်းဦးရာသီပွဲတော်ကို စိတ်ဝင်စားမှုမြှင့်တင်ပေးသည်ဟု ခေါ်ဆိုနိုင်သည်။
[[ဆောင်းဦးရာသီပွဲတော်]] (Mid-Autumn Festival) ကို တရုတ်နှင့် ဗီယက်နမ်တို့တွင်မက အာရှနိုင်ငံအသီးသီးတွင် ကျင်းပလေ့ရှိသည်။ လယုန်ဒဏ္ဍာရီကိုအကြောင်းပြု၍ တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-date.htm Mid-Autumn Festival Dates in 2020, 2021, 2022]</ref> (နှစ်စဉ် '''[[တော်သလင်းလ]]ပြည့်နေ့''') ကျရောက်လျှင် ဆောင်းဦးရာသီပွဲတော်ကို ကျင်းပလေ့ရှိသည်။<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-story.htm Mid-Autumn Festival Stories (Top 3 Most Interesting Legends)]</ref> ဂျပန်နိုင်ငံတွင် Tsukimi festival ဟူ၍လည်းကောင်း၊ ကိုရီးယားနိုင်ငံတွင် Chuseok festival ဟူ၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် Sampeah Preah Khae (Bon Om Touk) ဟူ၍လည်းကောင်း လယုန်ဒဏ္ဍာရီကို ရည်ညွှန်း၍ အာရှတစ်ဝှမ်း ပွဲတော်များကျင်းပကြသည်။ ဤဒဏ္ဍာရီသည် ဆောင်းဦးရာသီပွဲတော်ကို စိတ်ဝင်စားမှုမြှင့်တင်ပေးသည်ဟု ခေါ်ဆိုနိုင်သည်။


[[ဖိုင်:Moon rabbit logo used in Myanmar.jpg|right|thumb|ဆားမုန့်တွင် [[လ]]နှင့်[[ယုန်]]အား တံဆိပ်အဖြစ် အသုံးပြုထားသည်ကို တွေ့မြင်ရစဉ်]]
[[ဖိုင်:Moon rabbit logo used in Myanmar.jpg|right|thumb|ဆားမုန့်တွင် [[လ (ကမ္ဘာရံဂြိုဟ်)|လ]]နှင့်[[ယုန်]]အား တံဆိပ်အဖြစ် အသုံးပြုထားသည်ကို တွေ့မြင်ရစဉ်]]
ဗီယက်နမ်တွင် လယုန်ဒဏ္ဍာရီရှိသည်။ Chang'e အမည်ရှိ လနတ်သမီးနှင့် Cuội အမည်ရှိ လပေါ်ကလူ တို့နှင့်အတူ [[လ]]ပေါ်ရှိ Jade Rabbit သည် မကြာခဏလိုက်ပါလေ့ရှိပြီး မှော်ဆန်သော [[ညောင်ပင်]]အောက်တွင် ထိုင်တတ်သည်။ ယခုခေတ်တွင် ထိုအကြောင်းကို အကြောင်းပြု၍ ဗီယက်နမ်နိုင်ငံတွင် ပိတ်ရက်တစ်ရက်ပိတ်ပေးပြီး ကလေးများကို လက်ဆောင်ပေးခြင်း၊ ဖန်မီးအိမ်ပေးခြင်း၊ [[လမုန့်]]ပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။<ref>[https://saigoneer.com/saigon-culture/17395-a-brief-primer-of-asia-s-mid-autumn-mythology-in-3-folk-tales Fairy Tale of Moon Lady in Vietnam]</ref>
ဗီယက်နမ်တွင် လယုန်ဒဏ္ဍာရီရှိသည်။ Chang'e အမည်ရှိ လနတ်သမီးနှင့် Cuội အမည်ရှိ လပေါ်ကလူ တို့နှင့်အတူ [[လ (ကမ္ဘာရံဂြိုဟ်)|လ]]ပေါ်ရှိ Jade Rabbit သည် မကြာခဏလိုက်ပါလေ့ရှိပြီး မှော်ဆန်သော [[ညောင်ပင်]]အောက်တွင် ထိုင်တတ်သည်။ ယခုခေတ်တွင် ထိုအကြောင်းကို အကြောင်းပြု၍ ဗီယက်နမ်နိုင်ငံတွင် ပိတ်ရက်တစ်ရက်ပိတ်ပေးပြီး ကလေးများကို လက်ဆောင်ပေးခြင်း၊ ဖန်မီးအိမ်ပေးခြင်း၊ [[လမုန့်]]ပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။<ref>[https://saigoneer.com/saigon-culture/17395-a-brief-primer-of-asia-s-mid-autumn-mythology-in-3-folk-tales Fairy Tale of Moon Lady in Vietnam]</ref>


မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းတစ်ချို့တွင်လည်းကောင်း၊ ဈေးဆိုင်တစ်ချို့တွင်လည်းကောင်း လနှင့်ယုန်အား တံဆိပ်အဖြစ် ဖန်တီးသတ်မှတ်လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။ ထိုမျှသာမက လနှင့်ယုန် အကြောင်းပြု၍ "'''ရွှေလမှာယုန်ဝပ်လို့'''" အမည်ရှိ ကဗျာအား [[မြန်မာကလေးချော့ကဗျာများ|မြန်မာကလေးချော့ကဗျာ]]တစ်ပုဒ်အဖြစ် ရေးစပ်ထားသည်။
မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းတစ်ချို့တွင်လည်းကောင်း၊ ဈေးဆိုင်တစ်ချို့တွင်လည်းကောင်း လနှင့်ယုန်အား တံဆိပ်အဖြစ် ဖန်တီးသတ်မှတ်လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။ ထိုမျှသာမက လနှင့်ယုန် အကြောင်းပြု၍ "'''ရွှေလမှာယုန်ဝပ်လို့'''" အမည်ရှိ ကဗျာအား [[မြန်မာကလေးချော့ကဗျာများ|မြန်မာကလေးချော့ကဗျာ]]တစ်ပုဒ်အဖြစ် ရေးစပ်ထားသည်။

၁၅:၅၃၊ ၂၇ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

လယုန်
ယုန်နှင့်ဆန်ဖွတ်ခြင်းတို့၏ပုံရိပ် လမျက်နှာပြင်ပေါ်တွင် တွေ့မြင်ရစဉ်
တရုတ်အမည်
တရုတ်月兔
ဆိုလိုရင်းMoon rabbit/hare
Alternative Chinese name
တရုတ်玉兔
ဆိုလိုရင်းJade rabbit/hare
ဗီယက်နမ်အမည်
ဗီယက်နမ်Thỏ ngọc
ကိုရီးယားအမည်
ဟန်ဂုလ်달토끼
ဂျပန်အမည်
Kanji月の兎

လယုန် သည် အရှေ့တိုင်းရိုးရာမှ ဒဏ္ဍာရီဆန်ဆန်ပုံရိပ်ဖြစ်ပြီး ပေါ်တွင် မှောင်မိုက်သောအမှတ်အသားများကို ယုန်အဖြစ်ဖော်ပြသည့် ဆင်တူအဓိပ္ပာယ်ကောက်ယူမှု (pareidolia) အပေါ် အခြေခံသည်။

ဤရိုးရာယဉ်ကျေးမှုသည် တရုတ်နိုင်ငံမှ စတင်ခဲ့ပြီး အခြားအာရှယဉ်ကျေးမှုများသို့လည်း ပျံ့နှံ့သွားခဲ့သည်။ အရှေ့အာရှ ရိုးရာယဉ်ကျေးမှုတွင် ယုန်သည် ဆန်ဖွတ်နေသည်ဟုရှုမြင်သော်လည်း တရုတ်၊ ဂျပန် နှင့် ကိုရီးယား ရိုးရာတို့တွင်မူ ခြားနားသည်။ တရုတ်ရိုးရာယဉ်ကျေးမှုတွင် ယုန်သည် လနတ်သမီး Chang'e ၏အဖော်အဖြစ် မကြာခဏဖော်ပြလေ့ရှိသည်။ သို့သော် ဂျပန်နှင့်ကိုရီးယားဘာသာပြန်ကျမ်းများတွင်ယုန်သည် Mochi (ဂျပန်ဆန်ကိတ်မှုန့်) သို့မဟုတ် အခြားဆန်ကိတ်မုန့်တို့အတွက် ပါဝင်ပစ္စည်းများကို ဆန်ဖွတ်သလို ဖွတ်ပေးနေသည်ဟု ယူဆထားကြသည်။ အချို့သော တရုတ်ဘာသာပြန်ကျမ်းများတွင် ယုန်သည် လူများအတွက် ဆေးကိုထောင်းပေးသည်ဟု ဆိုသည်။

သမိုင်းနောက်ကြောင်း

ဗုဒ္ဓဘာသာ

ထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား ဟောကြားထားသော ယုန်နှင့်လအကြောင်း ဇာတ်တော်ရှိသည်။[note ၁]

ဗာရာဏသီပြည်ရှိ တောအုပ်ကြီးတစ်ခုတွင် ဘုရားလောင်းသည် ယုန်မျိုးဖြစ်၍ ညချမ်းရောက်လျှင် ယုန်ပညာရှိက ဒါန၊ သီလ၊ ဥပုသ် စသော ကုလိုလ်ကောင်းမှုများကို ပြုကျင့်သင့်ကြောင်း ပညာရှိမိတ်ဆွေ ဖျံ၊ မြေခွေး၊ မျောက်တို့အား ဟောပြောဆုံးမလေ့ရှိသည်။

ညတစ်ညတွင် ယုန်မင်းသည် လကိုကြည့်၍ မနက်ဖြန်ဥပုသ်နေ့ဖြစ်မည်ကိုသိသဖြင့် မိတ်ဆွေတို့အား မနက်ဖြန်ဥပုသ်စောင့်တည်ရန်နှင့် မိမိတို့ရှာဖွေရရှိသော အစားအစာတချို့ကို အလှူခံပုဂ္ဂိုလ်အား ပေးလှူရန် ယုန်မင်းက ဆုံးမသည်။

ဥပုသ်နေ့ နံနက်စောစော၌ ပညာရှိဖျံသည် အစာရှာထွက်သောအခါ ပိုင်ရှင်မဲ့ ငါးကြင်းခုနှစ်ကောင်ကိုတွေ့၍ ဥပုသ်သီလကို အောက်မေ့သတိရလျက် ‘ရရှိသောငါးတချို့ကို လှူစရာရှိလျှင်လှူမည်၊ ကိုယ်တိုင်လည်း မွန်းမတည့်မီ စားသုံးမည်’ ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ပညာရှိမြေခွေးလည်းအစာရှာထွက်သောအခါ ပိုင်ရှင်မဲ့ အမဲတံစို့ ၂ ခု၊ ဖွတ်ကင် ၁ ခု၊ နို့ဓမ်း (နို့ချဉ်၊ နို့ခဲ) အိုး ၁ လုံးတွေ့၍ ပညာရှိမျောက်မှာ တောတွင်းရှိ သရက်သီးတစ်ခိုင်တွေ့လေသည်။ ပညာရှိမြေခွေးနှင့် ပညာရှိမျောက်တို့လည်း ပညာရှိဖျံကဲ့သို့ပင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဘုရားလောင်းယုန်မင်းသည်လည်း နေဇာမြက်ကိုစားမည်ဟုကြံရွယ်ပြီး ဥပုသ်သီလကို ဆင်ခြင်နေသည်။ သို့သော် အလောင်းတော်ယုန်မင်းက “ငါစားသုံးသည့်မြက်သည် သူတစ်ပါးအား ပေးလှူရန် မသင့်တော်ပေ။ လှူဒါန်းရန်သင့်သည့် အစားအသောက်ဖြစ်သော ပြောင်း၊ ဆန်နှမ်း ငါ့မှာမရှိချေ။ အကယ်၍ အလှူခံပုဂ္ဂိုလ် ငါ့ထံလာခဲ့သော် ငါ၏ကိုယ်အသွေးအသားတို့ကို ပေးလှူမည်။” ဟု တွေးတောနေခဲ့သည်။

ထိုအချိန်တွင် ဘုရားလောင်းယုန်မင်း၏အကြံအား သိရှိသော သိကြားမင်းသည် ပုဏ္ဏားအသွင်ဖန်ဆင်းပြီး ယုန်မင်းထံတွင် အလှူခံရန် အကြံထုတ်လေသည်။ ရှေးဦးစွာ ပုဏ္ဏား (သိကြားမင်း) သည် ပညာရှိဖျံ၏နေရာထံသွား၍ ဥပုသ်ဆောက်တည်လိုသောကြောင့် စားစရာတစ်ခုအလိုရှိသည်ဟု အလှူခံလေရာ ဖျံက သူ့ထံတွင်ရှိသော ငါးကို ချက်ပြုတ်စားသောက်ရန် ပုဏ္ဏားအား ပေးအပ်လေသည်။ ပုဏ္ဏားကလည်း အချိန်တန်မှ စားသုံးမည်ဟု သဘောတူခဲ့သည်။ ထို့နောက် ပညာရှိမြေခွေးထံသို့ စားစရာအလှူခံလေရာ မြေခွေးက အမဲ၊ ဖွတ်ကင်နှင့်နို့ဓမ်းတို့ကို စားသုံး၍ နေထိုင်နိုင်သည်ဟုဆိုသဖြင့် ပုဏ္ဏားက အချိန်တန်မှ စားသုံးမည်ဟူ၍ ပြန်လည်ပြောကြားခဲ့သည်။ ထိုနည်းတူ ပညာရှိမျောက်ထံသို့သွားရောက်ပြီး အလှူခံရာ မျောက်ကလည်း သရက်သီးမှည့်ပေး၍ အေးချမ်းသာယာသည့် အရိပ်အာဝသတွင် နေထိုင်ရန် ပုဏ္ဏားအား ဖိတ်ခေါ်ရာ ပုဏ္ဏားက ခေတ္တစောင့်ပါ၊ အချိန်တန်မှ စားသုံးမည်ဟု ပြောဆိုပြန်သည်။

နောက်ဆုံးတွင် ဘုရားအလောင်းယုန်မင်းထံသွားရောက်ကာ ဥပုသ်ဆောက်တည်လိုသည်ဖြစ်၍ စားစရာအလှူခံပါကြောင်း ပုဏ္ဏားက ပြောဆိုလေရာ ယုန်မင်းသည် လွန်စွာဝမ်းမြောက်ပြီး “အသင်ပုဏ္ဏား....ကျွန်ုပ်သည် မလှူဖူးသောအလှူမျိုးကို ယနေ့လှူမည်။ ထင်းချောင်းများကိုစု၊ မီးကျီးပြု (မီးကျီးမီးခဲများ ရဲတောက်အောင်ပြု) ပြီးလျှင် ငါ့အား ပြောပါ။ ငါသည် မီးကျီးစု၌ဆင်းလျှင် ငါ၏ကိုယ်သည် အသားအဖြစ် ကျက်လတ်သည်ရှိသော် ငါ့အသားကို သင်စား၍ ရဟန်းတရားကိုကျင့်ပေလော့။”

ပုဏ္ဏားအယောင်ဆောင်ထားသော သိကြားမင်းသည် မီးကျီးပြုပြီးနောက် ယုန်မင်းအား သွားရောက်ပြောကြားလေရာ ဘုရားအလောင်းယုန်မင်းသည် နေဇာမြက်အိပ်ရာမှထ၍ မီးကျီးစုထံသို့သွားပြီး ဝမ်းမြောက်သောစိတ်ဖြင့် မီးကျီးစုအတွင်းသို့ ခုန်ဆင်းလေသည်။ ထိုမီးကျီးစုသည် သိကြားမင်း၏တန်ခိုးအာနုဘော်ဖြင့် ဖန်ဆင်းထားခြင်းကြောင့် ယုန်မင်း၏ကိုယ်နှင့်အမွှေးတို့မှာ ပူလောင်ခြင်းမရှိ၊ ဆီးနှင်းသကဲ့သို့ အေးမြနေသည်။

ထိုအခါ ပုဏ္ဏားကိုခေါ်၍ ယုန်မင်းက “ပုဏ္ဏား…သင်ပြုသောမီးသည် အလွန်အေးနေသည်။ အဘယ်ကြောင့်နည်း။” ဟု မေးမြန်းရာ ပုဏ္ဏားက မိမိသည် ပုဏ္ဏားမဟုတ်ပဲ သိကြားမင်းဖြစ်ကြောင်း၊ ယုန်မင်း၏ဒါနပါရမီကို စုံစမ်းခြင်းဖြစ်ကြောင်းဆိုသည်။ ထို့နောက် သိကြားမင်းက “ယုန်ပညာရှိ…သင်၏ဂုဏ်ကျေးဇူးအကြောင်း ကမ္ဘာပတ်လုံးထင်ရှားခြင်းဖြစ်စေမည်” ဟုဆို၍ သိကြားမင်းသည် တောင်ကိုညှစ်၍ ထွက်လာသော တောင်ဆီဖြင့် လပြည့်ဝန်း၌ ယုန်ရုပ်အမှတ်ကိုရေးသားပြီးနောက် သိကြားမင်းလည်း မိမိနေရာသို့ ပြန်သွားလေသည်။

ပညာရှိလေးဦးစလုံး ဝမ်းမြောက်ကြည်နူးလျက် ဒါနကုသိုလ်၊ သီလကုသိုလ်ဖြင့် ဥပုသ်စောင့်ကြလေသည်။[၁][note ၂]

တရုတ်နိုင်ငံ

တရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော Chu Ci အရ ပေါ်တွင် ယုန် (hare) ရှိသည်ဟု မှတ်ချက်ချသည်။ အနောက် ဟန်ပြည်နယ်ကာလ ယုန်များကိုတရုတ်နိုင်ငံသို့ မိတ်မဆက်ရသေးသဖြင့် မူရင်းပုံမှာ ယုန် (rabbit) မဟုတ်ဘဲ hare (ယုန်တစ်မျိုး) ဖြစ်ခဲ့သည်။ [၂]

ဟန်မင်းဆက်မှ ကဗျာဆရာများသည် လပေါ်မှ ယုန်ကို Jade Hare (玉兔) သို့မဟုတ် Gold Hare (金兔) ဟုခေါ်ဆိုလေ့ရှိကြသည်။ တန်တရုတ် Tang China မှ နာမည်ကြီးကဗျာဆရာ လီပိုက သူ၏ကဗျာဖြစ်သော The Old Dust တွင် လပေါ်ရှိယုန်အကြောင်း စပ်ဆိုထားခဲ့သည်။ [၃]

အာရှတစ်ဝှမ်း ယုံကြည်မှုများ

လယုန်ဒဏ္ဍာရီသည် လူကြိုက်များပြီး အာရှရိုးရာအစဉ်အလာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာ နိုင်ငံအသီးသီးရှိရိုးရာယဉ်ကျေးမှုတို့တွင်လည်း ၎င်းကို တွေ့မြင်နိုင်သည်။[၄][၅][၆]

ဆောင်းဦးရာသီပွဲတော် (Mid-Autumn Festival) ကို တရုတ်နှင့် ဗီယက်နမ်တို့တွင်မက အာရှနိုင်ငံအသီးသီးတွင် ကျင်းပလေ့ရှိသည်။ လယုန်ဒဏ္ဍာရီကိုအကြောင်းပြု၍ တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့[၇] (နှစ်စဉ် တော်သလင်းလပြည့်နေ့) ကျရောက်လျှင် ဆောင်းဦးရာသီပွဲတော်ကို ကျင်းပလေ့ရှိသည်။[၈] ဂျပန်နိုင်ငံတွင် Tsukimi festival ဟူ၍လည်းကောင်း၊ ကိုရီးယားနိုင်ငံတွင် Chuseok festival ဟူ၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် Sampeah Preah Khae (Bon Om Touk) ဟူ၍လည်းကောင်း လယုန်ဒဏ္ဍာရီကို ရည်ညွှန်း၍ အာရှတစ်ဝှမ်း ပွဲတော်များကျင်းပကြသည်။ ဤဒဏ္ဍာရီသည် ဆောင်းဦးရာသီပွဲတော်ကို စိတ်ဝင်စားမှုမြှင့်တင်ပေးသည်ဟု ခေါ်ဆိုနိုင်သည်။

ဖိုင်:Moon rabbit logo used in Myanmar.jpg
ဆားမုန့်တွင် နှင့်ယုန်အား တံဆိပ်အဖြစ် အသုံးပြုထားသည်ကို တွေ့မြင်ရစဉ်

ဗီယက်နမ်တွင် လယုန်ဒဏ္ဍာရီရှိသည်။ Chang'e အမည်ရှိ လနတ်သမီးနှင့် Cuội အမည်ရှိ လပေါ်ကလူ တို့နှင့်အတူ ပေါ်ရှိ Jade Rabbit သည် မကြာခဏလိုက်ပါလေ့ရှိပြီး မှော်ဆန်သော ညောင်ပင်အောက်တွင် ထိုင်တတ်သည်။ ယခုခေတ်တွင် ထိုအကြောင်းကို အကြောင်းပြု၍ ဗီယက်နမ်နိုင်ငံတွင် ပိတ်ရက်တစ်ရက်ပိတ်ပေးပြီး ကလေးများကို လက်ဆောင်ပေးခြင်း၊ ဖန်မီးအိမ်ပေးခြင်း၊ လမုန့်ပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။[၉]

မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းတစ်ချို့တွင်လည်းကောင်း၊ ဈေးဆိုင်တစ်ချို့တွင်လည်းကောင်း လနှင့်ယုန်အား တံဆိပ်အဖြစ် ဖန်တီးသတ်မှတ်လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။ ထိုမျှသာမက လနှင့်ယုန် အကြောင်းပြု၍ "ရွှေလမှာယုန်ဝပ်လို့" အမည်ရှိ ကဗျာအား မြန်မာကလေးချော့ကဗျာတစ်ပုဒ်အဖြစ် ရေးစပ်ထားသည်။

အာရှသာမက အမေရိကားယဉ်ကျေးမှုများတွင်လည်း ယုန်ဇာတ်ကောင်များပါရှိသည်ဟုဆိုသည်။

ခေတ်သစ်ကိုးကားချက်များ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

ဂျပန်
ဂျပန်အလှကုန်ကုမ္ပဏီ Makanai သည် လနောက်ခံထားပြီး ငရုတ်ဆုံကျည်ပွေ့နှင့်ယုန် တံဆိပ် (logo) တပ်ထားသည်။[၁၀] အလှအပကြွယ်ဝမှုနှင့်အသက်ရှည်ခြင်းကို ရည်ရွယ်၍ တံဆိပ်ဖန်တီးထားခြင်းဖြစ်သည်ဟုဆိုသည်။

ပညာရေး

မြန်မာ
မူလတန်းမှ အထက်တန်းအထိ သင်ခန်းစာများ သင်ကြားပို့ချပေးနေသည့် ဝါဆိုလန်း mobile application သည် လနောက်ခံထား၍ ဖြူ-စိမ်းကျောင်းဝတ်စုံ ဝတ်ဆင်ထားသောယုန်ကို တံဆိပ်အဖြစ် အသုံးပြုထားသည်။[၁၁]

စာပေ

  • ၁၆ ရာစု တွင်ပေါ်ထွန်းခဲ့သည့် အနောက်နိုင်ငံတွေမှခရီး အမည်ရှိတရုတ်ဝတ္ထုတွင် စွန်းဝူခုန်းသည် လပေါ်တွင်ရှိသော ယုန်နှင့်တိုက်ခိုက်ခဲ့သည်။

ဂီတ

  • ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အမေရိကန် အီလက်ထရောနစ်ဂီတအဖွဲ့သည် ဤဒဏ္ဍာရီကို နမူနာယူပြီး Rabbit in the Moon အဖွဲ့ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။
  • ဂျာမန်တီးဝိုင်းဖြစ်သော Tarwater က Rabbit Moon နှင့် Rabbit Moon Revisited အယ်လ်ဘမ်များ ထုတ်ဝေခဲ့သည်။
  • K-Pop ယောက်ျားလေးများအဖွဲ့ BTS (band) သည် သူတို့၏သီချင်းနှင့်ဂီတဗီဒီယို IDOL တွင် ဒဏ္ဍာရီကို ရည်ညွှန်းထားသည်။ မုန်းတီးသူများက သူတို့အကြောင်းအမြဲတမ်းပြောဆိုသည့်အတွက် ကျေးဇူးတင်ကြောင်း သီချင်းထဲတွင် ဖော်ပြထားသည်။ “အကယ်၍ သင်အလွန်ကျိန်ဆဲခံရရင် သင်အသက်ပိုရှည်လိမ့်မည်” (욕을많이먹으면오래산다 ) ဟုဆိုကာ လယုန်ဒဏ္ဍာရီနှင့် ချိတ်ဆက်၍ သီချင်းဆိုထားကြသည်။ ဆိုလိုသည်မှာ အမုန်းတရားများသူတို့လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆိုရိုးစကားနှင့်အညီ သူတို့ ထာဝရအသက်ရှင်နေထိုင်နိုင်မည်ဖြစ်ကြောင်း သီဆိုထားသည်။ ဗွီဒီယိုတွင် လပေါ်တွင် ယုန်၏ရုပ်ပုံပေါ်လာသည့်အခါ နောက်ခံတွင် tokki ( 토끼 ) ဟူသောအသံကြားနိုင်သည်။ ဆိုလိုသည်မှာ tokki သည် အင်္ဂလိပ်စကားလုံး “Talk” နှင့် အသံထွက်ချင်း တူရုံသာမက ကိုရီးယားဘာသာစကားဖြင့် ယုန်ဟုအဓိပ္ပာယ်ရသည်။

မှတ်စုများ

  1. ငါးရာ့ငါးဆယ် နိပါတ်တော်၊ စတုက္ကနိပါတ်၊ ပုစိမန္ဒဝဂ်မှ သသပဏ္ဍိတဇာတ်တော်
  2. ထိုစဉ်က ယုန်မင်းသည် မြတ်စွာဘုရားဖြစ်ခဲ့သည်။
    ပညာရှိဖျံမှာ မြတ်စွာဘုရား၏ညီတော် တပည့်သာဝက အရှင်အာနန္ဒာထေရ်ဖြစ်ပြီး ပညာရှိမြေခွေးမှာ မြတ်စွာဘုရား၏လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်ထေရ် ဖြစ်လေသည်။
    ပညာရှိမျောက်မှာ မြတ်စွာဘုရား၏လက်ယာတော်ရံ အရှင်သာရိပုတ္တရာထေရ်ဖြစ်ပြီး သိကြားမင်းမှာ အရှင်အနုရုဒ္ဓါထေရ်ဖြစ်ခဲ့လေသည်။
    ဘုရားလောင်းများပြုကျင့်သော အမြင့်အမြတ်ဆုံး “ဒါနပရမတ္ထပါရမီ” ပင်ဖြစ်ပေသည်။ ဘုရားအလောင်း ယုန်မင်း၏ ဒါနပရမတ္ထပါရမီကိုလည်း ရွှေလမှာယုန်ဝပ်လို့ ဟူ၍ ခေါ်ဆိုအပ်လေသည်။

ကိုးကားချက်များ

  1. မောင်အေးထွန်း (19 October 2017)။ ရွှေလမှာ ယုန်ဝပ်လို့ (မနောမယ ဂမ္ဘီယဂျာနယ်) (in my)။
  2. 月兔的兔,是什么兔? (in zh) (2013-12-03)။
  3. The Old Dust Poem by Li Po - Poem Hunter
  4. The Jatakas: Birth Stories of the Bodhisatta
  5. Buddha in Sri Lanka: Remembered Yesterdays။ February 2012။ ISBN 9780791481141
  6. The Folk-Tales of Burma: An IntroductionISBN 9004118128
  7. Mid-Autumn Festival Dates in 2020, 2021, 2022
  8. Mid-Autumn Festival Stories (Top 3 Most Interesting Legends)
  9. Fairy Tale of Moon Lady in Vietnam
  10. Makanai Cosmetics in Kagurazaka | MATCHA - JAPAN TRAVEL WEB MAGAZINE
  11. Waso Learn

ဆက်လက်လေ့လာရန်

ပြင်ပလင့်များ