မိုက်ကယ်ကျော်မြင့်ဟွားဟူ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"ဖိုင်:Police escort detained U..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
(ကွဲပြားမှု မရှိ)

၀၇:၂၈၊ ၂၂ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ဦးကျော်မြင့်ကို ရုံးထုတ်လာစဉ် (VOA News)

ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် (ခေါ်) မိုက်ကယ်ဟွားဟူသည် စီးပွားရေးသမားအဖြစ်မှ ယခုဖျက်သိမ်းခံရလိုက်ပြီဖြစ်သည့် နှင်းဆီပါတီ (UDP) ၏ ဥက္ကဋ္ဌ အဖြစ် အသွင်ပြောင်းလာသူဖြစ်သည်။[၁]

အစောပိုင်းဘဝ

ဦးကျော်မြင့်သည် ၁၉၆၈ နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကသ) ထဲသို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသူများထဲမှ တစ်ဦးဖြစ်သည်။ ဗကပ အရှေ့မြောက်စစ်ဒေသ စစ်ဒေသမှူး ရဲဘော်ဇော်မိုင်၏ သမီးနှင့် လက်ထပ်ခဲ့သည်။[၂]

၁၉၉၀ နှစ်များတွင် ဝ လက်နက်ကိုင်အဖွဲ့သည် စစ်အစိုးရနှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ တရားဝင် တည်ထောင် လုပ်ကိုင်သည်။ ယင်းတို့အနက်တစ်ခုမှာ မြန်မာကျုံယွမ်ကုမ္ပဏီဖြစ်ပြီး ဥက္ကဋ္ဌမှာ ထိုစဉ်က ဝတပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံ ဦးကျော်မြင့် ဖြစ်သည်။ ၁၉၉၈ တွင် မြန်မာကျုံယွမ်ကုမ္ပဏီကို ငွေကြေးမသမာမှုဖြင့် အရေးယူခံရပြီး ဦးကျော်မြင့် ထောင် ၉ နှစ်ကျသည်။ မန္တလေး အိုးဘိုထောင်တွင် ထောင်ကျပြီး တစ်နှစ်ခန့်အကြာတွင် နာမကျန်းဖြစ်သည်ဆိုကာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည်။

နိုင်ငံရေးခိုလှုံခြင်း

ဆေးရုံမှထွက်ပြေးပြီး ဘုန်းကြီးအသွင်ဖြင့် ထိုင်းကို ရောက်သွားသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန်သံရုံးနှင့်ချိတ်ဆက်ကာ မိသားစုနှင့်တကွ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သည်။ အမေရိကန်မှ ထပ်မံ၍ ကနေဒါတွင်လည်း နိုင်ငံရေးခိုလှုံခွင့်ရရှိကာ အခြေချခဲ့သည်။

ကနေဒါနိုင်ငံတွင် တရုတ်အစိုးရကို သစ်ပင်ပျိုးပင်များ ရောင်းချသည့် Maple Leaf Reforestation ကုမ္ပဏီတွင် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့သည်။ ကုမ္ပဏီ၏ အတွင်းသတင်းများကို အသုံးချကာ ရှယ်ယာများကို လက်သိပ်ထိုးဝယ်ယူခဲ့သဖြင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ရင်းနှီးမြုပ်နှံမှုဈေးကွက် ထိန်းချုပ်မှုဆိုင်ရာ ဗြိတိသျှကိုလံဘီယာကော်မရှင် BCSC က ဒဏ်ကြေးငွေပေးဆောင်စေခဲ့ပြီး၊ ငွေကြေးအရောင်းအဝယ်ဈေးကွက်တွင် ဝင်ရောက်ကစားခြင်းမှ ပိတ်ပင်အရေးယူခြင်း ခံရသည်။

နှင်းဆီပါတီခေါင်းဆောင်ဘဝ

၂၀၀၇ တွင် နှင်းဆီပါတီကို ကနေဒါနိုင်ငံတွင် စတင်ထူထောင်ပြီး မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် တရားဝင်မှတ်ပုံတင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နယ်စပ်မှတစ်ဆင့် မြန်မာပြည်သို့ ပြန်ဝင်လာခဲ့ပြီး နှင်းဆီပါတီ၏ ဥက္ကဋ္ဌနေရာကို လွှဲပြောင်းရယူခဲ့သည်။ မြန်မာနောင်း သတင်းဌာနက ဦးကျော်မြင့်အကြောင်း ဖော်ထုတ်ရေးသားပြီးနောက် ၂၀၂၀ စက်တင်ဘာ ၂၉ တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။[၃] နိုဝင်ဘာ၁၂ တွင် ထောင်ပြေးမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီး အခြားအမှုများအတွက်လည်း တရားရင်ဆိုင်နေဆဲ ဖြစ်သည်။[၄]

ကိုးကား