ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၉၃ - စာကြောင်း ၉၃ -


===စပိန်တို့အုပ်ချုပ်ခြင်း===
===စပိန်တို့အုပ်ချုပ်ခြင်း===
[[File:Coat of arms of Californias.svg|thumb|left|upright|ကယ်လီဖိုးနီးယားနယ်သားများအား နယ်စားကြီး အန်တိုနီယို ဒီ မန်ဒိုဇာမှ ချီးမြှင့်ခဲ့သော စည်းတံဆိပ်]]
၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သော [[မက္ကဆီကိုနိုင်ငံ]]၌ လာရောက် နေထိုင်ကြသည့် စပိန်လူမျိုး တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ် ရှိသည်ဟု စိတ်ကူးယဉ်ယဉ်နှင့်တွေးကာ ပြောဆိုခဲ့ ကြသည်။ ထိုသို့ ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီဂေ့ကားဗရီးဟိုး ဆိုသူ ပေါ်တူဂီလူမျိုး တစ်ဦးသည် စပိန်သင်္ဘောတစ်စင်းဖြင့် ရွှေတွင်းများရှိရာ အရပ်ကို စူးစမ်း ရှာဖွေရန် ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး ပင်လယ်အော်ထဲသို့ ရောက်ရှိခဲ့လေသည်။
[[File:Mission San Diego de Alcala in 1848.jpg|thumb|၁၈၄၈ မစ်ရှစ် စန်ဒီယေးဂိုး ဒီ အယ်လ်ကာလာ စတင်စဉ်။ ၁၇၆၉ ခုနှစ်တွင် စတင်ခဲ့သော ထိုမစ်ရှင်သည် ပထမဆုံး ကယ်လီဖိုးနီးယား မစ်ရှင်တစ်ခု ဖြစ်သည်။]]


ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆံုး ရောက်ရှိခဲ့ကြသည်။{{sfn|Rolle|1987|pp=34–35}} ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေငြာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။{{sfn|Rolle|1987|pp=40–41}} အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။<ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref><ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref> စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံ​ရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့ကြသည်။{{sfn|Rolle|1987|p=44}}
၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကယ်လီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သည်။ ထိုနောက် ပင်လယ်ခရီးတွင် စွန့်စားဝံ့သော အခြားပုဂ္ဂိုလ်များလည်း ကယ်လီဖိုးနီးယား ကမ်းခြေသို့ ရောက်ခဲ့ကြ၏။ သို့သော် နောင်နှစ်ပေါင်း ၂ဝဝ ခန့်ကြာမှ ကာလီဖိုးနီးယားတွင် လူများ အတည်တကျ နေထိုင်စ ပြုခဲ့လေသည်။ ရှေးဦးစွာ လာရောက် နေထိုင်သူများမှာ မက္ကဆီကိုမှ ဖရန်စစ္စကန် ဘုန်းကြီးများ ဖြစ်သည်။ ထိုနောက် ၁၇၆၉ ခုနှစ်နှင့် ၁၇၇ဝ ပြည့်နှစ်များတွင် စပိန်အစိုးရသည် ကယ်လီဖိုးနီးယားပြည်နယ်ကို သိမ်းပိုက်လိုက်၏။ မွန်းထရေးမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမဆုံး မြို့တော်ဖြစ်ခဲ့သည်။

စပိန်အစိုးရလက်ထက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသည်။ စပိန်တို့၏ လက်အောက်တွင် နှစ်ပေါင်း ၅ဝ ကျော်မျှ ကျရောက်ခဲ့၏။ ထိုခေတ်မှ ကြွင်းကျန်ခဲ့သော အရာများအနက် ဖရန်စစ္စကန် သာသနာပြုအဖွဲ့များနှင့် ယင်းတို့တည်ဆောက်ခဲ့သော ထူးခြားသည့် အဆောက်အအုံများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။


===မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း===
===မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း===

၁၉:၂၀၊ ၂၁ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ကယ်လီဖိုးနီးယားပြည်နယ်
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကယ်လီဖိုးနီးယား ရီပတ်ဘလစ်
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
September 9, 1850 (31st)
အကြီးဆုံးမြို့လော့စ်အိန်ဂျယ်လိစ်မြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများGreater Los Angeles
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးဂျယ်ရီဘရောင်း
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
အေဘယ်လ် မာဒိုနာဒို[၁]
Gavin Newsom—elect Democratic Party (United States)[၂]
လူဦးရေ
 • စုစုပေါင်း၃၇,၂၅၃,၉၅၆
 • သိပ်သည်းမှု၂၃၄.၄/sq mi (၉၀.၄၉/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေUS$၆၁,၀၂၁
 • ဝင်ငွေအဆင့်၉th
ဘာသာစကား
 • ရုံးသုံးဘာသာစကားအင်္ဂလိပ်ဘာသာ
လတ္တီကျူ32° 32′ N to 42° N
လောင်ဂျီကျူ114° 8′ W to 124° 26′ W

ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ စုစုပေါင်း ဧရိယာ ၁၆၃,၆၉၆ စတုရန်းမိုင် (၄၂၃,၉၇၀ စတုရန်း ကီလိုမီတာ) တွင် လူဦးရေ စုစုပေါင်း ၃၉.၅ သန်းမျှ နေထိုင်သဖြင့် ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံး နေထိုင်သော ပြည်နယ်ဖြစ်ပြီး ဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး နိုင်ငံတွင်းဒေသများတွင် အဆင့် ၃၄ ရှိသည်။ ကယ်လီဖိုးနီးယားသည် မြောက်အမေရိကတိုက်တွင် လူဦးရေ အများဆုံး နိုင်ငံတွင်း ဒေသ ဖြစ်ပြီး မြို့တော်မှာ ဆေခရာမန်တိုမြို့ ဖြစ်သည်။ ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ တို့သည် နိုင်ငံအတွင်း ဒုတိယနှင့် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့ပြဒေသများ ဖြစ်ကြပြီး လူဦးရေအားဖြင့် ၁၈.၇ သန်း နှင့် ၉.၇သန်း အသီးသီး​ရှိကြသည်။ [၃] လော့အိန်ဂျယ်လိစ်မြို့ သည် ပြည်နယ်အတွင်း လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ ဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် နိုင်ငံအတွင်း လူဦးရေ အများဆုံး ကောင်တီဖြစ်သော လော့စ်အိန်ဂျယ်လိစ်ကောင်တီ ရှိပြီး ဧရိယာအားဖြင့် အကြီးဆုံး ဖြစ်သော ဆန်ဘာနာဒီနို ကောင်တီလည်း ရှိသည်။ ဆန်ဖရန်စစ္စကို မြို့နှင့် ကောင်တီသည် နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အသိပ်သည်းဆုံးမြို့ ဖြစ်ပြီး နယူးယောက်မြို့၏ ရပ်ကွက် ၄ ခု ပြီးလျှင် နိုင်ငံအတွင်း ပဉ္စမမြောက် လူဦးရေ အသိပ်သည်းဆုံး ကောင်တီ ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၏ စီးပွားရေးသည် စုစုပေါင်းပြည်နယ်ထုတ်ကုန်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတွင်း စီးပွားရေးဒေသဖြစ်သည်။[၄] အကယ်၍ ကယ်လီဖိုးနီးယားအား နိုင်ငံတစ်ခု အဖြစ် ယူဆမည်ဆိုပါက ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စီးပွားရေး အကောင်းဆုံး နိုင်ငံ ဖြစ်ပြီး[၅] ၂၀၂၀ ခုနှစ်တွင် လူဦးရေ အများဆုံး အဆင့် ၃၇ ရှိပေလိမ့်မည်။[၆] ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတို့သည် နိုင်ငံအတွင်း နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ ပြီးလျှင် ဒုတိယ နှင့် တတိယမြောက် အကြီးဆုံး မြို့ပြ စီးပွားရေးရပ်ဝန်း ဒေသဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် စီးပွားရေးတန်ဖိုး ၁.၃ ထရီလီယံ နှင့် ၁.၀ ထရီလီယံ အသီးသီး ရှိကြသည်။[၇] ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသသည် နိုင်ငံအတွင်း ကျယ်ပြန့်သော စာရင်းကောက် ဒေသများတွင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမြင့်ဆုံး ဒေသဖြစ်ပြီး လူတစ်ဦးလျှင် ပျမ်းမျှထုတ်ကုန် ၁၀၆, ၇၅၇ ဒေါ်လာ မျှ ရှိပြီ[၈] ကမ္ဘာပေါ်တွင် ဈေးကွက်တန်ဖိုးအများဆုံး ကုမ္ပဏီ ၁၀ ခုမှ ၄ ခု အခြေစိုက်ရာ ဒေသဖြစ်ကာ[၉] ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူ ၁၀ ဦးမှ ၄ ဦး နေထိုင်ရာဒေသ ဖြစ်သည်။[၁၀]

ကယ်လီဖိုးနီးယား၏ ယဉ်ကျေးမှုမှာ ရေပန်းစားသော ယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ တီထွင်ဖန်တီးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘောဂဗေဒ၊​နိုင်ငံရေး နှင့် ဖျော်ဖြေရေးတို့တွင် ကမ္ဘာအား ဦးဆောင်လမ်းပြရာ အဖြစ် သတ်မှတ်ကြသည်။ ပြည်နယ်တွင်း လူအမျိုးမျိုး အထွေထွေတို့ ကွဲပြားခြင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာသူများပြားခြင်းတို့ကြောင့် ကယ်လီဖိုးနီးယား သည် နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် ကမ္ဘာတဝှမ်းလုံးမှ အစားအစာ၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရောနှောပေါင်းစပ်ရာ နေရာ ဖြစ်သည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စု၏ ရုပ်ရှင်လုပ်ငန်း၊ ဟစ်ပီယဉ်ကျေးမှု၊ ဘာဘီကျူး၊​အမြန်အစားအစာ၊ ပင်လယ်ကမ်းစပ် ယဉ်ကျေးမှု၊​ကားယဉ်ကျေးမှု နှင့် အင်တာနက်[၁၁] နှင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ[၁၂] တို့ အပြင် အခြားအရာ အများအပြား [၁၃][၁၄]၏ မြစ်ဖျားခံ ပေါက်ဖွားရာ ဒေသဖြစ်သည်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသနှင့် ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသတို့အား တကမ္ဘာလုံးဆိုင်ရာ နည်းပညာ နှင့် ဖျော်ဖြေရေး လုပ်ငန်းတို့၏ ဗဟိုဌာနအဖြစ် အများစုက ရှုမြင်လေ့ ရှိကြသည်။ ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် အလွန် အမျိုးစုံပြီး ၅၈% သည် ငွေကြေးလုပ်ငန်း၊​အစိုးရလုပ်ငန်း၊​အိမ်ခြံမြေ လုပ်ငန်း၊ နည်းပညာလုပ်ငန်း၊​ပရော်ဖက်ရှင်နယ် လုပ်ငန်း၊​သိပ္ပံဆိုင်ရာ လုပ်ငန်း နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများတွင် အခြေခံသည်။ [၁၅] ပြည်နယ်စီးပွားရေး၏ ၁.၅% မျှသာ ရှိသော်လည်း[၁၅] ကယ်လီဖိုးနီးယား၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် အမေရိကန်ပြည်နယ်များတွင် ထုတ်လုပ်မှု အများဆုံး ဖြစ်သည်။[၁၆][၁၇][၁၈]

ကယ်လီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒါးပြည်နယ် နှင့် အရီဇိုးနားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံ၏ ဘာဂျာကယ်လီဖိုးနီးယားပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။​ပြည်နယ်၏ အမျိုးစုံသော ပထဝီဝင်တွင် အနောက်ဘက်ရှိ ပစိဖိတ်ကမ်းရိုးတန်းမှ အရှေ့ဘက်ရှိ ဆီးရားနီဗားဒါးတောင်တန်းများအထိ ၊ အနောက်မြောက်ဘက်ရှိ ဆီကွိုင်းယား နှင့် ဒေါက်ဂလပ်ထင်းရှူးတောများနှင့် အရှေ့တောင်ဘက်ရှိ မိုဂျေ့ဗ်သဲကန္တာရအထိ အမျိုးမျိုး ရှိသည်။ အဓိက စိုက်ပျိုးမွေးမြူရေး ဒေသဖြစ်သော ဗဟိုတောင်ကြားသည် ပြည်နယ်၏ အလယ်ဗဟိုကို စိုးမိုးထားသည်။ ကယ်လီဖိုးနီးယားအား ပူနွေးသော မြေထဲပင်လယ်ရာသီဥတုကြောင့် ကျော်ကြားသော်လည်း ပြည်နယ်၏ အရွယ်အစားကြီးမားသောကြောင့် ရာသီဥတုသည် မြောက်ဘက်ရှိ ပူနွေးသော မိုးသစ်တော ရာသီဥတုမှ အတွင်းပိုင်းတွင် ခြောက်သွေ့သော သဲကန္တာရ အထိနှင့် တောင်ကုန်းများတွင် နှင်းကျသော အယ်လ်ပိုင်းရာသီဥတု အထိ အမျိုးမျိုး အဖုံဖုံ ကွဲပြားသည်။ အချိန်ကြာလာသည်နှင့် အမျှ ပက်ကြားအက်ခြင်းနှင့် တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်မှု ပိုစိတ်လာသည်။[၁၉][၂၀]

ယခု ကယ်လီဖိုးနီးယားနေရာတွင် အစကနဦးက ဒေသရင်းကယ်လီဖိုးနီးယား လူမျိုးစုများ နေထိုင်လာခဲ့ကြသည်မှာ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း ဥရောပသား အမြောက်အများတို့ စူးစမ်းရှာဖွေသည် အထိ ဖြစ်သည်။ စပိန်အင်ပိုင်ယာမှ သိမ်းပိုက်ပြီး ကိုလိုနီအဖြစ် ပြောင်းလဲခဲ့သည်။ ၁၈၀၄ ခုနှစ်တွင် နယူးစပိန် နယ်စားဒေသအတွင်းရှိ အော်လ်တာ ကယ်လီဖိုးနီးယားတွင် ထည့်သွင်းခဲ့သည်။ အောင်မြင်သော လွတ်လပ်ရေးစစ်ပွဲအပြီး ၁၈၂၁ ခုနှစ်တွင် ထိုဒေသသည် မက္ကဆီကိုနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ၁၈၄၈ မက္ကဆီကို-အမေရိကန် စစ်ပွဲ အပြီးတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အော်လ်တာ ကယ်လီဖိုးနီးယား၏ အနောက်ဘက်အပိုင်းကို စုစည်း၍ ၁၈၅၀ စက်တင်ဘာ ၉ ရက်တွင် ၃၁ ခုမြောက် ပြည်နယ်အဖြစ် လက်ခံခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် စတင်သော ကယ်လီဖိုးနီးယား ရွှေနောက် အပူတပြင်း လိုက်ကြသည့် အဖြစ်အပျက်မှ သိသာသော လူမှုရေးနှင့် လူဦးရေပျံ့နှံ့နေထိုင်မှုတို့ကို ပြောင်းလဲပေးခဲ့သည်။ စီးပွားရေး တိုးတက်လာခြင်းနှင့် အတူ အရှေ့ဘက်မှ သို့မဟုတ် နိုင်ငံခြားမှ အကြီးအကျယ် ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြသည်။


အမည်မှည့်ခေါ်ခြင်း

စပိန်တို့သည် လာ့စ်ကယ်လီဖိုးနီးယာ့စ်" ဆိုသော အမည်ကို ယခု မက္ကဆီကို၏ ပြည်နယ် ဘာဂျာ ကယ်လီဖိုးနီးယားနှင့် ယနေ့ခေတ် ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ ယူတားပြည်နယ်တို့နှင့် အတူ အရီဇိုးနား၊ နယူးမက္ကဆီကို၊ တက္ကဆပ် နှင့် ဝိုင်အိုမင်းပြည်နယ်တို့၏ တစိတ်တဒေသတို့ ပါဝင်သော အော်လ်တာ ကယ်လီဖိုးနီးယား ဒေသတို့ကို ခေါ်ဆိုခဲ့ကြသည်။[၂၁]

၁၅၁၀ တွင် မှတ်တမ်းတင်ခဲ့သော ဒဏ္ဍာရီထဲမှ ကယ်လီဖိုးနီးယားကျွန်းဟု ခေါ်သည့် ရွှေနှင့် ပုလဲတို့ ပေါများသည့် ကာလာဖီယာ ဘုရင်မအုပ်စိုးသော ကယ်လီဖိုးနီးယားကျွန်းကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သမိုင်း

ရှေးဦး နေထိုင်သူများ

လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အတွင်းက တစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာခဲ့သဖြင့် ကယ်လီဖိုးနီးယားသည် ကိုလံဘီယာခေတ်မတိုင်ခင် မြောက်အမေရိကတွင် ယဉ်ကျေးမှု အရလည်းကောင်း၊ ဘာသာစကား အရ လည်းကောင်း အမျိုးမျိုး ကွဲပြားသော ဒေသဖြစ်သည်။ ရှေဦးနေထိုင်သူများကို ခန့်မှန်းကြရာတွင် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ အမျိုးမျိုး ရှိသည်။ [၂၂] ကယ်လီဖိုးနီးယား၏ ရှေးဦးနေ လူမျိုးများတွင် လူမျိုးစု ၇၀ ကျော်ရှိပြီး ရှေဦးအမေရိကန်များတွင် ကမ်းရိုးတန်း၌ အခြေချနေထိုင်သော လူဦးရေများပြားသော လူမျိုးစုများမှ ကုန်းတွင်းပိုင်းနေ လူမျိုးစု များ အထိ ရှိပြီး အုပ်ချုပ်ရေး ပုံစံမှာလည်း အုပ်စု၊ လူမျိုးစု၊ ကျေးရွာ နှင့် သဘာဝအရင်းအမြစ် ပေါများသော ကမ်းရိုးတန်းများတွင် ကြီးမားသော လူမျိုးစု အုပ်စုကြီးများ ဖြစ်သော ချူးမက်ရှ်၊ ပိုမို နှင့် ဆာလီနန် စသည်တို့ အထိ ရှိသည်။ ကုန်သွယ်ရေး၊ အချင်းချင်း လက်ထပ်ခြင်း နှင့် စစ်ရေးအရ မဟာမိတ်ပြုခြင်းတို့ဖြင့် ကွဲပြားသော လူမျိုးစု အုပ်စုများကြားတွင် လူမှုရေး နှင့် စီးပွားရေး ဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြသည်။

စပိန်တို့အုပ်ချုပ်ခြင်း

ကယ်လီဖိုးနီးယားနယ်သားများအား နယ်စားကြီး အန်တိုနီယို ဒီ မန်ဒိုဇာမှ ချီးမြှင့်ခဲ့သော စည်းတံဆိပ်
၁၈၄၈ မစ်ရှစ် စန်ဒီယေးဂိုး ဒီ အယ်လ်ကာလာ စတင်စဉ်။ ၁၇၆၉ ခုနှစ်တွင် စတင်ခဲ့သော ထိုမစ်ရှင်သည် ပထမဆုံး ကယ်လီဖိုးနီးယား မစ်ရှင်တစ်ခု ဖြစ်သည်။

ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆံုး ရောက်ရှိခဲ့ကြသည်။[၂၃] ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေငြာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။[၂၄] အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။[၂၅][၂၆][၂၇][၂၈] စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံ​ရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့ကြသည်။[၂၉]

မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း

၁၈၂၁ ခုနှစ်တွင် မက္ကစီကိုနိုင်ငံသည် စပိန်အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် လွတ်လပ်လာသောအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ၏ လက်အောက်ခံနယ် ဖြစ်လာလေသည်။

ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ နှင့်အောင်နိုင်ခြင်း

အစောပိုင်း အမေရိကန်ခေတ်

နှစ်ပေါင်းအစိတ်ခန့် မက္ကဆီကိုနိုင်ငံ လက်အောက်တွင် ရှိခဲ့ပြီးနောက် မက္ကဆီကိုစစ်ပွဲအပြီး ၁၈၄၈ ခုနှစ် တွင် ချုပ်ဆိုခဲ့သော စာချုပ်အရ အမေရိကန်အစိုးရသည် ကယ်လီဖိုးနီးယား ပြည်နယ်ကို သိမ်းပိုက်လိုက်လေသည်။ ထိုနှစ်အတွင်း၌ပင် ရွှေကို စတင်တွေ့ရှိလေရာ အမေရိကန်တို့သည် ကယ်လီဖိုးနီးယား ပြည်နယ် ထဲသို့ တသဲသဲ ဝင်ရောက်လာကြသည်။ ယင်းသို့ ရွေ့ရှားလာသူများကြောင့် စည်ကားလာ၍ ၁၈၅ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုအတွင်းသို့ ပြည်နယ် တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ ထိုအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် အဖက်ဖက်မှ တိုးတက်လာ၏။ ဆည်မြောင်းများ ဖေါက်ခြင်းဖြင့် ကန္တာရ အရပ်ဒေသများကို စိုက်ပျိုး လုပ်ကိုင်အောင် ပြုပြင်ခဲ့လေသည်။ အမေရိကန်ပြန်ထောင်စု အရှေ့ပိုင်းမှ စတင်၍ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီယယ်ရာ နီးဗားဒတောင်တန်းကိုဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာကမ်းအရောက် မီးရထားလမ်း ဖေါက်လုပ်ခဲ့၏။ ၁၉ဝ၆ ခုနှစ်တွင် ငလျင် ကြောင့် မီးလောင်ပျက်စီးခဲ့သော ဆန်ဖရန်စစ္စကိုမြို့ကိုလည်း ၃ နှစ်အတွင်း ပြန်လည် တည်ဆောက်ခဲ့လေသည်။

၁၉၀၀ မှ ယနေ့ခေတ်

ပထဝီဝင်

ကယ်လီဖိုးနီးယားပြည်နယ်၏ ရာသီဥတုမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဖြစ်သည်ဟု ဆိုလေသည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် သဘာဝ အလျောက် သာယာသော ရှုမျှော်ခင်းတို့ဖြင့် ပြည့်စုံသည့် ပြည်နယ် ဖြစ်ပေသည်။ ထိုပြည်နယ်တွင် သေမင်းချိုင့်ဝှမ်းဟု ခေါ်သော ဆန်းကြယ်သည့် ချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုချိုင့်ဝှမ်းသည် ပင်လယ်ပြင်အောက် ပေ ၂၈ဝ မျှ နိမ့်လေသည်။ ကြီးမားလှသော သစ်ပင်ကြီးများ ပေါက်ရောက်၍ ထင်ရှားသည့် ဆီယယ်ရာ နီဗားဒ တောင်တန်းတွင်ရှိသော ဝှစ်တနီ တောင်ထိပ်သည် အလာစကပြည်နယ်ရှိ တောင်ထိပ်တစ်ခုကို ချပ်လှပ်လျှင် အမေရိကန် ပြည်ထောင်စုတွင် အမြင့်ဆုံးဖြစ်၍ ပေပေါင်း ၁၄၄၉၅ ပေမျှ မြင့်သည်။

နီဗားဒတောင်တန်းနှင့် ကို့စရိန့်တောင်တန်းနှစ်ခုကြားတွင် ကာလီဖိုးနီးယားချိုင့်ဝှမ်းကြီး ရှိလေသည်။ အနောက်ဘက်ရှိဝီလဆန်တောင်ပေါ်၌ အမေရိကန် ပြည်ထောင်စုတွင် အရေးပါ ဆုံး နက္ခတ်မျှော်စင်ကြီးတစ်ခု ရှိ၏။ လော့စ်အိန်ဂျယ်လိစ်မြို့ အနီးတွင် ဟောလီးဝုဒ် ရုပ်ရှင်မြို့ကြီး တည်ရှိလေသည်။ မက္ကဆီကို နိုင်ငံဘက်ကျသော ဆန်ဒီယေးဂိုးမြို့နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော် ကမ်းနဖူးတွင်ရှိသော အုတ်ကလန်မြို့တို့မှာလည်း အတန်ထင်ရှားသောမြို့များ ဖြစ်ကြပေသည်။[၃၀]

ကိုးကား

  1. York, Anthony။ "Brown sworn in as California's 39th governor"၊ Los Angeles Times၊ 2011-01-04။ 2011-01-04 တွင် ပြန်စစ်ပြီး 
  2. Coté၊ John။ "Lt. Gov.-elect Gavin Newsom to be sworn in by Jan. 10"၊ SFGate.com၊ Hearst Newspapers၊ December 31, 2010။ January 3, 2010 တွင် ပြန်စစ်ပြီး 
  3. American FactFinder—Results။ U.S. Census Bureau။ January 24, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 24, 2017 တွင် ပြန်စစ်ပြီး။
  4. GDP by State | U.S. Bureau of Economic Analysis (BEA)။ September 19, 2018 တွင် ပြန်စစ်ပြီး။
  5. Report for Selected Countries and Subjects။ November 29, 2017 တွင် ပြန်စစ်ပြီး။
  6. World Population Prospects—Population Division—United Nations။ September 2, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 24, 2017 တွင် ပြန်စစ်ပြီး။
  7. U.S. metro areas—ranked by Gross Metropolitan Product (GMP) 2020 | Statistic။ May 31, 2019 တွင် ပြန်စစ်ပြီး။
  8. GDP by Metropolitan Area | U.S. Bureau of Economic Analysis (BEA) (in en)။ September 19, 2018 တွင် ပြန်စစ်ပြီး။
  9. Largest Companies by Market Cap Today • Dogs of the Dow (in en-US) (2019-06-17)။ 2020-04-25 တွင် ပြန်စစ်ပြီး။
  10. "Bloomberg Billionaires Index"၊ Bloomberg.com 
  11. Happy 25th anniversary, World Wide Web။ CalWatchdog.com (March 13, 2014)။
  12. Weller၊ Chris။ The most important invention from every state
  13. Some People Don't Know These 10 Things Came From Southern California (June 18, 2016)။
  14. 15 Things the world needs to be thanking California for
  15. ၁၅.၀ ၁၅.၁ California Gross domestic product (GDP) (millions of current dollars)။ U.S. Department of Commerce, Bureau of Economic Analysis။ July 19, 2015 တွင် ပြန်စစ်ပြီး။
  16. Palmer၊ Brian (July 10, 2013)။ The C-Free DietSlate
  17. CDFA—Statistics။ California Department of Food and Agriculture။
  18. "California farms produce a lot of food—but what and how much might surprise you"၊ Orange County Register၊ July 27, 2017။ 
  19. "California's most destructive wildfire should not have come as a surprise"၊ Los Angeles Times၊ November 10, 2018။ 
  20. Advancing Drought Science and Preparedness across the Nation။ National Integrated Drought Information System။ November 11, 2018 တွင် ပြန်စစ်ပြီး။
  21. Stewart, George (1945). Names on the Land: A Historical Account of Place-Naming in the United States. New York: Random House. pp. 11–17.
  22. Starr 2007, p. 13.
  23. Rolle 1987, pp. 34–35.
  24. Rolle 1987, pp. 40–41.
  25. Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2
  26. Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8
  27. Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2
  28. Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8
  29. Rolle 1987, p. 44.
  30. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)