ထင်လင်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{cleanup|date=2 Jul 2019}}
{{cleanup|date=2 Jul 2019}}
[[File:HtinLinn.jpg|right|thumb]]
[[File:HtinLinn.jpg|right|thumb]]
၁၉၁၆ - ခုနှစ်၊ မေလ(၉)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ညောင်လယ်ရွာ၌ အဖ-အခွန်တော်မြေတိုင်း စာရေးကြီး ဦးဘိုးပေါ်၊ အမိ-ဒေါ်လှတို့က မွေးဖွားသည်။ ငယ်မည်မောင်သိန်းမောင်။ ငယ်စဉ်ကရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင်
ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ညောင်လယ်ရွာတွင် အဖ အခွန်တော်မြေတိုင်း စာရေးကြီး ဦးဘိုးပေါ်၊ အမိ ဒေါ်လှ တို့က ၁၉၁၆ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်း ဦးသိန်းမောင်


ဖြစ်ပြီး ငယ်စဉ်က ရွာရှိဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၂၂ - အသက်(၆)နှစ် အရွယ်တွင် စစ်ကိုင်းတိုင်း၊ ထန်းတပင် ဇီးကုန်းသို့ပြောင်းရွှေ့နေထိုင်ပြီး ဦးသာဂျမ်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။


အသက် (၆) နှစ်အရွယ် ၁၉၂၂ ခုနှစ်၌ စစ်ကိုင်းတိုင်း၊ ထန်းတပင် - ဇီးကုန်းသို့ ပြောင်းရွှေ့နေထိုင်ပြီး ဦးသာဂျမ်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၂၉ ခုနှစ်တွင် စတုတ္ထတန်းအောင်မြင်ပြီး၍ ဘရစ်ချ်စကောလားရှစ် ပညာသင်ဆုရရှိပြီး ရေဦးမြို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူသည်။ ၁၉၃၁ ခုနှစ်တွင် ရွှေဘိုမြို့ အက်စ်ပီဂျီသာသနာပြုကျောင်းတွင် ပဉ္စမတန်းမှစ၍ ပညာသင်ကြားသည်။
၁၉၂၉ - စတုတ္ထတန်းအောင်မြင်ပြီး ဘရစ်ချ်စကောလားရှစ် စာမေးပွဲအောင်သဖြင့် ရေဦးမြို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်သည်။

၁၉၃၁ - ရွှေဘိုမြို့ အက်စ်ပီဂျီသာသနာပြုကျောင်းတွင် ပဉ္စမတန်းမှစ၍ ပညာသင်ကြားသည်။


၁၉၃၈ - ထိုကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ယင်းနှစ်တွင် ရွှေဘိုအရေးတော်ပုံရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့။
၁၉၃၈ - ထိုကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ယင်းနှစ်တွင် ရွှေဘိုအရေးတော်ပုံရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့။

၂၀:၀၅၊ ၄ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ညောင်လယ်ရွာတွင် အဖ အခွန်တော်မြေတိုင်း စာရေးကြီး ဦးဘိုးပေါ်၊ အမိ ဒေါ်လှ တို့က ၁၉၁၆ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်း ဦးသိန်းမောင်

ဖြစ်ပြီး ငယ်စဉ်က ရွာရှိဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။

အသက် (၆) နှစ်အရွယ် ၁၉၂၂ ခုနှစ်၌ စစ်ကိုင်းတိုင်း၊ ထန်းတပင် - ဇီးကုန်းသို့ ပြောင်းရွှေ့နေထိုင်ပြီး ဦးသာဂျမ်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၂၉ ခုနှစ်တွင် စတုတ္ထတန်းအောင်မြင်ပြီး၍ ဘရစ်ချ်စကောလားရှစ် ပညာသင်ဆုရရှိပြီး ရေဦးမြို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူသည်။ ၁၉၃၁ ခုနှစ်တွင် ရွှေဘိုမြို့ အက်စ်ပီဂျီသာသနာပြုကျောင်းတွင် ပဉ္စမတန်းမှစ၍ ပညာသင်ကြားသည်။

၁၉၃၈ - ထိုကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ယင်းနှစ်တွင် ရွှေဘိုအရေးတော်ပုံရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့။

၁၉၄၅ - ၄၆ - ဒုတိယကမ္ဘာစစ်အပြီးတွင် ကန့်ဘလူမြို့နယ်ပိုင်ရုံးတွင် ဒု-စာရေး၊ ထို့နောက် ကန့်ဘလူမြို့ပိုင်ရုံး စာရေးကြီးအဖြစ်အမှုထမ်းခဲ့။

၁၉၄၇ - ထိုနှစ်မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် စတင်ရေးခဲ့။ ပထမဆုံးဝတ္ထုမှာ နယ်ပိုင်ဦးထုပ် ဖြစ်ပြီး ၁၉၄၇-ခုနှစ် တာရာမဂ္ဂဇင်း၌ ဖော်ပြခံရသည်။ သိန်း(အညာ) ကလောင်အမည်ဖြင့်ရေးခဲ့။

၁၉၄၈ - ပဒေသာမဂ္ဂဇင်း၌ထင်လင်းအမည်ဖြင့် စတင်ရေးခဲ့။ ရန်ကုန်မြို့ စာပေဗိမာန်၌ စာပြုအဖြစ်ခန့်ထား ခြင်းခံရ။ ထို့နောက်-ရန်ကုန်တက္ကသိုလ်ပြန်တက်သည်။

၁၉၅၂ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့။

၁၉၅၃ - မဟေသီ(အလက်ဇန္ဒားဒူးမတ်-ဘာသာပြန်)ထွက်။

၁၉၅၄ - စာပေဗိမာန်မှ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက် စာတည်းအဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။

၁၉၅၅ - ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှထွက်၍ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် နည်းပြဆရာအဖြစ် ပြောင်းရွှေ့အမှုထမ်းပြီး မဟာဝိဇ္ဇာဆက်တက်သည်။

၁၉၅၉ - အလုပ်မှ နုတ်ထွက်၍ ဆရာမင်းယုဝေနှင့်တွဲဖက်ကာ ငွေတာရီမဂ္ဂဇင်းနှင့် ငွေတာရီစာစဉ်များကို တည်ထောင်သည်။ ငွေတာရီမဂ္ဂဇင်းအယ်ဒီတာချုပ်၊ ငွေတာရီစာစဉ်တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။

၁၉၆၁ - အမေရိကန်နိုင်ငံသို့ လေ့လာရေးခရီး (၄)လသွားရောက်ခဲ့ပြီး အပြန်တွင် ဂျပန်နိုင်ငံ ယူနက်စကို အကူအညီဖြင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကို လေ့လာခဲ့။

၁၉၆၃ - အလီဘာဘာ၏ဂူနှင့် အခြားစုံထောက်ဝတ္ထုများ (တက္ကသိုလ်ဥပစာတန်းတွင် ပြဋ္ဌာန်းစာအုပ်) ဘာသာပြန်ထွက်။

၁၉၇၄ - မောဂ္ဂလိ(ရု(ဒ်)ယတ်ကစ်ပလင်း ဝတ္ထု-ဘာသာပြန်)စာအုပ်ထွက်။ (ယင်းနှစ်အတွက် အမျိုးသားစာပေ ဆု ဘာသာပြန်ရသဆု ရရှိ)။ စည်းအပြင်ကလူ(အဲလ်ဘတ်ကမူး)ဘာသာပြန်။ ပေါ်လီယာနာ(အယ်လီနာပေါ်တာ)ဘာသာပြန် စာအုပ်များထွက်။

၁၉၇၅ - မြစိမ်းရောင် ရင်ခွင်သို့အပြန်ဝတ္ထုထွက်။

၁၉၇၆ - ဘယ်ဆီဘယ်ဝယ် ဝတ္ထုထွက်။ တစ်ကျွန်းစံ၏အပြန်လမ်း(အေ-ဂျေ ကရိုနင်) ဘာသာပြန်ထွက်။

၁၉၇၇ - စောင်းကြိုးတင်းသည့် သီချင်းသံ ဝတ္ထုတိုများ ထွက်။ ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်ထွက်။

၁၉၇၉ - စာပေဗိမာန် ဝတ္ထုတိုစာတမ်းဖတ်ပွဲ(မောင်ထင်နှင့်အခြား) စာအုပ်ထွက်။

၁၉၈၁ - အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်ဝတ္ထုထွက်။ ဝတ္ထုရှည်စာတမ်း (ပါရဂူနှင့်အခြား)ထွက်။

၁၉၈၈ - ပုလဲတေးသံ(ဂျွန်စတိန်းဘတ်) ဘာသာပြန်ဝတ္ထုထွက်။

၁၉၉၀ - အိန္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရီရှိ ဓမ္မဂီရိကုန်းမြေတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာဝိပဿ နာ နှီးနှောဖလှယ်ပွဲတွင် ဝိပဿနာဘာဝနာ-စာတမ်း ကို တင်သွင်းဖတ်ကြားခဲ့သည်။

၁၉၉၁ - လယ်တောမှအပြန်နှင့် လက်ရွေးစင်ဝတ္ထုများ စာအုပ်ထွက်။(ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထု တိုပေါင်းချုပ်ဆုရ။)

၁၉၉၄ - ချစ်သူရင်ခွင်ထက်၌အိပ်စက်ခြင်း။ မြင်းနီကလေး(ဂျွန်စတိန်းဗက်)၊ မီးလျှံပန်း(ဂျွန်စတိန်းဗက်)၊ ပင်လယ်ပျော်ဇင်ယော်(ရစ်ချက်ဘတ်ချ်)-စာအုပ်များထွက်။

၁၉၉၆ - ဇွန်လ(၃၀)ရက်နေ့တွင် ကွယ်လွန်၊ ကွန်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့် သားသမီး(၅)ယောက် ကျန်ရစ်ခဲ့။

၁၉၉၉ - ထင်လင်းပုံပြင်စာအုပ်ထွက်ခဲ့။

ထင်ရှားသောစာအုပ်အချို့

  1. မောဂ္ဂလိ(ရု(ဒ်)ယတ်ကစ်ပလင်း)ဘာသာပြန်
  2. စည်းအပြင်ကလူ(အဲလ်ဘတ်ကမူး)ဘာသာပြန်
  3. ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်
  4. ပေါ်လီယာနာ(အယ်လီနာပေါ်တာ)ဘာသာပြန်
  5. တစ်ကျွန်းစံ၏အပြန်လမ်း( အေ-ဂျေ ကရိုနင်) ဘာသာပြန်
  6. အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်
  7. စောင်းကြိုးတင်းသည့် သီချင်းသံဝတ္ထုတိုများ
  8. လယ်တောကအပြန် လက်ရွေးစင်ဝတ္ထုတိုများ
  9. ပင်လယ်ပျော်စင်ယော်(ရစ်ချက်ဘာ့ခ်)ဘာသာပြန်
  10. မြစိမ်းရောင်ရင်ခွင်သို့အပြန်

ကိုးကား