မင်းရှင်စော: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး DisamAssist ကို အသုံးပြု၍ နရသူ သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (နရသူ (ပုဂံ) သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
အရေးမကြီးNo edit summary
စာကြောင်း ၁၈ - စာကြောင်း ၁၈ -
| house = [[ပုဂံခေတ်|ပုဂံ]]
| house = [[ပုဂံခေတ်|ပုဂံ]]
| father = [[အလောင်းစည်သူ]]<ref name=yt-1-120>ရာဇဝင်သစ် အတွဲ ၁ ၂၀၁၂: ၁၂၀</ref>
| father = [[အလောင်းစည်သူ]]<ref name=yt-1-120>ရာဇဝင်သစ် အတွဲ ၁ ၂၀၁၂: ၁၂၀</ref>
| mother =ရတနာပုံ<ref name=yt-1-120/>
| mother =[[ရတနာပုံမိဖုရား (ပုဂံ)|ရတနာပုံ]]<ref name=yt-1-120/>
| birth_date = ၁၁၁၇ <small>ခုနှစ်အတွင်း သို့မဟုတ် ထို့ထက်စော၍</small>
| birth_date = ၁၁၁၇ <small>ခုနှစ်အတွင်း သို့မဟုတ် ထို့ထက်စော၍</small>
| birth_place = [[ပုဂံ]]
| birth_place = [[ပုဂံ]]

၀၈:၂၅၊ ၃၀ အောက်တိုဘာ ၂၀၂၀ ရက်နေ့က မူ

မင်းရှင်စော
နန်းသက်c. ၁၁၁၇–၁၁၅၁
ရှေ့မင်းဆက်အလောင်းစည်သူ
Successorနရသူ
မွေးဖွား၁၁၁၇ ခုနှစ်အတွင်း သို့မဟုတ် ထို့ထက်စော၍
ပုဂံ
ကွယ်လွန်၁၁၆၇
ပုဂံ
စံအိမ်ပုဂံ
ခမည်းတော်အလောင်းစည်သူ[၁]
မယ်တော်ရတနာပုံ[၁]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းရှင်စော (မင်းလျှင်စော)သည် အလောင်းစည်သူမင်းကြီး၏ သားတော် သုံးပါးအနက် သားတော်ကြီးဖြစ်သည်။ နန်းတော်သို့ ခစားဝင်သော နေ့တစ်နေ့တွင် ပဋိက္ခရား ကုလားမင်းသမီးမိဖုရားနှင့် ခမည်းတော် အလောင်းစည်သူမင်းကြီးတို့ သလွန်ညောင်စောင်းတွင် နေသည်ကို မြင်လိုက်ရသည်။ ထိုအဖြစ်ကို မခံမရပ်နိုင်ဖြစ်ကာ ခုတင်ပေါ်က ဆင်းကြပါဦးမလားဟု အမျက်ထွက်၍ မခစားဘဲနေလေသည်။

တစ်ကြိမ်တွင် အလောင်းစည်သူမင်းကြီးသည် အထိန်းတော်၏သား အနန္တသူရိယအား မင်းသားတို့သာ ဝတ်ဆင်ထိုက်သော ဝတ်လဲတော်အား ပေးလေသည်။ ထိုတွင်လည်း သူ့ဆင့်အတန်းဖြင့် မင်းဝတ်မင်းစားဝတ်သည်မှာ အရာဌာနမဟုတ်၊ အဝတ်နှင့် မထိုက်တန်ဟုဆိုကာ ချွတ်လဲစေခဲ့လေသည်။

ထိုကိစ္စများကို အလောင်းစည်သူမင်းကြီး ကြားသိရသောအခါ မခန့်မညား ပြုရကောင်းလားဟုဆိုကာ မင်းရှင်စောကို နှင်ထုတ်လိုက်ရာ ထွန်တုံးပူတက်အရပ် (ယခုမန္တလေးအရှေ့ဘက်)တွင် လာရောက် တည်ထောင်နေလေသည်။ မင်းရှင်စောသည် သူမြို့တော်တည်ပြီးမှ မိုးနည်းသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ မိုးရေရရှိအောင်လည်း အမျိုးမျိုး ကြံဆောင်ခဲ့သည်။ စိုက်ရေပျိုးရေ ရရှိအောင် ဆည်တော်တည်ခဲ့သည်။ ပထမဆည်ရေဖြင့် မြောင်းသွယ်စိုက်ပျိုးခဲ့သည်။ မိုးရွာသွန်းမှုများလာသောအခါ မိုးတွင်းကာလတွင် ရေများဖွေးနေပေမယ့် ဆောင်းနှင့်နွေတို့တွင် စိုက်ရန်ပျိုးရန် ရေအခက်အခဲ ရှိနေပြန်သည်။

မိုးတွင်းရရှိသောမိုးရေများ အလဟဿ မဖြစ်စေဘဲ သိုလှောင်အသုံးပြုနိုင်စေရန် တစ်ဆင့် ကြံစည်ရပြန်သည်။ မိုးရေများကို တစ်နှစ်ပတ်လုံး အသုံးပြုနိုင်စေရန် ရေကန်ကြီးများတည်ရန် အကြံရသည်။ ထို့ကြောင့် ကန်တိလိကို ဆည်ဖို့ခဲ့ပြီး အောင်ပင်လယ်ကန်ဟု ကမ္ပည်းတင်ခဲ့သည်။

ထို့နောက် မန္တလေးတောင် မြောက်ဘက်တွင် နန္ဒာကန်ကို တည်ခဲ့သည်။


မင်းရှင်စောတည်လုပ်ခဲ့သော ဆည်မြောင်းချောင်းကန်များထဲတွင် အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ဇောင်းကလောကန်နှင့် တမုတ်ဆိုးကန်တို့သည် အထင်ရှားဆုံး ဖြစ်သည်။ [၂]ရန်ကင်းတောင် ငါးရံ့မင်း တွင်းများကိုလည်း ပြုလုပ်ခဲ့လေသည်။

သက္ကရာဇ် (၅၂၀) တွင် ပုဂံပြည်၌ ခမည်းတော် အလောင်းစည်သူမင်း နတ်ရွာစံကြောင်း ကြားသိရ၍ ပုဂံပြည်ကို စစ်သည်တော် အလုံးအရင်းနှင့် ချီတော်မူမည် ပြင်လေသော် ညီတော် နရသူ ကြားသိ၍ ပုဂံတစ်ပြည်လုံး ဘုရားကဲ့သို့ ကိုးကွယ်ရသော ပံ့သကူမထေရ်အား ချဉ်းကပ်ပြီး "နောင်တော် မင်းရှင်စောသည် ခမည်းတော် မရှိကြောင်းကြား၍ စစ်ချီတော်မူမည်ဟု သိရသည်။ ဤကဲ့သို့ အလုံးအရင်းနှင့် ချီတော်မူသော် ကြာချေမည်။ ကြာလျင်လည်း ပြည်ထဲရေး မသင့်ချေ။ တိုင်းရေးပြည်ရေးတွင် ကျွန်ုပ်ရှိနေပြီးဖြစ်၍ စိတ်ပူရန်မလို။ ဓားတစ်စင်း၊ မြင်းတစ်စီးဖြင့်သာလျှင် ကြွတော်မူရန် အရှင်ဘုရားမှ ခေါ်ပါ" ဟု လျှောက်လေသော် ပံ့သကူမထေရ်လည်း "ငါခေါ်၍ ရောက်သောအခါ မင်းမမြှောက်ဘဲ နေပါက ငါရဟန်းတရားနဲ့ မညီရှိမည်" ဟု မိန့်တော်မူသော် နရသူလည်း "နောင်တော်ရောက်ပါက နောင်တော်ကို ဓားထမ်း၍ နန်းတင်ပါမည်"ဟု ကြီးစွာ သစ္စာပြု၏။ ပံ့သကူမထေရ်လည်း နရသူ သစ္စာပြုသည်ကို ယုံကြည်တော်မူ၍ မင်းရှင်စော ရှိရာကို ကြွတော်မူရာ မင်းရှင်စောလည်း မထေရ်စကားကို ယုံကြည်တော်မူသဖြင့် ရွှေလှေကား တစ်စင်းဖြင့်သာ မထေရ်ကိုတင်၍ စုန်လာတော် မူသည်။

မင်းရှင်စောနှင့် ပံ့သကူမထေရ်တို့ လက်ပံဆိပ်ရောက်သော် နရသူလည်း ပံ့သကူမထေရ်အား သစ္စာပြုသည့်အတိုင်း သံလျက်ကို ထမ်း၍ နောင်တော်ကိုနန်းတင်လေသည်။ ထိုတစ်ညတွင်သာ နေ၍ နံနက်တွင် စားတော်ပွဲ၌ နရသူမှ အဆိပ်ခတ်၍ နတ်ရွာစံ ကံတော်ကုန်လေသည်။ မင်းရှင်စောသည် အသက်(၄၇)နှစ်၊ တနဂ်နွေသား၊ သက္ကရာဇ် (၅၂၀) တွင် ကံတော်ကုန်လေသည်။

ကိုးကား

  1. ၁.၀ ၁.၁ ရာဇဝင်သစ် အတွဲ ၁ ၂၀၁၂: ၁၂၀
  2. ရွှေရိုး(မန္တလေး) ၊ မင်းတုန်းမင်းမြို့နန်းမတည်မီက မန္တလေး၊ ၂၀၁၅-ခု၊ ဇွန်လ
  3. ဦးဖိုးကျား။ ခေတ်မီမြန်မာရာဇဝင်အကျဉ်း