ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
ဆောင်းပါးခောင်းစဥ်အသစ်ထည့်သည်။
စာကြောင်း ၇၃ - စာကြောင်း ၇၃ -
[[မြိုရိုးရာ]] တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ်ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။'' ''ပလုံ''ကို ပြုလုပ်ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိပါသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိပါသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပလေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ''ဆင်ရုမ်ကောမ်'' ''တွေကောကောမ် ပါမ်'' ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို ၊မင်းကျွန်များက တီးမှုတ်ပြီး'' မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်းကောင်း ၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း ၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက ၊ ချာချတ်အက ၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။''<ref>Bangladesh RITUAL MOUTH-ORGANS OF THE MURUNG </ref>
[[မြိုရိုးရာ]] တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ်ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။'' ''ပလုံ''ကို ပြုလုပ်ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိပါသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိပါသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပလေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ''ဆင်ရုမ်ကောမ်'' ''တွေကောကောမ် ပါမ်'' ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို ၊မင်းကျွန်များက တီးမှုတ်ပြီး'' မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်းကောင်း ၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း ၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက ၊ ချာချတ်အက ၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။''<ref>Bangladesh RITUAL MOUTH-ORGANS OF THE MURUNG </ref>


== ရိုးရာနွားထိုးပွဲြ ==
== ရိုးရာနွားထိုးပွဲ ==
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန်အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြသည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုကျစီစိုက်ထူထားသည်။တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိကြသည်။နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကိုထပ်မံစိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။

== ြ ==


== ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့ ==
== ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့ ==

၀၇:၁၀၊ ၂၂ စက်တင်ဘာ ၂၀၂၀ ရက်နေ့က မူ

(ဤအကြောင်းအရာများနှင့် ခမီဘာသာစကားပြောပြီး မြိုလူမျိုးဟု ခံယူသူများနှင့်မရောထွေးပါနှင့်)


မြိုလူမျိုး
 မြန်မာ,  ဘင်္ဂလားဒေ့ရှ်, အိန္ဒိယ
မြိုရိုးရာတေးမှုတ်တုရိယာ နှင့် မြိုအမျိုးသားများ
လူဦးရေ စုစုပေါင်း
၁၂၀,၀၀၀ (၂၀၂၀)
အများစု နေထိုင်သည့် နေရာ
မြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယ
ဘာသာစကား
မြိုဘာသာစကား [ ဒေသိယစကား- မြို ၊မရို ၊ မြူ ၊မရူ၊ မြုံ ၊မြုန် ၊ တောင်မြို၊ တောင်မရူ ၊ မြူ ၊ မြိုစာ ၊ မြူစာ ]
ကိုးကွယ်မှု
နတ်ကိုးကွယ်ယုံကြည်မှု

ဗုဒ္ဒဘာသာ

ခရစ်ယာန်ဘာသာ

မြိုကရာမာ ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ချင်းလူမျိုး

တိဗက်- မြန်မာ အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် ရှေးဟောင်းမြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။[၁]

ပထဝီနယ်မြေ

ဖိုင်:မြန်မာနိုင်ငံအတွင်းသို့တိဗက်မြန်မာအုပ်စု ဝင်ရောက်လာခြင်းကိုပြသောမြေပုံ.jpg
တိဗက်မြန်မာ အုပ်စု မြန်မာနိုင်ငံ သို့ ဝင်ရောက်လာခြင်းကို ပြသော မြေပုံ။

မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် ရခိုင်ကမန်ခမီဒိုင်းနက်မရမာကြီး၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် မောင်တောခရိုင်မေယုတောင်တန်းဘူးသီးတောင်မြို့နယ် ၊ စိုင်းဒင်(စိုင်းဒင်ရေတံခွန်)ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည် ။ပုဏ္ဏားကျွန်းမြို့နယ် ၊စမ်းပတီးချောင်းတစ်လျှောက်၊ ကျောက်တော်မြို့နယ် နှင့် ချင်းပြည်နယ် ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း ၊ နုတ်ရာဇဝင်မှတ်တမ်းများအရ ဤသို့ ဆိုပါသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်ကမဇ္ဈိမဒေသတစ်နေရာတွင် ကုသဝတီပြည်ရှိလေသည်။ထိုပြည်တွင်ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက်လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင်ဝါရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက်နေထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသောခံတပ်ကြီးသဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု သမိုင်းကဆိုပါသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ ၊အချွန်သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည်နေရာလုနေကြသည် ဟုမှတ်ယူနိုင်ပါသည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည် ။မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်ပါသည်။မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန်ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုပါသည်။ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက်ပေါက်တစ်ပေါက်သာရှိလေသည် ။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် မရုပ်နေဘရီးကအဲဒတ်ဟုခေါ်ကြသည်။ သို့သော် ဤတစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်းလုံးစုဝေး၍နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျားအရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည် ။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီးခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို မရူ မရုပ်ဟူသော အခေါ်မှ မရို ဟု ပြောင်းလဲ လာခဲ့ပေသည်။ မရို ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် မြို ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မြို တို့သည် ဥဒလင်း ၊ မီးချောင်း ၊ကလပ်ချောင်း ၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည် ။ထို့ကြောင့် မြို သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္စျပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။အနောက်မဇ္စျိမမှ စစ်ဘေးဒဏ်ကြောင့် မြို တို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံမဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း ၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ‌‌‌‌‌ဒေသ ဘန်ဒရာဘင်(Bandarban ) ၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း ၊ မီးချောင်း ၊ ကုလာတန်မြစ်ကြော မှ ယင်းမှတစ်ဆင့် အချို့သည် ကစ္ဆပနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရိစ္ဆာန်ရန်မှလည်းကောင်း ၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရိစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက မြို ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။[၂]

သမိုင်း

ဖိုင်:မြိုအမျိုးသား သုံးဦး.jpg
မြိုအမျိုးသား သုံးဦး ရိုးရာ နပက် ဝတ်ဆင်မှုနဲ့။

မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသသို့စတင်အခြေချမှုနှင့်ပတ်သက်၍ ရခိုင်သမိုင်းများတွင်လည်းခြေရာကောက်ယူနိုင်ပါ သည်။ ကစၦပနဒီမြစ်ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှဝင်ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း ၊ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်း မရယုမင်း သည် "မြို"အကြီးအကဲတစ်ဦး၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစၦပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုပါသည်။[၃] ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ်ဆိုထားပါသည် ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသည်ဖြစ်၍ မြိုလူမျိုးခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်' ဟုဖော်ပြထားပါသည်။[၄]ဤအဖြစ်အပျက်ကို နှောင်းပိုင်းသုတေသီတို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြု၍ ဖော်ပြရာ ဘီစီ-၃၃၂၅ သည် မာရယု၏ နန်းတက်နှစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်သမိုင်းဦး ကာလကပင် ရခိုင်ပြည်နယ်၌ "မြို"တိုင်းရင်းသားတို့ရှိနှင့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက်ယူနိုင်ပါသည်။ မြိုတို့သည် ရခိုင်နှင့်အတူတကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် မြို လူမျိုးသုံးဦးဘုရင်ဖြစ်လာခဲ့သော သမိုင်းကြောင်းသည် ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့ပါသည။ ဝေသာလီကျောက်လှေကားခေတ်တွင် စူဠစန္ဒားမင်းနတ်ရွာစံပြီးနောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဘုရားသည်ဘုရင်ကြီးမှာခဲ့အတိုင်း မိမိလက်စွပ်ဖြင့်တန်သူကို ရှာဖွေခဲ့ရာ မတွေ့ရ၍ချောင်းဖျား၊မြောင်းဖျား၊တောတောင်အနှံ့အပြားရှာဖွေစေသည်။ထိုအခါအဆင်း၊ခွန်အား၊စွမ်းအားဖြင့်ပြည့်စုံသောမြိုလူမျိုးသုံးဦးဖြစ်သည့် အမြတူ၊ အမြကူ၊ပဲဖြူ တို့နှင့် လက်စွပ်တန်သည်ဖြစ်၍ဝေသာလီမြိ့တော်သို့ခေါ်ယူခဲ့သည်။ [၅]ယင်းနောက်အစ်ကိုကြီး အမြကူကို အိမ်ရှေ့အရာအပ်နှင်းကာ သားဖြစ်သူပဲဖြူကို မြောက်ဦးမြို့အားစားစေသည်။ ထိုအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)တွင် 'မြိုတွင် ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရ၍၊ အစတည်တုံ၊ အမြတူနှင့်၊ တူစုံသားမောင်၊ထီးနန်းဆောင်၍ နောင်တလစ်မှု၊ သားပဲဖြူနှင့်၊ ရိပ်ဖြူဆောင်းချုပ် ၊ ပြည်ရွာအုပ်လျက်' ဟုမှတ်တမ်းတင်ခဲ့သည်။[၆] ပဲဖြူမင်း မြောက်ဦးမြို့တည်၍နေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်၍ပျက်စီးသည်ကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းတွင် ရှမ်းလိမ်းဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍ဖျက်ဆီးလေသော၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်' ဟူ၍ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)၌ပင်ဖော်ပြထားပါသည်။ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်တွင်ပျောက်ဆုံးနေသော မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။နောက်ဆုံးတွင်ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် နေထိုင်စားသောက်ကြသော မြိုလူမျိုးရဟောင်လာနှင့် အပေါင်လာညီအစ်ကို နှစ်ဦး၏ အကူအညီလမ်းညွန်မှုဖြင့် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တစ်ခုတွင် လည်တော်တိုင် မြေဖုံး၍ တွေ့ရသည် ဟုဆိုသည်။[၆] ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)တွင် 'ကောလိယမင်း၊ အရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ရှိသည့်အကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဟူ၍ ဖော်ပြထားပါသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းများ၏ အဆိုအရ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက်ရှိခဲ့မည် ဖြစ်သော "မြို"တိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်း ကစ္ဆပနဒီ နှင့် လေးမြို့မြစ် ဝှမ်းသို့ တစ်သုတ်ပြီးတစ်သုတ် အခြေချခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကစ္စပနဒီနှင့်လေးမြို့မြစ်ဝှမ်းသို့ အခြေချလာပုံနှင့်ပတ်သက်၍ ဤသို့ဆိုပါသည် BC-၃၃၀၀ ကျော်က အဆိုပါ မြိုလူမျိုးများသည် အိန္ဒိယတောင်တန်းအရပ်ဒေသနှင့်တရုတ်ပြည် ယူနန်အရပ်ဒေသတွင်နေထိုင်ခဲ့လေ၏။ ထိုအရပ်ဒေသမှတစ်ဆင့် ကစ္စပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နှင့်ကုလာတန်မြစ် ဝှမ်းပီချောင်း၊မီးချောင်းအရပ်ဒေသ၌အခြေချလာရာထိုအရပ်၌ပင်ရခိုင်တိုင်းရင်းသားများနှင့်ရင်းနှီးစွာနေထိုင်ရင်းရခိုင်မင်းဆက်သုံးဆက်မျှ အုပ်စိုးခဲ့ကြသည်။" ၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလားမြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံလက်စွဲစာအုပ်တွင် ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ပသည်။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်းဖြင့်တောင်ဘက်သို့ ဆင်းလာခဲ့ရာ ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများမှဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှချင်းအမျိုးသားတို့သည်အနောက်ဘက် တောင်တန်းများသို့ တက်ခဲ့ကြလေသည်။ ဆင်းသက်လာသောသုံးစု အနက်အများစုတွင် မြန်မာနှင့် ရှေးမြန်မာများပါဝင်သည်။ တောင်ဘက်သို့ဆက်၍ ဆင်းသက်လာရင်း လမ်းတစ်လျှောက်တွင် အချို့က အတည်တကျစွဲမြဲနေထိုင်ရစ်ကြရာ မြန်မာပြည်မြောက်ပိုင်းနေ မျိုးနွယ်စုများဖြစ်သွားကြသည်။ ရခိုင်ရိုးမတောင်တန်းများ၌ နေကြသော ချင်း၊ ဒိုင်းနက်၊ မြို ၊ တောင်သား၊ ခမီးတို့သည်လည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြသည်။ ချင်း ၊ ကချင်နှင့် မျိုးနွယ်ချင်းဆက်စပ်သော နာဂတို့သည် မြန်မာနိုင်ငံမြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနှင့် ချင်းတွင်းမြစ်အနောက်ဘက်တို့တွင် နေထိုင်ကြသည်ဟုရေးသားထားပါသည်။ ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မရယုနှင့် ဗေဒါရှင်းတမ်း စသည့်ကျမ်းကန်များတွင်လည်းကောင်း ၊တချို့သောစာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးကိုရေးသားကြရာတွင်မြိုဟူသောဝေါဟာရ အပြင် မြိုဟူ၍လည်းကောင်း မြုန်"ဟူ၍လည်းကောင်း "မြို့"ဟူ၍လည်းကောင်း မှုကွဲစာလုံးပေါင်းဖြင့်ရေးသားထားပါသည်။ မြို၊ မြုန်၊ မြုမ် ၊ မြူ၊ မြို့ဟူသော အရေးအသားသည် "မြို"လူမျိုးတစ်မျိုးကိုပင်ရေးးသားထားဟုမှတ်ယူနိုင်ပါသည်။ အိန္ဒိယလူမျိုးများက မြိုလူမျိုးများကို "မြုံဂျာ"ဟုခေါ်ဝေါ်နေကြသည်။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားတို့က "မြို"ဟုခေါ်ပြီး ဗမာတိုင်းရင်းသား တို့ကမှု "မြို"ကို "မျို"အသံထွက်သည်။[၇] မြို လူမျိုးကို တစ်ခြားတိုင်းသားများက သူ့လျာသံနှင့်မည်သို့ပင်ခေါ်စေကာမှု မိမိကိုယ်ကို "မြူ""မရု"ဟု ယနေ့တိုင်ခေါ်ဝေါ်ကြပါသည်။ မြိုတိုင်းရင်းသားလူမျိုးများမှာ မှုလ "မြူ"နာမည် [၈]ရှိသလို ရခိုင်လူမျိုး၊ ဗမာလူမျိုး စသည့်တိုင်းရင်းတို့မှာလည်း"Burma ဘာမာ"ဟုတွေ့ရပြီး၊ရခိုင်တိုင်းရင်းသားတို့မှာလည်း"Arakan အာရကန်"ဟုတွေ့ရပါသည်။ မြိုတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုယ် "မြူ"ဟူ၍အပြင် "မြိုစာ Mro-cha"ဟူ၍ ၊ မရိုစာ Mo-roo-sa ဟူ၍လည်းခေါ်ပါသည်။ [၉]"မြူ"အသုံးနုန်း သည် အများဆိုင်'နာမ်'ကိုလည်းသုံးပါသည်"မြိုစာ"အသုံးနုန်းသည်မိမိကိုယ် ကိုယ်စားပြုပါသည်။ ထို့အပြင် "မရိုစာ Mro-cha"ဟူ၍လည်းကောင်း၊ "မရုစာ Mru- chaဟူ၍ လည်းကောင်းခေါ်ဆို သည်။ လူလူသားဟု အဓိပ္ပါယ်ရသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား

မြိုတိုင်းရင်းသား လူမျိုးများသည် ယခင် ယခင် ကဆိုလျှင် နတ်ဘာသာ ကို ကိုးကွယ်ယုံကြည်ကြပါသည်။ ယင်းတို့မှာ ဘုရား (သုံး)ပါး ကို ကိုးကွယ် ယုံကြည်ကြောင်း THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOL. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon, စာမျက်နှာ -၄၂၅ တွင် ဤသို့ ဖော်ပြသည် "They have Three gods , Too-ra-ee, the the father, Tsoon-toon, the nat of the hills and Oo-rengs, the nat of the streams" by (Sir, Arthur Phayre)" ယင်းတို့မှာ ဘုရား သုံးပါး ရှိသည် ထူရိုင်းဘုရား -Too-ra-ee , ဆုန်တောမ်း နတ်-Tsoon-toon,နှင့် အော်နှာမ့်နတ် - Oo-rengs ဟူ၍ ဖော်ပြထားသည်။ မြိုတို့ ဘာသာစကားဖြင့် စက်ြာဝဌာ တစ်ခုလုံးကို အုပ်စိုးသော ဘုရား ကို "ထူရိုင်း"(သို့)"ထိုရိုင်း" ဟု ခေါ်ဆိုသည်။ တောင်စောင့်နတ် ကို ကား " "ဆုန်တောင်မ့်" (သို့) "ဆုန်နှာမ့်" ဟုခေါ်၍ ချောင်းစောင့်နတ် ကိုမူ "အော်နှာမ့်" ဟုခေါ်ဆိုသည်။ "ထူရိုင်း "ဘုရားသည် ဘုရားတကာတို့ထက် ကြီးမားသည် ကောင်းကင်ဘုံမှာ နေသည်ဟု ယုံကြည်ကြသည်။ "ဆုန်တောမ်း" (သို့) "ဆုန်နှာမ့်" နတ်ဘုရားသည် ကုန်းမြေကို အုပ်စိုး၍ ကုန်းမြေရှိသမျှအရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်သည်။ "အော်နှာမ့်" နတ် ဘုရားသည် မြစ်၊ချောင်း၊ အင်းအိုင် ၊ ပင်လယ်သမုတ္တရာ တို့ကို အုပ်စိုး၍ ရေရှိသော အရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်ကြသည်။တဖန် ၁-၁၁-၁၉၇၀-ခုနှစ် ထုတ် ရှုဒေါင့်ဂျာနယ် စာမျက်နှာ (၃၅) တွင်ပါရှိသော ဆောင်းပါး တွင်လည်း မြိုတို့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို " လောကတခုလုံး၌ ရှိသော စုန်းနတ်များကို အုပ်ချုပ်သည့် "ထိုရိုင်း" အမည်ရှိနတ်မင်းကြီးသည် ကောင်းကင်ဘုံတွင်နေသည်" ဟူ၍ဖော်ပြထားသည်။ ပြီးနောက်မှဗုဒ္ဒဘာသာ ​ထွန်းကားလားလာပြီး ထေရဝါဒ ဗုဒ္ဒဘာသာ ကို ကိုးကွယ် ယုံကြည်လာကြသည်။ ၁၉၈၀ ခုနှစ် မှ မြို တိုင်းရင်းသားလူမျိုးများ ဘာသာ ကိုးကွယ် ယုံကြည်မှု ကို လေ့ လာကြည့်သော်

နတ်ကိုးကွယ်ယုံကြည်မှု

ဗုဒ္ဒဘာသာ

ခရစ်ယာန်ဘာသာ

မြိုကရာမာ ဘာသာ

ဟိန္ဒူဘာသာ- စသည်တို့ကို နေရာဒေသ အပေါ် မှုတည်ပြီး ကိုးကွယ် ယုံကြည်ပါသည်။ ဗုဒ္ဒဘာသာ သာသနာ ရောက်သည့်ဒေသတွင် ဗုဒ္ဒဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ခရစ်ယာန် ဘာသာ သာသနာထိုးဖောက်သည့်ဒေသတွင် ခရစ်ယာန်ဘာသာကို ကိုးကွယ် ယုံကြည်ကြသည်။ ကရာမာ ဘာသာ ပေါ်ပေါက်လာချိန်မှာ ကရာမာ ဘာသာ ကို ကိုးကွယ် ယုံကြည်ကြသည်။ ဟိန္ဒူ ဒေသတွင် နေထိုင်သူများသည် ဟိန္ဒူဘာသာ ကို ကိုး ကွယ် ယုံကြည်ကြသည်။ ဘယ်ဘာသာ ရပ်မှမရာက်သည့်တောတောင် အရပ်ဒေသ တွင်ကား စုန်း၊နတ်ဘာသာ ကို ကိုးကွယ် ယုံကြပါသည်။ ဟိန္ဒူဘာသာ ကိုးကွယ် ယုံ ကြည် သူများသည် အိန္ဒိယ အရပ်ဒေသ တွင်နေထိုင်သူများဖြစ်ပါသည်။လောကတစ်ခုလုံး၌ရှိသော စုန်း၊နတ်များ ကို အုပ်ချုပ်သည့် "ထိုရိုင်း"အမည်ရှိ နတ်မင်းကြီး (ဘုရား)သည် ကောင်းကင်ဘုံတွင်နေသည်။ ၎င်းနတ်မင်းကြီး (ဘုရား)သည် ၎င်းတို့အား ကောင်းကျိုး ၊ဆိုးကျိုးကို ပေးစွန်းနိုင်သည်ဟူ၍ ယုံကြ်ကြသည်။[၁၀] မြိုလူမျိုးဘာသာစကားတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာစကား အနည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို (၆)အုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရိုင်းမာ၊ နောက်ဆာ ၊ဒိုမ်ရောင် ၊ နောက်ကော့၊ ဆုန်မာနှင့် တင်ဆာ ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် နောက်ဆာစကားသည် တင်ဆာ စကားနှင့်အများဆုးံတူညီသည် အပြော များဆုံး ဖြစ်သည်။ မြို တို့တွင် ကြာမာကိုယ်ပိုင်စာပေ ရှိသည်။ လာတင်အက္ခရာနှင့်ဆင်တူသည် သည်။ မြိုလူမျိုး တို့၏ဘာသာစကားနှင့် ရိုးရာဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။

မြိုအမျိုးကွဲပေါင်း

ဖိုင်:စစ်တွေဒိစ်စတြိတ်ရှိ မရိုလူမျိုးများဆေးတံသောက်နေပုံ.jpeg
၁၃၀၁-ခုနှစ်၊ စစ်တွေဒိစ်စတြိတ်တွင် ဆေးတံသောက်ပုံကိုတွေ့ရသောမရိုလူများ

မြိုလူမျိုးတို့တွင် မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်ခန့်ရှိသည်ဟူ၍ အဆိုရှိကြပါသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေတွေ့ရှိရကြေား၊ ယင်းအထဲတွင်လည်း အမှန်တကယ်အားဖြင့်ရှိနေသော မြိုမျိုးကွဲမှာ (၃၀) ဖြစ်ကြောင်းအဆိုရှိကြပါသည် ဟု ရှုဒေါင့်ဂျာနယ် (စာမျက်နှာ-၃၅) တွင်ဖော်ပြထားသည်။ ၁၈၇၉-ခုနှစ်က British Burma Gazetteer စာအုပ် (စာမျက်နှာ-၄၂၅ ) တွင် Fifteen clans of Mro named -မြို မျိုးကွဲပေါင်း (၁၅) မျိုးတွေ့ရှိကြောင်း ဖော်ပြထားပါသည်။[၁၁] သမိုင်းတွင် ဖော်ပြရေးသားချက်များသည် လက်လှမ်းမီ သည်အထိသာ ရေးသားခြင်းဖြစ်ပေမည် မိမိ ကိုယ်၌ပင် ယခုတိုင်တိတိကျကျ ဖော်ပြန်မလွယ်ကူပေ။ မြိုလူမျိုးသည် လူဦး‌ရေနည်းသလောက် မျိုးကွဲများပြားသည်။ ယခုအခါတွင် မြိုမျိုးကွဲများသည် (၇၀) မျိုးရှိကြောင့် ရှာဖွေလေ့လာတွေ့ရှိပါသည်။ ၎င်းတို့မှာ-၁။ပလောင်ဒို 2။ တင်မ်တူ ၃။ဆွေ၄။ဆာမ်လာမ်၅။ပြန့်စာ ၆။ဆင်ကာလ်စာ ၇။ဘွေမာ ၈။ဟရိကလောင် ၉။ခွာ ၁၀။အာလှာမ် ၁၁။ဒန် ၁၂။ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။မာလှာမ်မာ ၁၆။နိုနှာမ် ၁၇။နိုလှာမ် ၁၈။ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ကြောင်ဝေ့စာ ၂၄။ပေါင့်စာ ၂၅။ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်ရဲ့ ၂၈။ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြိုစာ ၃၁။ရွေ့စာ ၃၂။မရာစာ ၃၃။ဖလောင် ၃၄။တာမ်ဆင် ၃၅။ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။နာမ့်သရှိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ရန်လိပ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ ရိုမ်စာ ၅၂ လိင်မ် ကန့်စာ ၅၃ ရပေါစာ ၅၄။ ရုံမ်ထူ ၅၅။ ငါ့ရွာ့ ၅၆။နာမ့်ဖန်ဒန် ၅၇။အွေထနိ့ဒန် ၅၈။ စတုဒန် ၅၉။ရောင့်ဒိမ့် ၆၀။ဒက်ဒိမ့် ၆၁။နှာမ်ဒေါင့်မ် ၆၂။ပလက်ဆင် ၆၃။ဝင့်ကို ၆၄။ ဒန်ပရာမ့်နှာမ့် ၆၅။ ကွိုင်စင့်မ် ၆၆။ အောမ်စမ့် ၆၇။ ဆာရမ်စာ ၆၈။ စတု ၆၉။ တိန်စာ ၇၀။ရန်တိန်စာ တို့ဖြစ်ကြပါသည်။

ဤသို့ မျိုးကွဲများပြားသည်အလျောက် ခရီးသွားသည့်အခါမှာ ကျေးရွာတစ်ရွာ သို့ ဝင်လျှင် ၄င်းရွာတွင် မိမိအမျိုး ရှိမရှိကို မေးမြန်းရသည် အမျိုးတူ ရှိပါက ၄င်းအိမ်တွင်တည့်ခိုလေ့ရှိသည် အိမ်ရှင်တို့ကလည်း မိမိအမျိုးရောက်လာသော ဧသည်အား ပျုငှာ စွာ ဧည်းဝတ်ပြုရသည်။ အမျိုးမရှိပါက ကျေးရွာ လူကြီးအိမ်တွင် တည့်ခိုလေ့ရှိသည် ။ချစ်စရာဓလေ့မှာ ကျေးရွာတစ်ရွာတွင် ရောက်လာသော ဧသည် သည် မိမိအမျိုး မဟုတ်သော်လည်း အိမ်နီးချင်း များက ဟင်းပွဲ တစ်ပွဲ နှင့် ထမင်းပုကန်တစ်ခု ဧည်းသည်တည့်ခိုသည့် အိမ်သို့ ပေးပို့ လေ့ရှိကြသည်။ ထို့အပြင် ဧသည် အိပ်ရန် ရိုးရာခြုံထည်စောင် လည်း ပို့လေ့ရှိကြသည်။

ဘာသာ သာသနာ နှင့် စာပေ

မြိုလူမျိုးတို့၏ Krama-ကရာမာ ဘာသာ သာသနာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း သည် ဘင်္ဂလားဒေရ် ့စစ်တကောင်းခရိုင် ၊ခမောင်းဖြူကျေးရွာ၌ နေထိုင်သော ဦးမာန်ဆိန်း (Man Chien )၏ ဇနီးဒေါ်(Arue Tun Te) သည် တောထဲသို့ ထင်းခွေသွားရာ အတောင်ပံပါသော ကောင်းကင်တမန်တော်တစ်ပါးကို မြင်ခဲ့ပြီး မကြာမီအချိန်တွင်းမှာ ပဋ္ဋိသနေ​္ဒစွဲနေသည်။ Arue Tun Te သည် ကိုးလလွယ် ဆယ်လမွေး ပြီး သားယောကျၤားကိုဖွားမြင်ခဲ့သည်။ ထိုသားကို Manley မန်လေ ဟုအမည်ပေးလေ၏ ။ Manley Mro-မန်လေမြို သည် ငယ်စဉ်ကတည်းကပင် သူများနှင့်မတူသည့် အတွေ့အခေါ်၊ အမြော်အမြင်ရှိသူ တစ်ယောက်ဖြစ်သည် သာမက ဉာဏ်ရည် ထက်မြတ်သူ တစ်ဦးလည်းဖြစ်သည်။ မိဘနှစ်ပါးသည် သူတို့၏ သားဖြစ်သူ "မန်လေ ကို ပညာတတ်ကြီးဖြစ်ချင်သော ကြောင့် ဘင်္ဂလားဒေရ့်နိုင်ငံ စစ်တကောင်းပြည်နယ်၊ (Slogute or I cha school ria) အမည်ရှိကျောင်းတော်၌ ပညာသင်ယူရန်စေလွတ်ခဲ့ပါသည် မန်လေ သည်ဉာဏ်ပညာထက် မြတ်သူ တစ်ယောက်ဖြစ်သော်လည်း အလွန်ပျင်းရိသော သူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ဆရာ/မများသင်ပေးသော ကျောင်းစာကိုစိတ်မဝင်စားဘဲ တောထဲကို သာ နေ့စဉ်နေ့တိုင်း သွားတတ်ပြီး တစ်နေ့တွင် စာသင်ခန့်ထဲ၌ အိပ်ပျော်နေစဉ် အိပ်မက်ထဲတွင် ကောင်းကင်တမန် ဟုခေါ်သော Krama Mu Mang သည် ကမ်ဘာပေါ်တွင် မရှိသည့် စာပေ တစ်မျိုးကို မန်လေမြို အားပေးလိုက်သည်။ အိပ်ရာမှ နိုးလာသည်နှင့် ထိုစာပေ ကို ရေးလေသည်။ ထိုစာပေ ၏အမည်မှာ မြို စာပေတစ်မျိုးဖြစ်ပြီး (၃၁) လုံးဗျဉ်းအက္ခရာ ရှိ၍ (၃၁) ဗျဉ်းအက္ခရာသည် လူ့ဘုံ၊ နဂါးဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ စသည့် ဘုံအဆင့်ဆင့်မှ တစ်ခုစီယူလာ၍ ဗျဉ်းအက္ခရာ (၃၁) လုံးကို ကောင်းကင်တမန်က မန်လေးမြိုအား (မြို ကရာမာ)စာပေနှင့် အတူ (မြို ကရာမာဘာသာ တရား )လည်း စတင်ပေါ်ပေါက်လာပါသည်။ ထိုစာပေ ကို ရရှိသည်နှင့် မန်လေသည်သူ၏နဂို ဉာဏ်ရည်ထက် ပညာကြွယ်ဝလာသည်။ သူ၏ဆရာ ကစာတစ်ကြောင်း သင်ပေးလျှင် နှစ်ကြောင်း ပိုရသည် ။ ဥပမာ- သူ၏ဆရာသည် သူ့ကိုစာမသင်ပေးခင်ကတည်းက ရှေ့မှာသင်ယူရမည့် သင်ခန်းစာများကို ကြိုသင်သိရှိနေပြီဖြစ်သည်။ ထိုကဲ့သို့ပညာထက်မြက်ပြီး မကြုံစဖူးသော အရာများကို ကြုံတွေ့နေရသည့် ကျောင်းဆရာသည် အံ့ဩ ပြီး မန်လေးကို ကျောင်းထုတ်လိုက်လေသည်။ ထိုကျောင်းကနေ ထွက်ပြီး မွေးရက်မြေ ကိုပြန်လာသည်။ သူ၏ဇတိမြေရပ်ဒေသသို့ ရောက်လာသည်နှင့် သူမွေးဖွားခဲ့သော အိမ်နေရာ၌ ဘုရားကျောင်း ဆောက်လုပ်ရန် မိဘ နှစ်ပါးထံတောင်းဆိုခဲ့ပါသည်။ ငယ်ငယ်ရွယ်ရွယ်၌ သူများမမြင်ဖူးသောစာပေ များ ၊ အတွေ့အခေါ်အပြောအဆိုများနှင့်ပြည့်စုံသည့်မန်လေးကိုအရူးဟုခေါ်ခဲ့ကြသည်။တစ်နေ့မှာသူ၏မိခင်ကသူ့ကိုနောက်ကျောပို့ရန်ငြင်းဆိုရာအတိတ်ဘဝဟောင်းကသူသည်ဂဏန်းဖြစ်ခဲ့ဖူးသည့်အကြောင်းကိုဖွင့်ပြောလိုက်လေသည်။ ဤသို့ပင် သူသည် ကြီးပြင်းလာပြီး တောနက်ကြီးထဲတွင် တရားထိုင်လျက်နေလေ၏ ။ရက်၊ လ၊ အတော်ကြာ သူတရားထိုင်နေစဉ် ဗိုက်ဆာလာသောအခါ ကျားကြီးတစ်ကောင်က ပန်းတစ်ပွင့် ကိုးလာဆက်သလိုက်သည်။ ထိုပန်းပွင့်၏ အမွှေးအနံ့ကြောင်း ဗိုက်မဆာတော့ပေ။ မန်လေး သည် တရားထိုင်သည့်အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ခရီး ထွက်ရန် တရား ထိုင်ရာမှ ထွက်ခွာပြီး (Spark) ဟုခေါ်သော ချောင်းကိုရေဖြတ်ကူးနေစဉ် ကောင်းကင်တမန်တော်က သူ၏ လက်နှစ်ဖက်ကိုကိုင်ကာ ကူညီလိုက်သည်။ မန်လေးကိုပန်းဆက်သလိုက်သည့်ကျားကြီးကလည်းတစ်ဖက်ကိုင်းထိကူပြီးဘေးအန္တရာယ်များကိုကာကွယ်ပေးရန်စောင့်ရှောက်လိုက်ပါခဲ့ပါ။သည် ကီမိုတောင် ဘက်သို့ ခရီးသွားလိုသည်ဖြစ် ၍ တော ၊တောင်ကိုဖြတ်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အုန်းသီးဝရွာ သို့ ရောက်ခဲ့ဖူးသည်ဟုသိရသည်။ ထို့နောက် ပလက်ဝမြို့နယ် ဆမီးကျေးရွာ၌နေ ထိုင်သော မြိုလူမျိုး Aman ဆိုသူတစ်ဦးနှင် ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ ပါသည်။ ထို Aman အမန် ဆိုသော လူသည် ပုဏားကျွန်းမြို့နယ် အထက်မြတ်လှဲရွာ ၌ ယနေ့(၂၀၁၃) နှစ်ထိ အသက်ရှင်လျှက် ရှိပါသည်။ အမန်း ကို မန်လေး ကဘိသိတ်တန်ခိုး ပေးရန် နှင့် (ကရာမာ) သာသနာပြုဆရာ လုပ်ရန် တိုက်တွန်းသည်။ သူသည် အရက်သေစာအနည်းငယ်သောက်စားသောကြောင့် သူ၏ ဆန္ဒကိုငြင်းဆိုလိုက်သည်။ သို့သော်လည်း မန်လေး သည် သူပထမဆုံးတွေ့ဆုံခဲ့သောအမန်းကို သူ၏ အသက်မွေးဝမ်းကျောင်းအတွက် တောဆေး ပညာနှင့် ကောင်းစားဘို့ရန် ဘိသိတ်ပေးလိုက်သည်။ ပထမ ဆုံး နှင့် နောက်ဆုံး တွေ့ဆုံ ခဲ့သည့် အမန်း ၏နုတ်ထွက်ဆိုချက်သည် သူသည် အရပ်အမြင့် ၆ ပေရှိပြီး မန်လေး သည် အရပ် ၅ ပေကျော်သာရှိသည်။ သို့သော်လည်း ပြိုင်တူ ရပ်လျှင် မန်လေးကအရပ်ပိုရှည် သည်ဟု ဆိုပါသည်။ မန်လေး သည် နောင်လာလတ္တံတွင် ပွင့်တော်မူမည့် အရိမေတေ္တယျ မြတ်စွာဘုရားရှင်သည် ယင်းတို့၏ ဘုရားရှင် အစစ်အမှန် ဖြစ်မည်ဟုဆိုပါသည် ။ ထို အဆိုအရ အရိမတေ္တယျမြတ်စွာဘုရားအား မြိုတို့ ဖူးမြော်နိုင်ရန် အလို့ ငှာ (Krama ကရာမာ ဘာသာအားယုံကြည် ကိုးကွယ်ကြရန် ရည်ရွယ်၍ သိကြားမင်း က မန်လေး ဆိုသူ ပုဂိုလ်တစ်ဦးအား တမန်တော်အဖြစ်စေလွှတ်ခဲ့သည်။[၁၂][၁၃]

မြိုစာပေ

မြိုအက္ခရာ စာပေသည် ၁၉၈၀ခုနှစ် တွင် တမန်တော် မန်လေးမြို က တီထွင်ပေးခဲ့ပါသည်။ ထိုစာပေကို တစ်ဟုန်ထိုး သင်ကြားကာ ဖတ်စာအုပ် အတန်း(၃) တန်းထိ ထုတ်ဝေထားရှိပါသည်။ ထို မြို စာပေသည် တိုင်းရင်းသားစာပေတွင်ပါဝင်သည်သာမက ကမ္ဘာ့စာပေတွင်UNESCO ယူနစ်စကို မှ ၂၀၁၀ခုနှစ် ဇွန်လတွင်မြေ ကမ္ဘာပေါ်၌ မပေါ် မရှိသည့် မြိုစာပေကို အသိအမှတ်ပြုထားခဲ့ပါသည်။[၁၄]မြိုစာပေ ပျောက်ဆုံးခြင်းနှင့် ပြန်လည် ရရှိခြင်းအကြောင်းပုံပြင်သမိုင်းသည် မြိုလူမျိုးရိုးရာနွားထိုးပွဲနှင့်လည်းဆက်နွယ်မှုရှိပါသည်။လွန်လေပြီးသောနှစ်ပေါင်းထောင်ချီများစွာကလူမျိုးအသီး သီးစာပေများကိုထာဝရဘုရားသခင်ထံသို့သွားရောက်ယူ သည့်အခါမြိုလူမျိုးများက သွားမယူခဲ့ပေ။ ထို့ကြောင့် ထာဝရဘုရားသခင်သည် ကမ္ဘာပေါ်၌ရှိသော လူမျိုးအသီးသီးတို့၏ စာပေကို ပေးပြီး မြို လူမျိုးများကို ကားမပေးရသည်မှာ မကောင်း ဟုဆိုကာ ထာဝရဘုရား(Thu rai ထူရိုင်း )သည် မြို စာပေကို ငှက်ပျိုးရွက် ပေါ်တွင် ရေးပြီး မြို လူမျိုးစုများအတွက် နွားကိုပေးပို့ခိုင်းရာ၊ နွားက ဗိုက်ဆာပြီး ၎င်း ငှက်ပျိုးရွက် ကိုစားလိုက်သည်။ မြိုလူမျိုး များထံသို့ ၎င်း စာပေ မရောက်သည် အတွက် ထိုနွားကို ထာဝရဘုရားက စစ်ဆေးရာ ဗိုက်ဆာ၍ စားလိုက်ကြောာင်းဝန် ခံလိုက်သည်။ ထိုနွားကို ထာဝရဘုရားသည် သင်‌ဘောသဖန်းပင်ရင်း၌ချဉ်နှောင်ကာ ၊ခြေထောက်ဖြင့် ကန်ချလိုက်သည့် အခါ နွားမှာအပေါ်သွားတန်းကျိုးသွားသည်။ ထို့ကြောင့်နွားမျိုးနွယ်မှာ ယနေ့ထိတိုင် အောင် အပေါ် သွားမရှိချေ။ ပြီးနောက် သငေ်္ဘာသဖန်းပင်သည် လည်း ဖြောင့်ဖြောင့် မတ်မတ် မရှိဘဲ သငေ်္ဘာသဖန်းပင် တိုင်း ယိုင်နေသည်ကို တွေ့ရသည်။ ထို မြိုစာပေ ကို စားလိုက်သည့် နွားမျိုးနွယ် များကို မြို လူမျိုးစုများက သေဒဏ်ပေးသည့် အနေဖြင့် ရိုးရာ ပွဲတော် ကျင်းပ သည့်အ ခါ ရွာလည်ခေါင်၌ နွားကို ချဉ်ပြီး ဝါးလုံး များဖြင့် ပန်းဖော်ထားသော ယဇ်ပလ္လင်ဆောက်လုပ်ကြပါသည်။ ထိုယဇ်ပလ္လင်ဘေးနား၌ ချဉ်နှောင်ထားသည့် နွားကို ဝိုင်းကာပတ်ကာကကြသည်။ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ရိုးရာ ဓလေ့ ဖြစ်လာသည်။ ထိုနွား၏ လျာကိုလည်း ဓားဖြင့်ဖြတ်ကာ ဘုရားသခင်ထံသို့ ပူဇော်ပြသသည်။ နွားကိုလည်း ရိုးရာလှံဖြင့်နံဘေးကို ထိုး သတ်ကြသည်။ ထို့ ကြောင့် ယခုအချိန် မှာ တမန်တော် ဟုခေါ်သော ''Manley Mro မန်လေးမြို အားဖြင့် မိမိ၏ လူမျိုးစာပေကို ထာဝရ ဘုရားထံမှ ပြန်လည် ရယူ ရရှိနေပြီ ဖြစ်သောကြောင့် ထိုနွားမျိုးနွယ်များကို သေ ဒဏ်မပေးသင့်ကြောင့် ပြောကြားခဲ့ပါသည်။

အမျိုးသားဝတ်စားဆင်ယင်မှု

မြို အမျိုးသားများသည် သျှောင်းထုံး ကိုးသေသပ်ကျနစွာ ထုံးကြပါသည်။ သျှောင်ထုံး တွင် ဘီးစိုက်ထားလည်းရှိပါသည်။ အိမ်ထောင်ကျပြီး သားများသည် ဘီးစိုက်ခြင်းအစား ဦးခေါင်းတွင် နှစ်ကိုက်မျှရှည်သော အဝတ်ဖြူစကိုခေါင်းပေါင်းအဖြစ်ပေါင်းကြသည်။ သျှောင်ထုံးတွင် ဆံထိုးများလည်း ထိုးစိုက်လည်းရှိပါသည်။ နားတွင် လူပျိုများက ပန်းပွင့်အနီ ၊ ချည်ပိုးအနီကိုများသောအားဖြင့်(နပက်)ကွင်းတွင်တပ်ဆင်ဆွဲလေ့ရှိကြပါသည်။ အိမ်ထောင်ရှင် ယောကျ်ားများကမူ နားကွင်းပြားရိုးရိုးကိုပင် ဆွဲကြသည်။ မျက်မှာပြင်ပေါ်တွင်လည်းကောင်း ၊ နဖူးပေါ်တွင်လည်းကောင်း ဆေးအနီရောင်ဖြင့် အကွက်အကွင်းများ ပြုလုပ်၍လည်း ခြယ်သတတ်ကြသည်။ လက်ကောက် ၊လက်ကြပ်များကို ဝတ်ဆင်ကြပြီး သန္ဓာစေ့ ပုတီးများကို လည်ဆွဲအဖြစ် တန်ဆာဆင်ကြသည်။ မြိုလူမျိုးများသည်ရှေးရှေးကခန္မာကိုယ်အထက်ပိုင်းတွင်အဝတ်မဲ့နေလေ့ရှိကြသည်။ခါးအောက်ပိုင်းတွင်အနံတစ်ကိုက်ကျော်မျှရှည်သော အဝတ်စကို ခါးတောင်းကျိုက်လျက် ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကိုရှေ့တစ်စ နောက်တစ်စချကာ ဝတ်ဆင်ကြပါသည်။[၁၅]ယခုအခါတွင်မြန်မာအမျိုးသားများကဲ့သို့ပင် ရှပ်အကျ်ီ နှင့်လုံချည်ကို ဝတ်ဆင်လာကြသည်။ သက်ကြီးရွယ်အိုများသည် လက်နှစ်ဖက်မပါသော ပခုံးတစ်ဆက်တည်း ဂျပ်ခုတ်တိုက်ပုံအကျ်ီ တို ဝတ်ဆင်ကြသည်။ အုပ်ချုပ်သူအကြီးအကဲများမှာ သာမန်အရပ်သားထက်အနည်းငယ်အဖိုးတန်သော အဝတ်ကို ဝတ်ဆင်လေ့ရှိသည်။

အမျိုးသမီးဝတ်စားဆင်ယင်မှု

မြိုလူမျိုးအိမ်သားပုံ

မြိုလူမျိုးမိသားစု အိမ်သားပုံ မြို အမျိုးသမီး တို့သည် နောက်တွဲဆံထုံး ကို ထုံးဖွဲကြသည်။ ခေါင်းနောက်တည့်တည့်၌ ဘီးကို စိုက်ထိုးလေ့ရှိပါသည်။ ဆံညှပ် ၊ ဆံထိုးများဖြင့်လည်း တန်ဆာဆင်လေ့ရှိသည် ။အိမ်ထောင် ရှိသူအမျိုးသမီးများသည် ဦးခေါင်း တွင် အရှည်တစ်ကိုက်ခန့်ရှိသော အဝတ်စကို ခေါင်းတွင် ရစ်ပတ်ပြီး နောက် ဘက်ဆံထုံး၏အောက်၌ ချည်နှောင်ထားလေ့ရှိကြသည်။ နားတွင်ကား ခေါင်းပွ အဝကျယ် နားတောင်း ကို ဆင်မြန်းလေ့ရှိသည်။ လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေချင်း၊ တို့ကိုလည်း ဝတ်ဆင်ကြသည်။ လည်ပင်းတွင်လည်း သန္တာစေ့ပုတီး၊ ဒင်္ဂါးပုတီး နှင့် ပုတ်စေ့ ပုတီးတို့ကို လည်း ဆွဲလေ့ရှိကြသည်။ ရှေးရှေးက မြို အမျိုး သမီးများသည် ကိုယ်ခန္ခာ အပေါ်ပိုင်းတွင် အဝတ်မဲ့နေလည်းရှိပါသည်။ ခါးအောက်ပိုင်းတွင်မှု အနံတစ်တောင်၊ အလျားနှစ်ကိုက်ခန့် ရှိသော ဂျပ်ခုတ်ထည် အနက်ရောင်ကို ချက်အောက်တွင်ပတ်၍ ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် အောက်ဘက်၌ နှစ်လက်မခန့် ကွဲစေလျက် ဝတ်ဆင်ကြသည်။ ဤသို့ပြုလုပ် ထားရခြင်းမှာ ထိုင်ရာ ၊သွားရာ၌ လွယ်ကူစေရန် ဖြစ်သည်။ ယင်းကို ဝတ်ဆင်သည့်အခါ ရှေးဦးစွာ ခါးတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားရသည်။ ပြီးမှ အဝတ်ကို အထဲသို့ ထိုးသွင်းကာ ဝတ်ဆင်ကြသည် ။ အပေါ်တွင်မှ သန္တာစေ့ခါးပတ်ကြိုးများကိုဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်နှင့် စျေးဝယ်သွားသည့်အခါမျိုးတွင် အိန္ဒြေလုံစေရန် အနံတစ်တောင် ၊အလျားနှစ်ကိုက်ခန့်ရှိသော အဝတ်ကို ဆင်မြန်းကြသည်။ အနံဘက်မှ အစနှစ်စကို ဘယ်ဘက်လက်မှ လက်ကတော့ထိုးကာ လက်ယာဘက်ပခုံပေါ်တွင် စု၍ချည်နှောင်ထားလေ့ရှိသလို ရှေ့ဘက်ထိချပြီး ချိတ်နှင့်ထိုး၍ လည်း ဝတ်ဆင်လ့ရှိကြသည် ။ ရခိုင်ပြည်တွင် ဘုရင်အဖြစ်ကိုပင် ရောက်ခဲ့သော်လည်း မြုံ လူမျိုးတို့သည် ခေတ်အလိုက်ပြောင်းလဲလာသော လူ့ယဉ်ကျေးမှုများကို ထွေပိုက်လိုဟန် မရှိပါ။ ယင်းအကြောင်းကို ပန်းတံမောင်နှင့် သံတွဲသူဘွဲ့ အဲး" မှ မြုံ (မြို)တို့၏ သဘာဝ အသွယ်သွယ်ကို ဖော်ပြ ချက်များတွင် တစ်နေရာ၌ ထဘီတိုလောင်း၊ မြို ဘာသာမှာ ၊ ဝါးနားတောင်း၊ မြိုမဘာသာ၊ ဖုန်းဆိုးတောင်မှာ ၊ဝါးကောက်လားရေ၊ ကျပ်ကြိုးသုံးပင်၊ လွန်သုံးပင်၊ ဇင်ချောင်းမြောက်ကို၊ လှေကားတင်ရေ၊ ထုပ်လုပ်ကေလုံး၊ မြိုမရိုမှာ၊ ရင်မဖုံးလေဟု ဖော်ပြထားပါသည်။[၁၆]ယခုအခါ 'မြို'အမျိုးသမီးများသည် သာမန်အချိန်၌ မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်လာကြပြီ ပွဲလမ်းသဘင်ရှိမှသာ ထိုဝတ်စုံကို အပေါ်မှထပ်၍ ဝတ်ကာ ရိုးရာဝတ်စုံအနေဖြင့် ဝတ်ဆင်ကြသည်။

ရိုးရာ မင်္ဂလာပွဲ

‘ မြို’လူ မျိုးတို့၏ ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာကိစ္စတွင် အဓိကတာဝန်ရှိသူ မှာ ယောကျ်ားလေး ဘက်မှ ဖခင်ဖြစ်သည်။ ဖခင်မရှိပါက ဖခင်၏ အစ်ကို သို့မဟုတ် ညီက လက်ထပ်ခွင့်ပေးနိုင်သည်။ လူငယ်ချင်း ချစ်ကြိုက်၍ မင်္ဂလာပြုခြင်းရှိသလို မိဘများက သင့်လျှော်သည့် အိမ် ထောင်ဘက်ကို ရွေးချယ်ပေးသည့်ဓလေ့ရှိသည်။’’ မြို လူမျိုးဓလေ့ မှာ လူပျို နှင့် အပျို လွတ်လပ်စွာ နေထိုင်၍ ရပေမည့် အိမ်ထောင်ဘက် က်ို လွတ်လပ်စွာ ရွေးချယ်၍ မရပေ။ မြိုမျိုးကွဲပေါင်း (၇၀) ကျော် လေ့လာသိရှိရပြီး ထိုအနက်မှ ယူသင့်သည့် မျိုးရိုး ၊မယူသင့်သည့် မျိုးရိုး နှင့် သစ္စာဘက် ဟူ၍ ရှိလေ၏။ အမျိုးအချင်းချင်းယူ၍မရ၊သစ္စာဘက်ယူ၍မရ၊မယူရသည့်အမျိုးကိုမိဘကသော်လည်းကောင်း၊ဆွေမျိုးများကသော်လည်းကောင်း တားမြစ်သည်။ မိန့်ကလေး နှင့် ယောကျ်ားလေး ချစ်ကြိုက်တော့မည် ဆိုလျှင် ရှေးဦးစွာ ယူသင့်သည့် မျိုးရိုး ဟုတ် ၊မဟုတ်သည်ကို စုံစမ်းရသည်။ အကယ်၍ အမျိုးအချင်းချင်း ယူမိပါက ရွာမှနှင်ထုတ်လေ့ရှိသည်။ အမျိုးဂုဏ်ကို သစ္စာဖောက်သည့် အတွက်အမျိုးမှ ပယ်ရှားခြင်းခံရသည်။ သစ္စာဖက် ဆိုလျှင် လုံးဝ လက်ထပ်ခွင့် ကို တားမြစ်ထားသည် လိမ်ညာခြင်းမပြုရ ငွေရေးကြေးရေး ကိစ္စမှာလည်း အတိုးတောင်းခြင်းမပြုရ ၊ အကယ်၍ လိမ်ညာခြင်းပြု မိသည်ဘ၊ ချေးငွေ အတိုး တောင်းမိသည် ဆိုလျှင် အမင်္ဂလာ အမျိုးအပေါ် ၊ မိသားစုအပေါ် ကျရောက်စေသည် ဟု အယူရှိကြသည်။ ယူသင့်သည့် မျိုးရိုး ကို မင်္ဂလာဆောင် ပြုလျှင် ယောကျ်ားလေးဘက်မှ (အသွင်းဖိုး)ကို ပေးရသည် ထိုအသွင်းဖိုးကို ‘’မိန့်ကလေးမိဘတို့ ဘက်က မိမိ၏ သမီးအတွက် မင်္ဂလာကြေး(အသွင်းဖိုး) နှင့် မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ကြသည်။ ယောကျ်ားလေး ဘက်မှ တတ်နိုင်မည့် ကြေးငွေပမာဏ ကို တင်ပြကာ အပြန်အလှန် စေ့စပ်ညှိနှိုင်းကြသည်။ မင်္ဂလာကြေးအနေဖြင့် ငွေဒင်္ဂါးအရေအတွက် ဖြင့် သတ်မှတ်ကြသည်။ ဂျော့ဘုရင်တံဆိပ်ခေါင်းပါသောငွေဒင်္ဂါးပြား ၃၀၀၊ ၅၀၀ စသည်ဖြင့် သတ်မှတ်သည်။ ငွေဒင်္ဂါး ပြားလက်ဝယ်မရှိပါက အခြားရှိသော အိမ်များတွင် သွားရောက်ဝယ်ယူကြရသည်။ ထိုကဲ့သို့ သွားရောက် ဝယ်ယူသည့်တိုင် မရရှိပါ က အဆိုပါ ငွေဒင်္ဂါး အပြား ၃၀၀၊ ၅၀၀ နှင့ ညီသော ငွေကြေးပမာဏ ကို ပေးကြရသည်။ [၁၇]ထို့အပြင် မိန့်ကလေး မိဘများအတွက် တောင်ယာလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဓားရှည် ၅ လက်၊လှံ ၇စင်းတို့ကိုပါ ပေးကြရသည်။ မြိုတို့ ဓလ့ထုံးတမ်း အရ လက်ထပ် မင်္ဂလာ ပြုလုပ်ချိန်မှစ၍ မင်္ဂလါတစ်သက်တွင် ပွဲ (၃) ကြိမ် ပြုလုပ်ရသည် ထိုပွဲတိုင်း၌ (ယု)ခေါ်သည့် ရိုးရာခေါင်ရည် မပါ မဖြစ် ခေါရည်တည်ထားရသည်။ လက်ထပ်ပြီဆိုသည်နှင့် ပွဲသုံးကြိမ် (ဝှပ်လိုင်မ်) ၊ (မင်တင်) နှင့် (ဘုတ်အက်) ဟူ၍ ကျင်းပရသည်။ ထိုပွဲ (၃) ကြိမ် ပြုလုပ်ရာမှာ (အသွင်းဖိုး) ပေးရသလို ဟင်းပွဲ ဖလှယ် မိတ်ဆုံထမင်းစားကြသည်။ ယောကျ်ားလေး အမျိုးဘက် မှ ကြက်ကို စုဆောင်းရပြီး မိန့်ကလေး အမျိုးဆွေမျိုး ရောက်ရှိလာသည့် ဧည့်သည် များအားလုံလောက်သည် အထိ ကြက်ကို သတ်ရသည် ။ အလားတူမိန့်ကလေး အမျိုးဘက် ကလည်း ဝက်ကို ကြိုမွေး ထားပြီး ငါးဆုပ်ပြည့်သည့် ဝက်ထီးကို ယောကျ်ားလေးအမျိုး မှ ရောက်ရှိလာသည့် ဧည့်သည် များအား လုံလောက်သည် အထိ ကျွေးမွေးဧည့်ခံရသည်။ အကယ်၍ ဧည့်သည်များ၍ ဟင်းမလုံလောက်ပါက ဝက်တစ်ကောင်နောက်ထပ် သတ်ရသည် ။ ထို ပွဲတွင်မိန့်ကလေးအမျိုးဧည့်သည်များစားရန်အတွက် ယောကျ်ားလေး အမျိုးဘက် မှ ပါလာသော ကြက်ကို ယောကျ်ားလေး အမျိုးက ကြက်ကောင် ကို ဖျက်ပြီး ချက်ပေးရသည့် ဓ လေ့နှင့် ၎င်းပွဲကိုကျင်းပရသည်။ သို့သော် ၎င်းပွဲတွင်လုံးဝဟင်း မြည်းစမ်းခြင်း မပြုပေ။ ထိုအပြင် ကြက်တစ်ေကောင်ကို အခေါင်းစုံ မစုံ၊ ခြေစုံ မစုံ ၊ အတောင်ပံ စုံ မ စုံ ၊ခြေသည်းခုတ် မခုတ်သတိထားရသည် အကယ်၍ မိန့်ကလေးအမျိုးဧည့်သည် များ စားသည့် အခါ တွင် ကြက်တစ်ကောင် တွင် တစ်ခုခု မစုံ တွေ့ရှိပါ က လျော်ကြေးငွေ ပေးရသည်။ယင်း လျော်ကြေး မှာ အရက် သို့မဟုတ် ခေါင်ရည်သို့မဟုတ် ဓား သို့မဟုတ် လှံ စသည်ဖြင့် လျော်ကြေးပေးရသည်။ ယောကျ်ားအမျိုး ဧည့်သည်များ စားရန်အတွက် မိန့်ကလေးအမျိုးဘက်မှ ဝက်ကောင်ကို ဖျက်ပြီး ချက်ပေးရသည် သို့သော် အလားတူ ၎င်းပွဲတွင် လုံးဝဟင်းမြည်းစမ် ခြင်းကိုကခွင့်မပြုပေ။ မိန့်ကလေး မိဘ နှင့် မောင် တို့ကို ကားအခြောက် သတ်ထားသော တောကြက်တောဝက်ရှဥ့် သားခြောက် တစ်မျိုးမျိုးကို ချက်ပြီး ဟင်းပွဲပြင်ပေးရသည်။ ထိုနေရာ၌ပင် ‘’ယင်းတို့နှစ်ဦးသည် အဆိုပါ ဟင်းကိုမစားမီ စေ့စပ်လမ်းစဉ်အခါက ညှိနှိုင်းထားသည့် ဓား၊ လှံ တို့ကို တောင်းဆိုကြသည်။ သတို့သားဘက်မှ ဖခင်ဖြစ်သူက စကောတစ်ချပ်ထဲတွင် အဆိုပါ ဓားနှင့်လှံ ၊မင်္ဂလာကြေး ကို ထည့်ကာ ပေးရသည်။ ထိုကဲ့သို့ ဓားနှင့်လှံကို လက်ခံရယူပြီးသည့်အခါမှသာလျှင်’’ ပြင်ဆင်ထားသည့် ဟင်း နှင့် (ယု)ခေါင်ရည်ကို သောက်စားကြလေသည်။ပြီးနောက်’’ဆွေမျိုးဧည့်ပရိသတ်များ၏ရှေ့မှောက်တွင် သတို့သမီး ဖခင်ဖြစ်သူက သတို့သားကို နှစ်ကိုက်မျှရှည်သော အဝတ်ဖြူ တစ်စဖြင့် ခေါင်းပေါင်းပေးလိုက်ခြင်းအားဖြင့် သားမက်အဖြစ် အသိအမှတ်ပြုလေသည်။’’လက်ထပ်မင်္ဂလာပွဲ သည် အနောက်ဘက် မောင်တောနှင့်ဘင်္ဂလားဒေရ့်ဘက် က အများအားဖြင့် မင်္ဂလာပွဲ ကျင်းပပုံ တူသည်ကိုတွေ့ရသည်။ ဘူးသီးတောင် ဘက် က( ရိုင်မာ) ၊ ပုဏားကျွန်း(တင်ဆာ) နှင့် ကျောက်တော် ယိုးချောင်းဖျား(နောက်ကော)ဘက်က တူညီသည်ကိုတွေ့သည် အများအားဖြင့် မောင်တောဘက်နှင့် ဘင်္ဂလား ဘက် လက်ထပ်မင်္ဂလာကျင်းပပြုလုပ်ပုံသည် ပို ကြီးကျယ်သည်ဟု ဆိုလို့ရပါသည်။

မြိုလူမျိုးတို့၏ တေးမှုတ်တုရိယာပုံ

ရိုးရာဘူးခါးပလွေ (ပလုံ)

မြိုရိုးရာ တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ်ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။ ပလုံကို ပြုလုပ်ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိပါသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိပါသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပလေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ဆင်ရုမ်ကောမ် တွေကောကောမ် ပါမ် ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို ၊မင်းကျွန်များက တီးမှုတ်ပြီး မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်းကောင်း ၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း ၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက ၊ ချာချတ်အက ၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။[၁၈]

ရိုးရာနွားထိုးပွဲြ

'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန်အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြသည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုကျစီစိုက်ထူထားသည်။တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိကြသည်။နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကိုထပ်မံစိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။

ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့

မြိုလူမျိုးနေအိမ်တည်ဆောက်ပုံ

မြိုတိုင်းရင်းသား တို့သည် တောတောင်ကိုနှစ်သက် သူများဖြစ်ကြသည် တောတောင်များကိုငါတို့ ကျေနပ်စွာ အုပ်စိုးမည် လွတ်လွတ်လပ်လပ် နေထိုင်စားသောက်မည်ဟု ခံယူထားကြပြီး တောတောင်များကို အုပ်စိုးသည့် တောင်မင်း ဟု ဆိုရမှာပါ။ ကျေးရွာတည်ဆောက်ရတောမည်ဆိုလျှင် တောင်ယာ စို်က်ပျိုးရန်၊ အမဲလိုက် အသားငါး ဖမ်းရန်၊ ရေ၊ သီးနှံ ဆွတ်ခူးစုဆောင်းရန် နှင့် အေးချမ်းသာ ယာမှု ရှိသည့် အရပ် ကို စလေ့လာရသည်။ ပြီးနောက် မြို တို့၏ ရိုးရာ ဓလေ့အရ ကျေးရွာ ကိုတည်ထောင်ရန် မြေနေရာ ကို စနစ်တကျရွေးချယ်လေ့ရှိသည်။ ရွေးချယ် ကြပုံမှာ ရွာတည်ထောင်လိုသည့် မြေကွက်တွင် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ ကို မြှပ်နှံပြီး မြေနေရာကောင်း ၊မကောင်းသိရှိနိုင်ရန် မြေစောင့်နတ်ကို တိုင်တည်၍ ဆုတောင်းရသည်။ နောက်တစ်နေ့ နံနက် တွင် မြှပ်နှံထားသည့် ဆန်စေ့၊ ငရုတ်ကောင်းစေ့ များကို တူးဖော်ကြည့်ကြသည်။ မကျိုးမပဲ့ အကောင်းအတိုင်း ရှိပါက မြေကွက်တွင် ရွာတည်ထောင်ရန် သင့်သည်ဟု ယူဆကာ ကျေးရွောတည်ထောင်ကြသည်။ အကယ်၍ မြှပ်နှံထားသည့် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ များကျိုးပဲ့နေပါက ထိုနေရာတွင် ကျေးရွာတည်ထောင်ရန်မသင့်ဟု နတ်က ညွန်ပြခြင်းဖြစ်သည်ဟု ခံယူကြသည်။ ပြီးနောက် ရွာတည်မည့် မျိုးနွယ်အကြီးအကဲ သို့မဟုတ် ကျေးရွာလူကြီးခေါင်းဆောင်က အိပ်မက်ခြင်းအားဖြင့်လည်း ရွေးချယ်ကြသည်။ အိပ်မက် တွင် ငါး ၊ရေကြည် ပြင် ၊ မြင်မက်က ကောင်း၏ ။ထိုနေရာ တွင် ရွာတည်ကောင်း၏ စီးပွားဖြစ်ထွန်းမည်၊ ငွေရေးကြေးရေး အဆင်ပြေမည် ယူဆကြသလို ပန်းနီ ၊ မြွေ ၊မီး ၊မိုး မြင် မက်ပါက လူသေများမည်၊ ပြဿနာများမည် စီးပွားဖြစ်ထွန်းမှုနည်းပါးနည်ဟု ယူဆကြလေသည်။[၁၉] အိုးအိမ် တည်ဆောက်ရာမှာလည်း ရိုးရာဓလေ့ အိမ်သစ်တည်ဆောက်ရာမှာလည်း မိမိ အိမ်တည်ဆောက်လိုသည့် မြေကွက် ၌ ဝါးခြမ်းတိုများဖြင့် စိုက်ပြီး မြေစောင့်နတ် ကို ကြက်ကလေး အဖြူ ၊ကြက်နီ ဖြင့် ပူဇော်ပသ တိုင်တည်၍ အိမ်ဆောက်လုပ်ရန်ကောင်း မကောင်း ကို အိပ်မက်တောင်းကာ ဆုတောင်းရသည်။ ထိုည၌ အိမ်မက်ကောင်းမြင်မက်ပါက ထိုနေရာတွင် အိမ်တည်ဆောက်ရန် စီစဉ်ကြသည်။ အိမ်မက်တွင် မီး ၊ မိုး ၊ ပန်းနီ ၊လေယဉ် မြင်မက်ပါ က လုံးဝ အိမ်တည်ဆောက်ရန်မကောင်းဟု ယူဆလေ့ရှိသည်။ ကောက်ယူသည့် အနက်က မီး မြင်မက်က ပြဿနာများမည်၊ မိုးမြင်မက် က၊ မျက်ရည်ကျမည်၊ ပန်းနီမြင်မက် က အစိမ်းသေ၊ လေယဉ်မြင်မက်က လူသေအလောင်း …စသည့် အနက်ကို ကောက်ယူကာ မကောင်းဟု မှတ်ယူကြသည်။ ရိုးရာအိမ်ကို သစ်ဝါးကို အခြေခံ ကာ တည်ဆောက်ကြသည်။ သို့သော် များသောအားဖြင့် ဝါးဖြင့် ခြေတံရှည်အိမ်များ ကို တည်ဆောက်ကြသည်။ [၂၀]အိမ်မဆောက်မီ လိုအပ်သော ဝါး ၊သစ်များ ၊နှီး များကို စုဆောင်းပြင်ဆင်ထားရသည် ။ အိမ်တည်ဆောက်ရာတွင် ခေါင်တိုင်ကို မင်္ဂလာ တိုင်အဖြစ် သတ်မှတ်၍ ဦးစွာစိုက်ထူလေ့ရှိသည် တိုင်ကို အိမ်ရှင်ဖြစ်သူ ကိုယ်တိုင်စိုက်ထူရသည်။ ပြီးနောက် မြိုတိုင်းရင်းသားရိုးရာအိမ်များသည် အရှေ့ဖက်တည့်တည့် မျက်နှာမူလေ့မရှိပေ။အလျားလိုက် ရှေ့ဖက်နေထွက်ရာဖက်မှအနည်းငယ်စောင့်ကာ ဆောက်လေ့ရှိသည်။ အမိုးအကာ နှင့် လိုအပ်သည့် အခင်းတို့သည် ဝါးလုံး ၊ ဝါးရွက်နှင့် သက်ကယ် များကို အသုံးပြုကြသည်။ အိမ်ဆောက်လုပ်ရာတွင် `အိမ်မ`နှင်`့ မောင်းကာ` ဟု၍ ရှိသည် အိမ်မကို (ကိမ်-Kim ) အိမ်မကို(ကိမ်မာ-Kimma) အိမ်ဖိုကို(ကိမ်တောမ်-Kimtom) ဆောက်လုပ်ပြီးစီးပါက မောင်းကာ ကိုရှေ့တစ်ဆောင် နောက်တစ်ဆောင် တွဲ ဆောက်လေ့ရှိသည်။ အနောက်ဖက် အဆောင်ငယ်သည် အိမ်တွင်း အသုံးပြု မည့် ပစ္စည်းများ တိုထားရာနေရာ၊ ရှေ့ဖက်အဆောင်ငယ်သည် ဧည့်သည် ခန်း အဖြစ် သတ်မှတ်ပြီး အိမ်မ သည် မိသားစု အိပ်ခန်း ရိုးရာ တန်ဖို့ထားရသည့် ပစ္စည်းများ ထားရသည် အတွက် အပြင်လူ ဝင်လေ့မရှိ။ အိမ်ခေါင်သည် ခေါင်ချိုး ဖြစ်သည် ဘယ်ဘက်ထောင့်နားမှာ ရေစင်ရှိပြီး ညာဖက်ထောင့်တွင်အိုးခွက် ပန်းကန် ၊ဟင်းသီးဟင်းရွက်ထားရာစင်၊ အိမ်မ ထောင့်တွင် မီးဖို ရှိသည် မီးဖိုသည် စနေနေ့လုပ်လေ့မရှိပေ အကြောင်းမှာ စနေသည် မီးဖြစ်သည်ဟု ယူဆထားပါသည်။။မီးဖို လုပ်သည့် အခါတွင် မြေသားကို ပလှိုင်းတောင်းဖြင့် စုံ ဂဏန်းမဖြစ်ရ မြေအရေအတွက် မ ဂဏန်းဖြင့်သယ်ရသည် မီးဖိုလုပ်ရာ၌ မရယ်ရ ရယ်မိရင် မီးဖို အက်ကွဲတတ်သည်ဟု ယူဆကြသည်။ မီးဖိုတန်း ပေါ်၌ ကျပ်စင်တစ်ခုရှိပြီး ရေဘူးခွန်ထည့်ထားပြီး ကြာရှည်ခံရန်နှင့်အနှံကောင်းစေရန် ဖြစ်သည်။ အိမ်တစ်အိမ်တွင် ဓားကိုကြည့်ခြင်းအားဖြင့် လူဘယ်နှစ်ယောက်ရှိသလဲ သိနိုင်ပါသည်။ အိမ်တွင်လူ မရှိပါ က လှေကား ကိုမှောက်လှန်ထားခြင်း၊ဝါးထရံကာထားခြင်း ပြုလုပ်ထားလေ့ရှိသည်။မြိုတိုင်းရင်းသားတို့၏ရိုးရာအိမ်ဆောက်လုပ်ပုံတွင်ထူးခြားချက်မှာ မိဘများ အသက်အရွယ်ကြီးရင့်လာလျှင် ကွပ်ပျစ်နှင့် တစ်ဆက်တည်းတွင် မိဘဆောင်ကိုတွဲ၍ ဆောက်လုပ်ပေးလေ့ရှိခြင်းပင်ဖြစ်သည်။ ထိုအဆောင်လေးမှာနှစ်လောက်စာနေလောက်ရုံအခန်းငယ်ကလေးဖြစ်သည်။[၂၁]

တောင်ယာစိုက်ပျိုးရေးလုပ်ငန်း

မြိုတိုင်းရင်းသားများသည် အဓိက စီးပွား ရေးလုပ်ငန်းသည် တောင်ယာစိုက်ပျိုးရေး ဖြစ်သည်။ တောင်ယာလုပ်ငန်းသည် တောင်ပေါ်နေတိုင်းရင်းသားများ၏ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်ပါသည်။ တောင်ယာလုပ်တော့မည် ဆိုလျှင် ဦးစွာ မိသားစု လူဦးရေကိုကြည့်ရသည် မိသားစုများ နေလျှင် များသလို အကျယ် ချဲ့ခုတ်ထွင်းရသည်။ မိသားစုနည်းလျှင်နည်းသလို ခုတ်လေ့ရှိသည်။ ထိုကြောင့် မိသားစုများလျှင် မိသားစုနဲ့လုံလောက်သည့် ယာခင်း ကို စုံစမ်းလေ့လာရသည်။ သို့သော် အခေါင်း သုံး လုံးရှိသည့် ယာခင်းသည် နတ်ဆိုးအိမ်၊ တောင်ယာလုပ်လျှင်သေမည်ဆိုကာ ရှောင်လေ့ရှိသည်။ မိမိလုပ်ကိုင်မည့် ယာခင်းကို စုံစမ်းပြီးလျှင် ထိုတောင်ယာကို လုပ်ကိုင်ရန်အတွက် ဝါးပင် ငါး ပင်မှ ဆယ်ပင် လောက်မျှခုတ်ထားကာ အိပ်မက်ယူရသည်။ အိပ်မက်တွင် ရေပြင်၊ ငါး ၊ မြင်မက်က ကောင်း၏၊ မီး၊မိုး၊ သွေးမြင်မက်က မကောင်း ဟုအနက်ကောက်ကာ အိပ်မက်ရယူရသည်။ အိပ်မက်ကောင်း၍ စခုတ်တော့မည်ဆိုလျှင် ဦးစွာ ဓားသွေးကျောက်ပြားကိုယာခင်းတွင် သွားထားရသည် ထိုနေ့တွင် ဝါးဆစ်တစ်ပိုင်းကို ပိုင်းဖြတ်ကာ ရေပြည့်ရသည်။ရေပြည့်သည့် အခါ၌ ရေမြှုပ်ကို ကြည့်ပြီး ပေါက်ပင်များမည် မများမည်ကို ခန့်မှန်းရသည်။ ထိုဝါးဆစ်ပြည့်သည့်ရေပုလင်းကို ဓားသွေးကျောက်ပြားပေါ်ထားပြီး အလယ်တည့်တည့်ခွဲဖြတ်ကာ မျောက်ပိုင်းလှန်နေပါက နမိတ်ကောင်း သီးနှံထွက်တိုးကောင်းမည်ဟု နောက်ဆုံးယာခင်းခုတ်ပြီးသည့်နေ့ တွင် ပြုလုပ်ရသည် ။ထို့အပြင် တောင်စောင့်နတ်၊ ချောင်းစောင့်နတ် အရပ်လေးမျက်နှာ ရှိနတ်များအတွက် ယာခင်းကိုမီးရှိုးသည်အချိန်တွင် ထွက်ပြေးလွတ်နိုင်ရန် တုတ်ချောင်းလေးချောင်းကို ပစ်ပေးထားရသည်။ တစ်နှစ် တစ်နှစ် တောင်ယာကို ဇန်နာဝါရီလ နှင့် ဖေဖော်ဝါရီလ လောက်မှ စတင်ခုတ်လဲပြီး တောင်ယာ တစ်ခင်းကို နှစ်လကြာခန့် ခုတ်ထွင်းပြီး မတ်လ တွင်မီးရှိုးရသည်။ ဧပြီ လတွင်ကောက်ပဲသီးနှံများကို စတင်စိုက်ပျိုးရသည်။ ယာခင်း တွင်မည်သည့် ပျိုးပင် ၊မျိုးစေ့ မချခင် ကြက်၊ ခွေး၊ ဆိတ် တို့ဖြင့် ယာခင်းကို သွေးပူဇော်ရသည်။ တောင်ယာလုပ်ငန်းမစတင်ခင် တစ်ရွာလုံး ပေါင်း ကြက်၊ ဝက်၊ ဆိတ် တို့ ဖြင့် ကပ်ဘေးဆိုးကျိုး ရွာသူ၊ ရွာသားများအပေါ် မဆိုက်ရောက်စေရန် နှင့် သီးနှံထွက် တိုးစေရန် ရွာခင်းပွဲကို ကျင်းပလ့းရှိသည် ။ ထိုအချိန်အတွင်း ရွာထဲတွင် ရွာသူ ရွာသားများသည် အလုပ်လည်းမလုပ်ရ အပြင်လည်း မထွက်ရ သလို မည်သည့် ဧည့်သည်ကိုမှ အဝင်မခံပါ ။ ဝင်မိပါက ထိုအခင်းပွဲတွင် ကုန်ကျစရိတ်ကိုပေးလျော်သည့်အပြင် အခင်းချိုးဖောက်မှု ဒဏ်ကျေးလည်း အကန့်သတ်မရှိ ပေးလျော်ရသည်။

ရွာခင်းဓလေ့

မြိုလူမျိုးဓလေ့ထုံးတမ်းအရ တစ်နှစ်တွင် ရွာခင်းပွဲ နှစ်ကြိမ်ကျင်းပ လေ့ရှိသည် တောင်ယာမီးရှုးပြီးသည့် အချိန်၌ မည်သည့် မျိုးစေး ယာခင်းတွင်မဝင်ခင် တစ်ခါ ၊ မျိုးပင်များ ဖူးပွင့်ခါစ တစ်ခါ နှစ်ကြိမ်ကျင်းပလေ့ရှိသည်။ သို့သော် ကျေးရွာ အဖျားနှာများ၍ သော်လည်းကောင်း ၊ လူနှစ်ဦးအထက် ဆက်သက်၍ သေဆုံးသော်လည်းကောင်း ရွာခင်းပွဲ လုပ်ရသည်။ ထိုအခင်း ပွဲသည် ပုံမှန် ခင်းရိုးမဟုတ်ဘဲ ကုလားမမျောက် သို့မဟုတ် ကဒိုးကဒါ နှစ်ကောင်ကို တောထဲမှာ မရရအောင်ဖမ်းရသည် ။ ရပြီဆိုပါက ထိုအကောင်ကို အရည်ခွံခွာ၍၎င်းအရီခွံအား ဖြင့်လေးလက်နက်ကိုင်သည့် လူပုံကိုဆင်၍ ရွာ၏ အဝင်ဝ တွင်တစ်ခု ထွက်ပေါက်တွင် တစ်ခု အဝတ်ဆိုးဖြင့် လေးလက်နက်ကိုင်သည့် အရုပ်ပုံကို ချိတ်ဆွဲ ကာထားရသည်။ထို့အပြင် အဝင်ဝ နှင့် ထွက်ပေါက်တွင် ဝါးခြမ်းစိတ်ချွန် နှင့် ကြိမ်ဆူး ဖြင့် စည်းရိုးကိုထိုးပြီး ကာရသည်။ ညနေ မှောင်စတွင် ကျောက်စ ရိုက်များ နှင့် ဆန်ကို ရောပြီးနတ်ဆိုးမောင်းထုတ်သည့် ကာထာ ခုနှစ်ခါ ရွက်ဆိုကာ ဆုံခေါက်ပြီး ၎င်း ကာထာဖြင့်ရွက်ဆိုထားးသည့်ကျောက်စရိုက် နှင့်ဆန်ကို အိမ်အောက် ရွာပြင်နေရာအနှံ့ကျဲ့မောင်းရသည် နတ်ဆိုးရှိ မရှိ ကို ထွက်ပေါက်တိုင်း ချည်မျှင်ပင်၇ ပင်ပတ်ထိုးထားသည်ကိုကြည့်ရသည်။အကယ်၍ နတ်ဆိုးထွက်ပါက ထိုချည်မျှင်ကြိုးဖြတ်ကိုကြည့်ခြင်းအားဖြင့် ဒီကထွက်သည်ဟု မှတ်ယူပါသည်။ ထိုအတွင်း အပြင်ဧည့်သည် ကိုလုံးဝ ဝင်ခွင့်မပြု သလိုရွာသားများလည်းရွာအပြင်ထွက်ခွင့်မပြု ။ (၇) ရက် တစ်ပတ်ပြုလုပ်ရသည် သို့သော် ရွားများကမူ တစ်ရက်မှ နှစ်ရက်ထိသာ တိတ်တိတ်ဆိတ်ပြုလုပ်ပြီး သုံးရက်မြောက်တွင် အပြင်ထွက်နိုင်သည် အပြင်ဧည့်သည် ကိုမှု (၇) ရက် အဝင်မပြုပါ ။ထိုအခင်း ကို( ခင်မ်ဆုံ ) နတ်ဆိုးမောင်းထုတ်သည်ဟုခေါ်ပါသည်။[၂၂]

စားယှာမ်ခင်

(စားယှာမ်ခင်) သည် ကောက်ပဲသီးနှံများ ဖူးပွင့်စအချိန်တွင် ပြုလုပ်လေ့ရှိပါသည်။ ထိုအခင်းသည် အသီးအနှံများ အထွက်ကောင်းနိုင်ရန် နှင့် တောတိရိစာ္ဆန် များမပျက်စီးရန် ဖြစ်သည်။ အခင်းပြုလုပ်ပုံမှာ ကောက်ညှင်းအနက်တစ်ဗူးကို ရေစိမ်ထားရသည် ထိုကောက်ညှင်းမည်းနက်ရည်ကို ဝါးတစ်ဆစ်တွင်အပြည့်ထည့်ကာ ကြက် နှင့်အတူ ယာခင်းကို သွား၍ ယာခင်းပတ်ပတ်လည်ဖြန့်ရသည်။ ယာခင်း ပတ်ပတ်လည်ဖြန့်ပြီးပါက ယာခင်းတွင် စိုက်ပျိုးထားသည့် စပါးပင် တစ်မျိုးမှ တစ်ပင်၊ ကောက်ပဲသီးနှံများ တစ်မျိုးမှ တစ်ပင်စီစုဆောင်းရသည် ၎င်းပစ္စည်းတစ်မျိုးစီသည် ပိန်းရွက်ပေါ် ပုံထားပြီး ကြက်သွေးဖြင့်ပူဇော်ရသည်။ ယာခင်းတွင် ပူဇော်ပြီးပါက (တောင်ယာမှကျောက်ဖရုံညွန်းခူးလာပြီးထိုကြက်ကောင်ကိုကျောက်ဖရုံညွန်းနဲ့ချက်စားရသည်မှာအလွန်ပင်မြိန်သည့်ဟင်းပွဲတစ်ခွက်ဖြစ်သည်)။ တစ်ဖန်ရွာအလယ်တွင်ယဇ်ပူဇော်ရန်ပလ္လင်ဆောက်သည်။၎င်းစင်ပေါ်တွင်တစ်ရွာလုံးကောက်ပဲသီးနှံအမျိုးအစားအသီးသီးကိုကြက်တစ်ကောင်စီနှင့်အတူယူဆောင်လာကြ၏။တစ်ရွာလုံး၏ကောက်ပျိုးပင်စုံပြီဆိုပါက ဓလေ့ရိုးရာ သိနားလည်သူ သက်ကြီးသူတစ်ဦးမှ ဆုမွန်ကောင်း တောင်းပြီး ၎င်း ကောက်ပျိုးပင်များအား ကြက်သွေးဖြင့်ပူဇော်ပသပြီးပြီဆိုလျှင်မိမိကြက်ကောင်ကိုလာယူကြပါသည်။ထိုပွဲအခင်းသည်သုံးရက်ကြာသာပြုလုပ်ကျင်းပသည်။ထိုအခင်းအတွင်းလည်းအပြင်ဧည့်သည်ကိုကျေးရွာအတွင်း ဝင်ခွင့်မပြု ၊ ဝင်မိပါက ကြက်အကောင် တစ်ရာ နှင့် ဝက် ငါးဆုပ် တစ်ကောင် ပေးလျော်ရသည်။ ထိုအခင်းတွင်ရိုးရာ ကောက်ညှင်း မှုန့်ဖက်ထုပ်ကို အိမ်တိုင်းပြုလုပ်ကြသည်။ သုံးရက်လွန်မှသာ အခင်းပြီးမြောက်သည်ဟု ဆိုနိုင်သည်။

ဈာပန အခမ်းအနား

မြိုထုံးတမ်းစဉ်လာအရ ရွာတစ်ရွာတွင် လူတစ်ဦးသေဆုံးလျှင် တစ်ရွာလုံးအလုပ် မသွားကြ ဘဲ အသုဘအ ခမ်းအနား တွင်ပါဝင်ရသည်။ အသုဘသည် တစ်ရက်မှ သုံးရက် ထားရသည် အကယ်၍ ရွာသူကြီး ၊ တစ်ရွာ၌ အကြီးအကဲ သေဆုံးနေလျှင် ရပ်ဝေးက ဆွေမျိုးများ အသုဘသို့လာ တွေ့နိုင်ရန် သုံးရက် ထားရသည်။ သာမန်လူဆိုလျှင် တစ်ရက် သာထားရသည်။ ထို အသုဘ ညများတွင်း ညတိုင်း လူပျို၊ အပျို၊ မင်းကျွန် များက ရိုးရာ စောင် နှင့် တုရိယာ ပလုံ တို့ဖြင့် သီချင်းကျူးဧကြရင်း စောင့်လေ့ရှိသည်။ မြို ထုံးတမ်းအရ လူတစ်ဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာ၏အပြင်၌ သေဆုံးနေလျှင် ကျေးရွာ ထဲတွင်် လုံးဝ ဝင်သွင်းလေ့မရှိ ၊ ထိုအပြင် ကြိုးဆွဲချသေဆုံး သူများကို သချၤိုင့်တွင် မြေမြှုပ်ထားလေ့မရှိ ။[၂၃] [၂၄]၇ ရက်မပြည့်သေးသည့် နို့စို့ကလေး သေဆုံးလျှင်လည်း သချၤိုင့် တွင် မြှုပ်လေ့မရှိ။ အကယ်၍ သေဆုံးသူကို မီးသင်္ဂြိုလ်မည်ဆိုလျှင် ကျေးရွာတွင် အိမ်တိုင်း ထင်းတစ်ချောင်း ကျ ပါဝင်ထည့်ပေးလေ့ရှိသည် ။ လူတစ်ဦးသေ ဆုံးတိုင်း ခွေးတစ်ကောင်သတ်ပေးလေ့ရှိသည် ။ အကြောင်းမှာ ခွေးသည် ဝိညာဉ် သွားလိုသည့်နေရာ ကို လမ်းပြပေး ရန်အတွက်ဖြစ်သည်။ [၂၅]ယင်းအသုဘ အခမ်းအနားတွင် ပါသော သူများအတွက် အိမ်ရှင်မှ ဝက်တစ်ကောင် သတ်ရသည်။ထိုကြောင့်ပင် မြို တိုင်းရင်းသား တို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွေး ကမရှိမဖြစ် မွေးမြူရသည်။ ထို့ပြင် အသုဘ အခမ်းအနားကို သွားကြသည့် သူများအိမ် ပြန်လာလျှင် အိမ်ပေါ် မတက်ခင် မီးဖိုက ပြာကို လှေကားရင်း မှာထားရသည့်အပြင် ခြေ ၊လက်မှာ ပြာမုန့် ဖြင့် ဆေးကြောလေ့ရှိသည်။ ဘာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာသည့်အခါ တွင် ဆေးကြောရသလဲ ဆိုလျှင် ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးသည် သေဆုံးသူများကို သေဆုံးသည် ဟု မဆိုပေ ၊ လူတစ်ဦးသည် ခန္ဒာကိုယ်လဲ သည်ဟု သာခေါ်ပြီး ၇ ရက် တစ်ပတ်ဆိုလျှင် ပြန်လာသည် ဟု ဆိုကြသည်။ ယင်းပုံပြင်တွင် ဤသို့ ဆိုပါသည် တစ်နေ့တွင် ဆွေးမ ၏ယောက္ခထီး က မသေဆုံးခင် ဆွေးမ ကို မှာထားသည်(၇)ရက်တစ်ပတ်ပြည့်လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်သည့်အတွက်ရေနွေးအိုးတည်ထားပါဟုမှာထားအပြီးသေဆုံးသွားသည် ။ ဆွေးမသည် ယောက္ခထီးမှာထားသည် အတိုင်း (၇) ရက်ကို စောင့်နေ၍ (၇) ရက်ပြည့်ညနေပိုင်း မီးဖို မှ ထွက်လာပြီး ငါ့ဆွေး မ ငါပြန်လာပြီရေချိုးပေးပါဦး လို့ ပြောလာသည်ကို ကြားသည် နှင့် လှမ်းကြည့် ရာ .ဆွေးမသည် .တစ်ခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ်ဘူး သရဲ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်သည် ။ ထိုအခါအဖိုးအိုသည် ဤသို့ မှာကြားသည် လူသားသည် သေဆုံးပြီးလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်သွားလေ၏ ဟု ဆိုပါသည်။ ထိုအျိန်မှစ၍ ယနေ့တိုင်လူသားသည် သေဆုံးပြီးလျှင် ပြန်မလာတော့သည် ဟု ယူဆကြလေသည်။

ကိုးကား

[၂၆]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။
  2. .မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)
  3. ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).
  4. History of Burma ,1883,pg,43,45
  5. Mro-cha-A hub for Mru Indigenous people promoting the Mru Retaning their Ethnicity,pg,24
  6. ဓညဝတီရာဇဝင်သစ်ကျမ်း(ပဌတွဲ)၊၁၃၁၆-ခုနှစ် ၊စာမျက်နှာ-၁၃၁။
  7. Morternal Morbidity and Mortality among Indigenous People in Bangladesh: A study of the Mru Community, pg,18,32
  8. A Politics of Nudity: Photographs of the‘Naked Mru’ of BangladeshWILLEM VAN SCHENDELhttps://pure.uva.nl/ws/files/3501618/153275_201292.pdf
  9. Francis Buchanan in Southeast Bengal (1798) ,P.65.
  10. ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
  11. British Burma Gazetteer Vol.ll in 1879 , P. 425
  12. 12. Mro-A Typeface for Mro A Chittagong Hill Tract Language Script
  13. Morphosyntactic Analysis of Mro Language
  14. JTC1/SC2/WG2 N3589R L2/09-097R 2009-10-27
  15. ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
  16. ရိုးမခေါ်သံ မောင်စံဖော်(စာ၁၂-၁၅)(စာ ၁၆-၁၉).
  17. THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
  18. Bangladesh RITUAL MOUTH-ORGANS OF THE MURUNG
  19. THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
  20. https://www.researchgate.net/publication/226498628_Housing_pattern_and_food_habit_of_theMro-tribe_community_in_Bangladesh_A_forest_dependence_perspective မြိုလူမျိုးတို့ ရိုးရာအိမ်တည်ဆောက်ပုံအကြောင်းတရား။
  21. Housing pattern and food habit of the Mro-tribe community in Bangladesh: A forest dependence perspective
  22. THE,HILL TRACTS OF CHLTTAGONGAND THE DWELLERS THEREIN;BY GAPT, T. H , LEWIN, 1869. P-94
  23. British Burma Gazetteer .Vol.ll in 1879 ,P,425, 68.
  24. Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80
  25. G,Hughes '' Hill Tracts of Arakan ,'' Rangoon ,1881, P, 23
  26. ထွန်းရွှေခိုင်(စစ်တွေကောလိပ်)၊ ရခိုင်ရှေ့ဟောင်း မြို့တော်များ၊ စာ - ၁၄၁

ပြင်ပလင်ခ့်

http://www.jmaministries.org/reaching-mru.html Reaching Mru people in Myanmar.

http://en.banglapedia.org/index.php?title=Mru,_The Banglapedia, National Encyclopedia of Bangladesh.

https://www.rufford.org/files/8744-1%20Detailed%20Final%20Report.pdf Status and impact of traditional forest fauna harvesting by the Mro tribe in the hill forests of Bangladesh: Policy implications for biodiversity conservation.