မင်းကိုနိုင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အကိုးအကား မပါသည့် ပြင်ဆင်ခြင်း။
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အကိုးအကား မပါရှိ။
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၈၀ - စာကြောင်း ၈၀ -


== ၈၈၈၈ အရေးအခင်းကာလ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ==
== ၈၈၈၈ အရေးအခင်းကာလ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ==

၁၉၈၇ ခုနှစ် စက်တင်ဘာလ၌ ဦးနေဝင်းအစိုးရသည် ကြိုတင်အသိ‌ပေးခြင်းမရှိဘဲ မြန်မာကျပ်ငွေများစွာကို တရားမဝင်ကြော်ငြာခဲ့သည်။ ထိုလုပ်ရပ်ကြောင့် လူအများ၏ စုဆောင်းထားသည်များကို တညတည်းဖြင့် ဆုံးရှုံးစေခဲ့သည်။ ထိုငွေကြေးများကို တရားမဝင်ကြော်ငြာမှုကြောင့် တက္ကသိုလ်များ၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

၁၂ရက် မတ်လ ၁၉၈၈၌ ‌ဆန္ဒပြကျောင်းသားများနှင့် ရဲများ ပဋိပက္ခဖြစ်ရာမှ ရဲဖက်မှ သေနတ်ဖြင့် ပစ်ခတ်ရာ ဆန္ဒပြကျောင်းသားကိုဖုန်းမော် သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကျောင်းသားများနှင့် လူထု၏ အစိုးရအ‌ပေါ် မကျေနပ်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ မတ်လ ၁၆ရက်တွင် မင်းကိုနိုင်ဦးဆောင်၍ ရန်ကုန်ကုန်တက္ကသိုလ်၌ ကျောင်းသား၃၀၀၀‌ခန့် စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် မင်းကိုနိုင်မှ မြန်မာ့သမိုင်း၌ ကျောင်းသားများ၏ ပါဝင်လှုပ်ရှားမှုများကို ဟောပြောခဲ့သည်။ ထို့နောက် ကိုဖုန်းမော်ကျဆုံးခဲ့သည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းသားများက ချီတက်ဆန္ဒပြရန်ကြိုးစားရာ အင်းယားကန်အနီးရှိ တံတားဖြူအနားတွင် သံဆူးကြိုးအကာများနှင့် အတားအဆီးခံထားရစဉ် အဓိကရုံးနှိမ်နှင်းရေးရဲများမှ အကြမ်းဖက်နှိမ်နှင်းခဲ့သည်။ ကျောင်းသားများစွာသေဆုံးခဲ့ပီး အမြောက်အများအဖမ်းအဆီးခံခဲ့ရသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က [[ရန်ကုန်တက္ကသိုလ်]]ဝင်းထဲရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါသည်။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က [[ရန်ကုန်တက္ကသိုလ်]]ဝင်းထဲရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါသည်။



၀၀:၅၅၊ ၁၉ စက်တင်ဘာ ၂၀၂၀ ရက်နေ့က မူ

ဦးမင်းကိုနိုင်
Minn Ko Naing
၁၈ရက် အောက်တိုဘာ ၁၉၆၂ -
မင်းကိုနိုင်
၂၀၀၇ခုနှစ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ
ကိုယ်ရေး အချက်အလက်
အမည်ရင်း ပေါ်ဦးထွန်း
မွေးရက် ၁၈ရက် အောက်တိုဘာ ၁၉၆၂
မွေးရပ်ဇာတိ ရန်ကုန်မြို့
လူသိများခြင်း နိုင်ငံရေး ကျောင်းသားခေါင်းဆောင်
လက်မှတ်

မင်းကိုနိုင်၏ အမည်အရင်းမှာ ပေါ်ဦးထွန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၈၈ ခုနှစ်ဝန်းကျင်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

သမိုင်းကြောင်း

မင်းကိုနိုင်ကို ရန်ကုန်မြို့တွင် မွေးဖွားပြီး သူသည် ဦးသက်ညွန့် နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။ သူ၏မိဘများမှာ မွန်ပြည်နယ်(မုဒုံမြို့) မှ ဖြစ်ပြီး မွန်နှင့်တရုတ်စပ်သော လူမျိုးများဖြစ်သည်။ သူသည် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ABFSU)၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

အစောပိုင်းကျောင်းတက်နေစဉ်နှစ်များ

မင်းကိုနိုင်သည် ၁၉၈၀ ခုနှစ်လွန်နှစ်များအတွင်း ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သတ္တဗေဒ အထူးပြုဖြင့် ပညာသင်ကြားနေခိုက်တွင် နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့သည်။ သူသည် အနုပညာအသင်း၏ တက်ကြွသော အသင်းဝင်တစ်ယောက်ဖြစ်ပြီး စာဖတ်ခြင်း၊ ကဗျာရေးခြင်းနှင့် ကာတွန်းဆွဲခြင်း (အထူးသဖြင့် သရော်စာကာတွန်းများ) တို့တွင် မွေ့လျော်နေခဲ့သည်။ သူနှင့် ရင်းနှီးသော လူများ၏ ပြန်လည်ပြောပြချက်အရ မင်းကိုနိုင်သည် နှစ်စဉ်သင်္ကြန်ကာလအတွင်း ရိုးရာ သံချပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လေ့ရှိသော "ဆိတ်ပါးစပ်နှင့် နတ်မျက်စိ" ဟု အမည်ပေးထားသည့် သံချပ်အဖွဲ့တွင် အပါအဝင်ဖြစ်သည်ဟုသိရသည်။

ထိုသံချပ်အဖွဲ့သည် မဆလအစိုးရ၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီမရှိမှုများကို သရော်သည့် ပြဇာတ်များ၊ ကာတွန်းများကို ဖန်တီးကပြခဲ့ကြသည်။

သံချပ်အဖွဲ့နာမည်ကြီးလာသည်နှင့်အတူ မင်းကိုနိုင်၏ လှုပ်ရှားမှုများကို အစိုးရထောက်လှမ်းရေးမှ သတိထားစောင့်ကြည့်လာခဲ့သည်။

ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းကို အစိုးရမှ တရားမဝင်ဟု ကန့်သတ်ထားသော်လည်း မင်းကိုနိုင်နှင့် ကျောင်းသားအချို့သည် ဗမာ့နိုင်ငံရေးအခြေအနေများ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြကာ နောင်အခါ၌ လျှို့ဝှက်ကျောင်သားသမဂ္ဂဖြစ်လာခဲ့သည်။

၈၈၈၈ အရေးအခင်းကာလ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါသည်။

၈ လေးလုံး လူထုလှုပ်ရှားမှုတွင် ထိပ်တန်းမှ ဦးဆောင်သူတဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ထိုအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့သည်။

၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးနောက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့သည်။ ထိုကာလအတွင်းမှာပဲ နောက်ကြည့်မှန် ဆိုသည့် ဝတ္ထုရှည်တပုဒ်ကိုလည်း ရေးသားခဲ့ပါသေးသည်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီး ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့၏ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။

မင်းကိုနိုင်သည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး၊ တနည်းအားဖြင့် နိုင်ငံရေးလုပ်ဆောင်သူ တဦးဖြစ်ရုံသာမက ရသဖန်တည်းမှုကို မွေ့လျော် ပျော်ဝင်သူတဦးလည်း ဖြစ်တယ်ဆိုတာကို သူရေးခဲ့သော ကဗျာတွေ၊ ဝတ္ထုတွေကနေ တွေ့ရပါသည်။ နောက်ကြည့်မှန်ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှာ မင်းကိုနိုင်ဆိုတဲ့ လူတယောက်ရဲ့ ရုပ်ပုံကားချပ်ကို ပိုပြည့်စုံအောင် တွေ့လိုက်ရသလို ၈ လေးလုံး အရေးတော်ပုံနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေ အနေတွေကိုပါ မီးမောင်းထိုးပြနိုင်စွမ်းရှိပေသည်။

“ဒီဝတ္ထုမှာကြည့်လိုက်ရင် သူက နိုင်ငံရေးမိန့်ခွန်း ပြောတာပဲဖြစ်ဖြစ်၊ ရသစာပေတခုခု၊ ကဗျာ ဝတ္ထုတခုခုကို ဖန်တီးတဲ့နေရာမှာပဲဖြစ်ဖြစ် အနာတွေ၊ အမုန်းတွေမပါအောင် သူက လုပ်နိုင်တယ်။ အဲဒါ သူ့ရဲ့ထူးခြားချက်၊ သူ့ရဲ့ အနာတွေ၊ အမုန်းတွေမပါဘူး။ သူပြောတဲ့စကားမှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ဖန်တီးမှုတခုခုမှာပဲဖြစ်ဖြစ်။ ဒီ ဆယ်စုနှစ်နဲ့ချီပြီးတော့ ထောင်ထဲမှာ နေခဲ့ရတယ်။ သူ့ဘ၀မှာ ဆုံးရှုံးခဲ့တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီ အနာတွေ၊ အမုန်းတွေမပါအောင် သူ့ရဲ့စကားတွေ ဖန်တီးမှုတွေကို သူကလုပ်နိုင်တယ်။

“ပြီးတော့ ဘာတွေ့ရလဲဆိုတော့ ရိုးသားမှု၊ နူးညံ့မှု၊ ရှင်းရှင်းလင်းလင်းရှိမှုနဲ့ ခိုင်မာမှု၊ နောက် တခါ အတွေးတွေ ရေးဟန်တွေက ကိုယ်ပိုင်ရှိတယ်။ အဲဒီတော့ ဝတ္ထုဖတ်ပြီးတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ မင်းကိုနိုင်ဆိုတာ လူဆန်တယ်၊ လူငယ်ဆန်တယ်၊ ပြီးတော့ သူ့ရဲ့ဖန်တီးမှုလေးတွေက လှတယ်၊ ပေါ့ပါးတယ်၊ ကြည်လင်တယ်၊ ပြီးတော့ သူက သူ့ဘ၀အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့အလုပ်အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ယုံကြည်မှုအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကံကြမ္မာပေါ်မှာပဲဖြစ်ဖြစ် ဘာမှ ရှုပ်ရှုပ်ထွေးထွေးမရှိဘူး၊ အဲဒါသွားတွေ့ရတယ်။”

မင်းကိုနိုင် ရေးစပ်သီကုံးပြီး ကိုယ်တိုင် သီဆိုထားတဲ့ ‘ပန်ထွာဧကရီ’ ဆိုတဲ့သီချင်းလည်း ရှိပါသည်။

မင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခံခဲ့ရပါသည်။

ပြန်လွတ်လာ

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။