ငွေလင်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ငွေလင်း မှ​ ငွေလင်း၊ စာရေးဆရာ သို့​
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၈ - စာကြောင်း ၈ -




၁၉၃၅ ခုနှစ် ခန့်တွင် စာ စရေး ခဲ့သည်။ ထိုနှစ်တွင် စျေးနှုန်း သတင်းစာ ဆောင်းပါး ပြိုင်ပွဲ၌ ဆု ရခဲ့သည်။ ဆုမှာ သုံးကျပ် ဖြစ်သည်။ ကလောင် အမည်မှာ "တောင်တွင်းကြီး သတိုးစိန်" ဖြစ်သည်။ ထို့နောက် ၁၉၃၆ - ၃၇ တွင် ဒီးဒုတ် ဂျာနယ်၌ "ရွှေတွင်းစိန်" ကလောင် အမည်ဖြင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ရေးခဲ့ ဖူးသည်။ "ငွေလင်း" အမည်နှင့် ပထမဆုံး ရေးသား သည်မှာ "ဤယမုန်" ဝတ္ထု ဖြစ်သည်။ ထင်ရှားသည့် စာအုပ်များမှာ ဤယမုန် (၁၉၅၃)၊ ပင်းမြို့သူ (၁၉၆၅)၊ မြို့လုလင်မှ ပုန်ကန်ခြင်း (၁၉၆၆)၊ ရန်ကုန် စစ်တလင်း (၁၉၆၈)၊ သူရဲ တထောင် (?) တို့ ဖြစ်ကြသည်။ "ဤယမုန်" ဖြင့် ၁၉၅၃ ခုနှစ် ရှုမဝ တထောင်ဆု၊ "ပင်းမြို့သူ" ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိ ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ရရှိ ခဲ့သည်။
၁၉၃၅ ခုနှစ် ခန့်တွင် စာ စရေး ခဲ့သည်။ ထိုနှစ်တွင် ဈေးနှုန်း သတင်းစာ ဆောင်းပါး ပြိုင်ပွဲ၌ ဆု ရခဲ့သည်။ ဆုမှာ သုံးကျပ် ဖြစ်သည်။ ကလောင် အမည်မှာ "တောင်တွင်းကြီး သတိုးစိန်" ဖြစ်သည်။ ထို့နောက် ၁၉၃၆ - ၃၇ တွင် ဒီးဒုတ် ဂျာနယ်၌ "ရွှေတွင်းစိန်" ကလောင် အမည်ဖြင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ရေးခဲ့ ဖူးသည်။ "ငွေလင်း" အမည်နှင့် ပထမဆုံး ရေးသား သည်မှာ "ဤယမုန်" ဝတ္ထု ဖြစ်သည်။ ထင်ရှားသည့် စာအုပ်များမှာ ဤယမုန် (၁၉၅၃)၊ ပင်းမြို့သူ (၁၉၆၅)၊ မြို့လုလင်မှ ပုန်ကန်ခြင်း (၁၉၆၆)၊ ရန်ကုန် စစ်တလင်း (၁၉၆၈)၊ သူရဲ တထောင် (?) တို့ ဖြစ်ကြသည်။ "ဤယမုန်" ဖြင့် ၁၉၅၃ ခုနှစ် ရှုမဝ တထောင်ဆု၊ "ပင်းမြို့သူ" ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိ ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ရရှိ ခဲ့သည်။


==ဘဝနိဂုံး==
==ဘဝနိဂုံး==

၁၇:၁၆၊ ၂၁ နိုဝင်ဘာ ၂၀၁၀ ရက်နေ့က မူ

ငွေလင်း [၁၉၁၂ - ၁၉၈၉]

မကွေး ခရိုင် မြို့သစ် မြို့နယ် ဂွေးချိုရွာ (မလိခက နတ်မောက်မြို့နယ် ဂွေးချိုးရွာ၊ ရှုမဝ စာတည်း အဖွဲ့ ကမူ နတ်မောက်မြို့နယ် ရှောက်ပင်ရွာ ဟု ဖော်ပြ ကြသည်) တွင် အဖ ဦးကြည်သာ၊ အမိ ဒေါ်သိုင်း (ဒေါ်သိုင်း) တို့က ၁၉၁၂ ခု ဇွန်လ ၁၈ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ နှစ်နှစ်သားတွင် ဖခင် ဆုံးသောကြောင့် မိခင်၏ရွာ ရှောက်ပင်ခြံ ရွာသို့ ပြောင်းရွှေ့ နေထိုင် ခဲ့သည်။


ငယ်စဉ်က ချောင်ဖြူကျောင်း ဘုန်းတော်ကြီး ဦးနန္ဒဝန် ထံ၌ စတင် ပညာ သင်ကြား ခဲ့သည်။ ၁၉၃၃ - ၃၄ ခုနှစ်တွင် တောင်တွင်းကြီးမြို့ အမျိုးသား ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ထိုကျောင်းမှ ခုနှစ်တန်း အောင်ပြီးနောက် ကျောင်းထွက် ခဲ့သည်။ နတ်မောက်နယ် ပင်းကျောင်း မီးရထား ရုံပိုင် (အစ်ကိုတော်သူ) နှင့် အလုပ် ကူညီ၍ လုပ်ခဲ့သည်။ တဖန် တောင်တွင်းကြီး မြို့၌ ပြန်နေထိုင် ခဲ့သည်။ ၁၉၃၅ ခုတွင် ရန်ကုန်သို့ ပြောင်းရွှေ့ ခဲ့သည်။ အလုပ် အမျိုးမျိုး လုပ်ကိုင် ခဲ့သည်။ ပုံတူဆွဲ ပန်းချီ ပညာကို လေ့လာ ခဲ့သည်။ စစ် အတွင်း ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင် ဝင်ရောက်၍ ရခိုင် ပြည်နယ် သံတွဲ မြို့နှင့် အထက် မြန်မာနိုင်ငံ တလျှောက် လိုက်ပါ ချီတက် ခဲ့သည်။ ထို့နောက် တပ်မှ ထွက်၍ ဂျပန် ခေတ်တွင် ရန်ကုန် ခရိုင် အရေးပိုင် ရုံး၌ စာရေး အဖြစ် အမှုထမ်း ခဲ့သည်မှာ အလုပ်မှ နုတ်ထွက် ခဲ့သည့် ၁၉၅၃ ခု အထိ ဖြစ်သည်။ အိုးဝေ၊ ယဉ်ကျေးမှု၊ ပေဖူးလွှာ၊ နဝဒေး၊ သင့်ဘဝ စသည့် စာနယ်ဇင်း များတွင် အယ်ဒီတာ လုပ်ခဲ့သည်။


၁၉၃၅ ခုနှစ် ခန့်တွင် စာ စရေး ခဲ့သည်။ ထိုနှစ်တွင် ဈေးနှုန်း သတင်းစာ ဆောင်းပါး ပြိုင်ပွဲ၌ ဆု ရခဲ့သည်။ ဆုမှာ သုံးကျပ် ဖြစ်သည်။ ကလောင် အမည်မှာ "တောင်တွင်းကြီး သတိုးစိန်" ဖြစ်သည်။ ထို့နောက် ၁၉၃၆ - ၃၇ တွင် ဒီးဒုတ် ဂျာနယ်၌ "ရွှေတွင်းစိန်" ကလောင် အမည်ဖြင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ရေးခဲ့ ဖူးသည်။ "ငွေလင်း" အမည်နှင့် ပထမဆုံး ရေးသား သည်မှာ "ဤယမုန်" ဝတ္ထု ဖြစ်သည်။ ထင်ရှားသည့် စာအုပ်များမှာ ဤယမုန် (၁၉၅၃)၊ ပင်းမြို့သူ (၁၉၆၅)၊ မြို့လုလင်မှ ပုန်ကန်ခြင်း (၁၉၆၆)၊ ရန်ကုန် စစ်တလင်း (၁၉၆၈)၊ သူရဲ တထောင် (?) တို့ ဖြစ်ကြသည်။ "ဤယမုန်" ဖြင့် ၁၉၅၃ ခုနှစ် ရှုမဝ တထောင်ဆု၊ "ပင်းမြို့သူ" ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိ ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ရရှိ ခဲ့သည်။

ဘဝနိဂုံး

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။[၁]

ထင်ရှားသောစာအုပ်အချို့

  1. ပင်းမြို့သူ(စာပေဆုရ)
  2. မြို့လုလင်မှပုန်ကန်ခြင်း
  3. သူရဲတစ်ထောင်
  4. ဤယမုံ(ရှုမဝထောင်ဆုရ)
  5. မြင်လှဲ့ပါကြင်ဖော်
  6. ရန်ကုန်စစ်တလင်း
  7. စားသုံးဆီ

စာညွှန်း

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၂ဝဝ - ၂ဝ၁။
  2. မလိခ။ မြန်မာစာပေ အဘိဓာန် (၁)။ စာ ၂၉ဝ - ၂၉၁။
  3. မလိခ။ မြန်မာဝတ္ထု အညွှန်း (၃)၊ ၁၇၃ - ၁၈၄။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၁)။ စာ ၂၂၃ - ၂၂၄။
  5. စာတည်း အဖွဲ့။ ၁၃၁၅ ခု ရှုမဝ ၁ဝဝဝိ ဆုနှင့် "ဤယမုန်"၊ ရှုမဝ (ဒီဇင်ဘာ ၁၉၅၃)။ စာ ၃၇ - ၄ဝ။
  6. နတ်မောက် လှမြင့်။ ဦးကြီး ဦးငွေလင်း ထံမှ လွမ်းစာများ၊ ရှုမဝ (မေ ၁၉၉ဝ)။ စာ ၁၂၃ - ၁၂၆။