ဖြူး၊ မောင် (ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၂ - စာကြောင်း ၂ -
ဒေါက်တာမောင်ဖြူးကို အဖ ဦးအောင်ညွန့်၊ အမိ ဒေါ်ချောတို့မှ ၁၉၀၅ ခုနှစ်တွင် [[ပဲခူးခရိုင်]]၊ [[ပဲနွယ်ကုန်းမြို့]]၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးဦးရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။ တရုတ်"တန်"လူမျိုးဖြစ်၍ အမည်၏ရှေ့တွင် "တန်" ထည့်ကာ တန်ဂွမ်လျောင်ဟု ခေါ်သည်။

မောင်ဖြူးဆိုသော ကလောင်နာမည် ယူခြင်းမှာ သူငယ်စဉ်က မိဘများ [[ဖြူးမြို့]]ကို ပြောင်းလာကြသည်။ ဖြူးမှာပဲ ကျောင်းနေ၊ ဖြူးမှာပဲ ကြီးပြင်လာ၍ မောင်ဖြူးဆိုတဲ့ ကလောင်အမည် ယူခဲ့ရာက မောင်ဖြူးဟု နာမည်တွင်လာသည်။
မောင်ဖြူးဆိုသော ကလောင်နာမည် ယူခြင်းမှာ သူငယ်စဉ်က မိဘများ [[ဖြူးမြို့]]ကို ပြောင်းလာကြသည်။ ဖြူးမှာပဲ ကျောင်းနေ၊ ဖြူးမှာပဲ ကြီးပြင်းလာ၍ မောင်ဖြူးဆိုတဲ့ ကလောင်အမည် ယူခဲ့ရာက မောင်ဖြူးဟု နာမည်တွင်လာသည်။

မောင်ဖြူး ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့ပြီး မိခင်မုဆိုးမကြီးသည် ငွေးကြေးပြည့်စုံသူ မဟုတ်ပါ။ သို့သော် မောင်ဖြူးက ပညာသင်ဆုများကို ဆက်တိုက်ရ၍ ဘီအေအောင်ခဲ့သည်။ ရန်ကုန်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်နေစဉ် ၇ တန်း စကောလားရှစ်၊ ၁၀ တန်း စကေားလားရှစ်ရခဲ့သည်။ ၁၉၂၆-ခုနှစ်တွင် ဘီအေအောင်ခဲ့သည်။

ဆရာမောင်ဖြူး ဘီအေအောင်သည့်အချိန်တွင် အမျိုးသားရေးလှုပ်ရှားမှုများ ပြင်းထန်နေချိန်ဖြစ်သည့်အလျောက် အုပ်ချုပ်ရေးဘက်တွင် ရာထူးမယူဘဲ ပညာရေးဘက်တွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုအကြောင်းကို ဆရာက သူ့ဆွေမျိုးသားချင်းများကို ပြောပြလေ့ရှိတဲ့ စကားတစ်ခုရှိသည်။ ဒါက "ငါ့ကိုယ်ကိုတော့ အင်္ဂလိပ်ကျွန်အဖြစ် အသုံးချလို့ရပေမယ့် ငါ့စိတ်ဓာတ်ကိုတော့ ကျွန်အဖြစ်မခံဘူး"တဲ့။
ဆရာမောင်ဖြူး ဘီအေအောင်သည့်အချိန်တွင် အမျိုးသားရေးလှုပ်ရှားမှုများ ပြင်းထန်နေချိန်ဖြစ်သည့်အလျောက် အုပ်ချုပ်ရေးဘက်တွင် ရာထူးမယူဘဲ ပညာရေးဘက်တွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုအကြောင်းကို ဆရာက သူ့ဆွေမျိုးသားချင်းများကို ပြောပြလေ့ရှိတဲ့ စကားတစ်ခုရှိသည်။ ဒါက "ငါ့ကိုယ်ကိုတော့ အင်္ဂလိပ်ကျွန်အဖြစ် အသုံးချလို့ရပေမယ့် ငါ့စိတ်ဓာတ်ကိုတော့ ကျွန်အဖြစ်မခံဘူး" ဟူ၍ ဖြစ်သည်။

၁၉၃၅−၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကြီးပေါ်တော့ ဆရာက စစ်တွေမြို့ အစိုးရဟိုက်စကူးကျောင်းမှာ ဒုတိယကျောင်းအုပ် လုပ်နေတယ်။ အဲဒီတုန်းက ဆရာနဲ့ အတူနေတဲ့ ၁၀ တန်းကျောင်းသား ကိုမြင့်ဆွေကို သပိတ်ခေါင်းဆောင် လုပ်စေခဲ့သတဲ့။
၁၉၃၅−၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကြီးပေါ်တော့ ဆရာက စစ်တွေမြို့ အစိုးရဟိုက်စကူးကျောင်းမှာ ဒုတိယကျောင်းအုပ် လုပ်နေသည်။ ထိုစဉ်က ဆရာနှင့် အတူနေသော ၁၀ တန်းကျောင်းသား ကိုမြင့်ဆွေကို သပိတ်ခေါင်းဆောင် လုပ်စေခဲ့သည်။

၁၉၄၇ ခုနှစ်မှာ အမေရိကန်ပြည် ကာလီဖိုးနီးယားတက္ကသိုလ်က ဒေါက်တာဘွဲ့ယူပြီး ဗမာပြည် ပြန်လာတဲ့အခါ ရန်ကုန်မြို့ ဆရာဖြစ်သင်ကျောင်းမှာ မြန်မာစာကထိက တာဝန်ယူတယ်။ ၁၉၅၀ ခုနှစ်မှာ ပြင်သစ်စာပေအတွက် နိုင်ငံခြားကို ပညာသင်အဖြစ် သွားပြီး၊ ၁၉၅၃ ခုနှစ်မှာ ဗမာပြည် ပြန်လာတယ်။ ပညာရေးဌာနမှာ သင်ရိုးညွှန်းတမ်း မာတိကာအရာရှိအဖြစ် ဆောင်ရွက်တယ်။ နောက် ကရင်ပြည်နယ် ပညာဝန်အဖြစ် ဆောင်ရွက်ပြီး ၁၉၅၈ ခုနှစ်မှာ အလုပ်က အငြိမ်းစားယူတယ်။ ရှေ့နေလိုက်တယ်။
၁၉၄၇ ခုနှစ်တွင် အမေရိကန်ပြည် ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ယူပြီး ဗမာပြည် ပြန်လာသည့်အခါ ရန်ကုန်မြို့ ဆရာဖြစ်သင်ကျောင်း၌ မြန်မာစာကထိက တာဝန်ယူသည်။ ၁၉၅၀ ခုနှစ်တွင် ပြင်သစ်စာပေအတွက် နိုင်ငံခြားသို့ ပညာသင်အဖြစ် သွားပြီး၊ ၁၉၅၃ ခုနှစ်၌ ဗမာပြည် ပြန်လာသည်။ ပညာရေးဌာနတွင် သင်ရိုးညွှန်းတမ်း မာတိကာအရာရှိအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ကရင်ပြည်နယ် ပညာဝန်အဖြစ် ဆောင်ရွက်ပြီး ၁၉၅၈ ခုနှစ်၌ အလုပ်မှ အငြိမ်းစားယူသည်။ ရှေ့နေလိုက်သည်။

ဆရာကို တချို့က ဖြူးဇာတိလို့ ထင်ကြတယ်။ မဟုတ်ဘူး။ ပဲနွယ်ကုန်းဇာတိပါ။ ဒါကြောင့် ၁၉၃၅−၃၆ ခုနှစ်တစ်ဝိုက်က ဆရာရေးတဲ့ ဆောင်းပါးများမှာ ဆရာက သူ့ကိုယ်သူ"ဦးပန်းနွယ်"လို့ တင်စားရေးခဲ့တယ်။ "ဦးပဲနွယ်"ဆိုရင် အခေါ်ရခက်မယ်။ နာမည်အနေနဲ့ မှည့်လို့ မကောင်းဘူး။ ဒါကြောင့် ဦးပန်းနွယ်လို့ ရေးတာပဲ။ အဲဒီနှစ်များက ရေးတဲ့ ကြီးပွားရေးမဂ္ဂဇင်းတွေမှာ ဆရာ့ကို "ဦးပန်းနွယ်" အဖြစ် ရပ်တည်နေခဲ့တာ တွေ့ရပါမယ်။
ဆရာ့ကို တချို့က ဖြူးဇာတိလို့ ထင်ကြသော်လည်း ပဲနွယ်ကုန်းဇာတိဖြစ်သည်။ ထို့ကြောင့် ၁၉၃၅−၃၆ ခုနှစ်တစ်ဝိုက်တွင်း ဆရာရေးသည့် ဆောင်းပါးများမှာ ဆရာက သူ့ကိုယ်သူ"ဦးပန်းနွယ်"လို့ တင်စားရေးခဲ့သည်။ "ဦးပဲနွယ်"ဆိုရင် အခေါ်ရခက်ပြီး နာမည်အနေနဲ့ မှည့်လို့ မကောင်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဦးပန်းနွယ်ဟုရေးသည်။ ထိုနှစ်များက ရေးသည့် ကြီးပွားရေးမဂ္ဂဇင်းများတွင် ဆရာ့ကို "ဦးပန်းနွယ်" အဖြစ် ရပ်တည်ခဲ့သည်ကို တွေ့ရမည်။

ဆရာအစ်ကို အကြီးဆုံးက ကွယ်လွန်သူ အထက်တန်းရှေ့နေ ဦးဂွမ်ချိုင်တဲ့။ အစ်မကတော့ ဒေါ်ဘန်ကင်းတဲ့။ ကမ္ဘာအေးဘုရားလမ်းမှာ နေသည်။
အစ်ကို အကြီးဆုံးမှာ ကွယ်လွန်သူ အထက်တန်းရှေ့နေ ဦးဂွမ်ချိုင်ဖြစ်သည်။ အစ်မအမည်မှာ ဒေါ်ဘန်ကင်းဖြစ်သည်။ ကမ္ဘာအေးဘုရားလမ်းတွင်နေသည်။
"ဖြူးစာပေနှင့် ကလေးစာပေရိပ်မြုံ”က စာအုပ်များထုတ်ဝေခဲ့သည်။
"ဖြူးစာပေနှင့် ကလေးစာပေရိပ်မြုံ”က စာအုပ်များထုတ်ဝေခဲ့သည်။
==ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ==
==ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ==

၁၉:၁၆၊ ၁၃ စက်တင်ဘာ ၂၀၂၀ ရက်နေ့က မူ

ဒေါက်တာမောင်ဖြူး

ဒေါက်တာမောင်ဖြူးကို အဖ ဦးအောင်ညွန့်၊ အမိ ဒေါ်ချောတို့မှ ၁၉၀၅ ခုနှစ်တွင် ပဲခူးခရိုင်ပဲနွယ်ကုန်းမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးဦးရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။ တရုတ်"တန်"လူမျိုးဖြစ်၍ အမည်၏ရှေ့တွင် "တန်" ထည့်ကာ တန်ဂွမ်လျောင်ဟု ခေါ်သည်။

မောင်ဖြူးဆိုသော ကလောင်နာမည် ယူခြင်းမှာ သူငယ်စဉ်က မိဘများ ဖြူးမြို့ကို ပြောင်းလာကြသည်။ ဖြူးမှာပဲ ကျောင်းနေ၊ ဖြူးမှာပဲ ကြီးပြင်းလာ၍ မောင်ဖြူးဆိုတဲ့ ကလောင်အမည် ယူခဲ့ရာက မောင်ဖြူးဟု နာမည်တွင်လာသည်။

မောင်ဖြူး ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့ပြီး မိခင်မုဆိုးမကြီးသည် ငွေးကြေးပြည့်စုံသူ မဟုတ်ပါ။ သို့သော် မောင်ဖြူးက ပညာသင်ဆုများကို ဆက်တိုက်ရ၍ ဘီအေအောင်ခဲ့သည်။ ရန်ကုန်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်နေစဉ် ၇ တန်း စကောလားရှစ်၊ ၁၀ တန်း စကေားလားရှစ်ရခဲ့သည်။ ၁၉၂၆-ခုနှစ်တွင် ဘီအေအောင်ခဲ့သည်။

ဆရာမောင်ဖြူး ဘီအေအောင်သည့်အချိန်တွင် အမျိုးသားရေးလှုပ်ရှားမှုများ ပြင်းထန်နေချိန်ဖြစ်သည့်အလျောက် အုပ်ချုပ်ရေးဘက်တွင် ရာထူးမယူဘဲ ပညာရေးဘက်တွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုအကြောင်းကို ဆရာက သူ့ဆွေမျိုးသားချင်းများကို ပြောပြလေ့ရှိတဲ့ စကားတစ်ခုရှိသည်။ ဒါက "ငါ့ကိုယ်ကိုတော့ အင်္ဂလိပ်ကျွန်အဖြစ် အသုံးချလို့ရပေမယ့် ငါ့စိတ်ဓာတ်ကိုတော့ ကျွန်အဖြစ်မခံဘူး" ဟူ၍ ဖြစ်သည်။

၁၉၃၅−၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကြီးပေါ်တော့ ဆရာက စစ်တွေမြို့ အစိုးရဟိုက်စကူးကျောင်းမှာ ဒုတိယကျောင်းအုပ် လုပ်နေသည်။ ထိုစဉ်က ဆရာနှင့် အတူနေသော ၁၀ တန်းကျောင်းသား ကိုမြင့်ဆွေကို သပိတ်ခေါင်းဆောင် လုပ်စေခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အမေရိကန်ပြည် ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ယူပြီး ဗမာပြည် ပြန်လာသည့်အခါ ရန်ကုန်မြို့ ဆရာဖြစ်သင်ကျောင်း၌ မြန်မာစာကထိက တာဝန်ယူသည်။ ၁၉၅၀ ခုနှစ်တွင် ပြင်သစ်စာပေအတွက် နိုင်ငံခြားသို့ ပညာသင်အဖြစ် သွားပြီး၊ ၁၉၅၃ ခုနှစ်၌ ဗမာပြည် ပြန်လာသည်။ ပညာရေးဌာနတွင် သင်ရိုးညွှန်းတမ်း မာတိကာအရာရှိအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ကရင်ပြည်နယ် ပညာဝန်အဖြစ် ဆောင်ရွက်ပြီး ၁၉၅၈ ခုနှစ်၌ အလုပ်မှ အငြိမ်းစားယူသည်။ ရှေ့နေလိုက်သည်။

ဆရာ့ကို တချို့က ဖြူးဇာတိလို့ ထင်ကြသော်လည်း ပဲနွယ်ကုန်းဇာတိဖြစ်သည်။ ထို့ကြောင့် ၁၉၃၅−၃၆ ခုနှစ်တစ်ဝိုက်တွင်း ဆရာရေးသည့် ဆောင်းပါးများမှာ ဆရာက သူ့ကိုယ်သူ"ဦးပန်းနွယ်"လို့ တင်စားရေးခဲ့သည်။ "ဦးပဲနွယ်"ဆိုရင် အခေါ်ရခက်ပြီး နာမည်အနေနဲ့ မှည့်လို့ မကောင်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဦးပန်းနွယ်ဟုရေးသည်။ ထိုနှစ်များက ရေးသည့် ကြီးပွားရေးမဂ္ဂဇင်းများတွင် ဆရာ့ကို "ဦးပန်းနွယ်" အဖြစ် ရပ်တည်ခဲ့သည်ကို တွေ့ရမည်။

အစ်ကို အကြီးဆုံးမှာ ကွယ်လွန်သူ အထက်တန်းရှေ့နေ ဦးဂွမ်ချိုင်ဖြစ်သည်။ အစ်မအမည်မှာ ဒေါ်ဘန်ကင်းဖြစ်သည်။ ကမ္ဘာအေးဘုရားလမ်းတွင်နေသည်။ "ဖြူးစာပေနှင့် ကလေးစာပေရိပ်မြုံ”က စာအုပ်များထုတ်ဝေခဲ့သည်။

ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ

  • ဖြူးတုတ်ဘဲကလေး
  • ကလေးကဗျာ
  • စလေအညာက ပုလွေဆရာ
  • အလီဘာဘာနှင့် ဓမြ ၄၀
  • ခရီးသည် မောင်ပွ
  • သားငှက်သဘင်
  • ဒါ့သင်မြို့တော်
  • တဂိုးစာပဒေသာ
  • ကျန်စစ်သားနှင့် အခြားပြဇာတ်များ
  • ဆွတ်ဆွတ်ဖြူနှင့် အခြားပြဇာတ်များ
  • ဆရာကတော်နှင့် အခြားပြဇာတ်များ
  • သားချော့သီချင်း
  • စာပဒေသာ (၁)
  • စာပဒေသာ (၂)
  • စာပဒေသာ (၃)
  • Who will translate in the future? ဘာသာပြန်ကဗျာ (အင်္ဂလိပ်ပြင်သစ် ဘာသာပြန်နည်းနှင့်ပုံစံ) (ကွယ်လွန်ပြီးမှ ထွက်သည်။)
  • Bilingual အင်္ဂလိပ် မြန်မာ ဘာသာပြန်ကလေးကဗျာ(ရိုက်ဆဲ)

ဘဝနိဂုံး

၉.၁၀.၁၉၇၀ ခုနှစ်တွင် ကွယ်လွန်သည်။[၁]

ကိုးကား

  1. (တဂိုးစာပဒေသာ−စာအုပ် နိဒါန်းမှ ယူသည်)