ရွှေဘိုမင်းသမီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"မြန်မာနိုင်ငံထ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၅:၀၁၊ ၁၇ ဩဂုတ် ၂၀၂၀ ရက်နေ့က မူ

မြန်မာနိုင်ငံထုတ် သက်တမ်းအကြာဆုံးသော သဘာဝအလှပြင်ပစ္စည်း သနပ်ခါး အနှစ်ခဲ ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အစောပိုင်းတွင် သနပ်ခါးခဲ တစ်မျိုးတည်းကိုသာ ထုတ်လုပ်ရောင်းချခဲ့ပြီး၊ အမှတ်တံဆိပ်သက်တမ်း ၄၅ နှစ်ပြည့်ပြီးနောက်တွက် သနပ်ခါး အရည်၊ အမှုန့်၊ အစိုနှင့် ရေမွှေးတို့ကိုပါ ဈေးကွက်တင်ရောင်းချလာခဲ့သည်။

သနပ်ခါးအနှစ်ကို ပြန်လည်၍ အခဲပြလုပ်ထားသော သနပ်ခါးခဲများကို စက်သွေးသနပ်ခါး ဟု ခေါ်ကြသည်။ မူလထုတ် သနပ်ခါးခဲမှာ ရေနှင့်ဖျော်၍ သနပ်ခါးအနှစ်ဖြစ်အောင် ပြုလုပ်ပြီး လိမ်းခြယ်ရသော အမျိုးအစားဖြစ်သည်။ သနပ်ခါးစစ်စစ်နှင့် အတူဆုံးသော အထိအတွေ့ကို ခံစားရစေရန် သနပ်ခါးစစ်စစ်ကိုသာ သုံးပြီး ဓာတုပစ္စည်းမပါဝင်အောင် ပြုလုပ်ထားကြောင်း ဒါရိုက်တာက အင်တာဗျူးတွင် ဖြေဆိုထားသည်