လေဒီဂါဂါ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၂ - စာကြောင်း ၄၂ -


== အနုပညာလောက ==
== အနုပညာလောက ==
သူမဟာ ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်တယ်။ အနုပညာ လောကတည်းကို ဝင်တယ်။ ဒါပေမဲ့ သူမရဲ့အောင်မြင်မှုအတိုင်းအတာ ဟာ အင်မတန်နည်းတယ်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့ပေမယ့် သုံးလနဲ့ ပျက်ပြယ်သွားတယ်။ ဒါကြောင့် သူမ ဆေးစွဲတာပဲတဲ့။ အဲဒီနောက် Streamline Records ဆိုတဲ့ ဓာတ်ပြား ကုမ္ပဏီတစ်ခုနဲ့ ကန်ထရိုက်လက်မှတ်ထိုးခဲ့တယ်။ အဲဒီမှာ ဂါဂါဟာ နာမည်ရပြီးသားဖြစ်တဲ့အဆိုတော်တွေအတွက် သီချင်းရေးပေးခဲ့ရ တယ်။ သူမရေးပေးတဲ့သူတွေထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နဲ့ Pussycat Doll တို့တစ်တွေ လည်း ပါဝင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်မှာပဲ Akon က သူမရဲ့ဆိုပေါက်ကို သဘောကျတယ်။ ဒီအတွက် Akon ဟာ သူရဲ့ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်တယ်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမဟာ အရင်ကုမ္ပဏီက Redone ဆိုတဲ့အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီမှာ သီချင်းအချိုရေးတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ တယ်။
သူမဟာ ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်တယ်။ အနုပညာ လောကထဲကို ဝင်တယ်။ ဒါပေမဲ့ သူမရဲ့အောင်မြင်မှုအတိုင်းအတာ ဟာ အင်မတန်နည်းတယ်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့ပေမယ့် သုံးလနဲ့ ပျက်ပြယ်သွားတယ်။ ဒါကြောင့် သူမ ဆေးစွဲတာပဲတဲ့။ အဲဒီနောက် Streamline Records ဆိုတဲ့ ဓာတ်ပြား ကုမ္ပဏီတစ်ခုနဲ့ ကန်ထရိုက်လက်မှတ်ထိုးခဲ့တယ်။ အဲဒီမှာ ဂါဂါဟာ နာမည်ရပြီးသားဖြစ်တဲ့အဆိုတော်တွေအတွက် သီချင်းရေးပေးခဲ့ရ တယ်။ သူမရေးပေးတဲ့သူတွေထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နဲ့ Pussycat Doll တို့တစ်တွေ လည်း ပါဝင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်မှာပဲ Akon က သူမရဲ့ဆိုပေါက်ကို သဘောကျတယ်။ ဒီအတွက် Akon ဟာ သူရဲ့ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်တယ်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမဟာ အရင်ကုမ္ပဏီက Redone ဆိုတဲ့အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီမှာ သီချင်းအချို့ရေးတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ တယ်။


== ၂ဝဝ၈ က စအောင်မြင် ==
== ၂ဝဝ၈ က စအောင်မြင် ==

၀၅:၁၃၊ ၂၁ ဇူလိုင် ၂၀၂၀ ရက်နေ့က မူ

လေဒီဂါဂါ
Lady Gaga
Portrait of a young, pale-skinned Caucasian female with blond hair
NFL Network ၏ interviewတစ်ခုမှ Lady Gaga ၊ ၂၀၁၆ခုနှစ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းStefani Joanne Angelina Germanotta
မွေးဖွားနယူးယောက်မြို့ အမေရိကန်
ဂီတဟန်Pop, dance
အလုပ်အကိုင်Singer-songwriter, performance artist,[၁] record producer, dancer, businesswoman, activist
တူရိယာVocals, piano, synthesizer, keytar
တက်ကြွသည့်နှစ်များ2005–present
တေးသံသွင်း ကုမ္ပဏီDef Jam, Cherrytree Records, Streamline, Kon Live, Interscope Records
ဝက်ဘ်ဆိုက်ladygaga.com

Lady Gaga လို့လူသိများတဲ့ Stefani Joanne Angelina Germanotta ဟာ အ​မေရိကန် အဆို​တော် ၊ ​တေး​ရေး နဲ့ သရုပ်​ဆောင်တစ်​ဦး ဖြစ်ပါတယ် ။ ၁၉၈၆ ခုနှစ်ရဲ့ မတ်လ၊​၂၈ရက်မှာ မွေးဖွားသူဖြစ်ပါတယ် ။သူမရဲ့ သူမတူထူးခြားမှု ၊ ပရိတ်သတ်ကိုလှုံ့​ဆော်နိုင်မှုနဲ့ အမြင်ပိုင်း စမ်းသစ်မှု​​တွေဟာ သူမကို လူသိများလာ​စေခဲ့ပါတယ် ။ Gaga ဟာ ဆယ်​​​ကျော်သက်အရွယ်ကတည်းက open mic nights ​တွေမှာ စတင် သီချင်းဆိုခဲ့ပြီး ​​ကျောင်းကပွဲ​တွေမှာလည်း ပါဝင်ခဲ့တာပါ ။ သူမဟာ ပွဲဦးမထွက်ခင်မှာ​တော့ Newyork တက္ကသိုလ်ရဲ့ Tish School of the Arts က Collaborative Arts Project 21 မှာ ပညာသင်ခဲ့ပါတယ် ။ Def Jam Recordings က သူမရဲ့စာချုပ်ကို ပယ်ချလိုက်တဲ့ အခါမှာ​တော့ Sony/ATV Music Publishing မှာ​တေး​ရေးအဖြစ် ဝင်​ရောက်လုပ်ကိုင် ခဲ့ပါတယ် ။ ​တေး​ရေးအဖြစ်လုပ်ကိုင်​နေစဉ် ၂၀၀၇ ခုနှစ်မှာပဲ Akon ဟာ သူမကို Interscope Records နဲ့ သူ့ကိုယ်ပိုင် label Konlive Distribution မှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကူညီပေးခဲ့ပါတယ် ။ ​နောက်နှစ်မှာပဲ သူမရဲ့ ပွဲဦးထွက် electropop အမျိုးအစား album ဖြစ်တဲ့ The Fame နဲ့ ​​ကြော်ကြားလာပါတယ် ။ အဲ့ဒီ album ထဲက "Just Dance " နဲ့ " Poker Face " တို့ဟာ chart ​​တွေရဲ့ထိပ်ဆုံးမှာ ​နေရာယူခဲ့တဲ့ single ​​တွေဖြစ်ပါတယ် ။​နောက် albumတစ်ခု ဖြစ်တဲ့ The Fame Monsterဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိလာပါတယ် ။ အဲ့ဒီ album ထဲမှာပါဝင်တဲ့ "Bad Romance" ၊ "Telephone" နဲ့ "Alejandro" တို့ဟာ ​အောင်မြင်မှုရရှိခဲ့တဲ့ single ​​တွေဖြစ်ပါတယ် ။

Gaga ရဲ့ electronic rock နဲ့ techno-pop အမျိုးအစား ဒုတိယfull-length album Born This Way ဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။အဲ့ဒီ albumဟာ အ​မေရိကန် Billboard 200ရဲ့ ထိပ်ဆုံး​မှာ​ နေရာယူခဲ့ပါတယ် ။အ​မေရိကန်နိုင်ငံတွင်း ပထမအပတ်မှာပဲ copy​တွေ၁သန်း​​ကျော် ရောင်းခဲ့ရပါတယ် ။ titleသီချင်း Born This Way ဟာ iTunes Storeမှာ တစ်ပတ်အတွင်းမှာပဲ ၁သန်းကျော် download လုပ်ကြတာ​​ကြောင့်Store မှာ အ​ရောင်းရအမြန်ဆုံး သီချင်းဖြစ်လာခဲ့ပါတယ် Gagaရဲ့ တတိယ studio album Artpop ဟာ ၂၀၁၃ခုနှစ်မှာ ထွက်လာခဲ့ပါတယ် ။ သူမဟာ Artpop albumကို EDMနဲ့ ဆန်းသစ်ခဲ့​တာပါ။ Artpop albumဟာ အ​မေရိကန်မှာ နံပါတ်တစ် ရခဲ့ပါတယ် ။အဲ့ဒီ album ထဲမှာပါဝင်တဲ့single"Applause" ဟာလည်း အ​တော်အသင့် ​အောင်မြင်ခဲ့ပါတယ် ။ သူမနဲ့ Tony Bennettတို့ရဲ့ jazzအမျိုးအစား စုံတွဲအ​ခွေ Cheek to Cheekဟာ ၂၀၁၄ခုနှစ်မှာထွက်ရှိလာပါတယ်။ သူမရဲ့ soft rock-influeneced အမျိုးအစား ပဥ္စမ​​​မြောက် album Joanne က​တော့ ၂၀၁၆မှာ ထွက်ရှိလာခဲ့ပါတယ် ။ Joanne album ဟာ အ​​မေရိကန် chart​​​တွေရဲ့ ထိပ်ဆုံးကို​ရောက်ခဲ့ပါတယ် ။အဲ့ဒီနှစ်​​​တွေမှာပဲ Gagaဟာ သရုပ်​ဆောင်​လောကဘက်ကို ကူး​​ပြောင်းလာခဲ့ပါတယ် ။ သူမဟာ ဇာတ်လမ်းတွဲအတို​လေးဖြစ်တဲ့ American Horror Story : Hotel (၂၀၁၅ မှ ၂၀၁၆ ထိထုတ်လွှင့်) ထဲမှာ ​ဇာတ်​ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ် ။သူမဟာ အဲ့ဒီဇာတ်လမ်းတွဲအတွက် Golden Globe Award for Best Actress (အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်အတွက်​​​ ​ရွှေကမ္ဘာလုံးဆု)ကိုရရှိခဲ့ပါတယ်။သူမ ပါဝင် သရုပ်​ဆောင်ခဲ့တဲ့ musical drama အမျိုးအစား A Star is Born (၂၀၁၈)ရုပ်ရှင် ဟာ ​အောင်မြင်မှု​တွေ ထပ်မံရရှိခဲ့ပြန်ပါတယ် ။သူမရဲ့ A Star is born album ဟာလည်း ​BAFTA Award for Best Film Music ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲ့တာ​​ကြောင့် Gaga ဟာ ယခုဆယ်စုနှစ်အတွက် အ​မေရိကန်မှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ album ၅ချပ်ရှိတဲ့ ပထမဦးဆုံး အမျိုးသမီးအဆို​တော် ဖြစ်လာပါတယ် ။ Gagaဟာ A Star is Born album ရဲ့ ဦးဆုံး single "Shallow"နဲ့ Academy Award(Oscar) နဲ့ Golden Globe Award for Best Original Song (အ​ကောင်းဆုံးမူလသီချင်းအတွက် ​​ရွှေကမ္ဘာလုံးဆု) ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ "Shallow" ဟာသမိုင်းတစ်​​​​​​လျှောက်မှာ ဆု​တွေအများဆုံး ရရှိခဲ့တဲ့ သီချင်းဖြစ်ပြီး စုစု​ပေါင်း ၃ ၂ ဆု ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ ဇန်နဝါရီလမှာ​တော့ Gagaဟာ albumအချပ်​ရေအားလုံး​ပေါင်း ၂၇သန်း​ရောင်းခဲ့ရပြီး​တော့ single​​အားလုံးပေါင်း ၁၄၆သန်း​ရောင်းခဲ့ရပါတယ်။ အဲ့တာ​ကြောင့် Gagaဟာ ကမ္ဘာ့​ရောင်းအားအ​ကောင်း​ဆုံး အဆို​တော်​တွေထဲက တစ်​ယောက်ဖြစ်လာခဲ့ပါတယ်။ သူမရခဲ့တဲ့ ဆု​တွေထဲမှာGuinness world records အ​မြောက်အများ ၊ Songwriters Hall of Fame ကချီးမြှင့်တဲ့ဆု၊ Grammy၉ဆု နဲ့ Council of Fashion Designers of America တို့ပါဝင်ပါတယ်။ သူမဟာ Billboard ရဲ့ Artist of the Year နဲ့ Women of the Year ရရှိတဲ့သူ​တွေကို ဖွင့်​ဖောက်​ကြေညာ​ ​ပေးခဲ့ရပါ​သေးတယ်။သူမဟာ Forbes မဂ္ဂဇင်းရဲ့ စွမ်းအားနဲ့ ဝင်​​ငွေအဆင့်သတ်မှတ်ချက်​တွေ ထဲမှာ​တောင် ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ​တော့ VH1 TV networkက သတ်မှတ်တဲ့ အကြီးကျယ် အ​အောင်မြင်ဆုံး ဂီတ​​လောကက အမျိုးသမီး​တွေ ထဲမှာ Gagaဟာ နံပါတ်၄ ချိတ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်တုန်းက​တော့ Time မဂ္ဂဇင်းရဲ့ စာဖတ်သူ​တွေကို လွန်ခဲ့တဲ့ဆယ်နှစ်က လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်ကို မဲ​​ပေးခိုင်းလိုက်တဲ့အခါမှာ Gagaဟာ ဒုတိယရခဲ့ပါတယ်။ Gagaဟာ သူမရဲ့ လှူဒါန်းစွန့်ကြဲမှု​တွေ၊ လူမှု​ရေးလှုပ်ရှားမှု​တွေ၊ LGBT အခွင့်အ​ရေးလှုပ်ရှားမှု​​တွေ နဲ့ Born This Way ​ဖော​င်ဒေးရှင်း အတွက် လူသိများပါတယ်။ အဲ့ဒီ​ဖောင်​ဒေးရှင်းဟာ အခမဲ့​အဖွဲ့အစည်းဖြစ်ပြီး လူငယ်​လေး​တွေကို အား​ပေးတာနဲ့ ၊ အနိုင်ကျင့်ခံရမှု​​တွေကို တားဆီးတာတို့ကို အဓိကထား လုပ်​ဆောင်​နေပါတယ်။

အနုပညာလောက

သူမဟာ ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်တယ်။ အနုပညာ လောကထဲကို ဝင်တယ်။ ဒါပေမဲ့ သူမရဲ့အောင်မြင်မှုအတိုင်းအတာ ဟာ အင်မတန်နည်းတယ်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့ပေမယ့် သုံးလနဲ့ ပျက်ပြယ်သွားတယ်။ ဒါကြောင့် သူမ ဆေးစွဲတာပဲတဲ့။ အဲဒီနောက် Streamline Records ဆိုတဲ့ ဓာတ်ပြား ကုမ္ပဏီတစ်ခုနဲ့ ကန်ထရိုက်လက်မှတ်ထိုးခဲ့တယ်။ အဲဒီမှာ ဂါဂါဟာ နာမည်ရပြီးသားဖြစ်တဲ့အဆိုတော်တွေအတွက် သီချင်းရေးပေးခဲ့ရ တယ်။ သူမရေးပေးတဲ့သူတွေထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နဲ့ Pussycat Doll တို့တစ်တွေ လည်း ပါဝင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်မှာပဲ Akon က သူမရဲ့ဆိုပေါက်ကို သဘောကျတယ်။ ဒီအတွက် Akon ဟာ သူရဲ့ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်တယ်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမဟာ အရင်ကုမ္ပဏီက Redone ဆိုတဲ့အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီမှာ သီချင်းအချို့ရေးတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ တယ်။

၂ဝဝ၈ က စအောင်မြင်

တကယ်တော့ ၂ဝဝ၈ ရောက်တဲ့အခါကစပြီး သူမရဲ့ အမည်ကျော် ကြားမှုစတယ်လို့ ဆိုရမယ်။ ၂ဝဝ၈ မှာ သူမဟာ လော့စ်အန်ဂျလိစ် ကို ပြောင်းသွားခဲ့တယ်။ အဲ့ဒီမှာ သူမရဲ့ဓာတ်ပြားအယ်လဘမ် The Fame ကို ကြိုးစားထုတ်လုပ်ခဲ့တယ်။ The Fame ဟာ ယူကေ၊ ကနေဒါ၊ ဩစထရီးယား၊ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့မှာ နံပါတ်တစ် စွဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံ ၁၅ နိုင်ငံမှာတော့ ပဉ္စမ ရတယ်။ စုစုပေါင်း အချပ်ရေ ၁၄ သန်းရောင်းရတယ်။ နောက်တစ် ချပ်။ ဒါကတော့ တစ်ပုဒ်တည်းပေါ့။ Single ပါ။ ခြောက်နိုင်ငံမှာ နံပါတ်တစ်ရတယ်။ နောက် ဂရမ်မီဆုအတွက် စာရင်းတို့ခြင်းခံရတယ်။

နောက်တော့ နောက်တော့ သီချင်းတွေ၊ ဖက်ရှင်တွေ၊ ပါဖောမင်း (Performance) တွေနဲ့ သီချင်းဗီဒီယို (Music Video တွေဟာ အလျှိုအလျှိုထွက်လာလေတယ်။ ထွက်လာတိုင်း ကောင်းနေတယ်။ လူတွေ သူ့ကိုသဘောကျလာကြတယ်။ ထူးထူးခြားခြားဂရမ်မီဆု Grammy Awards ငါးခုကို ရတယ်။ ဒီအတွက် သူမဟာ ကမ္ဘာ့စံချိန် စံညွှန်း Guinness World Records မှာ နှစ်ကြိမ်ပါဝင်သွားတယ်။ သူမရဲ့ အယ်လ်ဘမ် ၁၃ သန်းရောင်းရပြီး Single ကတော့ ၅၁ သန်း ရောင်းရတယ်။ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းထဲ ဝင်သွားပါတယ်။ သူမဟာ ၂ဝဝဝ ပြည့်နှစ်ရဲ့ ဆယ်စုထဲမှာ ၇၃ ယောက်မြောက်အဆို တော်ဖြစ်တယ်။ Time ရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူသားတစ်ရာထဲမှာ ပါဝင်လာပြီး Forbes မဂ္ဂဇင်းထဲမှာ စာရင်းဝင်လာတယ်။

ချစ်ခင်အားကျသူများ

သူမဟာ ရော့ခ်သီချင်းဆိုသူတွေကို ချစ်ခင်လေးစားသဘောကျ ပါတယ်။ ဒေးဗစ်ဘောင်ဝီ၊ ဖရက်ဒီမာကျူရီတို့ကို အားကျတယ်။ မက်ဒေါနားနဲ့ မိုက်ကယ်ဂျက်ဆင်တို့ကို အတုယူတယ်။ သူမရဲ့ ဟန်ပန်တွေဟာ မက်ဒေါနားနဲ့ အတော်လေးတူတယ်။ ”ကျွန်မဟာ မက်ဒေါနားရဲ့ Fan အစစ်”လို့ သူမက ပြောပါတယ်။ အဆိုကျော် Queen ရဲ့ သီချင်းဖြစ်တဲ့ Radio Gaga ကနေသူမဟာ Lady Gaga ဖြစ်လာတာပါ။ သူချစ်ခင်တဲ့ အခြားသူတွေကတော့ Whitney Houston.Brithey Spears, Grace Jones နဲ ့Debbie Harry တို့ပါပဲ။

စေတနာရှင်

သူမရဲ့ အောင်မြင်မှုတွေကြားမှာ ထူးခြားတဲ့အချက်တစ်ခုကတော့ သူမဟာ ပရဟိတအလှူရှင်တစ်ဦး Philanthropist ဖြစ်ပြီး လူငယ် တွေကို အားပေးစကားပြောတတ်သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ လေဒီဂါဂါဟာ လူငယ်တွေအကြိုက်အများဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အော်ပရာဝင်းဖရီးဆီ က စကားတွေ ငှားသုံးတယ်လို့ဆိုရင်မမှားပါဘူး။ အပြောအဟော ကောင်းတဲ့အော်ပရာဟာ ၂ဝ၁ဝ ပြည့် မှာ အနားယူသွားတယ်။ သူမကို တီဗီဖန်သားပေါ်မှာ အပတ်စဉ်လူသန်းချီကြည့်ကြတယ်။ သူမဟာ ဟောပြောတာတစ်ခုတည်းနဲ့ သန်း ကြွယ်သူဌေးကြီးဖြစ်ခဲ့ပါတယ်။ အော်ပရာရဲ့စကားတွေဟာ Heart ထိတဲ့စကားတွေဖြစ်တယ်။ ဒါပေမဲ့ ပြောရုံသက်သက်နဲ့တော့ ဘယ်ရမလဲ။ လုပ်လည်း လုပ်ပြရပါ တယ်။ ဒီတော့ လေဒီဂါဂါဟာ သူပြောတဲ့အတိုင်းလုပ်ပြတာကို လေလာတွေ ့ရှိနိုင်တယ်။ မတ်လ ၁၁ ရက်နေ့က ဂျပန်ပြည်မှာ ငလျင်လှုပ် ကာ ဆူနာမီဝင်တာကိုကြားတော့ နာရီပိုင်းအတွင်း မှာ လေဒီဂါဂါဟာ လက်ပတ်ကြိုး (Bracelet) အလှူရန်ပုံငွေအတွက် ရောင်းပွဲကိုကျင်းပ တယ်။ ဒီအတွက် ရောင်းရငွေ ဒေါ်လာ ၁ ဒသမ ၁၅ သန်းကို ဂျပန် ကို လှူခဲ့တယ်။ ဇွန်လမှာ ဂျပန်ရဲ့ ကြက်ခြေနီအဖွဲ ့အတွက် စတိတ် ရှိုးပွဲကို သွားရောက်ဖျော်ဖြေခဲ့တယ်။ ၂ဝ၁ဝ ပြည့်နှစ်က ဟေတီ ငလျင်အတွက် နယူးယောက်က Radiocity Music Hall က ပွဲ တစ်ခုလုပ်ခဲ့တယ်။ နောက်သူမနဲ့ပတ်သက်တဲ့ပစ္စည်း (ဓာတ်ပုံ၊ တီရှပ် စသည်) တစ်နေ့ တာရောင်းရငွေကိုပါပေါင်းပြီး အလှူပြုလုပ်ခဲ့တယ်။ ရန်ပုံငွေဒေါ်လာငါးသိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့တယ်။ သူမ HIV, AIDSအတွက်လည်း အကူအညီများစွာ ပေးခဲ့ပါတယ်။

ကိုယ်ပိုင်လားအငှားလား

လေဒီဂါဂါကို အများက ပြောနေကြတယ်။ မက်ဒေါနားရဲ့ ဟန်ပန်တွေအားလုံး ဆိုပေါက်တွေအားလုံး ယူထားတယ်။ မက်ဒေါနား ကတောင် သာသေးတယ်တဲ့။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပြားတွေကတော့ အရောင်းစွံနေဆဲပါပဲ။ သူမက နံပါတ်တစ်လေ။ ဘာကြောင့် ဒီ လောက်တောင်အောင်မြင်ရတာလဲလို့ Newsweek မဂ္ဂဇင်းက ဝေဖန် ထားတာကတော့ သူမဟာ သူ့ကိုယ်သူလက်ခံပြီး သူများကိုဆွဲတင် တဲ့ကလေးမဖြစ်လို့ပဲတဲ့။ အသက် ၂၅ နှစ်သာရှိသေးတဲ့ သူမကို လူငယ်တွေက နတ်သမီးလေးလို တင်စားမြင်ထားကြသတဲ့။ ‘ရုပ်ဆိုး လား၊ ဘာမှစိတ်ပျက်စရာမရှိဘူး။ ကျွန်မငယ်ငယ်က ကျောင်းမှာ အရမ်းရုပ်ဆိုးတယ်လို့ ပြောခံထိတယ်။ ကြည့်စမ်းပါ။ ကျွန်မနှာခေါင်း က အကြီးကြီး၊ သွားကလည်း ခေါသေး။ နောက် ပါးရိုးက ငေါထွက် နေတယ်။ အဲဒါဘာဖြစ်လဲ။ အမေပေးတဲ့အတိုင်းပေါ့။ ကျွန်မဟာ ကျွန်မပဲ။

နောက်ကျွန်မနဲ့တူတဲ့ လူအစစ်အမှန်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးလေ။ လူငယ်တွေလည်း ဒီလိုပဲ။ ကိုယ်ရထားတာကို လက်ခံလိုက်ပါ’ ”ရထားတာကို လက်ခံတယ်ဆိုပြီးမှ ပလတ်စတစ် ဆာဂျရီ (Plastic Surgery) မလုပ်ပါဘူး။ ကျွန်မဟာ ကျွန်မပဲပေါ့” ဒါမျိုးတွေကို သူမ စတိတ်ချ် စင်တွေပေါ်ကပြောတော့ လူငယ်တွေ အားပေးလိုက်တာ အရမ်းကို အရမ်းကိုပါပဲ။ ‘အားလုံးကိုမှာချင်တာ မိမိကိုယ်မိမိ လုံခြုံမှုမရှိဘူးဆိုတာမျိုး ဘယ်တော့မှ မခံစားပါနဲ့’ ‘မင်းကို လက်မခံတဲ့လူတွေရှိတယ်ဆိုတာကို စာရင်းကနေ ပယ်လိုက် ပါ။ သူတို့ လက်မခံတာ သူတို့ မင်းကိုနားမလည်လို့ပါ”(ဒေါက်တာခင်မောင်ညို)

စတူဒီယို တေးစုစည်းမှုများ

Year Album details Peak chart positions Sales Certifications
(sales thresholds)
US
[၂]
AUS
CAN
Syndicat National de l'Édition Phonographique
Media Control Charts
Irish Albums Chart
NL
NZ
SWE
UK
2008 The Fame
  • Released: August 19, 2008
  • Label: Interscope
  • Formats: CD, 2LP, digital download
2 3 1 2 1 1 12 2 15 1
  • Recording Industry Association of America: 2× Platinum[၅]
  • AUS: 3× Platinum[၆]
  • CAN: 2× Platinum
  • International Federation of the Phonographic Industry: Platinum[၇]
  • British Phonographic Industry: 4× Platinum[၈]
2009 The Fame Monster
  • Released: November 23, 2009
  • Label: Interscope Records
  • Formats: CD, LP, digital download
5 3 2

6

12 7

ကိုးကား

  1. Lady Gaga ProfileForbes။ 2010-10-08 တွင် ပြန်စစ်ပြီး။
  2. allmusic ((( Lady GaGa > Charts & Awards > Billboard Albums )))။ 'Allmusic'။ Rovi Corporation။ 2009-03-16 တွင် ပြန်စစ်ပြီး။
  3. Reporter၊ Daily Mail။ "Lady Waa Waa: Eccentric singer breaks down when presented with plaque for selling 8 million records worldwide"၊ Daily Mail၊ Associated Newspapers၊ 2009-12-25။ 2009-12-31 တွင် ပြန်စစ်ပြီး 
  4. ၄.၀ ၄.၁ Grein၊ Paul။ "Week Ending Jan. 17, 2010: 21 Million Lady Gaga Fans Can't Be Wrong"၊ Yahoo!၊ 2010-01-20။ 2009-12-31 တွင် ပြန်စစ်ပြီး 
  5. ၅.၀ ၅.၁ Lady Gaga - The Fame RIAA certification။ 'Recording Industry Association of America' (2009-05-07)။ 2009-05-11 တွင် ပြန်စစ်ပြီး။
  6. 2009 Album Accreditations။ ''Australian Recording Industry Association။ 2009-03-04 တွင် ပြန်စစ်ပြီး။
  7. Platinum Europe Awards 2009။ 'International Federation of the Phonographic Industry'။ 2009-08-12 တွင် ပြန်စစ်ပြီး။
  8. BPI - Lady Gaga certifications။ British Phonographic Industry (2009-12-31)။ 2010-01-08 တွင် ပြန်စစ်ပြီး။
  9. ARIA Top 50 Albums Chart။ Australian Recording Industry Association။ 28 December 2009 တွင် ပြန်စစ်ပြီး။