သိပ်သည်းခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
→‎သိပ်သည်းခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -


အရွယ်တူ၊ ပုံစံတူ ပုံးနှစ်လုံးကို ယူ၍တစ်လုံးတွင် သဲအပြည့်ထည့်ပြီးလျှင် အခြားတစ်လုံးတွင် ရေအပြည့်ထည့်လျက်ချိန်ကြည့်လျှင် သဲတစ်ပုံးသည် ရေတစ်ပုံးထက် အလေးချိန်အလွန်ပိုနေမည်ကိုတွေ့ရလိမ့်မည်။ သို့သော်သဲ၏ထုထယ်ကား ရေ၏ထုထည်နှင့်တူညီ၏။
အရွယ်တူ၊ ပုံစံတူ ပုံးနှစ်လုံးကို ယူ၍တစ်လုံးတွင် သဲအပြည့်ထည့်ပြီးလျှင် အခြားတစ်လုံးတွင် ရေအပြည့်ထည့်လျက်ချိန်ကြည့်လျှင် သဲတစ်ပုံးသည် ရေတစ်ပုံးထက် အလေးချိန်အလွန်ပိုနေမည်ကိုတွေ့ရလိမ့်မည်။ သို့သော်သဲ၏ထုထည်ကား ရေ၏ထုထည်နှင့်တူညီ၏။


ထုထည်ခြင်းတူညီပြီး အလေးချိန်ကွာခြားနေရခြင်းမှာ
ထုထည်ခြင်းတူညီပြီး အလေးချိန်ကွာခြားနေရခြင်းမှာ
စာကြောင်း ၈ - စာကြောင်း ၈ -
သဲထက်သိပ်သည်းကြောင်းတွေ့ရပြန်သည်။ ဒြဗ်ထုဆိုသည်မှာ
သဲထက်သိပ်သည်းကြောင်းတွေ့ရပြန်သည်။ ဒြဗ်ထုဆိုသည်မှာ
အရာဝတ္ထုတစ်ခု၏ကိုယ်ထည်တွင်ပါရှိသော ပစ္စည်းထုဖြစ်သည်။
အရာဝတ္ထုတစ်ခု၏ကိုယ်ထည်တွင်ပါရှိသော ပစ္စည်းထုဖြစ်သည်။
အရာဝတ္ထုတစ်ခု၏ဒြဗ်ထုကို ဂရမ်ဖြင့်ပြ၍ ထုထယ်ကို
အရာဝတ္ထုတစ်ခု၏ဒြဗ်ထုကို ဂရမ်ဖြင့်ပြ၍ ထုထည်ကို
ကုဗစင်တီမီတာဖြင့် ပြသော် ထိုအရာဝတ္ထု၏ သိပ်သည်းခြင်း
ကုဗစင်တီမီတာဖြင့် ပြသော် ထိုအရာဝတ္ထု၏ သိပ်သည်းခြင်း
သည် တစ်ကုဗစင်တီမိတာတွင်ရှိသော ဂရမ်ဖြစ်သည်။
သည် တစ်ကုဗစင်တီမိတာတွင်ရှိသော ဂရမ်ဖြစ်သည်။

၁၉:၃၁၊ ၈ ဇူလိုင် ၂၀၂၀ ရက်နေ့က မူ

အရွယ်တူ၊ ပုံစံတူ ပုံးနှစ်လုံးကို ယူ၍တစ်လုံးတွင် သဲအပြည့်ထည့်ပြီးလျှင် အခြားတစ်လုံးတွင် ရေအပြည့်ထည့်လျက်ချိန်ကြည့်လျှင် သဲတစ်ပုံးသည် ရေတစ်ပုံးထက် အလေးချိန်အလွန်ပိုနေမည်ကိုတွေ့ရလိမ့်မည်။ သို့သော်သဲ၏ထုထည်ကား ရေ၏ထုထည်နှင့်တူညီ၏။

ထုထည်ခြင်းတူညီပြီး အလေးချိန်ကွာခြားနေရခြင်းမှာ သဲ၏ဒြဗ်ထုသည် ရေ၏ဒြဗ်ထုထက် ပိုမိုကျစ်လျစ် သိပ်သည်း ခြင်းကြောင့်ဖြစ်သည်။ အဓိပ္ပါယ်မှာ သဲသည်ရေထက်သိပ်သည်း ၏။ တစ်ဖန်သံနှင့်သဲတို့ကို နှိုင်းဆကြည့်လျှင် သံသည် သဲထက်သိပ်သည်းကြောင်းတွေ့ရပြန်သည်။ ဒြဗ်ထုဆိုသည်မှာ အရာဝတ္ထုတစ်ခု၏ကိုယ်ထည်တွင်ပါရှိသော ပစ္စည်းထုဖြစ်သည်။ အရာဝတ္ထုတစ်ခု၏ဒြဗ်ထုကို ဂရမ်ဖြင့်ပြ၍ ထုထည်ကို ကုဗစင်တီမီတာဖြင့် ပြသော် ထိုအရာဝတ္ထု၏ သိပ်သည်းခြင်း သည် တစ်ကုဗစင်တီမိတာတွင်ရှိသော ဂရမ်ဖြစ်သည်။ အကယ်၍ အရာဝတ္ထုတစ်ခု၏ဒြဗ်ထုကိုပေါင်ဖြင့်ပြ၍ ထုထည်ကိုကုဗပေဖြင့်ပြသော် ထိုအရာဝတ္ထု၏သိပ်သည်းခြင်း သည် တစ်ကုဗပေတွင်ရှိသော ပေါင်ဖြစ်သည်။

အရာဝတ္ထုတစ်ခု၏ဒြဗ်ထုသည် ၄၈ ဂရမ်ရှိ၍ ထုထည်သည် ၁၂ ကစ(ကုဗစင်တီမီတာ)ရှိသည်ဆိုပါစို့။ ထိုအရာဝတ္ထု၏ သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာတွင် ရှိသောဂရမ်ဖြစ်သောကြောင့်
ဒြဗ်ထု= ၄၈ ဂရမ်
ထုထည်= ၁၂ ကစ
သိပ်သည်းခြင်း= ဒြဗ်ထု/ထုထည်=၄၈/၁၂ = ၄ ဂရမ်ဖြစ်သည်။
ထိုကြောင့် ထိုအရာဝတ္ထု၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာလျှင် ၄ ဂရမ်လေးသည်ဟု အဓိပ္ပါယ်ရသည်။
တစ်ဖန် အရာဝတ္ထုတစ်ခု၏ဒြဗ်ထုသည် ပေါင် ၂ဝလေး၍ ထုထည်သည် ၈ကုဗပေရှိလျှင်
ဒြဗ်ထု= ၂ဝပေါင်၊
ထုထည်= ၈ ကုဗပေ၊
သိပ်သည်းခြင်း= ဒြဗ်ထု/ထုထည် =၂ဝ/၈ ပေါင် = ၂.၅ပေါင်ဖြစ်သည်။
အရာဝတ္ထုအမျိုးမျိုးတွင် သိပ်သည်းခြင်းအမျိုးမျိုးရှိ၏။
ရေ၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာလျှင် တစ်ဂရမ် ဖြစ်သည်။ ပြဒါး၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာ လျှင် ၁၃.၆ ဂရမ်ဖြစ်သည်။ ထိုကြောင့်ပြဒါးသည် ထုထည်တူညီသော ရေထက် ၁၃.၆ ဆလေးသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)