တရုတ်စာသား: တည်းဖြတ်မှု မူကွဲများ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
အရေးမကြီး 2400:AC40:883:FE70:0:0:0:1 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Bhone.bm ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည် စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း |
||
စာကြောင်း ၄၁၉ - | စာကြောင်း ၄၁၉ - | ||
|} |
|} |
||
=== တက်သံကျသံလေးမျိုး === |
|||
တရုတ်စာသည် မြန်မာစာနှင့် မတူလှစွာ အသံလေးမျိုး ရှိလေသည်။ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးတို့သည်လည်း အသံ ၄ သံ ရှိသည်ဟု သိမှတ်ရသည်။ |
တရုတ်စာသည် မြန်မာစာနှင့် မတူလှစွာ အသံလေးမျိုး ရှိလေသည်။ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးတို့သည်လည်း အသံ ၄ သံ ရှိသည်ဟု သိမှတ်ရသည်။ |
||
၀၆:၁၅၊ ၂၆ မေ ၂၀၂၀ ရက်နေ့က မူ
တရုတ်စာသည် အရုပ်စာရေးသားနည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့်အသံတစ်သံလျှင် အက္ခရာတစ်လုံးစီဖြင့် အက္ခရာအလွန်များပြားသည်။ တရုတ်အက္ခရာပေါင်း ၆၀၀၀၀၀ခန့် ရှိမည်ဟုခန့်မှန်းကြသည်။ နေစဉ်သုံးအက္ခရာများမှာ အလုံးရေ ၆၀၀၀ ခန့်ရှိသည် ။ အက္ခရာများပြားလှသည့်အတွက် အသံထွက်မသိက အဘိဓာန်တွင် ရှာဖွေနိုင်ရန် စာလုံးဆွဲငင်ပုံနှင့် ဆွဲငင်သည့် အဆင့်အရေအတွက်အလိုက် ရှာဖွေသည့်စနစ်ကို တီထွင်ထားရသည်။
တရုတ်အက္ခရာပေါ်ထွန်းလာသည်မှာ အလွန်ရှေးကျသည်။ တရုတ်ကြေးခေတ် ဘီစီ ၁၄ မှ ၁၁ ရာစုနှစ်ကြား ရေးထွင်းခဲ့သည့် လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ်မှ အရုပ်ပုံသင်္ကေတများမှာ ရှေးအကျဆုံး တရုတ်စာများဟု ယူဆကြသည်။ မူလစာလုံးများသည် ရေးနည်းအဆင့် များပြားခြင်းကြောင့် မှတ်သားရခက်ခဲခြင်း၊ ရေးသားရန် အချိန်ကြာခြင်းတို့ကြောင့် ခေတ်အဆက်ဆက် ပြင်ဆင်ဆန်းသစ်ခဲ့ကြသည်။ ရှီဟွမ်တီဘုရင်လက်ထက်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်တွင်လည်း ပြင်ဆင်ခဲ့သည်။ ရေးနည်းအဆင့်များလျှော့ချခဲ့သည်။ သို့ရာတွင်ထိုင်ဝမ်နိုင်ငံတွင် လက်ရေးရှည်ဟုခေါ်သော ရှေးဟောင်းရေးသည်နည်းစနစ်ကိုအသုံးပြုပြီး တရုတ်ပြည်မကြီးတွင် လက်ရေးတိုဟုခေါ်သော ဆန်းသစ်ထားသည့်စာရေးနည်းစနစ်ကိုအသုံးပြုသည်။
ကိုးရီးယား၊ ဂျပန်စသည့်လူမျိုးများသည် တရုတ်စာပေါ်မူတည်၍ မိမိတို့စာပေအရေးအသာကို တီထွင်ခဲ့ကြသည်။ ကိုရီးယားတွင် ‘ဟန်ဂျ’ ဟု အသံထွက်ကာ ဂျပန်တွင် ‘ခန်းဂျိ’ ဟု အသံထွက်သည်။ ဂျပန်နိုင်ငံတွင် ခန်းဂျိကို ဆက်လက်အသုံးပြုနေသော်လည်း ကိုးရီးယားတွင်မူ ဂျပန်ကိုလိုနီ အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်လာပြီးနောက် လူမျိုးရေး စိတ်ဓာတ်ကြောင့် တရုတ်စာ ‘ဟန်ဂျ’ကို ဖီဆန်လာကြသည်။ လက်ရှိတွင် လူ၊ ကုမ္ပဏီတို့၏ အမည်နာမ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များမှလွဲ၍ မတွေ့ရသလောက် ဖြစ်သည်။ တောင်ကိုးရီးယားမြို့တော် ဆိုးလ်၏ တရုတ်စာလုံးကိုလည်း ၂၀၀၅ ခုနှစ်တွင် ‘ဟန့်ချန်’ (漢城) မှ ကိုးရီးယား အသံထွက်ဖြစ်သည့် ‘ဆိုအော်’ (首爾) ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဟန့်ချန်ဆိုသည့် တရုတ်စာလုံးအနက် ‘ဟန့်’ သည် တရုတ်၊ ‘ချန်’ သည် မြို့၊ တရုတ်မြို့ဟု အဓိပ္ပာယ်ရသည်။ ဗီယက်နမ်နိုင်ငံတွင် ပြင်သစ်ကိုလိုနီခေတ် မတိုင်မှီခေတ်တွင်လည်း တရုတ်စာကို တရားဝင် စာပေများ ရေးသားရာတွင် အသုံးပြုခဲ့ဖူးပြီး ဟန်တွီဟု ခေါ်သည်။ ဗီယက်နမ် လွတ်လပ်ရေးရပြီးနောက်တွင်မူ တရုတ်စာ သုံးစွဲမှု တိမ်ကောပပျောက် သွားသည်။ ပညာရှင်အနည်းငယ်သာ ဆက်လက်လေ့လာ သင်ယူလျက်ရှိပြီး နှစ်သစ်ကူးကဲ့သို့သော ထူးခြားသည့်အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များတွင်သာ ရေးသားတော့သည်။
တရုတ်စာ၏ထူးခြားချက်မှာ အပေါ်မှအောက်၊ ဝဲမှယာ၊ ယာမှဝဲ ကြိုက်သလိုရေးလေ့ရှိခြင်းဖြစ်သည်။ အချို့ရှေးဟောင်းလက်ရေးမူစာအုပ်များတွင် စာကိုနောက်ကျောဖက်မှ ရှေ့ဖက်သို့ ပြောင်းပြန်ရေးသည်ကိုလည်း တွေ့ရတတ်သည်။ ဒေါင်လိုက်ရေးထားသော လက်ရေးမူများကိုလည်းတွေ့နိုင်သည်။ တရုတ်ရှေးဟောင်းခေတ် နောက်ခံဇာတ်ကားများတွင် ဆိုင်းဘုတ်အမည်များကို ယာဖက်မှဝဲဖက်သို့ ပြောင်းပြန်ရေးထားသည်ကိုလည်း တွေ့မြင့်နိုင်သည်။ ယခုခေတ်တွင် ထိုသို့မရေးကြတောပါ။ နိုင်ငံတကာရေးသည့်အတိုင်း ဝဲမှယာသို့ရေးကြသည်။ တရုတ်စာကို စာလုံးအလှရေးပြီး ပန်းချီကားကဲ့သို့ အမြတ်တနိုး ချိတ်ဆွဲထားကြသည်ကိုလည်း တရုတ်အိမ်များတွင် တွေ့မြင်နိုင်သည်။ တရုတ်လူမျိုးစုများသည် ဘာသာစကားအားဖြင့်အနည်းငယ်စီကွဲပြားသော်လည်း စာအရေးအသားမှာမူ အတူတူဖြစ်သည်။
တရုတ်စာအသံထွက်
တရုတ်စာသည် အရုပ်စာဆိုသည့်အတိုင်း ဝေါဟာရတစ်ခုစီအတွက် စာလုံး တစ်လုံးနှုန်းဖြင့် ဖော်ပြရလေ့ရှိရာ အသံထွက်များမှာလည်း များမြောင်လှသည်။ သို့ရာတွင် မည်မျှပင် အသံထွက်ကွဲပြားစေကာမူ နှောင်းလူတို့က စံပြအသံထွက် ဖြစ်စေရန် ဖင်းယင်းဟူသော စံနစ်ကို တီထွင်လိုက်ပြီးလျှင် ယင်းစံနစ်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ၍ အသံထွက်မှာ တဖြည်းဖြည်းနှင့် စည်းသားကိုက်လာရာ လက်ရှိ နိုင်ငံတကာ ဘာသာစကား ကျောင်းများ၌ အခြေခံမှ စတင်ရာတွင် အသုံးပြုလျက် ရှိလေပြီ။
ဗျည်းများ
b | p | m | f |
---|---|---|---|
ပေါ | ဖော | မော | ဖှော |
d | t | n | l |
တဲ | ထဲ | နဲ | လဲ |
g | k | h | |
ကဲ | ခဲ | ဟဲ | |
j | q | x | |
ကျီး | ချီး | ရှီး | |
zh | ch | sh | r |
ကျူည်း | ချူည်း | ဆူည်း | ရုည်း |
z | c | s | |
ကျုည်း | ချုည်း | စူည်း | |
y | w | ||
ယီး | ဝူး |
ဘာသာစကားတခုနှင့် တခု အသံထပ်တူညီမျှစွာ ဖလှယ်နိုင်သည်ဟု ဆိုလျှင် ယုံတမ်းစကားသဖွယ် ဖြစ်နေပေလိမ့်မည်။ တရုတ်အသံထွက်ကို မြန်မာဘာသာဖြင့် အသံဖလှယ်ရာတွင် ဖော်ပြပါဇယားတွင် မြင်နိုင်သည့်အတိုင်း အသံဖလှယ်ရ ခက်ခဲလှပေသည်။ ကွာခြားချက်များကို တစ်ချက်စီ ပြန်လည် ရှင်းပြ၍ ရွတ်ပြသည်ကို အကြိမ်ကြိမ် အထပ်ထပ် နားထောင် လေ့ကျင့်မှသာလျှင် အမှန် ရမည်ဟု ယုံကြည်ရသည်။ p(ဖော)နှင့် f(ဖှော)ကို ရွတ်ဆိုရာတွင် p သည် ရိုးရိုး ရွတ်နေကျ ဖဦးထုပ်သံ ဖောဟု ရှည်ရှည် ဆွဲဆိုရပြီးလျှင် f မှာ အပေါ်သွားက အောက်နှုတ်ခမ်းကို ကိုက်ပြီး လေထွက်ချိန်တွင် ဖှောဟု ရှည်ရှည်ဆွဲဆိုလိုက်လျှင် အသံထွက် ကွဲပြားသည် ဖြစ်တော့သည်။ zh, ch, sh, r အသံများ ဆိုရာတွင် h သံပါနေသည်ကို တွေ့မည်ဖြစ်ပြီး လျှာလိပ်ဆိုရန် ကိုယ်စားပြုပြီး လေထွက်ရမည်။ z, c, s တို့မှာမူ h မပါသည် ဖြစ်၍ လျှာပြား၍ အသံထွက်ရမည် ဖြစ်သည်။ zh, ch, sh, r, z, c, s ၎င်းတို့ကို ရွတ်ဖတ်ရာ၌ ထားရှိရမည့် ပါးစပ်ပုံစံမှာ သွားနှစ်တန်းကို စေ့၍ လျှာကို သွားနောက်၌ တေ့ထားကာ သက်ဆိုင်ရာ အသံများကို ထွက်လိုက်ရမည် ဖြစ်သည်။
အောက်တွင် တရုတ်ဗျည်းတစ်သံစီအတွက် နမူနာပေးထား စာလုံး တစ်လုံးစီ ဖြစ်သည်။ ၎င်းကို ကော်ပီကူးယူ၍ ဂူဂဲလ် ဘာသာပြန် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပလီကေးရှင်း၌ သွားရောက် နားထောင်နိုင်သည်။
- 玻 坡 摸 佛
- 得 特 讷 勒
- 哥 科 喝
- 基 欺 希
- 知 蚩 诗 日
- 资 雌 思
- 衣 乌
(ဖှော)ဟူသော စာလုံး မရှိသဖြင့် ဖှော်(ဘုရား)ဟူသော စာလုံးဖြင့် ကိုယ်စားပြုထားသည်။
သရများ
a(အား) | o(အော) | e(အဲ) | i(ယီး) | u(ဝူး) | ü(ယွီး) | |
---|---|---|---|---|---|---|
b | ba(ပေါ+အား=ပါး) | bo(ပေါ+အော=ပေါ) | bi(ပေါ+ယီး=ပီး) | bu(ပေါ+ဝူး=ပူး) | ||
p | pa | po | pi | pu | ||
m | ma | mo | me | mi | mu | |
f | fa | fo | fu | |||
d | da | do | de | di | du | |
t | ta | te | ti | tu | ||
n | na | ne | ni | nu | nü | |
l | la | lo | le | li | lu | lü |
g | ga | ge | gu | |||
k | ka | ke | ku | |||
h | ha | he | hu | |||
j | ji | ju | ||||
q | qi | qu | ||||
x | xi | xu | ||||
zh | zha | zhe | zhi | zhu | ||
ch | cha | che | chi | chu | ||
sh | sha | she | shi | shu | ||
r | ra | re | ri | ru | ||
z | za | ze | zi | zu | ||
c | ca | ce | ci | cu | ||
s | sa | se | si | su | ||
y | ya | ye | yi | yu | ||
w | wa | wo | wu |
နမူနာအသံထွက် ပေါနှင့် အား, အော, အဲ, ယီး, ဝူး, ယွီးတို့နှင့် ပေါင်းစပ်ပုံကို ထွက်ပြခြင်းဖြင့် ကျန်ရှိသော အသံများကို ပေါင်းစပ် ထွက်ဆိုလိမ့်မည်ဟု ထင်ရသည်။ a အားကို ဆိုရာတွင် ပါးစပ်ကို ကျယ်ကျယ် ဟ၍ အားဟူ၍လည်းကောင်း၊ o အောကို ထွက်ရာ၌ အူးဝေါဟူသော အသံနှစ်သံ ပေါင်းထားသည်ဟု မှတ်ယူပြီး မြန်မြန်ထွက်ဆိုခြင်းဖြင့် လည်းကောင်း၊ e အဲဟူသော အသံသည် အဲအားဟူသော အသံနှစ်သံပေါင်း ထွက်ခြင်းဖြင့်လည်းကောင်း၊ ü ယွီးဟူသော အသံကိုထွက်ရာ၌ ဝဆွဲသံ သိပ်မပေါက်စေဘဲ ထွက်ဆိုခြင်းဖြင့်လည်းကောင်း အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်လေလျှင် အသံမှန်ကို ရနိုင်သည်။ တဖန် ü ဆိုသော သရသည် j, q, x, y တို့နှင့် တွဲစပ်သည့်အခါ u (ဝူး)ဆိုသော သရသံနှင့် တွဲလေ့မရှိသဖြင့် စာရေးသားရာ၌ လွယ်ကူစေရန် အစက်နှစ်စက်ကို ဖြုတ်၍ ရေးသားထားသော်လည်း ü(ယွီး)နှင့် ပေါင်းစပ်ထားသည်ဟုပင် မှတ်သားထားရမည်။
အသံပေါင်းခြင်း
i | ယီး | u | ဝူး | ü | ယွီး | ||
---|---|---|---|---|---|---|---|
a | အား | ia | ယား(ယီး+အား) | ua | ဝါး(ဝူး+အား) | ||
o | အော | uo | ဝေါ(ဝူး+အော) | ||||
e | အဲ | ie | (ယီး+အဲ)ယဲ | üe | (ယွီး+အဲ)ယွဲ | ||
ai | အိုင်း | uai | (ဝူး+အိုင်း)ဝိုင်း | ||||
ei | အေး | uei (ui) | (ဝူး+အေး)ဝေး | ||||
ao | အောင်း | iao | (ယီး+အောင်း)ယောင်း | ||||
ou | အိုး | iou (iu) | (ယီး+အိုး)ယိုး | ||||
an | အန်း | ian | (ယီး+အန်း)ယန်း | uan | (ဝူး+အန်း)ဝမ်း | üan | (ယွီး+အန်း)ယွမ်း |
en | အဲင်း | in | (ယီး+အဲင်း)ယိင်း | uen (un) | (ဝူး+အဲင်း)ဝိမ်း | ün | (ယွီး+အဲင်း)ယွဲန်း |
ang | အန်း(င်) | iang | (ယီး+အန်းင်)ယန်း(င်) | uang | (ဝူး+အန်းင်)ဝမ်းင် | ||
eng | အိန်း(င်) | ing | (ယီး+အိန်းင်)ယိန်းင် | ueng | (ဝူး+အိန်းင်)ဝိန်းင် | ||
ong | အုန်း | iong | (ယီး+အုန်း)ယုန်း |
တက်သံကျသံလေးမျိုး
တရုတ်စာသည် မြန်မာစာနှင့် မတူလှစွာ အသံလေးမျိုး ရှိလေသည်။ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးတို့သည်လည်း အသံ ၄ သံ ရှိသည်ဟု သိမှတ်ရသည်။
a တွင် တက်ကျသံ ၄ မျိုး ရှိသည်။
ā á ǎ à (အား, အာ, အာ, အာ့)
၎င်းတို့ကို ပထမသံ၊ ဒုတိယသံ၊ တတိယသံ, စတုတ္ထသံဟူ၍ အမှတ်သညာ ပြုသည်။ ပထမသံသည် သံပြင်း ဖြစ်ကာ၊ မြန်မာ၌ ရှိသည်။ ဒုတိယသံသည် မြန်မာ၌ မရှိဘဲ ရှားရှားပါးပါး ရှိသည်မှာ 'ဪ'ဟု အသံရှည်ရှည်နှင့် မြင့်မြင့် ဆွဲဆိုသော ပုံစံမျိုး ဖြစ်သည်။ တတိယသံမှာ မြန်မာ၌ ရှိပြီး၊ အလယ်တွင် ဟိုက်ပြထားသကဲ့သို့ အသံကို ဟိုက်ဆိုရသော ပုံမှန်သံ ဖြစ်သည်။ စတုတ္ထသံမှာ မြန်မာ၌ အောက်မြစ်သံဖြင့် ထွက်ဆိုရသည်နှင့် တူသည်။ ယင်းကို နမူနာ ယူ၍ ကျန် အသံထွက်များကိုလည်း ၎င်းအတိုင်း ထွက်ဆိုနိုင်လိမ့်မည်ဟု ယုံကြည်ရသည်။
ō ó ǒ ò (အော, ဪ, အော်, အော့)
ē é ě è (အဲ, အယ်, အယ်, အဲ့)
ī í ǐ ì (ယီး, ယီ, ယီ, ယိ)
ū ú ǔ ù (ဝူး, ဝူ, ဝူ, ဝု)
ǖ ǘ ǚ ǜ (ယွီး, ယွီ, ယွီ, ယွိ)
၎င်း တက်ကျ လေးသံကို ဗျည်းများနှင့် ထပ်မံ ပေါင်းစပ်ပါက ဗျည်းသရသံ လေးသံရလေသည်။ ဥပမာ b+a= ba ==> bā bá bǎ bà (ပေါ+အား= ပါး == ပါး ပါ ပါ ပါ့) ဟူသတည်း။
ဗျည်းနှင့် သရများ တွဲစပ်ဇယား
အောက်ပါဇယားသည် တရုတ်ဘာသာစကားတွင် ရှိသမျှသော အသံကို ဖော်ပြထားခြင်း ဖြစ်ကာ၊ အချို့သော ပင့်ယင့်ဆွဲထိုးသံများ တရုတ်ဘာသာစကားတွင် လစ်လပ်နေသည်ကိုလည်း တွေ့နိုင်သည်။ ၎င်းသံများကိုအားလုံးကို ကနဦးအားဖြင့် ပထမသံ(သံပြင်း)ထား၍ တောက်လျှောက် ရွတ်ဖတ်ရသည်။ နောက်မှ အသံလေးသံ ပြောင်း၍ ထပ်မံ ရွတ်ဖတ်သည်။ ဥပမာ- b ပေါ+ ai အိုင်း= bāi ပိုင်း၊ bāiပိုင်း, bái ပိုင်(၂), bǎi ပိုင်, bài ပိုင့် ဟု ဖြစ်သည်။ bāi (ဖြဲသည်)၊ bái (ဖြူသည်)၊ bǎi ([တစ်]ရာ)၊ bài (ကန်တော့သည်)တို့ ဖြစ်သည်။ ကျန်ပေါင်းစပ်ခြင်းများသည်လည်း ၎င်းအတိုင်းပင်ဟု သိနားလည်မည် ဖြစ်သည်။
a | o | e | i | er | ai | ei | ao | ou | an | en | ang | eng | ong | i | ia | iao | ie | iou | ian | in | iang | ing | iong | u | ua | uo | uai | uei | uan | uen | uang | ueng | ü | üe | üan | ün | |
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
a | o | e | er | ai | ei | ao | ou | an | en | ang | eng | yi | ya | yao | ye | you | yan | yin | yang | ying | yong | wu | wa | wo | wai | wei | wan | wen | wang | weng | yu | yue | yuan | yun | |||
b | ba | er | bai | bei | bao | ban | ben | bang | beng | bi | biao | bie | bian | bin | bing | bu | |||||||||||||||||||||
p | pa | po | pai | pei | pao | pou | pan | pen | pang | peng | pi | piao | pie | pian | pin | ping | pu | ||||||||||||||||||||
m | ma | mo | me | mai | mei | mao | mou | man | men | mang | meng | mi | miao | mie | miu | mian | min | ming | mu | ||||||||||||||||||
f | fa | fo | fei | fou | fan | fen | fang | feng | fu | ||||||||||||||||||||||||||||
d | da | de | dai | dei | dao | dou | dan | den | dang | deng | dong | di | dia | diao | die | diu | dian | ding | du | duo | dui | duan | dun | ||||||||||||||
t | ta | te | tai | tao | tou | tan | tang | teng | tong | ti | tia | tiao | tie | tian | ting | tu | tuo | tui | tuan | tun | |||||||||||||||||
n | na | ne | nai | nei | nao | nou | nan | nen | nang | neng | nong | ni | nia | niao | nie | niu | nian | nin | niang | ning | nu | nuo | nuan | nü | nüe | ||||||||||||
l | la | le | lai | lei | lao | lou | lan | lang | leng | long | li | lia | liao | lie | liu | lian | lin | liang | ling | lu | luo | luan | lun | lü | lüe | ||||||||||||
g | ga | ge | gai | gei | gao | gou | gan | gen | gang | geng | gong | gu | gua | guo | guai | gui | guan | gun | guang | ||||||||||||||||||
k | ka | ke | kai | kei | kao | kou | kan | ken | kang | keng | kong | ku | kua | kuo | kuai | kui | kuan | kun | kuang | ||||||||||||||||||
h | ha | he | hai | hei | hao | hou | han | hen | hang | heng | hong | hu | hua | huo | huai | hui | huan | hun | huang | ||||||||||||||||||
j | ji | jia | jiao | jie | jiu | jian | jin | jiang | jing | jiong | ju | jue | juan | jun | |||||||||||||||||||||||
q | qi | qia | qiao | qie | qiu | qian | qin | qiang | qing | qiong | qu | que | quan | qun | |||||||||||||||||||||||
x | xi | xia | xiao | xie | xiu | xian | xin | xiang | xiong | xu | xue | xuan | xun | ||||||||||||||||||||||||
zh | zha | zhe | zhi | zhai | zhei | zhao | zhou | zhan | zhen | zhang | zheng | zhong | zhu | zhua | zhuo | zhuai | zhui | zhuan | zhun | zhuang | |||||||||||||||||
ch | cha | che | chi | chai | chao | chou | chan | chen | chang | cheng | chong | chu | chua | chuo | chuai | chui | chuan | chun | chuang | ||||||||||||||||||
sh | sha | she | shi | shai | shei | shao | shou | shan | shen | shang | sheng | shong | shu | shua | shuo | shuai | shui | shuan | shun | shuang | |||||||||||||||||
r | re | ri | rao | rou | ran | ren | rang | reng | rong | ru | rua | ruo | rui | ruan | run | ||||||||||||||||||||||
z | za | ze | zi | zai | zei | zao | zou | zan | zen | zang | zeng | zong | zu | zuo | zui | zuan | zun | ||||||||||||||||||||
c | ca | ce | ci | cai | cao | cou | can | cen | cang | ceng | cong | cu | cuo | cui | cuan | cun | |||||||||||||||||||||
s | sa | se | si | sai | sao | sou | san | sen | sang | seng | song | su | suo | sui | suan | sun |
တရုတ်စာလေ့လာသော ဆော့ဝဲနှင့် အက်ပလီကေးရှင်းများ
ဆော့ဝဲ
အက်ပလီကေးရှင်း
အင်းဒရွိုက်ဗားရှင်းတွင် အခကြေးငွေ ပေးရသော်လည်း အခမဲ့လည်း သုံးစွဲခွင့် ပေးထားသည့် အကောင်းဆုံးများထဲမှ တခုဟု သတ်မှတ်နိုင်သည်မှာ ဟန်ဖင် (Hanping) အဘိဓာန်ဖြစ်ပြီး၊ အင်္ဂလိပ်-တရုတ်၊ တရုတ်-အင်္ဂလိပ် အပြန်အလှန် ရှာဖွေခြင်းကို ရနိုင်သည်။ စာလုံးကို မသိလျှင် အသံထွက်ဖြင့်ရှာခြင်း၊ အသံထွက်ကို မသိလျှင် လက်ရေးဖြင့် ရှာခြင်းတို့လည်း ပြုနိုင်သည်။ စကားလုံးများ၏ အသံထွက်ကို နားထောင်လိုမူ အဆင့် (၁)နှင့် (၂)အတွက်သာ ပံ့ပိုးပေးထားပြီး၊ ၎င်းထက် မြင့်သော အဆင့်(၆)ဆင့်လုံးအတွက် အသံထွက်ကို ရယူလိုပါက အခကြေးငွေ ပေးသွင်းရမည့် စနစ်ကို ပြုလုပ်ထားသည်။