နန္ဒမာလာဘိဝံသ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
​ထေရုပ္ပတ္တိ is already mention, please expand that section and a sub section is not needed.
စာကြောင်း ၂၁ - စာကြောင်း ၂၁ -


'''ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ''' သည် [[အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်]]၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ [[သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)]] တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
'''ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ''' သည် [[အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်]]၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ [[သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)]] တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။


​''' ဆရာတော်ကြီး၏ထေရုပတ္တိအကျဉ်း '''

- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန ္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။

- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။

- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။

- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။

- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။

- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။

- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။

- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န ္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။

- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ “ အဘိဝံသ” ဘွဲ့ကိုရရှိခဲ့သည်။

- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။

- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန ္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။

- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

- (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် ၊ ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။

- (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။

- (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။

- (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။

- (၁၃၅၅)ခုနှစ်၊ (၁၉၉၄) အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့ ၊မင်္ဂလာရာမကျောင်းတိုက်တွင် မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။

- (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ “ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ Department of Language Studies တွင် English Diploma Class နှင့် B.A တန်းများရှိ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမဏီ၊ ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။

- (၁၃၅၈)ခုနှစ်၊ (၁၉၉၇) အမေရိကန်ပြည်ထောင်စု၊ ဘော်လတီမိုးမြို့၊ ကေလာသဝိဟရကျောင်းရှိ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ ညသင်တန်းပို့ချပေးခဲ့သည်။

- (၁၃၆၀)ခုနှစ်၊ (၁၉၉၉) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။

- (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
- (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမဏီ၊ နယ်သာလန်၊ သြစတြီးယား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ကိုးရီးယား နိုင်ငံများသို့ နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။

- (၁၃၆၇)ခုနှစ်၊ (၂၀၀၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

- ယခုအခါ ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများ ဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။<ref> http://www.dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm ; </ref>


== ထေရုပ္ပတ္တိ ==
== ထေရုပ္ပတ္တိ ==

၁၀:၀၃၊ ၁၉ မေ ၂၀၂၀ ရက်နေ့က မူ

ဆရာတော် နန္ဒမာလာ ဘိဝံသ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပညာရေးVipassana Ghandarama Monastery, Maha visuddharama Taik Thit
ဓမ္မအမည်Nanamāldābhivamsa
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1940-03-22) ၂၂ မတ်၊ ၁၉၄၀ (အသက် ၈၄)
ညောင်ပင်ရွာ၊ စဉ့်ကူးမြို့နယ်မန္တလေးတိုင်းဒေသကြီး
ရာထူး တာဝန်
ဂုဏ်ဒြပ်အရှင်
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်drnandamalabhivamsa.com.mm
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ထေရုပ္ပတ္တိ

၁၃၀၁ ခုနှစ် တပေါင်းလပြည့်၊ (၁၉၄၀ ခုနှစ်၊ မတ်လ ၂၂ ) စနေနေ့တွင် မန္တလေးတိုင်းဒေသကြီးစဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှနှင့် မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။ ၁၃၀၅ (၁၉၄၄) ခုနှစ်၊ အသက်(၅)နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။ ၁၃၁၁ (၁၉၄၉) ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ၁၃၁၄ (၁၉၅၃) ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ (၃)ဆင့် စတင်အောင်မြင်ခဲ့သည်။

၁၃၂၀ (၁၉၅၈) ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၃၂၁ (၁၉၆၀) ခုနှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂိဃ္ဃယ (ယခု ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။

၁၃၃၂ (၁၉၇၃) ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၁၃၃၉ (၁၉၈၀) ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၇ (၁၉၈၆) ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၅၅ (၁၉၉၄) ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများအား ပါဠိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။ ၁၃၅၈ (၁၉၉၉) ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။ (၂၀၀၃)တွင် အိန္ဒိယနိုင်ငံ မဂဓ တက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D).ရရှိခဲ့သည်။[၁] ၂၀၀၃ ခုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ ဩစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။ [၂]

၁၃၆၇ (၂၀၀၅) ခုနှစ်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကိုထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့ချပေးတော်မူရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။

ဆရာတော်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ်မှ အနားယူခဲ့သည်။[၃]

ဆက်ကပ်ခံရသော ဘွဲ့တံဆိပ်တော်များ

၁၃၁၇ (၁၉၅၆) ခုနှစ်၊ အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ ၁၃၁၉ (၁၉၅၇) ခုနှစ်တွင် သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၄ (၁၉၆၃) ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။ ၁၃၄၈ (1989) ခုနှစ်တွင် University Of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၇ (၁၉၉၆) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၁ (၂၀၀၀) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၄ (၂၀၀၃) ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ဆက်ကပ်ခဲ့သည်။[၄]

ကိုးကား

  1. ဓမ္မအသံမဂ္ဂဇင်း (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆယ်နှစ်ပြည့် အထိမ်းအမှတ်)၊ P-6၊ (၂၀၀၇) မတ်လ
  2. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ထေရုပ္ပတ္တိ အကျဉ်း
  3. ငြိမ်းချမ်း (၁၃ နိုဝင်ဘာ ၂၀၁၉)။ ပါမောက္ခချုပ် ဆရာတော် ထေရဝါဒ တက္ကသိုလ်မှ အနားယူ။ 7Day Daily။ ၆ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. မြန်မာ့အလင်းသတင်းစာ။ "၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ"၊ 9-3-2020။ 

ပြင်ပလင့်ခ်များ