သီဝလိထေရ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀၄ - စာကြောင်း ၁၀၄ -
ဓာတ်တော်ကိုးကွယ်၍လည်းကောင်း ပူဇော်ဆုတောင်း ကြလေ
ဓာတ်တော်ကိုးကွယ်၍လည်းကောင်း ပူဇော်ဆုတောင်း ကြလေ
သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
==ရှင်သီဝလိ (ထေရုပ္ပတ္တိ)==

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို
ကိုးကွယ်ပူဇော်လျှင် အရောင်းအဝယ် ကောင်းသည်။
လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။
ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍
အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။
ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ
အားလုံးက သိထားကြ၏။
ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊
ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော
ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

===တောင်းခဲ့သော ဆု===

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌
လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး
ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍
ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

===ပြုခဲ့သော ကုသိုလ်===

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌
အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က
ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။
၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။
ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။
၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ
ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်
လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင်
ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။
ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန်
ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း
လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က
တကျပ်ပေး၍ ဝယ်ယူကြ၏။
ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍
ဝယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး
ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော
တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ
ဈေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား
လှူရန် ဝယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွနု်ပ်ကိုယ်တိုင်
အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင်
သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။
တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ
ဝိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း
ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး
ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌
သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

===ကျူးလွန်ခဲ့သော အပြစ်===

ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘဝတွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ
ဝဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင်
ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။
ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို
သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘဝက သီဝလိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ
ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။
တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို
တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။
ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍
နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင်
ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။
အတွင်းရှိ မယ်တော်ကြီးက မြို့ကို ဝိုင်းထားရန် အကြံပေးလေသည်။
မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး
လေးပေါက်တို့ကို အဝင်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ
အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး
ပိတ်ဆို့ ဝန်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်
အတိုင်း ဝင်ပေါက်ထွက်ပေါက် မရှိအောင် (ဝင်မရ ထွက်မရအောင်) ပိတ်ဆို့
ဝန်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး
အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။
ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ
ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

===ရှင်သီဝလိ မယ်တော်နှင့် ခမည်းတော်===

ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။
ရှင်သီဝလိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။
ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။
ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။
မယ်တော်၏အမည်ကိုမူသုပ္ပဝါသာ-ဟု သီးခြားပြဆိုသည်။
သုပ္ပဝါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏
သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ
မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။
ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ်
ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့်
ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ
လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ်
ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊
ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။
အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ်
တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း
ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။
ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက်
ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ
သနားဖို့ပင် ကောင်းတော့သည်။
အဖြေကား မြို့ကို ဝန်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော
အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင်
သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ဝဋ်ဆင်းရဲကို ခံရရှာသည်။
မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့်
ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက
အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ
ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

===အံ့ဖွယ် ဖြစ်ရပ်ထူးများ===

ရှင်သီဝလိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား
ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ဝမ်းတွင်းရှိ
သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့
ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ
ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။
ဆွေမျိုးများက သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော
တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။
သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင်
တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။
မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း
ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ
အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့်
တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ဝမ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့်
ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်)
မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။
ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏
ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင်
ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ
ဝိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော
ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

===ဂုဏ်တော်ပွား၍ သည်းခံခြင်း===

ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပဝါသာမင်းသမီး၏ ဆင်းရဲ
ဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။
ဤ၌ သုပ္ပဝါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့
ကောင်းပါသည်။ သုပ္ပဝါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို
အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင်
ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-

(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန်
တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော
ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။
ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကိုကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။
ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပဝါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ
သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို
သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန်
ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏
ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ
စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။
ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။
မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး
အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ
တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

===အလှူ ၂-ခု ဆုံနေခြင်း===

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပဝါသာ၏ စကားကို ယူဆောင်၍
မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။
သုပ္ပဝါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ
ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။
မြတ်စွာဘုရားက သုပ္ပဝါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ
ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပဝါသာမင်းသမီးထံမှ အပင့်မရောက်မီ
အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍
ချက်ချင်း ဝန်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို
ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။
အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်
အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို
၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-
အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့
ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊
စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့
အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို
ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-
ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။
ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့
အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။
ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။
ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်
အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို
ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

===မေတ္တာဓာတ်ကြောင့် ဖွားမြင်===

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ
မြတ်စွာဘုရားက သုပ္ပဝါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ
ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အဝဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း
နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး
၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို
လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု
မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။
သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့
အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား
ဝမ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော
ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု
သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို
ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏
အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။
သီဝလိ=သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။

===မွေးဖွားစသူငယ် စကားပြောခြင်း===

သုပ္ပဝါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့်
အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို
နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။
ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်
လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို
ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင်
ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့်
စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော
မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ဝမ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။
(အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ
လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု
မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက -မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ
ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ
ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။
ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော
မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

===သီဝလိ သင်္ကန်းဝတ်===

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို
သီဝလိသူငယ်က အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို
လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင်
သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။
ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင်
တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံဝန်းအချတွင် သောတာပန်၊
ဒုတိယဆံဝန်းအချတွင် သကဒါဂါမ်၊
တတိယဆံဝန်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး
ရှင်သီဝလိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး
ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။
ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင်
ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

===ဘုန်းကံကို စုံစမ်းခြင်း===

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို
လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။
မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော
မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။
ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။
လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင်
ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ
ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ
ရှင်သီဝလိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။
ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍
တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု
လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိနောက်သို့
သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမဝန္တာသို့
ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။
ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင်
ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊
ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။
ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင်
သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။
ရှင်သီဝလိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင်
လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီဝလိမထေရ်အား
ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သီဝလိစ မဟာထေရော
ဒေဝမနုဿပူစိတော
လာဘပတ္တော မဟာလာဘော
သောစမံ အနုပါလေတု
လာဘံမေဒေတု သဗ္ဗဒါ။
(လာဘံတေဒေတု သဗ္ဗဒါ)


== ကိုးကား ==
== ကိုးကား ==

၀၅:၂၉၊ ၁၉ မေ ၂၀၂၀ ရက်နေ့က မူ

သီဝလိထေရ်သည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် လာဘ်လာဘပေါများသည့်အရာ၌ ဧတဒဂ်ရသော ရဟန္တာဖြစ်သည်။ မြတ်စွာဘုရားသခင်၏ လက်ယာတော်ရံ လေးကျိပ်တွင် တစ်ပါးအပါအဝင်လည်း ဖြစ်လေသည်။ သီဝလိထေရ်၏ ခမည်းတော်နှင့်မယ်တော်တို့ကား မဟာလိမင်းသားနှင့် ကောလိယ ပြည့်ရှင် ကောလိယမင်းကြီး၏သမီးတော်သုပ္ပဝါသမင်းသမီးတို့ဖြစ်သည်။


မယ်တော်သုပ္ပဝါသသည် သားတော် သီဝလိထေရ်အလောင်းအား သန္ဓေရှိသောအခါဖွားရန် နေ့ရက်စေ့ရောက်သော်လည်း မဖွားမြင်နိုင်ဘဲရှိလေသည်။ ယင်းသို့ဖြင့်သန္ဓေသားကို လသာမက နှစ်နှင့်ချီ၍လွယ်ခဲ့ရရာ ခုနစ်နှစ်ပင် စေ့ရောက်ခဲ့လေသည်။ မီးမဖွားနိုင်ဘဲဒုက္ခဝေဒနာအကြီးအကျယ် ခံစားနေရစဉ် မြတ်စွာဘုရားအားဖူးမြော်လိုကြောင်း တောင့်တသဖြင့် ကြင်ယာတော် မင်းသားက မြတ်စွာဘုရားအား အကျိုးအကြောင်း လျှောက်ထားပင့်ဖိတ်သော် ဘုရားသခင်က 'သုပ္ပဝါသမင်းသမီးသည် ချမ်းသာခြင်းရှိသည်ဖြစ်စေသတည်း။ ရောဂါအနာမဲ့ကင်း ဆင်းရဲခြင်းမရှိသည် ဖြစ်စေသတည်း။ အနာမရှိသည်ဖြစ်၍သားကိုဖွားစေသတည်း' ရွှေနှုတ်တော်မှ မြွက်ဟဆုပေးလိုက် သည်နှင့်တပြိုင်နက် သုပ္ပဝါသမင်းသမီးသည် သားတော်ကလေးကို ချောမောစွာ ဖွားနိုင်လေသည်။ ယင်းသို့သေတွင်းမှ တက်၍ အမိအဖတို့ ပူပန်ခြင်းငြိမ်းအေးစေသဖြင့် သားတော်ကလေးအား သီဝလိဟုအမည်ပေးကြလေသည်။ သားတော် သီလဝိသည် အမိဝမ်း၌ ခုနစ်နှစ်နှင့်ခုနစ်ရက် ကိန်းအောင်းခဲ့ရရာ အမိဝမ်းကကျွတ်သည်နှင့်တစ်ပြိုင်နက် ခုနစ်နှစ်သား အရွယ်သို့ တစ်ဟုန်တည်း ကြီးပြင်းသွားလေသည်။


သီဝလိကိုဖွားမြင်ပြီးနောက်တစ်နေ့တွင် မြတ်စွာဘုရားနှင့် တကွသံဃာတော် ၅ဝဝ ကို နန်းတော်သို့ပင့်၍ ဆွမ်းလုပ်ကျွေးလေသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ ရှင်သာရိပုတ္တရာအား တရား အနုမောဒနာပြုရန် မြတ်စွာဘုရားက အမိန့်တော်ရှိသဖြင့် ရှင်သာရိပုတ္တရာသည်ပဋိသန္ဓေနေရခြင်း၏ ဆင်းရဲဒုက္ခရောက်ပုံ ဇာတိဒုက္ခကိုအကျယ်ချဲ့၍ ဟောတော်မူလေရာ ဘဝအဆက်ဆက်က ဆည်းပူးခဲ့သည့်ပါရမီ အဆောက်အအုံကြီးမားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း သီဝလိမင်းသားက ရှင်သာမဏေပြုပေးပါရန် လျှောက်ထား တောင်းပန်လေသည်။ မိဘနှစ်ပါး၏ခွင့်ပြုချက်အရ ရှင်သာမဏေ ပြုပေးရန်ခေါင်းရိတ်ပေးစဉ် ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီကသုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောတော်မူသဖြင့် သီဝလိသည် တရားကမ္မဋ္ဌာန်းကို နှလုံးသွင်းလေရာဆံပင်ရိတ်ပြီးသည်နှင့်တစ်ပြိုင်နက် ကိလေသာကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်သွားလေသည်။


ရှင်သာမဏေဖြစ်သည်မှစ၍ များစွာသော ဒါယကာ ဒါယိကာမတို့ကပစ္စည်းလေးပါးဖြင့် နေ့စဉ်နေ့တိုင်းသုံး မကုန်အောင်လှူဒါန်းကြသောကြောင့် ရှင်သီဝလိအားအမှီပြု၍ သံဃာအပေါင်း မကြောင့်မကျစားသောက်သုံးဆောင်ရလေ သည်။ အသက် ၂ဝပြည့်သောအခါ ရှင်သီဝလိသည် ရဟန်းအဖြစ်သို့ ယူတော်မူသည်။ လာဘ်လာဘတို့သည်လည်း ဆတက်ထမ်းပိုးတိုးသည်ထက်တိုး၍ သာလာတော့သည်။ ရောက်လေရာအရပ်၌ လှူဒါန်းသူများလှသည်။


အခါတစ်ပါးမြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာ အမှူးရှိသောသံဃာတော် ၅ဝဝနှင့်တကွ ရှားတော ကျောင်းသို့ကြွတော်မူရာ ခရီးဖြတ်လမ်းမှုကြွတော်မူသည်။ ထိုဖြတ်လမ်းသည် တောလမ်းခရီးဖြစ်သဖြင့် ဆွမ်းကွမ်းအတွက် အခက်ကြုံမည်ကိုရှင်အာနန္ဒာက စိုးရိမ်သဖြင့် ဘုရားရှင်အား လျှောက်ထားသောအခါမြတ်စွာဘုရားက 'ချစ်သားအာနန္ဒာ ဤရဟန်းပရိသတ်တွင် သီဝလိပါသည်မဟုတ်လော၊ သီဝလိပါလျှင်မစိုးရိမ်လင့်' ဟုမိန့်တော်မူကာတောအုပ်သို့ဝင် လေသည်။ တောခရီးတစ်လျှောက်၌ နေထိုင်ကြကုန်သော နတ်ဘီလူးများသည် ဘုရားနှင့်တကွသံဃာတော် ၅ဝဝ အား ဆွမ်းကွမ်းများ လှူဒါန်းကြလေသည်။ ရှင်သီဝလိအားလည်း ပစ္စည်းမျိုးစုံဖြင့် စုပုံလှူဒါန်းကြသဖြင့်သံဃာများမှာ မျှတစွာသုံးဆောင်ကြရရုံမက ပိုလျှံ၍ပင်နေလေသည်။

ရှားတောကျောင်း၌ဘုရားနှင့်တကွ သံဃာတော် ၅ဝဝ သည် တစ်လပတ်လုံး ရှင်သီဝလိကိုအကြောင်းပြုရအပ်သော ပစ္စည်းလေးပါးဖြင့် မျှတစွာနေကြရလေသည်။ ရဟန်းသံဃာတို့လည်း လူနေဝေးသောတောကြီး မျက်မည်းထဲဖြစ်ပါလျက် သီဝလိထေရ်တန်ခိုးတော်ကြောင့် လာဘ်လာဘပေါများသည်ကို အံ့ဩချီးမွမ်းနေကြလေသည်။ ထိုသို့ပြောဆိုနေသည်ကို မြတ်စွာဘုရားသခင် သိမြင်တော် မူသောအခါ 'ဧတဓဂ္ဂံဘိက္ခဝေမမသာဝကာနံလာဘီနံယိဒိဒံ သီဝလိ' ဟူ၍လာဘ်လာဘပေါများသော ရဟန်းတို့တွင် သီဝလိထေရ်သည် အမြတ်ဆုံးဟု ဧတဒဂ်ထားတော်မူ ပြီးနောက်သီဝလိထေရ်၏ အတိတ်ဇာတ်ကိုဟောတော်မူသည်။ သီဝလိထေရ်အလောင်းကား ပဒုမုတ္တရဘုရား လက်ထက်တွင် သာမန်အမျိုးသားကလေးမျှသာဖြစ်သည်။

ပဒုမုတ္တရဘုရားသခင်းတရားဟောကြားနေစဉ် ထိုအမျိုးသားကလေးသည် ပရိသတ်အစွန်မှ တရားတော်ကို နာကြား နေခိုက်သုဒဿနမည်သော ရဟန်းတစ်ပါးအား လာဘ်လာဘအရာ၌ ဘုရားသခင်က ဧတဒဂ်ထားတော်မူသည်ကိုကြား ရသောအခါ သုဒဿနရဟန်းကဲ့သို့ဖြစ်လိုလှသဖြင့် ဘုရားနှင့်တကွ သံဃာ၅ဝဝကိုနောက်တစ်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ဆွမ်းဖိတ်၍ကျွေးရာ သင်္ကန်းတစ်စုံစီကပ်လှူပြီးလျှင် ဤကောင်းမှုကြောင့် ဘဝဆက်တိုင်းစည်းစိမ်ဥစ္စာရတနာရွှေငွေ ဆန်ရေစပါးပေါများကြွယ်ဝ၍ အဆုံးဘဝနောက်ကာလ၌ သုဒဿနရဟန်းကဲ့သို့ လာဘ်လာဘပေါများသောအရာ၌ ဧတဒဂ်တင်ရသောရဟန်းဖြစ်ရလိုပါ၏ဟု ဆုတောင်းလေသည်။

ထိုဘဝမှလွန်ပြီးနောက် လူ့ပြည်နတ်ပြည်လူးလာ စုန်ဆန်ကာ ကမ္ဘာများစွာချမ်းသာသုခကိုခံစား၍နေလေသည်။ ၉၁ ကမ္ဘာ အထက် ဝိပဿီဘုရားလက်ထက်တော်၌ကား သီဝလိထေရ် အလောင်းတော်သည် ဗန္ဓုမတီမြို့နှင့်မနီးမဝေး တစ်ခုသောရွာငယ်ကလေးတွင် ဆင်းရဲသားအမျိုး၌ဖြစ်ရရှာ၏။ တစ်နေ့သ၌ဗန္ဓမတီမင်းနှင့်တိုင်းသူပြည်သားတို့ အလှူပြိုင်ကြလေသည်။ ထိုအခိုက်သီဝလိအလောင်း ဆင်းရဲသားလည်း တောတွင်းမှ နို့ဓာမ်းအိုးနှင့်ပျားအုံကြီးကို ထမ်းကာ မြို့တွင်းသို့အရောင်းလာရာ မြို့စောင့်သည်များက အသပြာအဆမတန်ပေး၍ ဝယ်ကြလေ၏။ အဘယ်ကြောင့် ဤမျှအဆမတန်ပေး၍ ဝယ်ကြသည်ကို မေးမြန်း သိရှိရသောအခါ သီဝလိထေရ်အလောင်းသည် ကိုယ်တိုင်လှူဒါန်းတော့မည်။ မရောင်းတော့ဆိုကာ ဘုရားသခင် ကိုယ်တော်မြတ်အား ကိုယ်တိုင်သွားရောက်လှူဒါန်းပြီးလျှင် ပဒုမုတ္တရဘုရားလက်ထက်တော်ကအတိုင်း လာဘ်လာဘ ပေါများရန် ဆုတောင်းခဲ့ပြန်သည်။

ထိုဆင်းရဲသားဘဝမှလွန်မြောက်၍ လူ့ပြည်နတ်ပြည် စုန်ဆန်လည်ပြီးနောက် အခါတစ်ပါး ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းအား ပြည်ထောင်ချင်းချင်းမင်းတစ်ပါးက တိုက်ခိုက်သုတ်သင်၍ မိဖုရားကြီးအား သိမ်းပိုက်ကာ ဗာရာဏသီ ပြည်၌စိုးစံနေလေသည်။ သားတော်ကလေးမူကား ဘေးလွတ်ရာသို့တိမ်းရှောင်နေလေသည်။ သားတော်ကလေး အရွယ်ရောက်လာသောအခါ ခမည်းတော်အရိုက်အရာကို တိုက်ယူရန်မယ်တော်နှင့်တိုင်ပင်ရာ ဗာရာဏသီမြို့တံခါးများ အခိုင်အလုံပိတ်၍ အတွင်းကလူများ အစာငတ်ပြတ်အောင် လုပ်ရန်အကြံပေးလေသည်။ အကြံပေးသည့်အတိုင်း ခုနစ်နှစ် ခုနစ်ရက်တိတိ လုပ်ကြံရာနောက်ဆုံး၌ ဗာရာဏသီမြို့ကို ရလေ၏။ ထိုဝိပါကဝဋ်ကြောင့် သီဝလိသတို့သားသည် နောက်ဆုံးဘဝ၌ ခုနစ်နှစ်ခုနစ်ရက်လုံးလုံး အမိဝမ်းတွင်း၌ ကိန်းအောင်းရသည့် ဇာတိဒုက္ခကို ခံစားရခြင်းဖြစ်လေသည်။ အလှူအတမ်းပေးကမ်းရက်ရော၍ လာဘ်လာဘကို ဆုတောင်းခဲ့ခြင်းကြောင့် လာဘ်လာဘပေါများ၍ ဧတဒဂ်ရ တော်မူခြင်း ဖြစ်လေသည်။

လာဘ်လာဘရွှင်ပျလိုသူတို့သည် 'လာဘိနမုတ္တမောထေရော၊ သီဝလိဣတိဝိဿုတော၊ သောရဟော ပစ္စယာဒီနံ၊ သဒါသောတ္တိံကရောတုမေ'စသည့် သီဝလိဂါထာကို ရွတ်အံသရဇ္ဈာယ်၍လည်းကောင်း၊ သီဝလိ ထေရ်၏ပုံတော်ထုလုပ်ကိုးကွယ်၍လည်းကောင်း၊ သီဝလိထေရ် ဓာတ်တော်ကိုးကွယ်၍လည်းကောင်း ပူဇော်ဆုတောင်း ကြလေ သည်။[၁]

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအဝယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

တောင်းခဲ့သော ဆု

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

ပြုခဲ့သော ကုသိုလ်

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင် လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ဝယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ဝယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ ဈေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ဝယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွနု်ပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ဝိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

ကျူးလွန်ခဲ့သော အပြစ်

ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘဝတွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ဝဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘဝက သီဝလိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ဝိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အဝင်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ဝန်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့် အတိုင်း ဝင်ပေါက်ထွက်ပေါက် မရှိအောင် (ဝင်မရ ထွက်မရအောင်) ပိတ်ဆို့ ဝန်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

ရှင်သီဝလိ မယ်တော်နှင့် ခမည်းတော်

ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ ရှင်သီဝလိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။ ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။ မယ်တော်၏အမည်ကိုမူသုပ္ပဝါသာ-ဟု သီးခြားပြဆိုသည်။ သုပ္ပဝါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏ သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ် ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့် ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။ အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ် တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။ ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက် ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ အဖြေကား မြို့ကို ဝန်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ဝဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

အံ့ဖွယ် ဖြစ်ရပ်ထူးများ

ရှင်သီဝလိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။ ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ဝမ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။ သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ဝမ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ဝိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

ဂုဏ်တော်ပွား၍ သည်းခံခြင်း

ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပဝါသာမင်းသမီး၏ ဆင်းရဲ ဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။ ဤ၌ သုပ္ပဝါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့ ကောင်းပါသည်။ သုပ္ပဝါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင် ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-

(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကိုကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပဝါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

အလှူ ၂-ခု ဆုံနေခြင်း

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပဝါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။ သုပ္ပဝါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက သုပ္ပဝါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပဝါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ဝန်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့် အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ- အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က- ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့် အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

မေတ္တာဓာတ်ကြောင့် ဖွားမြင်

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက သုပ္ပဝါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး- သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။ ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အဝဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။ သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့ အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ဝမ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏ အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။ သီဝလိ=သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။

မွေးဖွားစသူငယ် စကားပြောခြင်း

သုပ္ပဝါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက် လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ဝမ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။ (အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက -မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

သီဝလိ သင်္ကန်းဝတ်

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။ ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံဝန်းအချတွင် သောတာပန်၊ ဒုတိယဆံဝန်းအချတွင် သကဒါဂါမ်၊ တတိယဆံဝန်းအချတွင် အနာဂါမ်၊ ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီဝလိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။ ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

ဘုန်းကံကို စုံစမ်းခြင်း

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။ ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိနောက်သို့ သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမဝန္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။ ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သီဝလိစ မဟာထေရော ဒေဝမနုဿပူစိတော လာဘပတ္တော မဟာလာဘော သောစမံ အနုပါလေတု လာဘံမေဒေတု သဗ္ဗဒါ။ (လာဘံတေဒေတု သဗ္ဗဒါ)

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)