ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (ဝေါဟာရ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎ဆေးပညာဝေါဟာရ: အပိုင်းသစ်
အရေးမကြီး Polymath XI - '→‎ဆေးပညာဝေါဟာရ: အပိုင်းသစ်' ၏ သုံးသပ်ချက်ကို လက်မှတ်ထိုးပေးနေသည်
စာကြောင်း ၁၂၅ - စာကြောင်း ၁၂၅ -
== ဆေးပညာဝေါဟာရ ==
== ဆေးပညာဝေါဟာရ ==


ဆေးပညာဆိုင်ရာ စာမျက်နှာတွေမှာ ဝေါဟာရအသုံးအနှုန်းနဲ့ ပတ်သက်လို့ လွဲမှားနေတာလေးတွေရှိပါတယ်။ဆေးပညာနဲ့အကျွမ်းတဝင်မရှိသူတွေနားလည်လွယ်အောင် နဲ့ ဝေါဟာရတွေ တညီတညွတ်တည်းဖြစ်အောင် ဝေါဟာရအသုံးအနှုန်းလေးတွေကို '''အင်္ဂလိပ်မြန်မာအနောက်တိုင်းဆေးပညာအဘိဓာန်''' ဆိုတဲ့ စာအုပ်ကို ကိုးကားပြီး သုံးပေးဖို့ ၊ လွဲမှားနေတာရှိရင် အဆိုပါစာအုပ်ကို ကိုးကားပြီးပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဆေးပညာဆိုင်ရာ စာမျက်နှာတွေမှာ ဝေါဟာရအသုံးအနှုန်းနဲ့ ပတ်သက်လို့ လွဲမှားနေတာလေးတွေရှိပါတယ်။ဆေးပညာနဲ့အကျွမ်းတဝင်မရှိသူတွေနားလည်လွယ်အောင် နဲ့ ဝေါဟာရတွေ တညီတညွတ်တည်းဖြစ်အောင် ဝေါဟာရအသုံးအနှုန်းလေးတွေကို '''အင်္ဂလိပ်မြန်မာအနောက်တိုင်းဆေးပညာအဘိဓာန်''' ဆိုတဲ့ စာအုပ်ကို ကိုးကားပြီး သုံးပေးဖို့ ၊ လွဲမှားနေတာရှိရင် အဆိုပါစာအုပ်ကို ကိုးကားပြီးပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ {{unsigned2|09:58, 18 April 2020|Polymath XI}}

၀၉:၅၉၊ ၁၈ ဧပြီ ၂၀၂၀ ရက်နေ့က မူ

 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
လက်ဖက်ရည်ဆိုင်၏ ဝေါဟာရ အခန်းသည် ဘာသာရပ်ဆိုင်ရာ ဝေါဟာရများနှင့် ဘာသာပြန်ဆိုရန် ခက်ခဲသည့် ဝေါဟာရများကို ဆွေးနွေးနိုင်ရန် ဖြစ်သည်။
« ဆွေးနွေးချက် အဟောင်းများ,


သရက်ချောင်း

သရက်ချောင်းတွေ အများကြီး ပါပဲ Disambiguation Page လုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ။ --ဆန်လုံးတီး (ဆွေးနွေး) ၀၃:၅၂၊ ၃၀ မေ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

အဓိက ရွာအမည်တူတွေ များနေတာမို့ပါ။ လုပ်လိုက်ပါ့မယ်။ NinjaStrikers «» ၀၄:၃၉၊ ၃၀ မေ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

အာဖရိကနိုင်ငံနှစ်ခု၊ ပေါ်တူဂီပိုင်ကျွန်းနှစ်ကျွန်းနှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချို့၏ အမည်များဆိုင်ရာ အကြံပြု ချက်

ဟိုတစ်ရက်တုန်းက အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရဲ့အမည်စာလုံးပေါင်းတွေနဲ့ ပတ်သက်ပြီး user တစ်ဦးကို admin ko ninja က အများအသုံးပြုတဲ့ အမည် စာလုံးပေါင်းတွေ ကို အသုံးပြုဖို့ ဆွေးနွေးထားတာ တွေ့ရပါ တယ်။ မြန်မာဝီကီထဲမှာ အသုံးပြုနေတဲ့ အမည်တချို့ရဲ့ စာလုံးပေါင်းတွေနဲ့ ပတ်သက်လို့ အကြံပြုဆွေးနွေးချင် တာ ရှိပါတယ်။


(၁) အာဖရိကတိုက်က Tanzania နိုင်ငံရဲ့အမည်ကို မြန်မာဝီကီထဲမှာ တန်ဇေးနီးယား လို့ သုံးထားတာ တွေ့ပါ တယ်။ အဲဒီ့နိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ ကျွန်တော်လည်း အဲဒီ့စာလုံးပေါင်းအတိုင်း လိုက်အ သုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့အမည်ကို မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာအုပ်စာစောင်တွေမှာ၊ တီဗီအစီ အစဉ်တွေမှာ တန်ဇန်းနီးယား လို့ပဲ သုံးနှုန်းနေပါတယ်။ ဒီအမည်နာမနဲ့ပဲ used to ဖြစ်နေပါတယ်။ အင်္ဂလိပ် အသံထွက်က တန်ဇေးနီးယားလား၊ တန်ဇန်းနီးယားလား ဆိုတာကို youtube ထဲမှာ ရှာကြည့်တော့ တန်ဇန်းနီး ယားလို့ပဲ အသံထွက်တာတွေ့ရပါတယ်။ ဒါကြောင့်မို့ အများအသုံးပြုတဲ့ တန်ဇန်းနီးယားအမည်ကိုပဲ ပြောင်းလဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။


(၂) အာဖရိကတိုက်က Equatorial Africa နိုင်ငံကို မြန်မာဝီကီထဲမှာ အီကွေတာအာဖရိကနိုင်ငံလို့ သုံးထား တာ တွေ့ပါတယ်။ နိုင်ငံအမည်တွေမှာ အရပ်မျက်နှာကိုပြသတဲ့အမည်တွေဖြစ်တဲ့ မြောက်၊ တောင်၊ အရှေ့၊ အနောက်၊ အလယ် (ဗဟို) စတာတွေကလွဲရင် ကျန်တာတွေကို မြန်မာလို ဘာသာ ပြန်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်တွေမှာလည်း အီကွေတိုရီးရဲအာဖရိက ဆိုပြီး အင်္ဂလိပ်အသံထွက်အတိုင်းပဲ သုံးနှုန်းထားပါတယ်။ အခြားစာအုပ်တွေမှာလည်း အင်္ဂလိပ်အမည်ကိုပဲ သုံးနှုန်း ထားပါတယ်။ ဒါကြောင့်မို့ အများသုံးတဲ့ အီကွေတိုရီးရဲအာဖရိကအမည်ကိုပဲ ပြောင်းလဲအသုံးပြုဖို့ အကြံပြုချင် ပါတယ်။


(၃) အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရှိတဲ့ ပေါ်တူဂီနိုင်ငံပိုင် ကျွန်းနှစ်ကျွန်းအမည်နဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါ တယ်။ Madeira ကျွန်းကို မဒီးရကျွန်း ဆိုပြီး မြန်မာဝီကီထဲမှာ တွေ့ပါတယ်။ (မြန်မာစွယ်စုံကျမ်းထဲကစာကို ပြန်ကူးထားတာပါ) ဒါပေမယ့် မြန်မာဝီကီထဲမှာပဲ ဒီကျွန်းဇာတိ ကမ္ဘာကျော် ဘောလုံးသမား စီ ရော်နယ်လ်ဒို ရဲ့အကြောင်း ဆောင်းပါးမှာတော့ အဲဒီ့ဆောင်းပါးရေးသူက မီဒေးရဲလ်ကျွန်းလို့ ရေးထားပါတယ်။ youtube မှာ အသံထွက် ရှာကြည့်တော့ မာဒီးရား လို့ အသံထွက်တာတွေ့ရပါတယ်။ နောက်ထပ်ပေါ်တူဂီပိုင်ကျွန်းတစ်ကျွန်း ဖြစ်တဲ့ Azore islands ရဲ့အမည်ကို (မြန်မာ့စွယ်စုံကျမ်းထဲက) မဒီးရကျွန်းဆောင်းပါးမှာ အဇိုးကျွန်းလို့ အသံ ထွက်ထားတာ တွေ့ရပါတယ်။ ဒီကျွန်း အကြောင်းက မြန်မာဝီကီထဲမှာ သီးသန့်ဆောင်းပါး မရှိသေးဘူးလို့ ထင် ပါတယ်။ youtube မှာ အဇိုးရီးလို့ပဲ အသံထွက်ထားတာ တွေ့ပါတယ်။ ဒါကြောင့် ဒီကျွန်းတွေရဲ့နာမည်တွေကို မာဒီးရားနဲ့ အဇိုးရီးလို့ ပြောင်းလဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။


(၄)အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ ပရာဒက်ရှ် ဆိုတဲ့နာမည်နဲ့ အဆုံးသတ်ထားတဲ့ ပြည်နယ်အမည်တွေကို မြန်မာဝီကီထဲမှာ ဒေသ လို့ ပြောင်းလဲအသုံးပြုထားတာ တွေ့ရပါတယ်။ ဒါကလည်း မြန်မာ့စွယ်စုံကျမ်းထဲက သုံးထားတဲ့အမည်တွေကို ယူပြီးသုံးထားတာ ဖြစ်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ မြန် မာ့စွယ်စုံကျမ်းနှစ်ချုပ်တွေမှာလည်း (၁၉၉၀)နောက်ပိုင်း ထုတ်တဲ့ နှစ်ချုပ်တွေမှာ ပရာဒက်ရှ် ပါတဲ့ ပြည်နယ်အ မည်တွေကို ဟင်ဒီဝေါဟာရအတိုင်း ပရာဒက်ရှ်လို့ပဲ သုံးနှုန်းထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အကအဖွဲ့တွေ လာဖျော်ဖြေတဲ့အထဲမှာ အိန္ဒိယရဲ့ ပရာဒက်ရှ် နာမည်အဆုံးသတ်ထားတဲ့ ပြည်နယ်တွေက အကအဖွဲ့တွေ လာဖျော်ဖြေဖူးပါတယ်။ အစိုးရသတင်းစာထဲမှာ ပရာဒက်ရှ်လို့ပဲ သုံးနှုန်းထား ပါတယ်။ အခုဆိုရင် မြန်မာ့စွယ်စုံကျမ်းကို ခေတ်နဲ့အညီ ပြန်လည် update လုပ်နေပါပြီ။ အဲဒီ့မြန်မာ့စွယ်စုံကျမ်း အသစ်မှာ ပရာဒက်ရှ် အမည်သုံးမလား၊ ဒေသအမည် သုံးမလားဆိုတာ စဉ်းစားစရာပါ။ ပြည်နယ်အမည်တွေကို မူရင်းဟင်ဒီအတိုင်း ပရာဒက်ရှ်လို့ပဲ အသုံးပြုသင့်ပြီး မြန်မာလိုအဓိပ္ပယ်ကိုတော့ အတွင်းဆောင်းပါးထဲမှာ ထည့် သွင်းသုံးဖို့ အကြံပြုချင်ပါတယ်။


(၅) ပရာဒက်ရှ်အမည်ပါတဲ့ ပြည်နယ်တွေထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ arunachal Pradesh ပြည်နယ်ရဲ့အမည် က ရှေ့နာမည်ဖြစ်တဲ့ Arunachal ကို မြန်မာဝီကီထဲမှာ အရန်နယ်ချယ်လို့ သုံးထားတာ တွေ့ရပါတယ်။ youtube ထဲမှာ အာရူနာချယ်လို့ အသံထွက်တာ တွေ့ရပါတယ်။ အာရူနာချယ်လို့ ပြောင်းလဲသုံးနှုန်းသင့်ဖို့ အ ကြံပြုချင်ပါတယ်။


(၆) အိန္ဒိယပြည်နယ်တွေထဲက Rajasthan ပြည်နယ်ကို မြန်မာဝီကီထဲမှာ ရာဇဌာန်ပြည်နယ်လို့ သုံးထားတာ တွေ့ရပါတယ်။ နောက်ပြီး Rajput ကို ရာဇပုတ္တ၊ ရာဇပုတ် စသဖြင့် ဘာသာပြန်ထားတာ တွေ့ရပါတယ်။ စာ အုပ်စာစောင်တွေမှာ ရာဂျက်စသန်လို့ပဲ သုံးနှုန်းနေတာဖြစ်တဲ့အတွက် ရာဇဌာန်အစား ရာဂျက်စသန်လို့ ပြောင်း လဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဒါပေမယ့် ဒီပြည်နယ်ရဲ့ အတိတ်သမိုင်းကြောင်းက မင်းစိုးရာဇာတွေ ဘုန်းမီး နေလတောက်ပခဲ့တဲ့အချိန်တွေအကြောင်း ရေးသားထားတဲ့အပိုင်းတွေမှာတော့ ရာဇပုတ္တ၊ ရာဇပုတ် စတာတွေ ကို သုံးနှုန်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။


(၇) အိန္ဒိယပြည်နယ်တွေထဲက Orissa ပြည်နယ်ကို မြန်မာစာအုပ် စာစောင်တွေမှာ သြရိသပြည်နယ်လို့ အရင် ကတည်းက သုံးပါတယ်။ အခုထိလည်း သုံးနေပါတယ်။ မြန်မာဝီကီမှာလည်း ဒီအတိုင်းပဲ သုံးနှုန်းထားပါတယ်။ ဒါပေမယ့် ဒီပြည်နယ်ရဲ့အမည်ကို ၂၀၁၁ခုနှစ်ကတည်းက Odisha ဆိုပြီး တရားဝင် ပြောင်းထားပါတယ်။ အင်္ဂလိပ်ဝီကီမှာလည်း ပြောင်းထားပါတယ်။ မြန်မာပြည်က စာအုပ်စာစောင်တွေမှာတော့ အမည်ဟောင်းကိုပဲ အသုံးပြုနေတုန်း ဖြစ်ပါတယ်။ အမည်သစ်ကို စသုံးနေတာလည်း တွေ့ပါတယ်။ (ဒါပေမယ့်လည်း ထိုင်းနိုင်ငံက Chiang Mai ကို ယခင်က ဇင်းမယ်လို့ပဲ စာအုပ် စာစောင်တွေမှာ အမြဲသုံးပေမယ့် ယခုအခါမှာ ချင်းမိုင်ဆိုတဲ့အမည်ကို အများက သုံးနေပါပြီ။ အိန္ဒိယက Bombay ကိုလည်း Mumbai ဆိုတဲ့အမည်သစ်ကို သုံးနေပါပြီ။ ဒါက မြန်မာဝီကီမှာပါ သုံးနေတာပါ) ဒါကြောင့် မို့ တစ်ချိန်ချိန်မှာ Odisha (သြဒိသျှ) ဆိုတဲ့ အမည်သစ်ကိုလည်း မြန်မာပြည်က စာအုပ်စာစောင်တွေမှာပါ တွင်တွင်ကျယ်ကျယ် သုံးလာမှာပါ။ သြရိသ ပြည်နယ်အမည်ကို သြဒိသျှလို့ ပြောင်းလဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MoeZawSoe (ဆွေးနွေး) ၁၂:၅၇၊ ၁၄ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံခြားအမည်တွေကို မြန်မာမှုပြုတဲ့အခါ ကြုံရတတ်တဲ့ အသံဖလှယ်တဲ့ ပြဿနာတွေပါ။ ထောက်ပြတဲ့အတွက် ကျေးဇူးပါ။ နာမည်တစ်ခုကို တစ်ယောက်တစ်မျိုး အသံထွက်နေရင် ပြန်ညွှန်းတွေ အရမ်းများလာပါလိမ့်မယ်။ ဒါကြောင့် ရင်းနှီးပြီးသား အသုံးအနှုန်းတွေကို သုံးပေးဖို့ အကြံပြုလိုက်တာပါ။
၁။ တန်ဇန်းနီးယား အမည်ကို ထောက်ခံပါတယ်။
၂။ တစ်ဦးဆိုင်နာမ်အမည်တွေကို အသံထွက်အတိုင်း ရေးတာကို ပိုသင့်လျော်တယ်လို့ မြင်ပါတယ်။ ဘာသာပြန်လိုက်ရင် ဝေါဟာရကွဲပြားတာတွေ၊ စာလုံးအစီအစဉ်ကွဲတာတွေ ရှိလာနိုင်လို့ပါ။ အီကွေတိုရီးရဲအာဖရိက အမည်ပြောင်းလဲဖို့ သဘောတူပါတယ်။
၃။ ကျွန်းနှစ်ခုအမည်က ပေါ်တူဂီအသံထွက်နဲ့ အင်္ဂလိပ်အသံထွက် ကွဲတယ်နဲ့ တူပါတယ်။ အဲနှစ်ခုအတွက် သေချာမပြောတတ်ပါ။
၄။ ပရာဒက်ရှ် အမည်တွေကို ကျွန်တော်လဲ ဒွိဟဖြစ်ခဲ့တယ်ဗျ။ ပရာဒက်ရှ် လို့ပဲ သုံးရမလား။ မြန်မာစွယ်စုံကျမ်းက သုံးသလို သုံးရမလားဆိုပြီးတော့။ အပေါ်မှာ ပြောခဲ့သလိုပဲ တစ်ဦးဆိုင်နာမ်အမည်တွေကို ဘာသာမပြန်ဘဲ အသံအတိုင်း ရေးတာကို ပိုသဘောကျတယ်ဗျ။ ဒါပေမယ့် စွယ်စုံကျမ်းထဲမှာ သုံးထားတဲ့အတိုင်း ဆက်သုံးပြီး Pradesh အမည်ကို ဆောင်းပါးအနေနဲ့ ပြန်ရှင်းလိုက်မယ်လို့ စိတ်ကူးရှိလိုက်လို့ ဒေသ ဆိုပြီး ဆက်သုံးလိုက်တာပါ။ ပရာဒက်ရှ် လို့ ပြောင်းမယ်ဆိုလဲ ကန့်ကွက်ဖို့တော့ မရှိပါဘူး။
၅။ ကျွန်တော်က အာရန်နာချယ် ဆိုပြီးတော့ အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများမှာ သုံးခဲ့တယ်ဗျ။ စာလုံးပေါင်းကို Google maps က စာလုံးပေါင်းကို ယူလိုက်တာပါ။
၆။ ဒီတစ်ခုမှာတော့ အရင် ပါဠိ အမည်အတိုင်းထားမလား၊ အခုခေတ်အသံထွက်နဲ့ ခေါ်မလား မပြောတတ်ဘူးဗျ။
၇။ အမည်ဟောင်းနဲ့ ဆက်ခေါ်နေတာထက် တရားဝင်ပြောင်းထားတဲ့ အမည်သစ်အတိုင်း ခေါ်ဖို့ရေးဖို့ သင့်တယ်လို့ မြင်ပါတယ်။ သျှ သံပြောင်းကြတာပေါ့။ (သ ရရစ်နဲ့ ရေးထားတာတွေ့တယ်ဗျ။ နဲ့ရေးရမှာဗျ။) NinjaStrikers «» ၁၆:၂၆၊ ၁၄ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တန်ဇန်းနီးယား နဲ့ အီကွေတိုရီးရဲအာဖရိကနိုင်ငံတွေရဲ့ page အမည်တွေ၊ ကဏ္ဍအမည်တွေကို အဆင်ပြေတဲ့အချိန်တွေမှာ ပြောင်းပေးပါဗျ။ admin တွေဘက်က ပြောင်းမှရမယ်ထင်ပါတယ်။
Arunachal Pradesh ရဲ့ အမည်ကို Pradesh ဆောင်းပါးမှာ နေထွက်တာ (အာရုဏ်တက်တာ) လို့ အဓိပ္ပါယ်ရတယ်လို့ ရေးထားတယ်။ နေထွက်တာနဲ့ ပတ်သက်တဲ့ ဟိန္ဒူနတ်ဘုရား အာရုဏနတ်မင်း (Aruna) နဲ့များ ဆက်စပ်မလား မသိဘူး။ [[၁]] မှာ ဟင်ဒီလို အာရုနာချယ်ပရာဒက်ရှ် လို့ အသံထွက်တယ်လို့ ပြောထားပါတယ်။ (youtube မှာ pronunciation of arunachal pradesh လို့ ရှာလိုက်ရင် တွေ့ပါတယ်)MoeZawSoe (ဆွေးနွေး) ၀၇:၁၁၊ ၁၆ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
နိုင်ငံနာမည် မှားသွားလို့ ဗျ။ Equatorial Africa မဟုတ်ဘူး။ Equatorial Guinea ကို အီကွေတာဂီနီနိုင်ငံလို့ ရေးထားတာကို အီကွေတိုရီးရဲဂီနီနိုင်ငံလို့ ပြောင်းဖို့ အကြံပြုတာပါ။ (ဂီနီနဲ့ အာဖရိက မှားရေးမိသွားတာပါ။ ဆောရီး) MoeZawSoe (ဆွေးနွေး) ၀၇:၁၈၊ ၁၆ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
နံပါတ် ၂ ကို ပြန်ပြင်ပါရစေ။ ကျွန်တော်တို့ အနေနဲ့ WP:COMMONNAME နဲ့ကိုက်ညီမယ့် အများသုံး ယေဘုယျအမည်ကို စဉ်းစားတဲ့အခါမှာ သုံးစွဲလေ့ရှိတဲ့ ခေါ်လေ့ရှိတဲ့ အမည်ကို ဦးစားပေးရမှာပါ။ ဒါမှလဲ ရှာဖွေဖတ်ရှုတဲ့နေရာမှာ အဆင်ပြေနိုင်မှာပါ။ Google အသုံးပြုပြီး အမည်နှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ အီကွေတာဂီနီနိုင်ငံ အမည်က ရလဒ်ပြန်လာသလို မြန်မာဝီကီက ဆောင်းပါးနဲ့ ချိတ်ပြီးသား ဖြစ်တာကို တွေ့ရမှာပါ။ အီကွေတိုရီးရဲဂီနီနိုင်ငံ နဲ့ ရှာတဲ့အခါ ရလဒ်မရှိပါဘူး။ ဒါ့အပြင် mizzima, VOA သတင်းဌာနတွေနဲ့ Google Maps မှာ အီကွေတာဂီနီ လို့ပဲ သုံးကြတာ တွေ့ရပါတယ်။ ဒါ့ကြောင့် အီကွေတိုရီးရဲဂီနီ ကိုတော့ ပြန်ညွှန်းအနေနဲ့သာ ထားပြီး အီကွေတာဂီနီ ကို ပင်မအမည်အဖြစ်ပဲ ဆက်လက်ထားရှိစေလိုပါတယ်။ အရင်ရက်က သေချာမစစ်ဘဲ ပြောလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။ NinjaStrikers «» ၁၅:၃၇၊ ၁၆ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့။ ပိုပြီးအဆင်ပြေတဲ့အမည်ကို သုံးပါ။ ကျွန်တော်က အကြံပြုဆွေးနွေးတာပါ။ အီကွေတာဂီနီနိုင်ငံဆိုတာကိုပဲ ကျွန်တော်လည်း သုံးပါမယ်။ ဒါပေမယ့် Tanzania ကိုရော ဘယ်လို အမည်ကို သုံးမှာလဲခင်ဗျ။ google မှာ မြန်မာလို ရှာကြည့်တော့ google map ကလည်း တန်ဇန်းနီးယားလို့ သုံးထားတယ်။ မြန်မာပြည်ရဲ့ အထင်ကရမီဒီယာတွေအားလုံး (7 day, the voice, mizzima, သစ်ထူးလွင်၊ မြဝတီ၊ duwun, moi, voa, dvb, irrawaddy) က သုံးကတော့ တန်ဇန်းနီးယားလို့ပဲ သုံးထားတာတွေ့ရပါတယ်။ ဒါပေမယ့် တန်ဇေးနီးယားဆိုတာက ရလာဒ် ပိုများတာကို တွေ့ရတယ်။ ဒါ့အပြင် တန်ဇန်းနီးယားနိုင်ငံဆိုတဲ့အမည်က Google မှာတင်မဟုတ်ဘဲ မြန်မာပြည်က ပုံနှိပ်စာပေတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း အဲဒီ့စာလုံး ပေါင်းအတိုင်းပဲ သုံးကြတာများပါတယ်။ တကယ်လို့ တန်ဇန်းနီးယားကိုပဲ သုံးမယ်ဆိုရင် အဆင်ပြေတဲ့အချိန် နိုင်ငံ page name နဲ့ ကဏ္ဍအမည်တွေမှာ ပြန်ပြောင်းပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MoeZawSoe (ဆွေးနွေး) ၀၉:၅၉၊ ၁၇ ဧပြီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

အားကစားဆိုင်ရာ ဆောင်းပါးခေါင်းစဉ် အစီအစဉ်

Module:Team appearances list မော်ဂျူးရဲ့ line 222 မှာ '[[%s at the %d %s|%s]]' ဆိုတဲ့ ကုဒ်ရှိပါတယ်။ output အနေနဲ့ [[Team at the Year Game|Year]] (Myanmar at the 2012 Summer Olympics) ပုံစံနဲ့ ပြပေးပါတယ်။ အဲဒီစကားစုကို မြန်မာလို ဆီလျော်အောင် ပြန်ချင်ပါတယ်။ အောက်က နမူနာ စကားစုတွေထဲက ဖြစ်ဖြစ်၊ အဆင်ပြေတဲ့ စကားစုပဲ ဖြစ်ဖြစ် အကြံပြုပေးကြပါ။ တလက်စတည်း နိုင်ငံ စာလုံး ထည့်သင့် မထည့်သင့်ကိုပါ ဆွေးနွေးပေးကြပါ။ ကျွန်တော့အနေနဲ့ နိုင်ငံ မထည့်တာပိုကောင်းမယ်လို့တော့ မြင်ပါတယ်။

  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း
  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံ
  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံ

Template talk:FlagSEAGF မှာလည်း ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ အလားတူ စကားစုရွေးချယ်ဖို့ ဆွေးနွေးထားတာရှိပါသေးတယ်။ နောက်ပိုင်းမှာလဲ ဒီလိုပုံစံတူတွေ ရှိလာဦးမှာ ဖြစ်တဲ့အတွက် အားလုံးတပြေးညီ ဖြစ်စေချင်ပါတယ်။ NinjaStrikers «» ၀၄:၁၉၊ ၂၀ ဩဂုတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

@Kantabon: အစ်ကိုရေ ဝင်ဆွေးနွေးပေးပါဦး။ NinjaStrikers «» ၀၄:၂၇၊ ၂၀ ဩဂုတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
"၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း"ကအဆင်​ပြေမယ်ထင်တယ်ခင်ဗျ။

Kantabon ၀၆:၄၆၊၂၀ သြဂုတ် ၂၀၁၈ (UTC)

ကျွန်တော်အနေနဲ့ကတော့ နိုင်ငံပါတာ ပိုသဘောကျပါတယ်။ ၂၀၁၂ အိုလံပစ်မှာ မြန်မာနိုင်ငံတစ်ခုတည်း ပြိုင်တာမဟုတ်တဲ့အတွက် အခြားနိုင်ငံများအကြောင်း ဆောင်းပါးရေးလာရင် မရောထွေးတော့ဘူးလို့ မြင်ပါတယ်။ ဒီနှစ်ခုထဲက ထပ်ရွေးရရင် ပထမတစ်ခုကို ပိုသဘောကျပါတယ်။
၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံခင်မောင်မောင်လွင် (ဆွေးနွေး) ၀၇:၅၇၊ ၂၀ ဩဂုတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
အားကစားပြိုင်ပွဲဖြစ်တာကြောင့် "အသင်း"ဆိုတဲ့စကားလုံးလေး ပါရင် ပိုပြီးအဆင်ချောမယ်ထင်ပါတယ်။
  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း (ဒါမှမဟုတ်)
  • ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း လို့ပေါ့။ နောက်ပြီး အဲဒီခေါင်းစဉ်အောက်မှာလည်း မြန်မာနိုင်ငံက ပြိုင်ပွဲဝင်တဲ့ သက်ဆိုင်ရာအားကစားအလိုက်က အကြောင်းတွေရေးမှာဆိုတော့လေ။ NayiMuu® talk ၁၃:၃၇၊ ၂၀ ဩဂုတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
နိုင်ငံလဲ ပါ၊ အသင်းလဲ ပါအောင် "၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း" ဆိုရင် မဆိုးဘူးလားလို့ ။ မကာအို၊ ဟောင်ကောင်လိုမျိုး နိုင်ငံမဟုတ်တာတွေအတွက်ကတော့ နိုင်ငံစာလုံး မပါတော့ နည်းနည်းတော့ကွဲတာပေါ့။ ပြိုင်ပွဲဝင် ဆိုတဲ့ စကားစုနဲ့ လိုက်ဖက်အောင် "ကျွန်းဆွယ်အားကစားပွဲတော်" ဆိုတဲ့ စကားစုကို မော်ဂျူးထဲမှာ "ကျွန်းဆွယ်အားကစားပြိုင်ပွဲ"လို့တော့ ပြောင်းထားလိုက်တယ်။ ကျန်တဲ့ပွဲတွေမှာ ပြိုင်ပွဲလို့ သုံးထားတော့ မော်ဂျူးထဲမှာ "ပြိုင်ပွဲဝင်" အစား "ဝင်" တစ်လုံးပဲ ထည့်လို့ရမှာမို့လို့။ NinjaStrikers «» ၁၄:၄၀၊ ၂၀ ဩဂုတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

Nobel Prize

Nobel Prize နှင့်ပတ်သက်ပြီး မြန်မာဝေါဟာရ ဖလှယ်မှု အနည်းငယ် များပြားနေလို့ပါ။ လင့်ချိတ်တဲ့အခါမှာဖြစ်စေ၊ ကဏ္ဍခွဲရာမှာဖြစ်စေ တသမတ်တည်းဖြစ်ရင် ပိုကောင်းမလားလို့ပါ။ Nobel Prize နှင့်ပတ်သက်တဲ့ အမည်တွေကို အောက်မှာဖော်ပြထားပါတယ်ခင်ဗျ။

  1. နိုဗယ်လ်
  2. နိုဘယ်
  3. နိုဘဲယ်
  4. နိုဗယ်

မည်သို့လုပ်သင့်တယ်ဆိုတာ ဆွေးနွေးပေးကြပါဦးခင်ဗျာ။NayiMuu® talk ၁၆:၂၀၊ ၉ အောက်တိုဘာ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

ဒီနေရာမှာ ပြောထားသလို B = ဘ , V = ဗ လို့ ဖလှယ်ရရင် နိုဘဲလ် သို့ နိုဘယ် က အဆင်ပြေမလားလို့။ ဘီဘီစီနဲ့ ဗီအိုအေမှာ "နိုဘယ်" လို့ သုံးတာ တွေ့တယ်။ NinjaStrikers «» ၁၂:၂၀၊ ၁၁ အောက်တိုဘာ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
အိုကေအကို လောလောဆယ်တော့ ကျနော်လည်း "နိုဘယ်"ပဲသဘောကျတယ်။ :)NayiMuu® talk ၁၈:၁၂၊ ၁၁ အောက်တိုဘာ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

Fukushima

Fukushima ကို ဖုခုရှီးမား လို့ မြန်မာသံရေးတာထက် ဖူကူရှီးမား လို့ သုံးတာက ပိုပြီး common ဖြစ်မယ်ထင်တယ်ဗျ။ ဖူကူရှီးမားလို့ အသုံးပြုတာများပြီး နားယဉ်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ပြန်ကြားရေးကော၊ တခြားသတင်းဌာနတွေရော ဖူကူရှီးမားလို့ သုံးတာတွေ့ပါတယ်။

- NinjaStrikers «» ၀၃:၀၇၊ ၃ ဒီဇင်ဘာ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

အသုံးတွင်ကျယ်နေတဲ့အတိုင်း ဖူကူရှီးမား လို့ရေးတာ ပိုကောင်းပါတယ်။ ဂျပန်အသံထွက်အတိုင်း ရေရင်တော့ fu=ဖု၊ ku= ခု၊ shi=ရှိ၊ ma=မ ။ မြန်မာလို အသုံးတွင်ကျယ်နေတာကိုပဲ ဦးစားပေး ရေးသင့်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၆:၂၃၊ ၃ ဒီဇင်ဘာ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

TRANSPORTATION

I JUST WOULD LIKE TO KNOW ABOUT TRANSPORTATION IN YANGON NOW. — Mi Phoo (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 18:48, 6 May 2019

လူပုဂ္ဂိုလ်လား လူမျိုးလား

အတ္ထုပ္ပတ္တိကဏ္ဍထဲမှာရှိတဲ့ လူတွေကို ကဏ္ဍခွဲတဲ့နေရာမှာ ဒွိဟဖြစ်စရာ စကားလုံးတစ်လုံးနဲ့ ကြုံနေပါတယ်။ People by nationality (နိုင်ငံသားအလိုက် လူပုဂ္ဂိုလ်များ) ကဏ္ဍအောက်မှာရှိတဲ့ ကဏ္ဍခွဲတွေမှာ

  • တရုတ် လူပုဂ္ဂိုလ်များ
  • အလုပ်အကိုင်အလိုက် တရုတ်လူပုဂ္ဂိုလ်များ
  • ဂျာမန် လူပုဂ္ဂိုလ်များ

ဆိုတဲ့ အမည်ထက်

  • တရုတ် လူမျိုးများ
  • အလုပ်အကိုင်အလိုက် တရုတ်လူမျိုးများ
  • ဂျာမန် လူမျိုးများ

ဆိုတဲ့ အသုံးက ပိုပြီး သင့်တော်မလားလို့ :@Ninjastrikers: တို့၊ :@Dr Lotus Black: တို့၊ :@ခင်မောင်မောင်လွင်: တို့ အမြင်လေးတွေ တချက်လောက် ဆွေးနွေးပေးပါဦး။

လူမျိုးများ ဆိုတာက ပိုမိုသင့်တော်မယ်လို့ ယူဆပါတယ်။ ကျနော်လည်း အဲဒါကို ဝေခွဲမရဖြစ်ရပါတယ်။ ကျနော်နားလည်တာက Chinese ဆိုရင် တရုတ်လူမျိုး Russian ဆိုရင် ရုရှားလူမျိုးပါ။ ဒီလိုပဲ မြန်မာလူမျိုးကို Burmese လို့သုံးတယ်။ နောက်ကနေ people ထည့်တာက ပိုရှုပ်သွားသလိုပါပဲ။ Dr Lotus Black (ဆွေးနွေး) ၁၆:၀၂၊ ၂၅ ဇွန် ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]
ဟုတ်တယ်ဗျ။ အဲဒါကို ကျနော်လည်း ဒွိဟ ဖြစ်နေတာ။ တစ်ချို့နေရာတွေက လူမျိုးများ လို့သုံးတာက ပိုပြီး အဆင်ပြေပေမယ့် တစ်ချို့နေရာတွေကျပြန်တော့ People ကို လူမျိုးများလို့ ပြန်တာက သိပ်မကိုက်သလိုပဲ။ ရှေ့က လူမျိုးလို့ ပြောလို့ရတဲ့ ကဏ္ဍတွေ (တရုတ်လူမျိုးများ ..စသည်) မှာ လူမျိုးလို့ပဲ သုံးပြီး တခြားနေရာတွေ (People by ethnicity, People by gender, People by religion) စတာတွေကျတော့ လူထု/လူပုဂ္ဂိုလ်များ ဆိုတာက ပိုအဆင်သင့်မလားပဲ။ NinjaStrikers «» ၁၆:၅၄၊ ၂၅ ဇွန် ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]
People by nationality ကဏ္ဍအောက်က အကြောင်းအရာတွေပဲ ပြောင်းလို့အဆင်ပြေမှာခင်ဗျ။ ကျန်တဲ့အပိုင်းတွေတော့ အရင်ကလိုပဲ လူပုဂ္ဂိုလ်/လူထုကပဲ အဆင်ပြေမှာပါအကို။NayiMuu® talk ၂၂:၀၅၊ ၂၅ ဇွန် ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]

advice for Myanmar word for Home Page

ဗဟိုစာမျက်နှာဆိုသည့် စကားလုံးအစား ပင်မစာမျက်နှာဟု အကြံပြုလိုပါတယ်။ — ဇော်မင်းထက် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 03:21, 22 September 2019

ဆေးပညာဝေါဟာရ

ဆေးပညာဆိုင်ရာ စာမျက်နှာတွေမှာ ဝေါဟာရအသုံးအနှုန်းနဲ့ ပတ်သက်လို့ လွဲမှားနေတာလေးတွေရှိပါတယ်။ဆေးပညာနဲ့အကျွမ်းတဝင်မရှိသူတွေနားလည်လွယ်အောင် နဲ့ ဝေါဟာရတွေ တညီတညွတ်တည်းဖြစ်အောင် ဝေါဟာရအသုံးအနှုန်းလေးတွေကို အင်္ဂလိပ်မြန်မာအနောက်တိုင်းဆေးပညာအဘိဓာန် ဆိုတဲ့ စာအုပ်ကို ကိုးကားပြီး သုံးပေးဖို့ ၊ လွဲမှားနေတာရှိရင် အဆိုပါစာအုပ်ကို ကိုးကားပြီးပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ — Polymath XI (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 09:58, 18 April 2020