ချင်းတွင်းမြစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: ca, cs, de, en, es, fr, hi, it, ja, ko, lt, no, pl, sl, vi, zh
အရေးမကြီး robot Adding: ru:Чиндуин (река)
စာကြောင်း ၆၄ - စာကြောင်း ၆၄ -
[[no:Chindwin]]
[[no:Chindwin]]
[[pl:Czinduin]]
[[pl:Czinduin]]
[[ru:Чиндуин (река)]]
[[sl:Chindwin (reka)]]
[[sl:Chindwin (reka)]]
[[vi:Sông Chindwin]]
[[vi:Sông Chindwin]]

၀၉:၁၅၊ ၆ နိုဝင်ဘာ ၂၀၁၀ ရက်နေ့က မူ

ချင်းတွင်းမြစ်
အရှည် ၇၅၀မိုင်
ဖြတ်သန်းရာဒေသ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း
မြစ်လက်တက်များ ဥရုမြစ်၊ယုမြစ်၊မြစ်သာမြစ်
အဆုံးသတ်စီးဝင်ရာ ဧရာဝတီမြစ်


ချင်းတွင်းမြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ တောင်မှမြောက်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

တနိုင်း၊ တဘိုင် ၊ တဝမ် နှင့် တရုံး မြစ်များ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပေါင်းဆုံရာမှ ချင်းတွင်းမြစ် အဖြစ်စတင်စီးဆင်းသည်။ ထိုနောက် အနောက်တောင်ယွန်းယွန်းသို့ စီးဆင်းကာ တစ်ဖန်အရှေ့တောင်ဖက်သို့ ပြန်လည်ဦးတည်၍ စီးဆင်းသည်။ မြောက်ဖက်ပိုင်း စီးဆင်းရာလမ်းတစ်လျှောက်တွင် အတော်အတင့် ကြမ်းတမ်းသည့် မြေမျက်နှာပြင်များကို ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းရာတွင် ထိုဒေသများရှိ မြစ်ချောင်းများကို မြစ်လက်တက်များအဖြစ် လက်ခံစီးဆင်းသည်။[၁]

ချင်းတွင်းမြစ်

မြစ်လက်တက်များ

  1. အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဖက်တွင် ချင်းတွင်းမြစ် အတွင်းပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။)
  2. ယုမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။
  3. မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ

  • ခန္တီး
  • ထမံသီ
  • ဟုမ္မလင်း
  • မော်လိုက်
  • ကလေးဝ
  • ကလေး
  • မြင်းခြံ
  • မုံရွာ

သမိုင်းထဲက ချင်းတွင်းမြစ်

သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှုးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ [၂]

ရည်ညွှန်းကိုးကား

  1. http://www.myanmars.net/myanmar/chindwin-river.htm
  2. http://en.wikipedia.org/wiki/Chindwin_River