ဘုရားပေါ်စေတီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"ဘုရားပေါ်စေတီ ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၄၁၊ ၁၉ မတ် ၂၀၂၀ ရက်နေ့က မူ

ဘုရားပေါ်စေတီ နန်းရာကုန်းမှ အနောက်ဘက်စူးစူး တစ်မိုင်ခန့်အကွာ၊ လောကမာရ်အောင်စေတီတော်မှ အနောက်ဘက်ကိုက် ၄၀၀ခန့် အကွာ ဘုရားပေါ်ချောင်းနံဘေးတွင် တည်ရှိသည်။ ဆင်းတုတော်ကြီးမှာ ရေထဲတွင် နှစ်ပေါင်းတစ်ထောင်ခန့် ကိန်းဝပ်တော်မူပြီး ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ ဘုရားပေါ်ဘုရား ဟု ခေါ်ကြသည်။ ဉာဏ်တော် ၁၂ပေ ၃လက်မရှိသည်။ မဟာမုနိရုပ်ရှင်တော်မြတ်နှင့် လက်ရာများစွာတူလေသည်။ ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးရှိရာ ဂူတော်အပေါ်ထက်တွင် တည်ထားသောစေတီဖြစ်သောကြောင့် ဘုရားပေါ်စေတီဟု ခေါ်ဝေါ်ကြသည်။ စေတီတော်နှင့်တံတိုင်းမှာ ခရစ်(၁၇၈၆)ခုနှစ်တွင် မြန်မာမြို့ဝန်မောင်စံပျော်က လှူဒါန်းဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ အောက်ခြေမှာ စတုရန်းလေးထောင့်ပုံဖြစ်၍ ပေ ၂၀မြင့်သော နံရံရှိသည်။ ၎င်းမှ ပစ္စယံလေးဆင့်တင်ထားသည်။ ပစ္စယံလေးဆင့်ပြီးနောက် စက်ဝိုင်းပုံသို့ပြောင်းကာ ခေါင်းလောင်းမှောက်၊ ဖောင်း ရစ်၊ ငှက်ပေျာဖူး၊ ထီးတော် အဆင့်ဆင့် တင့်တယ်စွာရှိသည်။ ဖောင်းရစ် ၁၂ခု ရှိသည်။ စေတီတော်တစ်ခုလုံးဉာဏ်တော်မှာ (၁၂၀)ပေရှိသည်။ အောက်ခြေဖိနပ်တော်ထောင့်လေးထောင့်တွင် ခြင်္သေ့တစ်ကောင်စီရှိသည်။ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဝင်လမ်းဂူတို့ရှိသည်။ ၎င်းဂူလမ်းမှ ဂန္ဓကုဋီတိုက်နှင့် ဆက်သွယ်ထားသည်။ အနောက်ဘက်နံရံကို ကျောပြု၍ ကြီးမားသောကျောက်တုံးတစ်တုံးတည်းကို ထုလုပ်ထားသော ရုပ်ထုတော်မြတ်ကို ဖူးတွေ့နိုင်သည်။ စေတီတော်၏ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် အာရုံခံသိမ်တော်များရှိသည်။ စေတီတော်အတွင်း သစ်သားဆင်းတုတော်များ၊ ကျောက်ရုပ်ထုများ အရွယ်အစားအမျိုးမျိုးလည်းဖူးတွေ့နိုင်သည်။ ဘုရားရင်ပြင်တော်တွင် ယခုခေတ်ကုသိုလ်ရှင်တို့ လှူဒါန်းထားသော စေတီပုထိုး၊ ဆင်းတုတော်တို့လည်း တွေ့ရသည်။ အရှေ့ဘက်လမ်းမရှေ့တွင် ၁၅-ပေမြင့်၍ အောက်ခြေ ၉ ပေခန့်ရှိသော ပြောင်းဖူးသဏ္ဌာန် ကျောက်သားစေတီ ဖြစ်သည်။ အရစ်ခါးပတ်များ ပြုလုပ်ထားပြီး ကြားတွင် ရုပ်ပွားတော်များကို ထုလုပ်ထားသည်။ အားလုံးပေါင်းတစ်ရာ့သုံးဆူရှိရာ ရခိုင်ကျင့်ထုံးတစ်ရာ့သုံးကို ညွှန်းသည်ဟုဆိုကြသည်။