ခိုတောင်မုန့်တီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
→‎ချက်ပြုတ်နည်း: စာသားပိုများအား ပျော်ပျော်ကြီး ဖြုတ်ခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
စာကြောင်း ၁၅ - စာကြောင်း ၁၅ -


==ချက်ပြုတ်နည်း==
==ချက်ပြုတ်နည်း==
ခိုတောင်မုန့်တီသည် [[မန္တလေးမုန့်တီ]]ကဲ့သို့ မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်များ မပါပေ။ ကြက်သွန်ဖြူနီ ဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ ချက်သည်။
ခိုတောင်မုန့်တီသည် [[မန္တလေးမုန့်တီ]]ကဲ့သို့ မုန့်ဖတ်မကြီး၊ အသားဟင်းနှစ်မပါ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့ဖြင့် ရိုးရိုးသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်ကို ပိတ်စွယ်၊ တရုတ်နံနံ၊ နံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ချက်သည်။


ခိုတောင်မုန့်တီသည်များသည် ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြုဘဲ ဒေသထွက် စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကို အသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။
ခိုတောင်မုန့်တီသည်တို့ ဆီချက်ထည့်သော် ဒန်အိုး မသုံးဘဲ ဒေသထွက် စဉ့်အိုးသေး၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း မြေအိုးဖြင့်ထည့်ပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းသန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။


ယခင်က ခိုတောင်မုန့်တီသည်များသည် ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ကြသည်။ နံနက်စောစော အိပ်ရာထကာ မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ခိုတောင်ငှက်လှေများဖြင့် ကူးကြသည်။ [[ဂေါဝိန်ဆိပ်]]မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ [[ဈေးချိုတော်]]၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ သွားရောက် ရောင်းချကြသည်။
ယခင်က ခိုတောင်မုန့်တီသည်များသည် ရောင်းမည့်မုန့်ဖတ်ကို ကိုယ်တိုင်ညှစ်ကြသည်။ နံနက်စောစောထကာ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ငှက်လှေများဖြင့် ကူးကြသည်။ [[ဂေါဝိန်ဆိပ်]]မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ [[ဈေးချိုတော်]]၊ တရုတ်တန်းဈေး စသည့်နေရာများသို့ သွားရောင်းကြသည်။


==ကိုးကား==
==ကိုးကား==

၂၁:၂၉၊ ၇ မတ် ၂၀၂၀ က နောက်ဆုံး တည်းဖြတ်မူ

ခိုတောင်မုန့်တီ

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ဒေသခံများ အစဉ်အဆက် ပါးစပ်ရာဇဝင်အဖြစ် မှတ်ယူလာသော ခိုတောင်မုန့်တီရာဇဝင်မှာ စကြာဒေဝီ မိဖုရားခေါင်ကြီးနှင့် ဆက်စပ်နေသည်။ ခိုတောင်မုန့်တီအစ စကြာဒေဝီမိဖုရားကြီးကဟု ပင် ဒေသခံများက ယနေ့တိုင် မှတ်ယူလျက် ရှိသည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်ကာ အစားအ သောက် ပျက်သည့်ကာလတွင် သမားတော်များက ဓာတ်စာအဖြစ် တီနဲ့တူသောမုန့်ကို စားပါမှ အသက်ရှည်မည်ဟု ဆိုသည့်အတွက် ခိုတောင်ရွာမှ မင်းမှုထမ်းများ၏ အကူအညီဖြင့် တီနှင့်တူသော မုန့်ကို ပြုလုပ်စေရာမှ မုန့်တီကို စတင်ကြံဆလုပ်ကိုင်ခဲ့သည်။ တောရွာများတွင် အရွက်သုပ်သည့် နည်းစနစ်ကို အခြေခံကာ ခိုတောင်မုန့်တီသုပ် ပြုလုပ်ပြီးဆက်သရာ မိဖုရားကြီး ခံတွင်းလိုက်ကာ ကျန်းမာလာခဲ့သည်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာသည်။

ရှေးယခင်က ခိုတောင်ရွာရှိ အမျိုးသမီးအများစုသည် ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြသည်။ ယနေ့ခေတ်တွင်မူ စစ်ကိုင်းဘက်မှ လိုင်းကားများဖြင့် မန္တလေးသို့ လာရောက် ရောင်းချကြသည်။

ခိုတောင်မုန့်တီပြုလုပ်သည့် နည်းပညာတွင် ဟင်းချိုချက်သည့် နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အစာပလာ ထည့်သည့်နည်းစနစ်များက အားသာပြီး မည်သည့်နယ်တွင်ပင် ရောင်းချစေကာမူ ခိုတောင်မုန့်တီနည်းစနစ်အတိုင်း ပြုလုပ်ကာ ခိုတောင်မုန့်တီအဖြစ်သာ ရောင်းချပြီး လက်ရှိကာလ မင်းကွန်းဒေသသို့ သွားရောက်သူအများစုမှာ အရသာထူးကဲသည့် ခိုတောင်မုန့်တီကို အားထား စားသောက်လေ့ရှိသည်။ [၁]

ချက်ပြုတ်နည်း[ပြင်ဆင်ရန်]

ခိုတောင်မုန့်တီသည် မန္တလေးမုန့်တီကဲ့သို့ မုန့်ဖတ်မကြီး၊ အသားဟင်းနှစ်မပါ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့ဖြင့် ရိုးရိုးသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်ကို ပိတ်စွယ်၊ တရုတ်နံနံ၊ နံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ချက်သည်။

ခိုတောင်မုန့်တီသည်တို့ ဆီချက်ထည့်သော် ဒန်အိုး မသုံးဘဲ ဒေသထွက် စဉ့်အိုးသေး၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း မြေအိုးဖြင့်ထည့်ပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းသန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။

ယခင်က ခိုတောင်မုန့်တီသည်များသည် ရောင်းမည့်မုန့်ဖတ်ကို ကိုယ်တိုင်ညှစ်ကြသည်။ နံနက်စောစောထကာ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ငှက်လှေများဖြင့် ကူးကြသည်။ ဂေါဝိန်ဆိပ်မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး စသည့်နေရာများသို့ သွားရောင်းကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေး နေ့စဉ်၊ ၂၇.၈.၂၀၁၈၊ စာ-၂၄
  2. ညီညီဇော်. "ခိုတောင်မုန့်တီအလွမ်း". 7Day News Journal.