ဟစနီး မူဘာရက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၁၀၃ - စာကြောင်း ၁၀၃ -
== ကိုးကား ==
== ကိုးကား ==
{{reflist}}
{{reflist}}

[[ကဏ္ဍ:အီဂျစ်နိုင်ငံ၏ သမ္မတများ]]
[[ကဏ္ဍ:၁၉၂၈ မွေးဖွားသူများ]]
[[ကဏ္ဍ:၂၀၂၀ ကွယ်လွန်သူများ]]
[[ကဏ္ဍ:အီဂျစ်နိုင်ငံ၏ ဝန်ကြီးချုပ်များ]]

၀၅:၄၄၊ ၂၉ ဖေဖော်ဝါရီ ၂၀၂၀ ရက်နေ့က မူ

ဟစနီး မူဘာရက်
حسني مبارك
မူဘာရက် (၂၀၀၉)
စတုတ္ထမြောက် အီဂျစ်နိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
14 October 1981 – 11 February 2011
ဝန်ကြီးချုပ်
ဒုတိယ သမ္မတOmar Suleiman[a]
ယခင်လူSufi Abu Taleb (Acting)
ဆက်ခံသူMohamed Hussein Tantawi (Interim)
အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
7 October 1981 – 2 January 1982
သမ္မတSufi Abu Taleb (Acting)
Himself
ယခင်လူAnwar Sadat
ဆက်ခံသူAhmad Fuad Mohieddin
၁၅ကြိမ်မြောက် အီဂျစ်နိုင်ငံ၏ ဒုတိယ သမ္မတ
တာဝန်သက်တမ်း
16 April 1975 – 14 October 1981
သမ္မတAnwar Sadat
ယခင်လူHussein el-Shafei
Mahmoud Fawzi
ဆက်ခံသူOmar Suleiman[a]
the Non-Aligned Movement ၏ အထွေထွေအတွင်းရေးမှူး
တာဝန်သက်တမ်း
16 July 2009 – 11 February 2011
ယခင်လူRaúl Castro
ဆက်ခံသူMohamed Hussein Tantawi (Acting)
အီဂျစ်လေတပ်၏ Commander
တာဝန်သက်တမ်း
23 April 1972 – 16 April 1975
သမ္မတAnwar Sadat
ယခင်လူAli Mustafa Baghdady
ဆက်ခံသူMahmoud Shaker
အီဂျစ်လေတပ် တက္ကသိုလ်၏ ညွှန်ကြားရေးမှူး
တာဝန်သက်တမ်း
November 1967 – June 1969[၁]
ယခင်လူYahia Saleh Al-Aidaros
ဆက်ခံသူMahmoud Shaker
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက်
(1928-05-04)၄ မေ၊ ၁၉၂၈
Kafr-El Meselha, အီဂျစ်
ကွယ်လွန်၂၅ ဖေဖော်ဝါရီ၊ ၂၀၂၀(2020-02-25) (အသက် ၉၁)
ကိုင်ရိုမြို့, အီဂျစ်နိုင်ငံ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရက်တစ်ပါတီ(အီဂျစ်) (1978–2011)
ကြင်ဖော်(များ)Suzanne Thabet (လက်ထပ် 1959)
သားသမီး
  • Alaa Mubarak
  • Gamal Mubarak
မိခင်ကျောင်းအီဂျစ် စစ်တက္ကသိုလ်
အီဂျစ် လေတက္ကသိုလ်
ဆိုဗိယက် ဖရူးန်ဇီး စစ်တက္ကသိုလ်
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ Egypt
တပ်/တပ်ဖွဲ့ခွဲ Egyptian Air Force
အမှုထမ်းကာလ1950–1975
ရာထူး – လေတပ်စစ်ဦးစီးချုပ် (Air Chief Marshal)[၂]
Commands​အီဂျစ် လေတပ်
အီဂျစ် လေတက္ကသိုလ်
ဘန်းနီ ဆူးအက်ဖ် လေတပ်အခြေစိုက်စခန်း (Beni Suef Air Base)
ကိုင်ရိုအနောက်လေတပ်အခြေစိုက်စခန်း (Cairo West Air Base)
a. ^ Office vacant from 14 October 1981 to 29 January 2011
b. ^ as Chairman of the Supreme Council of the Armed Forces
c.^ c. military rank withdrawn after trial

မိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက် (အင်္ဂလိပ်: Muhammad Hosni El Sayed Mubarak[မှတ်စု ၁]) (၄ မေ ၁၉၂၈ – ၂၅ ဖေဖော်ဝါရီ ၂၀၂၀) သည် အီဂျစ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၈၁မှ ၂၀၁၁ထိ ထမ်းဆောင်ခဲ့သော အီဂျစ်သမ္မတဖြစ်၍ အီဂျစ်နိုင်ငံ ၏ စတုတ္ထမြောက်သမ္မတလည်းဖြစ်သည်။

နိုင်ငံရေးလောကသို့ မဝင်ရောက်မီ မူဘာရက်သည် အီဂျစ်လေတပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၇၂မှ ၁၉၇၅ထိ အရေးပါသောထိပ်တန်းအရာရှိတစ်ဦးအဖြစ်ထမ်းဆောင်၍ ၁၉၇၃တွင် လေတပ်ဦးစီးချုပ်(air chief marshal)အဖြစ် ရာထူးတိုးမြင့်ရရှိခဲ့သည်။[၂] ၁၉၈၁ သမ္မတ အန်ဝေါ ဆက်ဒက်လုပ်ကြံခံရပြီးနောက် သမ္မတဖြစ်လာခဲ့သည်။ မူဘာရက်၏ သမ္မတသက်တမ်းသည် နှစ်သုံးဆယ် နီးပါးကြာမြင့်ခဲ့၏ ။၁၈၀၅မှ ၁၈၄၈ထိ (၄၃)နှစ်ကြာ အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့သော အောတမန် အုပ်ချုပ်သူ မိုဟာမက် အလီ ဘာရှ (Muhammad Ali Pasha) ပြီးလျှင် ဒုတိယသက်တမ်းအကြာဆုံးဖြစ်လေသည်။[၃] မူဘာရက်သည် ၂၀၁၁ အီဂျစ်တွင် ၁၈ရက်ကြာ ဖြစ်ပွားခဲ့သော တော်လှန်ရေးအတွင်း၌ နှုတ်ထွက်ခဲ့သည်။[၄] ၂၀၁၁ ဖေဖော်ဝါရီ ၁၁တွင် ထိုစဉ်က ဒုသမ္မတဖြစ်သူက သမ္မတနှင့် ၎င်းတို့ အသီးသီးနှုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။ ယင်းနောက် စစ်တပ်၏ ထိပ်တန်းကောင်စီကို အာဏာလွှဲပေးခဲ့လေသည်။[၅][၆]

၂၀၁၁ ဧပြီ ၁၃၊ အစိုးရရှေ့နေတစ်ဦးက မူဘာရက်နှင့် သားနှစ်ယောက်ကို အကျင့်ပျက်ချစားမှုနှင့် အာဏာအလွဲသုံးစာမှုများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ၁၅ရက်ကြာ ထိန်းသိမ်းခဲ့သည်။[၇] အီဂျစ်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသောသူများကို သတ်ဖြတ်ခြင်းအားတားဆီးရန် ပျက်ကွက်ခဲ့မှုအတွက် (တာဝန်ပျက်ကွက်မှု)စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သည်။[၈] ၂၀၁၁ ဩဂုတ်လ ၃ရက်မှ စတင်ရုံးထုတ်သည်။[၉] ၂၀၁၂ ဇွန် ၂၊ အီဂျစ်တရားရုံးက မူဘာရက်အား တစ်သက်တစ်ကျွန်းထောင်ဒဏ်စီရင်ခဲ့သည်။ ပြစ်ဒဏ်စီရင်ပြီးနောက် ကျန်းမာရေးဆိုးရွားမှုများဖြစ်ပေါ်လာခဲ့ကြောင်း သတင်းအရသိရှိရသည်။ ၂၀၁၃ ဇန်နဝါရီ ၁၃ ၌ အီဂျစ်နိုင်ငံ၏ ထိပ်တန်းအယူခံရုံးတော်မှ မူဘာရက်၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ထပ်မံတရားရင်ဆိုင်စေသည်။[၁၀] ပြန်လည်တရားရင်ဆိုင်ရာတွင် မူဘာရက်နှင့် သားများအား အကျင့်ပျက်ချစားမှုဖြင့် ၂၀၁၅ မေ ၉တွင် ထောင်ဒဏ် စီရင်ခဲ့သည်။[၁၁] မူဘာရက်ကို စစ်ဆေးရုံတွင် ထိန်းသိမ်းထားပြီး ၎င်းသားများကို ၂၀၁၅ အောက်တိုဘာ ၁၂ ၌ ကိုင်ရိုတရားရုံးက လွှတ်ပေးခဲ့သည်။[၁၂] ၎င်းကိုလည်း ၂၀၁၇ မတ်လ ၂ ၌ အပြစ်မရှိကြောင်းစီရင်၍ ၂၀၁၇ မတ် ၂၄တွင် လွှတ်ပေးခဲ့၏ ။[၁၃][၁၄]

၂၀၂၀ ဖေဖော်ဝါရီ ၂၅တွင် ကွယ်လွန်ခဲ့သည်။[၁၅][၁၆] ကိုင်ရိုမြို့ပြင် မိသားစုမြေကွက်၌ စစ်ရေးဆိုင်ရာဖြင့် မြုပ်နှံခွင့်ရရှိခဲ့သည်။[၁၇]

ငယ်စဉ်ဘဝနှင့် လေတပ်အမှုထမ်းခြင်း

၁၉၂၈ မေ ၂၄တွင် မူဘာရက်ကို အီဂျစ်နိုင်ငံ မန်နူဖက်ယဲ့(Monufia)အုပ်ချုပ်ရေးနယ်မြေ၊ ကားဖ်ရ် အက်ရှ် မဆဲဟာ(Kafr El-Meselha)တွင် မွေးဖွားခဲ့သည်။[၁၈] ၁၉၄၉ ဖေဖော်ဝါရီလတွင် စစ်တက္ကသိုလ်ပြီး၍ အီဂျစ်လေတပ်တွင် အမှုထမ်းသည်။[၂] လေကျောင်းသိပ္ပံဘွဲ့ရရှိခဲ့သည်။[၁၉]

လေတပ်ဌာနအမျိုးမျိုး၌အမှုထမ်းပြီး[၂] ၁၉၅၀ခုနှစ်များဆီမှ ၁၉၅၉ထိ လေတပ်တက္ကသိုလ်တွင် သရုပ်ပြဆရာလုပ်သည်။[၂] ၁၉၅၉မှ ၁၉၆၁ထိ ဆိုဗိယက်ပြည်ထောင်စုတွင် လေယာဉ်မောင်းသင်တန်းများတက်ခဲ့သည်။[၂၀] အီဂျစ်သို့ပြန်ရောက်ပြီးနောက် လေတပ်အရာရှိ၊ လေတပ်အခြေစိုက်အရာရှိအဖြစ် အမှုထမ်းခဲ့သည်။[၂]

၁၉၇၃တွင် လေတပ်မတော်၏ အုပ်ချုပ်သူအရာရှိနှင့် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်ကာ ၁၉၇၃တွင် အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားမှု၌ ဆူးအက်တူးမြောင်း အရှေ့ကမ်းရှိ အစ္စရေးစစ်သားများကို ကိုရှောင်တခင်လေတပ်စစ်ဆင်ရေးလုပ်ခဲ့သည်။ အီဂျစ်လေယာဉ်မှူးများသည် ပစ်မှတ် ၉၀%ထိမှန်အောင်ပစ်ခတ်နိုင်သဖြင့် မူဘာရက်သည် နိုင်ငံ၏ သူရဲကောင်းဖြစ်လာခဲ့သည်။[၂၁] နောက်တစ်နှစ်၌ ထိုစစ်ပွဲအား အသိအမှတ်ပြုသည့် အနေဖြင့် လေတပ်စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။[၂][၂၂] စစ်ပွဲ၌ အီဂျစ်နိုင်ငံ၏ အစောပိုင်းခိုင်မာသည့် ဆောင်ရွက်ချက်များကြောင့် တရားဝင်ကြေငြာချက်များတွင် မူဘာရက်ကို ချီးမွမ်းမှုများရှိခဲ့သည်။[၂၃] မူဘာရက်၏ ဩဇာလွှမ်းမိုးမှုကို ယခင်တပ်ကာကွယ်ရေးဦးစီးချုပ် Saad el-Shazly ၏ သမီး Shahdan El-Shazliက မူဘာရက်သည် စာရွက်စာတမ်းများလဲထားကြောင်း၊ ၁၉၇၃အစောပိုင်းအောင်မြင်မှုများအတွက် ၎င်းဖခင်ရရှိမည့် ချီးကျူးမှုများကို ယူသွားကြောင်း ပြောဆိုခဲ့၏ ။ နောက်ဆက်လက်ပြောဆိုသည်မှာ စစ်ရေးဆိုင်ရာအမိန့်ပေးသည့် အခန်းတစ်ခု၌ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ဓါတ်ပုံများမှာ ပြောင်းလဲထားကြောင်းနှင့် ထိုပုံများတွင် Saad El-Shazliကို ဖျက်ထားပြီး မူဘာရက်နှင့် အစားထိုးထားကြောင်းလည်းပြောဆိုသွားခဲ့သည်။[၂၄]

ဒုတိယသမ္မတ နှင့် သမ္မတတာဝန်

၁၉၇၅ ဧပြီတွင် အန်းဝေါ ဆက်ဒတ်က မူဘာရက်ကို ဒုတိယသမ္မတခန့်အပ်ခဲ့သည်။[၂၅] ဤရာထူး၌ အစ္စရေးနှင့် အနာဂတ်တွင်တိုက်ခိုက်ခြင်းမပြုပဲ ဆုတ်ခွာရန် စစ်တပ်သဘောတူညီမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။[၂၆] အစ္စရေးနှင့် တိုက်ခိုက်ခြင်းမပြုရန် ဆော်ဒီနှင့် ဆီရီးယားကို တိုက်တွန်းသော်လည်း ဆီရီးယားမှ လက်မခံဘဲ ငြင်းဆန်သည်။[၂၇][၂၈] ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ခင်မင်ရင်းနှီးလာခဲ့သည်။[၂၉] မူဘာရက်သည် အာရပ်ဒေသရှိ ထိပ်တန်းခေါင်းဆောင်များနှင့်ပါ ဆက်ဆံရေးတိုးတက်လာသည်။[၂၉]

Egyptian presidential referendum 1981 Akhbar newspaper

ဗိုလ်ကြီးတစ်ဦးဖြစ်သော Khalid Islambouli ဦးဆောင်လာသော စစ်သားများမှ ၁၉၈၁ အောက်တိုဘာတွင် သမ္မတ ဆက်ဒက်အားလုပ်ကြံသတ်ဖြတ်မှုတွင် မူဘာရက်ဒဏ်ရာရရှိခဲ့သည်။[၃၀] ဤအဖြစ်အပျက်ပြီးနောက် အီဂျစ်၏ စတုတ္ထမြောက် သမ္မတဖြစ်လာသည်။

အီဂျစ်နိုင်ငံ အာရပ်အဖွဲ့ချုပ်သို့ ပြန်ဝင်ခြင်း

သမ္မတ ဆက်ဒက်၏ အစ္စရေးနှင့် စစ်ပြေငြိမ်းမှုကြောင့် အီဂျစ်ကို အာရပ်အဖွဲ့ချုပ်က အသင်းဝင်အဖြစ် ဆိုင်းငံ့ခဲ့သည်။[၃၁] ၁၉၈၂၌ မူဘာရက်က ဆော်ဒီဘုရင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်မှုအစဖြစ်လာခဲ့သည်။[၃၂] အီဂျစ်သည် အာရပ်အများဆုံးနေထိုင်သည့်တိုင်းပြည်ဖြစ်၍ ဆော်ဒီသည် အချမ်းသာဆုံးနိုင်ငံဖြစ်သဖြင့် အာရပ်ကမ္ဘာတွင် အီဂျစ်-ဆော်ဒီဝင်ရိုးသည် စွမ်းအားရှိသော အားတစ်ရပ်ဖြစ်လာခဲ့၏ ။ ၁၉၈၂ အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲတွင် ဆော်ဒီက အီဂျစ်၏ ငြိမ်းချမ်ရေးအစီအစဉ်ကို တင်ပြခဲ့သည်။ ထိုအစီအစဉ်၌ အစ္စရေးကပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ခွင့်ပြုရန်၊ အာရပ်ကမ္ဘာတစ်ခုလုံးက အစ္စရေးနှင့် ငြိမ်းချမ်းရေးယူရန်တို့ဖြစ်ကြသည်။[၃၂]

အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက ၁၉၇၉မှစ၍ အစ္စလာမ္မစ်ကမ္ဘာကို ၎င်းကဦးဆောင်သူဖြစ်ကြောင်း ပြောကြားမှုများရှိခဲပြီး အထူးသဖြင့် ခေါင်းဆောင် ခိုမေးနီ (Khomeini) က အီရတ်၊ ဆော်ဒီ၊ ကူဝိတ်နှင့် ပါရှန်းပင်လယ်ကွေ့တောင်ပိုင်းရှိ အခြားအာရပ်နိုင်ငံများ၏ အစိုးရများကိုဖြုတ်ချရန် နှိုးဆော်သည်။ ထိုနိုင်ငံများကို တရားမဝင် နိုင်ငံများဟုလည်းသုံးနှုန်းသည်။[၃၃] ခိုမေးနီ၏ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဖြစ်ရန် အခိုင်အမာပြောကြားမှု၊ ခိုမေးနီက အစ္စလာမ်အစစ်မဟုတ်ဟုသတ်မှတ်သော ဆော်ဒီ၊ အီရတ်ကဲ့သို့သော ပစ်မှတ်ထားသည့် နိုင်ငံများ၏ အစိုးရပိုင်း၌ နက်နဲသောကြောက်စိတ်များ ကိန်းအောင်းလာစေရန် အလုပ်ဖြစ်မြောက်မည့် အီရန်တော်လှန်ရေးကိုသဘောသဘာများကို ထိုနိုင်ငံများသို့တင်ပို့ရန်ကြိုးပမ်းအားထုတ်မှုများရှိပြီးနောက်[၃၃] အီရန်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အခြားအာရပ်နိုင်ငံများက အီဂျစ်အား မိတ်ဖက်အဖြစ်မြင်လာခဲ့သည်။[၃၃] ဆော်ဒီဘုရင်နှင့် အခြားပင်လယ်ကွေ့အာရပ်တိုင်းပြည်များအတွက် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် ဖျော့တော့လာကာ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဟု အီရန်၏ ဟိတ်ဟန်ထုတ်ခြင်းကို ခုခံရင်ဆိုင်ရန်အလို့ငှာ အီဂျစ်ကို လစ်လျူပြု၍မရသည့်အနေအထားဖြစ်လာခဲ့သည်။ [၃၃]

အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈) တွင် အီဂျစ်က အီရတ်ကို စစ်ရေးနှင့် စီးပွားရေးဆိုင်ရာအကူအညီပေးခဲ့သည်။[၃၃] ၁၉၈၃ ဒီဇင်ဘာ၌ မူဘာရက်က ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့( PLO) ခေါင်းဆောင် ယာဆာ အာရာဖတ်ကို ကိုင်ရိုထိပ်သီးအစည်းအဝေးတွင်ကြိုဆိုခဲ့သည်။ PLOနှင့် ပြန်လည်သင့်မြတ်မှုအဖြစ်ညွှန်းဆိုနိုင်ပြီး ထိုအချိန်မှစတင်ကာ PLO၏ အဓိက မဟာမိတ်ဖြစ်လာခဲ့သည်။[၃၄]

အုပ်ချုပ်ရေးပုံစံ

၁၉၈၀ပြည့်နှစ်များတလျှောက် မူဘာရက်သည် တတ်နိုင်သည့်ဈေးနှုန်းဖြင့် အိမ်ရာ၊ အဝတ်အထည်၊ ပရိဘောဂနှင့် ဆေးဝါး တည်ဆောက်၊ထုတ်လုပ်ခြင်းများ တိုးမြှင့်ခဲ့သည်။ သမ္မတဖြစ်လာသောအခါ အီဂျစ်-အစ္စရေးဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် စိတ်အားထက်သန်မှု များစွာမရှိသဖြင့် စ်-အစ္စရေးသို့ သွားရောက်လည်ပတ်ရန်ငြင်းဆိုသော အီဂျစ်အရာရှိအနည်းငယ်ထဲက တစ်ဦးဖြစ်လာသည်။[၂၉]၎င်း၏ မူဝါဒများသည် အနာဂတ် အီဂျစ်-အစ္စရေးဆက်ဆံရေးညှိနှိုင်းခြင်းများအတွက် အခက်အခဲအတားအဆီးများဖြစ်စေမည်ဟုဆိုခြင်းကို ငြင်းဆန်သည်။[၂၉] ၂၀၀၆၌ အစ္စရေးသမိုင်းပညာရှင် Karsh က မူဘာရက်အား ဂျူးလူမျိုးမုန်းတီးရေးဝါဒီဟု စွပ်စွဲသည်။[၃၅]

အီဂျစ်သည် အမေရိကန်ပြည်ထောင်စု အကူအညီပေါ်၌ များစွာမှီတည်ရသည်။[၃၆] မူဘာရက်လက်ထက်၌ အမေရိကန်၏ ပါလက်စတိုင်းနယ်မြေအတွက် အစ္စရေးအပေါ်ဖိအားပေးရန် အီဂျစ်နိုင်ငံ၏ မျှော်လင့်ချက်များမှာ ဆက်လက်တည်ရှိခဲ့သည်။[၃၇] ယခင် ဆိုဗိယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိတ်တဆိတ် တိုးမြှင့်ခဲ့သည်။ ၁၉၈၇ ရွေးကောက်ပွဲ၌ ဒုတိယ ခြောက်နှစ်သက်တမ်းထပ်မံ အနိုင်ရရှိသည်။[၂၀]

၁၉၈၀၊ ၁၉၉၀၊ ၂၀၀၀ပြည့်နှစ်များတွင် အီဂျစ်နိုင်ငံ၏ လုံခြုံရေးလုပ်ဆောင်မှုများက ဖြစ်စေသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ (Amnesty International)က စနစ်တကျလုပ်ဆောင်မှုများဟု ဖော်ပြသည်။[၃၈] အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က ၂၀၀၇တွင် ထုတ်ပြန်သော သတင်း၌ အီဂျစ်ရဲများသည် ရိုက်နှက်ခြင်း၊ လျှပ်စစ်လျှော့တိုက်ခြင်း၊ ဆိုးဝါးသော အကျဉ်းထောင်များ၌ လက်ကောက်ဝတ်၊ ခြေကျဉ်းဝတ်များခတ်ထား၍ ကြာရှည်စွာ ထိန်းသိမ်းခြင်း၊ အသက်အန္တရာယ်ခြိမ်းချောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ၌ ပါဝင်လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။[၃၈] The state remained large under Mubarak employing 8 million people out of a population of 75 million.[၃၈] ၎င်း၏ အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ တင်းကျပ်သောဘာသာရေး အခြေခံသဘောတရားများ၊ အစ္စရေးအပေါ်ထားရှိသော မူဝါဒနှင့် ဆက်စပ်ပြီး လုပ်ကြံရန်ကြိုးပမ်းမှုများစွာ၏ အဓိက ပစ်မှတ်ဖြစ်လာခဲ့သည်။ဘီဘီစီအရဆိုလျှင် လုပ်ကြံခံရမှု ခြောက်ကြိမ်ရှိခဲ့ကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ [၃၉] ၁၉၉၉ စက်တင်ဘာတွင် Port Saidမြို့ ဓါးကိုင်လာသောလုပ်ကြံသူကြောင့် ဒဏ်ရာရသည်ဟုလည်းဖော်ပြကြသည်။[၄၀]

အနောက် ဘာလင်၌ မူဘာရက်အားတွေ့ရစဉ်၊ ၁၉၈၉

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ

မှတ်စု

  1. အာရပ်: محمد حسني السيد مبارك‎, ရောမအက္ခရာ: Muḥammad Ḥusnī as-Sayyid Mubārak

ကိုးကား

  1. Darraj၊ Susan Muaddi; Cox၊ Vicki (2007)။ Hosni MubarakISBN 9781438104676
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ Air Marshal Mohammed Hosni Mubarak။ Egyptian Armed Forces။ 23 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Slackman၊ Michael။ "Hosni Mubarak"၊ The New York Times၊ 8 March 2010။ 
  4. Kirkpatrick၊ David D.။ "Egypt Calls in Army as Protesters Rage"၊ New York Times၊ 28 January 2011။ 
  5. Kirkpatrick၊ David D.။ "Mubarak Steps Down, Ceding Power to Military"၊ New York Times၊ 11 February 2011။ 
  6. "Egypt crisis: President Hosni Mubarak resigns as leader"၊ BBC၊ 11 February 2010။ 
  7. Kirkpatrick၊ David D.။ "Prosecutors Order Mubarak and Sons Held"၊ The New York Times၊ 13 March 2011။ 
  8. "Mubarak to be tried for murder of protesters"၊ Reuters၊ 24 May 2011။ 
  9. "Trial of Egypt's Hosni Mubarak starts"၊ BBC၊ 3 August 2011။ 
  10. Egypt's Mubarak to get retrial Archived 20 January 2013 at the Wayback Machine.. 3 News. Retrieved on 16 January 2014.
  11. "Egypt's Hosni Mubarak jailed in corruption retrial"၊ 9 May 2015။ 
  12. "Jailed sons of Egypt's deposed leader Hosni Mubarak freed"၊ 13 October 2015။ 
  13. "Egypt's Hosni Mubarak acquitted over 2011 protester deaths"၊ 3 March 2017။ 
  14. "Egypt's Hosni Mubarak freed after six years in detention" (in en-GB)၊ BBC News၊ 24 March 2017။ 
  15. Egypt's former president Hosni Mubarak dies at 91။ 25 February 2020 တွင် ပြန်စစ်ပြီး။
  16. "Former Egyptian president Hosni Mubarak dies" (in en-GB)၊ BBC News၊ 25 February 2020။ 
  17. Ruth Michaelson (26 February 2020)။ Hosni Mubarak buried with full military honoursThe Guardian။ 26 February 2020 တွင် ပြန်စစ်ပြီး။
  18. Profile: Egyptian President Hosni Mubarak (10 February 2010)။ 14 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. "Hosni Mubarak (1928–2020): The rise and fall of Egypt's longest-ruling president"၊ Mada၊ 25 February 2020။ Archived from the original on 25 February 2020။ 
  20. ၂၀.၀ ၂၀.၁ "Timeline: Hosni Mubarak, Egypt's President for Three Decades, Resigns"၊ 11 February 2011။ 26 February 2020 တွင် ပြန်စစ်ပြီး 
  21. CNN Library, Hosni Mubarak Fast Facts. 31 May 2014
  22. de Borchgrave၊ Arnaud။ "The Mubarak legend – Longtime strongman can't withstand media barrage"၊ The Washington Times၊ 2 February 2011။ 
  23. "Middle East factfile: Key figures"၊ The Daily Telegraph၊ 15 January 2002။ 
  24. You must specify title = and url = when using {{cite web}}.Khalid၊ Osama (26 February 2011)။ (in Arabic)။ 25 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  25. El-Tablawy၊ Tarek။ "Egypt's Hosni Mubarak, 'pharaoh' president ousted during Arab Spring, dies at 91"၊ Fortune 
  26. Eilts to Kissinger, July 22, 1975။ 29 January 2011 တွင် ပြန်စစ်ပြီး။
  27. Eilts to Kissinger, September 3, 1975။ 29 January 2011 တွင် ပြန်စစ်ပြီး။
  28. Hermann Eilts (US Ambassador to Egypt) to Henry Kissinger, September 5, 1975။ 29 January 2011 တွင် ပြန်စစ်ပြီး။
  29. ၂၉.၀ ၂၉.၁ ၂၉.၂ ၂၉.၃ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named sadhos2
  30. "The Cop on the Banks of the Nile"၊ Wall Street Journal၊ 26 July 2010။ 26 February 2020 တွင် ပြန်စစ်ပြီး 
  31. American Foreign Policy Basic Documents 1977-1980 (Communiqué by Arab League Council, 31 March 1979)။ Washington DC: Department of State။ 1983။ pp. 687–69026 February 2020 တွင် ပြန်စစ်ပြီး
  32. ၃၂.၀ ၃၂.၁ Karsh၊ Efraim (2006)။ Islamic imperialism: A History။ New Haven: Yale University Press။ p. 175။ ISBN 0-300-10603-3OCLC 62408708
  33. ၃၃.၀ ၃၃.၁ ၃၃.၂ ၃၃.၃ ၃၃.၄ Karsh၊ Efraim (2006)။ Islamic Imperialism: A History။ New Haven: Yale University Press။ p. 174။ ISBN 0-300-10603-3OCLC 62408708
  34. Karsh၊ Efraim (2006)။ Islamic Imperialism: A History။ New Haven: Yale University Press။ p. 176။ ISBN 0-300-10603-3OCLC 62408708
  35. Karsh၊ Efraim (2006)။ Islamic Imperialism: A History။ New Haven: Yale University Press။ p. 184။ ISBN 0-300-10603-3OCLC 62408708
  36. Amin၊ Galal (1 April 2011)။ Egypt in the Era of Hosni Mubarak (အင်္ဂလိပ်ဘာသာစကားဖြင့်)။ American University in Cairo Press။ p. 55။ ISBN 978-1-61797-054-2
  37. Farrell၊ William E.။ "Lebanon War's Impact on Egypt: 'back to Square One'; News Analysis" (in en-US)၊ The New York Times၊ 24 August 1982။ 
  38. ၃၈.၀ ၃၈.၁ ၃၈.၂ No paradise (15 July 2010)။ 30 November 2016 တွင် ပြန်စစ်ပြီး။
  39. BBC News, Profile: Hosni Mubarak. 22 August 2013.
  40. Daniszewski၊ John။ "Man Killed After Injuring Mubarak"၊ Los Angeles Times၊ 7 September 1999။