လွင်၊ ဦး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox politician
{{Infobox politician
| honorific_prefix =သီရိပျံချီ
| honorific_prefix =သီရိပျံချီ
| name = ဦးလွင်
| name = ဦး​လွင်
| image =
| image =
| alt =
| alt =

၁၁:၄၄၊ ၂၃ ဖေဖော်ဝါရီ ၂၀၂၀ ရက်နေ့က မူ

သီရိပျံချီ

ဦး​လွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး
တာဝန်သက်တမ်း
၉ အောက်တိုဘာ ၁၉၉၅ – ၂၀၁၀
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်သုံးခွမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၈,၁၈၉ (၆၈%)[၁]
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး
ခေါင်းဆောင်ဦးနေဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၂ အောက်တိုဘာ ၁၉၂၄
ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန်ဒီဇင်ဘာ ၆၊ ၂၀၁၁(၂၀၁၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၆) (အသက် ၈၇)
ဗဟန်းမြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
သင်္ဂြိုဟ်ရာနေရာရေဝေးသုသာန်၊ ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးစုစုလွင်၊ ကျော်ဆန်းလွင်
မိဘဦးဘသာ
ဒေါ်သိန်း
မိခင်ကျောင်းImperial Japanese Army Academy
British Royal Military Academy
အလုပ်အကိုင်စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးသမား
ကျော်ကြားမှုဒုတိယဝန်ကြီးချုပ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး
ဆုတံဆိပ်များလွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)
နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)
သီရိပျံချီဘွဲ့
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးလွင် (၂၂ အောက်တိုဘာ ၁၉၂၄ – ၆ ဒီဇင်ဘာ ၂၀၁၁) သည် မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးကြီး နှင့် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့မှုများ အတွက် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)၊ နှင့် သီရိပျံချီဘွဲ့ တို့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။[၂] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။

ငယ်ဘဝ

ဦးလွင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိဒေါ်သိန်း တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။

ဘီအိုင်အေသို့ ဝင်ရောက်ခြင်း

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗိုလ်ချုပ်အောင်ဆန်းဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီ-အိုင်-အေ)ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင် ပါဝင်ခဲ့ပါသည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ပထမပတ်သင်တန်း ဗိုလ်သင်တန်းဆင်းဖြစ်ကာ ဂျပန်နိုင်ငံ ဘုရင့်တပ်မတော် စစ်တက္ကသိုလ်ဆင်း တစ်ဦးလည်း ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း သနက(၅)၊ အမှတ်(၇) ခြေလျင်တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ (၁၀၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်

၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကာလများတွင် အဆင့်မြင့်စစ်သင်တန်းများကို အင်္ဂလန်နိုင်ငံ စစ်တက္ကသိုလ်များသို့ သွားရောက်သင်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စစ်သံမှူးအဖြစ်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရတခတိုင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၇၁ ခုနှစ်နောက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အနားယူခဲ့သည်။

နိုင်ငံရေးသမား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင် ဘဏ္ဍာရေးမှူး အဖြစ်တာဝန်ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်လည်း အတွင်းရေးမှူးအဖြစ်တာဝန် ဆက်လက်ပေးခံခဲ့ရသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်သည်။

ဘဝနိဂုံး

၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။ [၃]

မိသားစု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နဝမမြောက် သမ္မတဖြစ်သူ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် သည် ဦးလွင်၏ သမီး ဖြစ်သည်။

ကိုးကား