မွန်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ - စာကြောင်း ၆ -
| region = [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ]] နှင့် အရှေ့ပိုင်းဒေသများ
| region = [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ]] နှင့် အရှေ့ပိုင်းဒေသများ
| ethnicity = [[မွန်လူမျိုး|မွန်]]
| ethnicity = [[မွန်လူမျိုး|မွန်]]
| speakers = ၈၅၁,၀၀၀
| speakers = (၁)သန်းကျော်
| date = ၂၀၀၇
| date = ၂၀၂၀
| ref = e18
| ref = e18
| familycolor = Austroasiatic
| familycolor = Austroasiatic
စာကြောင်း ၁၃ - စာကြောင်း ၁၃ -
| script = [[မြန်မာအက္ခရာ|မွန်-မြန်မာအက္ခရာ
| script = [[မြန်မာအက္ခရာ|မွန်-မြန်မာအက္ခရာ
]]
]]
| minority = {{flag|Myanmar}}
| minority = {{flag|Myanmar /ထိုင်းနိုင်ငံ}}
| lc1 = mnw
| lc1 = mnw
| ld1 = Modern Mon
| ld1 = Modern Mon

၀၈:၂၈၊ ၁၅ ဖေဖော်ဝါရီ ၂၀၂၀ ရက်နေ့က မူ

Mon
ဘာသာ မန်
အသံထွက်[pʰesa mɑn]
ဒေသခံမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီး
ဒေသဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နှင့် အရှေ့ပိုင်းဒေသများ
လူမျိုးစုမွန်
ဒေသခံ ပြောဆိုသူများ
(၁)သန်းကျော် (၂၀၂၀)[၁]
မွန်-မြန်မာအက္ခရာ
တရားဝင် အခြေအနေ
လူနည်းစု ဘာသာစကားအဖြစ်
အသိအမှတ်ပြုခြင်း
ဘာသာစကားကုဒ်များ
ISO 639-3Either:
mnw – Modern Mon
omx – Old Mon
omx Old Mon
Glottologmonn1252  Modern Mon[၂]
oldm1242  Old Mon[၃]
ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။

မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူသော်လည်း အရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းထက်နည်းသောသူများက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ မွန်မျိုးနွယ် အများစုသည် ဗမာဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ မွန်စာပေ အရေးအသားသည် အိန္ဒိယနိုင်ငံရှိ ဗြာမီအရေးအသား မှဆင်းသက်လာပြီး ဗမာစာပေ အရေးအသား၏ မူလအစဖြစ်သည်။

သမိုင်း

မြန်မာ့သမိုင်းတွင် မွန်ဘာသာစကားသည် အရေးပါသော ဘာသာစကားဖြစ်သည်။ အေဒီ ၁၂ ရာစု တိုင်အောင် ဧရာဝတီမြစ်ဝှမ်း၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကား ဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း အောက်ပိုင်း တောင်ကြား မွန်မင်းနေပြည်တော်များ အတွင်းသာမက ပုဂံခေတ် (ပုဂံ) ဗမာနိုင်ငံ အထက်မြစ်ဖျားအထိ အသုံးပြုခဲ့ကြသည်။ ၁၀၅၇ ခုနှစ်တွင် မွန်မင်းနေပြည်တော် သထုံပြည်သည် ပုဂံနိုင်ငံ လက်အောက်သို့ ကျရောက်ပြီးနောက်တွင်လည်း အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော မွန်စာပေသည်ဆက်လက်၍အဓိက ဘာသာစကားဖြစ် ခဲ့သည်။ပုဂံဘုရင်ကျန်စစ်သားမင်း(၁၀၈၄၁၁၁၂)သည် မွန်ယဉ်ကျေးမှုကိုမြတ်နိုးခဲ့ပြီး မွန်ဘာသာစကားကိုအားပေးချီးမြှောက်ခဲ့သည်။ ၎င်းအုပ်စိုးစဉ်ကာလအတွင်း မွန်အရေးအသားသည်မြန်မာစာပေအရေး အသား တီထွင်ဖန်တီးမှု၏ အရင်းခံ ဖြစ်ခဲ့သည်။ မွန်ခေတ်တွင် ကျန်စစ်သားမင်းသည် မွန်ဘာသာဖြင့် ရေးသားထားသော များစွာသော ကမ္ဗည်းကျောက်စာများကိုထားရစ်ခဲ့သည်။ထိုအချိန်ကာလအတွင်း ပါဠိ၊ ပျူ၊ မွန် နှင့် မြန်မာစာတို့ဖြင့် မျက်နှာလေးဖက်တွင် အတ္ထုပ္ပတ္တိဇာတ်ကြောင်း တစ်ခုတည်းကို ဖော်ပြရေးသားထားသော ရာဇကုမာရ် ရေးထိုးခဲ့သော မြစေတီကျောက်စာကို ထွင်းခဲ့သည်။သို့ရာတွင် ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မွန်ဘာသာစကား အသုံးပြုမှုမှာ မြန်မာလူမျိုးများအတွင်းကျဆင်းခဲ့သည်။ မွန်နှင့်ပျူတို့အစားရှေးဗမာဘာသာစကားကို ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင်ပြောဆိုကြသည့် အရောအနှောစကား အဖြစ် စတင် အစားထိုးခဲ့ကြသည်။

ပျက်သုဉ်းသွားသော ဒွွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ် ခမာများ ဖြစ်ကြသည်ဟူ၍ကား ရှင်းလင်းကွဲပြားမှု မရှိပါချေ။ နောက်မှပေါ်ပေါက်လာသော ကမ္ဗည်းစာများနှင့် လာဗိုကဲ့သို့သော မင်းနေပြည်တော်များတို့မှာ ခမာတို့ လက်အောက်ခံဖြစ်ကြသည်။ ပုဂံကျရှုံးပြီးနောက် မွန်ဘာသာစကားကို ယခုခေတ် အောက်မြန်မာပြည် ဖြစ်သော လွတ်လပ်သည့် မွန်မင်းနေပြည်တော် ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉) တွင် ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကားအဖြစ် ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ၁၉ ရာစု အလယ်တိုင်အောင် မွန်လူမျိုးတို့ အများစုနေထိုင်သော အောက်မြန်မာပြည်တွင် မွန်ဘာသာစကားကို ပျံ့နှ့ံသုံးစွဲခဲ့ကြသည်။

၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလို်က် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို တတိယမြောက် ဘာသာစကားအဖြစ် အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။ (နောက်ပိုင်ကာလတွင် မွန်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ မူလတန်းနှင့်အလယ်တန်းထိကျောင်းများဖွင့်နိုင်ခဲ့ပါတယ် ဆရာ/မ များကိုဆရာဖြစ်သင်တန်း ဖွင့်ပေးခဲ့သလို အစိုးရပြဋ္ဌာန်းစာတွေလည်း သင်ကြားရပါတယ် မြန်မာစာကို မြန်မာလို သင်ပြီးသင်္ချာ၊ပထဝီ၊သမိုင်း၊သိပ္ပံ၊သဒ္ဒါ၊သင်္ဂြိုဟ် ကိုမွန်ဘာသာဖြစ် သင်းကြားရပါတယ်)

ပုဂံခေတ် စောလူးမင်း ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ကျောက်စာ၏ အရှေးမျက်နှာတွင် မွန်အက္ခရာနဲ့ ပါဠိဘာသာက (၈) ကြောင်းခန့်ရှိပြီး ကျန်တွေက မွန်ဘာသာဖြစ်သည်၊၊ ကျောဘက်မျက်နှာ ပထမဦးဆုံးအပိုင်း၌ နာဂရီအက္ခရာဖြင့် သက္ကတဘာသာက (၈) ကြောင်း၊ နောက်ပြီး အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ပါဠိဘာသာက (၂၁) ကြောင်း၊ အောက်ဆုံးက ပျူအက္ခရာနှင့် ပျူဘာသာဖြင့် စာ (၇) ကြောင်းအသီးသီး ရေးထိုးထားသည်၊၊ ကျောက်စာတခုလုံးကို ကြည့်လျှင် အက္ခရာလေးမျိုး ဘာသာစကားလေးခုဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သည်၊၊

ဒေသသုံးစကားများ

မြန်မာနိုင်ငံတွင် မွန်လူမျိုးတို့နေထိုင်သည့် ဒေသအမျိုးမျိုးမှ လာသော ဒေသသုံး မွန်ဘာသာစကား အဓိက သုံးမျိုးရှိသည်။ ၎င်းတို့မှာဗဟို ဒေသသုံးစကား (မုတ္တမ နှင့်မော်လမြိုင်ပတ်ဝန်းကျင်ဧရိယာ)၊ ပဲခူး နှင့် ရေး တို့ဖြစ်သည်။ အားလုံးမှာ အပြန်အလှန် နားလည်နိုင်သည်။ ထိုင်းမွန်တို့တွင်မွန်တို့၏ မြန်မာဒေသသုံးစကားနှင့်ခြားနားချက်အချို့ရှိသော်လည်း ၎င်းတို့ကိုနှစ်ဖက်စလုံးမှနားလည်နိုင်ပါသည်။

အရေးအသား

မွန်စာပေအရေးအသားမှ မြန်မာစာပေအရေးအသား ဆင်းသက်လာသည်။ သို့ရာတွင် ကွဲပြားသော စာလုံးအတော်များများနှင့် မြန်မာစကားတွင်မရှိသောအသံထွက်စနစ်ကိုပြသည့်အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားများကို အသုံးပြုသည်။ အလယ်စာလုံး “လ” ၏ အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားကို စာလုံး၏ အောက်တည့်တည့်တွင် ရေးသည်။

မွန် အက္ခရာများ
မွန် အက္ခရာများ

စကားလုံးအသံထွက်များကိုလေ့လာသည့်ပညာ

ဗျည်းများ

နှုတ်ခမ်း အပေါ်သွားနှင့်လျှာထိပြီးဆိုရသောအသံ အာခေါင်သံ လျှာရင်းသံ အာခေါင်ရင်းသံ
နှုတ်ခမ်းပိတ် p pʰ ɓ t tʰ ɗ c cʰ k kʰ ʔ
သွားစိသံ s ç 1 h
နှာခေါင်းသံ m n ɲ ŋ
အာလုပ်သံ w l, r j

သရများ

အရှေ့ အလယ် အနောက်
သရတို i ဣ u ဦ
သရအလတ် e ‌ေ ə o အို
သရဆွဲအလတ် ɛ ɒ ɔ
သရဆွဲ a ာ

အသံ ပိုင်းဆိုင်ရာမှတ်တမ်းများ

ပတ်ဝန်းကျင်ရှိ မြန်မာ နှင့် ထိုင်း ဘာသာစကားများနှင့် ကွဲပြားစွာ၊ မွန်ဘာသာစကားမှာ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ မွန်-ခမာ ဘာသာစကား အတော်များများတွင် သရအသံထွက် သို့မဟုတ် အသံအနိမ့်အမြင့်ရှိသော သရသံစနစ်ကို အသုံးပြုသည်။ ထိုစနစ်တွင် အသံထွက်ရာတွင် ပြုလုပ်လိုက်သော အသံ၏ အရည်အသွေးမှာ ဘာသာစကား၏ အသံရင်းများနှင့် ဆိုင်သည်။ မွန်ဘာသာစကားတွင် သရသံ အနိမ့်အမြင့် နှစ်ခုရှိသည်။

  1. ရှင်းလင်းသော (ဖြစ်နိုင်ခြေရှိခြင်းပြကြိယာ) အသံ၊ ဘာသာဗေဒ ပညာရှင်အမျိုးမျိုးက သာမန် မှ တကျွိကျွိ တကျွက်ကျွက် မြည်သောအသံ အထိတိုင်အောင် ခွဲခြမ်းစိတ်ဖြာလေ့လာသည်။
  2. အသက်ရှူသံ၊ သရသံများတွင် ထူးခြားသော အသက်ရှူသွင်းသကဲ့သို့ အရည်အသွေးရှိသည်။

အောက်ဖေါ်ပြပါဥပမာမှာ အသံလေးလေးထွက်ရန် သရအက္ခရာပေါ်၌ ဖေါ်ပြထားသော အမှတ်အသား ဖြစ်သည်။

နာမ်များ နှင့် နာမ်ပုဒ်များ

အနည်းကိန်း နှင့် အများကိန်း

မွန်ဘာသာစကား နာမ်များမှာ ကိန်းဂဏန်းများအတွက် သရသံပြောင်းလဲခြင်း မရှိပါ။ ဆိုလိုသည်မှာ၎င်းတို့၌ အနည်းကိန်းနှင့် အများကိန်းအတွက် သီးခြားပုံစံများမရှိပါ။

IPA sɔt pakaw mòa mèa
ရှင်းလင်းချက် ပန်းသီး တစ် လုံး

'ပန်းသီးတစ်လုံး'

IPA sɔt pakaw ɓa mèa
ရှင်းလင်းချက် ပန်းသီး နှစ် လုံး

'ပန်းသီးနှစ်လုံး'

အမျိုးအစားသတ်မှတ်ခွဲခြားခြင်း

အခြားသော အရှေ့တောင်အာရှ ဘာသာစကားများကဲ့သို့ မွန်ဘာသာစကားတွင် အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းများရှိပြီး ကိန်းဂဏန်းများနှင့် တွဲဖက် ပေါ်ထွက်လာသော နာမ်တို့အတွက် အသုံးပြုသည်။ အမျိုးအစားသတ်မှတ် ရွေးချယ်နိုင်ရန်မှာ နာမ်ပါဝင်သော စကားလုံးများနှင့် ဝါကျများ၏ အဓိပ္ပါယ် ပြောင်းလဲမှုအပေါ် မူတည်သည်။

IPA kaneh mòa tanəng
ရှင်းလင်းချက် ဘောပင် တစ် ချောင်း

'ဘောပင်တစ်ချောင်း'

IPA chup mòa tanɒm
ရှင်းလင်းချက် သစ်ပင် တစ် ပင်

'သစ်ပင်တစ်ပင်'

ဝါကျများ

မှန်ကန်သောဝါကျများ

အောက်ဖော်ပြပါ ဥပမာများအတိုင်း မွန်ဘာသာစကား ဝါကျများအတွက် သမားရိုးကျစာလုံး အစီအစဉ်မှာ ကတ္တား-ကြိယာ-ကံ တို့ဖြစ်သည်။

IPA ʔoa ran hau toa ya.
ရှင်းလင်းချက် ကျွန်တော် ဝယ် ဆန် အဖြည့်စကား ဟုတ်မှန်ကြောင်းပြောသည့်စကား

'ကျွန်တော်ဆန်ဝယ်ခဲ့သည်။'

IPA Nyeh tɔʔ paton ʔua pàsa ʔengloit
ရှင်းလင်းချက် တတိယနာမ်စား အများကိန်း သင် ကို ပထမနာမ်စား စာ အင်္ဓလိပ်စာ

'သူတို့ ကျွန်တော့်ကို အင်္ဂလိပ်စာ သင်ပေးခဲ့သည်။'

မေးခွန်းများ

ဟုတ်သည်-မဟုတ်ပါ မေးခွန်းများကိုဝါကျအဆုံးစကားလုံး ဟ ဖြင့်ဖေါ်ပြထားသည်။

IPA ɓè ʃìa pəng toa ya ha?
ရှင်းလင်းချက် သင် စား ထမင်း စကားဆက် ဟုတ်မှန်ကြောင်းပြောသည့်စကား အမေးစကား

'သင်ထမင်းစားပြီးပြီလား။'

Wh မေးခွန်းများဟုခေါ်သော ဘာကြောင့်ဟူသော အကြောင်းပြ မေးခွန်းမျိုးကို မတူညီသော ဝါကျအဆုံးစကားလုံး ရောင် ဖြင့်ဖော်ပြထားသည်။ အမေးဝါကျ စကားလုံးတို့သည် Wh မေးခွန်းစာလုံးများနှင့် အတူတွဲနေရန်မလိုပေ။အဓိပ္ပယ်မှာ ၎င်းမေးခွန်းစာလုံးကို ဝါကျရှေ့၌ထားရန်မလိုအပ်ပေ။

IPA Tala Ong kratkraw mu ràu?
ရှင်းလင်းချက် တာလာအောင်း လျှော် ဘာ အမေးစကား

'တာလာအောင်း ဘာလျှော်ခဲ့သလဲ။'

ရည်ညွှန်းကိုးကား

  1. Modern Mon at Ethnologue (18th ed., 2015)
    Old Mon at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Mon"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Old Mon"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။