ဂွေးကုန်းရွာ၊ တံတားဦးမြို့နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၃၆ - စာကြောင်း ၁၃၆ -


===အထင်ကရနေရာများ===
===အထင်ကရနေရာများ===
# အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော သမိုင်းဝင် ရေမြိုဝ်ဘုရားကြီး
# အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော [[သမိုင်းဝင် ရေမြိုဝ်ဘုရားကြီး]]
# အောင်တော်မူ စေတီတော်မြတ်ကြီး
# အောင်တော်မူ စေတီတော်မြတ်ကြီး



၁၆:၀၀၊ ၂၅ ဇန်နဝါရီ ၂၀၂၀ ရက်နေ့က မူ

ဂွေးကုန်းမြို့
ကွေ့ကုန်း၊ ပြည်သာယာ၊
​​ကျေးရွာအုပ်စု
ဂွေးကုန်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂွေးကုန်းမြို့
ဂွေးကုန်းမြို့
ဂွေးကုန်းမြို့တည်နေရာ
ကိုဩဒိနိတ်: 21°44′18″N 95°47′22″E / 21.7383594512939°N 95.7895431518555°E / 21.7383594512939; 95.7895431518555ကိုဩဒိနိတ်: 21°44′18″N 95°47′22″E / 21.7383594512939°N 95.7895431518555°E / 21.7383594512939; 95.7895431518555
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ကျောက်ဆည်ခရိုင်
မြို့နယ်တံတားဦးမြို့နယ်
မြို့ဂွေးကုန်းတိုက်နယ်
လူမျိုးများဗမာ
အစိုးရ
 • ကျေးရွာစု အုပ်ချုပ်ရေးမှူးထိန်လင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဧရိယာ
 • စုစုပေါင်း၄.၅ စတုရန်းကီလိုမီတာ (၁.၇ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၄၈ မီတာ (၄၈၅ ပေ)
လူဦးရေ (၂၀၁၉)၂၃၃၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ဧရိယာကုဒ်(များ)၀၆၆

ဂွေးကုန်းသည် တံတားဦးမြို့နယ်ကျောက်ဆည်ခရိုင်မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။

ပထဝီဝင်

ဂွေးကုန်းကျေးရွာသည် ဂွေးကုန်းမြေပြန့်တွင် တည်ရှိပြီး ကုန်းချိုင့်များသော ဒေသဖြစ်သည်။ ကျောက်ဆန်သော မြေအများစုဖြစ်၍ မြန်မာ့ဆေးဖက်ဝင် သနပ္ခါး(ဂွေးကုန်းသနပ်ခါး)နှင့် ဆေးကုလားမ ခေါ် လျော်ဖြူ စသော နှစ်ရွည်ပင်များ ဖြစ်ထွန်းသည်။ မိုးဦးနှင့် မိုးနှောင်းကာလများတွင် နှမ်း၊ မြေပဲ၊ နှံစားပြောင်း၊ ပဲစင်းငုံများ အဓိကစိုက်ပျိုးသည်။ နှစ်စဉ်မိုးရေချိန်လက်မ ±၄၀ခန့်သာရရှိသည်။

တည်နေရာ

ဂွေးကုန်းရွာသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၄၄ မိနစ် ၁၈ စက္ကန့်နှင့် ၂၁ ဒီဂရီ ၇၃ မိနစ် ၈၃ စက္ကန့်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၂၂ စက္ကန့် နှင့် ၉၅ ဒီဂရီ ၇၈ မိနစ် ၉၅ စက္ကန့်ကြားတွင် တည်ရှိသည်။

နယ်နမိတ်၊ အကျယ်အဝန်း

ဂွေးကုန်းကျေးရွာအုပ်စုသည် အရှေ့အနောက် ၃ မိုင်၊ တောင်မြောက် ၃ မိုင်ရှည်လျားပြီး ၁.၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့မြာက်ဘက်တွင် ထနောင်းကိုင်း၊ အရှေ့တောင်ဘက်တွင် ဇီးကန်၊ တောင်ဘက်တွင် မိုးဇာတောင်ခြား၍ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ဘက်တွင် သပြေကန်ရွာတို့နှင့် ထိစပ်နေသည်။

ပါဝင်သောဒေသများ

လက်ရှိ ဂွေးကုန်း၊ တံတားဦးမြို့နယ်တွင် ဂွေးကုန်းတစ်ရွာသာ ပါဝင်ပြီး ရွာတွင်းရပ်ကွက်(၄)ခုနှင့် ကွက်သစ်ရပ်ကွက်(၂)ခုရှိသည်။

ရပ်ကွက်များ

  1. အေးချမ်းသာယာရပ်ကွက်
  2. တောင်ပိုင်းကွက်သစ်ရပ်ကွက်
  3. ဂွေးကုန်းတောင်ပိုင်းရွာမ(အရှေ့)

ရာဇဌာနီ(၁)ရပ်ကွက်

  1. ဂွေးကုန်းတောင်ပိုင်းရွာမ(အနောက်)

ရာဇဌာနီ(၂)ရပ်ကက်

  1. ဂွေးကုန်းမြောက်ပိုင်းရွာမ(အရှေ့)

ဥတ္တရဌာနီ(၁)ရပ်ကွက်

  1. ဂွေးကုန်းမြောက်ပိုင်းရွာမ(အနောက်)

ဥတ္တရဌာနီ(၂)ရပ်ကွက်

လမ်းပန်းဆက်သွယ်ရေး

တံတားဦး-မြင်းခြံ ပြည်ထောင်စုကားလမ်းမကြီးသည် ဂွေးကုန်းရွာကို အရှေ့မြောက်မှ အနောက်တောင်သို့ ဖြတ်သန်းသွားသည်။ မန္တလေး-တံတားဦး-မြို့သာ-မြင်းခြံ-ပုဂံ မီးရထားလမ်းသည် ဂွေးကုန်းမှ ၂ မိုင်ခန့်ဖြတ်သန်းသွားပြီး ပြည်သာယာဘူတာ (ဂွေးကုန်း)ကို အသုံးပြုနိုင်သည်။

သမိုင်းကြောင်း

ဂွေးကုန်းရွာသည် သက္ကရာဇ် ၅၂၃တွင် တမ္ပဒီပ(ပုဂံ)ဘုရင် အလောင်းစည်သူမင်းတည်ခဲ့သော ကျေးရွာဖြစ်သည်။ အလောင်းစည်သူမင်းသည် တမ္ပဒီပတိုင်းတစ်ခွင် တိုင်းခန်းလှည့်လည်ရင်း ယခု ဂွေးကုန်းရွာတောင်ဘက်အနီးရိ မိုးဇာတောင်(ဒေသအခေါ် မိုးဇက်တောင်)ဒေသသို့ ရောက်ရှိခဲ့သည်။ မိုးဇာတောင်ဒေသသည် ပူပြင်းခြောက်သွေ့၍ ခေါင်ပါးသည်။ မင်းကြီးနှင့် အခြွေအရံတို့သည် ငတ်မွတ်မှုကို ပြင်းထန်စွာ ခံစားခဲ့ရပြီး မင်းကြီးသည် မိမိပြုလုပ်ခဲ့သော ကောင်းမှုတို့ကို သစ္စာပြုကာ မြေ၌ လှံစိုက်ကာ သစ္စာဆိုခဲ့သည်။ ယင်းနောက် လှံတော်ကိုပြန်နှုတ်ရာ သစ္စာရေချိုများထွက်လာ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး မိမိတို့ အလိုရှိသလောက် သုံးဆောင်ကာ ရေတွင်းကိုပိတ်၍ ဘုရားတည်ခဲ့သည်။ ခေါင်ပါးသော မိုးဇာ(မိုးဆာဒေသ)တွင် သစ္စာတရားကြောင့် အငတ်ဘေးမှလွတ်မြောက်ခြင်း၊ ရေချိုများပေါများခြင်းတို့ကြောင့် ဘုရား၏အမည်အား "ရေမြိုဘုရား"ဟု အမည်ထိုးခဲ့သည်။ ထို့နောက် ဘုရားအား ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားအနီးတွင် ရွာငယ်တစ်ရွာ ဖွဲ့စည်းခဲ့ရာ ယင်းရွာသည် မိုးဇာတောင်၏ ဥတ္တရအရပ်တွင် တည်ရှိခြင်း၊ ဧရာဝတီမြစ်ကွေ့၏ ဒက္ခိဏအရပ် ယွန်းတွင် တည်ရှိခြင်းတို့ကြောင့် "အကွေ့ကုန်းရွာ" ဟု အမည်ပေးခဲ့သည်။ ခေတ်ကာလကြာမြင့်သောအခါ အကွေ့ကုန်းမွ ကွေ့ကုန်း၊ ကွေ့ကုန်းမွ ဂွေ့ကုန်း၊ ဂွေ့ကုန်းမွ ဂွေးကုန်းဟု အမည်ကွဲလွဲရာမွ ယနေ့တွင် ဂွေးကုန်းကျေးရွာအုပ်စုအဖြစ် တရားဝင်အမည်ဖြစ်လာသည်။[၁]

၁၈၈၆ အင်္ဂလိပ်အစိုးရလက်ထက်တွင် လယ်သစ်ကုန်းရွာ၊ တပင်ရွာ၊ ဥသျှစ်ကုန်းရွာ၊ ဒက္ခိဏ ကွေ့ကုန်းရွာနှင့် ဥတ္တရ ကွေ့ကုန်းရွာ တို့ကို ယခုလက်ရှိ ဂွေးကုန်းရွာနေရာသို့ ပြောင်းရွေ့ကာ တစ်ရွာတည်းဖွဲ့စည်း၍ ဂွေးကုန်းရွာသစ်ကို ဖွဲ့စည်းခဲသည်။ အင်္ဂလိပ်အစိုးရ နယ်ထောက်ဝန်များ ရုံးစိုက်ခဲ့႔သော်လည်း ယနေ့အထိ ဂွေးကုန်းကျေးရွာအုပ်စု အဖြစ်သာ တည်ရှိသည်။

လူမှုပထဝီဝင်

လူဦးရေနှင့် လူမျိုးများ

ဂွေးကုန်းကျေးရွာအုပ်စုတွင် ဗမာလူမျိုးများ အများအပြားနေထိုင်သည်။ ၉၉.၉၈% သည် ဗမာလူမျိုးများဖြစ်၍ ၀.၀၂% သည် အခြားမြန်မာတိုင်းရင်းသားများ ဖြစ်သည်။

လူဦးရေနှင့်အိမ်ခြေ

ခုနှစ် အိမ်ခြေ လူဦးရေ +-%
၁၉၇၃ ၂၅၀ ၄၅၆
၁၉၈၆ ၂၇၆ ၅၀၁ ၇.၇၇%
၂၀၀၂ ၃၃၉ ၁၀၀၀ ၁၃.၃၉%
၂၀၁၄ ၄၉၆ ၁၉၇၄ ၂၄.၇%
၂၀၁၈ ၅၂၀ ၂၁၈၆ ၂၇.၀၆%
၂၀၁၉ ၅၃၂ ၂၂၉၇ ၂၈.၂၉%

အုပ်ချုပ်ရေး

ဂွေးကုန်းရွာသည် ဂွေးကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးရုံးစိုက်ရာ ကျေးရွာဖြစ်သည်။

အားကစား

ရာဇဌာနီအားကစားကွင်းသည် ဂွေးကုန်းကျေးရွာပိုင် အာကစားကွင်းဖြစ်ပြီး အထက ဂွေးကုန်းတွင် တည်ရှိသည်။ ဂွေးကုန်းလူငယ်ဘောလုံးအသင်း၏ အိမ်ကွင်းလည်းဖြစ်သည်။ မြို့နယ်/ကျေးရွာအုပ်စု ချစ်ကြည်ရေးဖလားအားကစားပွဲများကို ရာဇဌာနီအားကစားကွင်း၌ နှစ်စဉ်ကျင်းပသည်။

ပွဲတော်များ

ဂွေးကုန်းရွာတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အများစုနေထိုင်၍ ဘုရားပွဲလမ်းသဘင်များ ပေါများသည်။ ဂွေးကုန်းဒေသရှိ ပွဲတော်များမှာ မြန်မာ့နှစ်သစ်ကူး နှစ်ဦးဆွမ်းလောင်းပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဗုဒ္ဓပူဇနိယ ဘုရားပွဲ၊ ဂွေးကုန်းတောင်ပိုင်းကထိန် ၊ဂွေးကုန်းမြောက်ပိုင်းကထိန်၊ ပရိယတ္တိသာသနာဓိက စာမေးပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲနှင့် နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲများဖြစ်သည်။

မြန်မာ့နှစ်သစ်ကူး နှစ်ဦးဆွမ်းလောင်းပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း ၄ ရက်နေ့တွင် ကျင်းပသည်။ ကဆုန်ညောင်ရေသွန်းပွဲကို သမိုင်းဝင် ရေမြိုဝ်ဘုရားတွင် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။ ရေမြိုဝ်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆုတ် ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသည်။ ဂွေးကုန်းတောင်ပိုင်းကထိန်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်းကောင်း၊ ဂွေးကုန်း မြောက်ပိုင်းကထိန်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၃ ရက်နှင့် ၁၄ ရက်များတွင်လည်းကောင်း ကျင်းပသည်။ တံတားဦးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာဓိက စာမေးပွဲကို ဇီးကန်ရွာ ကျွန်းဦးကျောင်းဆရာတော် ဦးစန္ဒိမာ၏ ဦးဆောင်မှုဖြင့် ၁၃၃၉ ခု ပြာသိုလဆန်း မှ စ၍ ယနေ့တိုင် ကျင်းပခဲ့သည်။ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၄ မတ်လတွင် စတင်ကျင်းပခဲ့သည်။ နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကို ၁၉၇၈ ခုနှစ် သင်္ကြန်ကာလတွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။

ပညာရေး

အခြေခံပညာ

ကျန်းမာရေး

  1. ကျေးလက် ကျန်းမာရေးဌာနခွဲ-ဂွေးကုန်း

စီးပွားရေး

ဂွေးကုန်းအုပ်စုသည် တံတားဦးနယ် ၆၁ အုပ်စုတွင် ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်၌ ဖွံ့ဖြိုးတိုးတက်ခဲ့သော ကျေးရွာဖြစ်သည်။ ကျေးရွာလူထု၏ ၅ ပုံ ၂ ပုံမွာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ကျန် ၃ ပုံမှာ လုပ်ငန်းမျိုးစုံလုပ်ကိုင်သည်။ ဂွေးကုန်းနေပြည်သူတို့သည် အောက်ပါလုပ်ငန်းများကို အဓိကလုပ်ကိုင်သည်။

  1. ယက္ကန်းလုပ်ငန်း
  2. ကား/ဆိုင်ကယ်ဝပ်ရှော့များ
  3. စားသောက်ဆိုင်များ
  4. ကုန်စုံဆိုင်များ
  5. ရွှေချည်ငွေချည်ထိုးလုပ်ငန်းများ
  6. ထန်းလျက်ချက်လုပ်ငန်းများ

ဘာသာရေးအဆောက်အဦးများ

ဂွေးကုန်းတောင်ပိုင်းတွင်

  1. ထုံးဘိုကျောင်းတိုက်
  2. စိတ္တသုခ ကံရှည်ကျောင်းတိုက်
  3. အေးစေတီ
  4. ဖိုးပိန်ရိုး တောရကျောင်း
  5. ကျောက်သာယာ သာသနာ့နယ်မြေ
  6. ဘုရားရိုး သီလရှင်ကျောင်း

ဂွေးကုန်းမြောက်ပိုင်းတွင်

  1. ရွာနီး ပရိယတ္တိ စာသင်တိုက်
  2. ကမ်းပါးစောက် ရွှေစေတီရိပ်သာ
  3. မြင်သာကျောင်းတိုက်များ
  4. ဘုရားလေးချောင်

အထင်ကရနေရာများ

  1. အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော သမိုင်းဝင် ရေမြိုဝ်ဘုရားကြီး
  2. အောင်တော်မူ စေတီတော်မြတ်ကြီး

ကိုးကား

  1. သမိုင်းဝင် ရေမြိုဝ်ဘုရား ကျောက်စာ
  2. တံတားဦးမြို့နယ်၏ ဒေသဆိုင်ရာအျက်လက်များ၊မန္းတလေးတိုင်းဒေသကီြးအစိုးရအဖွဲ႕။
  3. စစ်ကိုင်းခရိုင် အင်းဝနယ် မိုးဇာတောင်ဒေသမွ သဲဆပ်ပြာထွက် ဒေသများ စာမူ