ဆမ်မာရာမြို့: တည်းဖြတ်မှု မူကွဲများ
ထပ်ဖြည့် |
|||
စာကြောင်း ၅၀ - | စာကြောင်း ၅၀ - | ||
ဆမ်မာရာ ရှေးဟောင်းသုတေသန လေ့လာမှုအဖွဲ့မှ ဆမ်မာရာ၏ ရှေးခေတ်နာမည်များကို မှတ်သားရာတွင် ဂရိအခေါ်အဝေါအားဖြင့် ဆိုမာ၊ လက်တင်ဘာသာတွင် အေဒီ ၃၆၃ ၌ ဂျူလီယန်၏ စစ်တပ် ပြန်ဆုတ်ရာတွင် ဖော်ပြထားသော ခံတပ်အမည် ဆူမာရီ နှင့် ဆီးရီးယားမှာ ဆူမရာ အမည်ရှိ ကျေးရွာအဖြစ် ဖော်ပြထားသည်။ |
ဆမ်မာရာ ရှေးဟောင်းသုတေသန လေ့လာမှုအဖွဲ့မှ ဆမ်မာရာ၏ ရှေးခေတ်နာမည်များကို မှတ်သားရာတွင် ဂရိအခေါ်အဝေါအားဖြင့် ဆိုမာ၊ လက်တင်ဘာသာတွင် အေဒီ ၃၆၃ ၌ ဂျူလီယန်၏ စစ်တပ် ပြန်ဆုတ်ရာတွင် ဖော်ပြထားသော ခံတပ်အမည် ဆူမာရီ နှင့် ဆီးရီးယားမှာ ဆူမရာ အမည်ရှိ ကျေးရွာအဖြစ် ဖော်ပြထားသည်။ |
||
လူဦးရေ များပြားလာရသည့် အကြောင်းအချက်မှာ နာရာဝမ်တူးမြောင်း၏ မြောက်ဘက် တိုးချဲ့မှု ကာတူး အယ်လ်-ကစ်စ်ရာဝီ အား ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ တိုင်းဂရစ်မြစ်မှ ရေများကို ဆမ်မာရာသို့ ဆွဲယူပေးသည်။ သမိုင်းပညာရှင် ရာကွတ် အယ်လ်-ဟာမာဝီ ကမူ ပထမခိုစရော ဘုရင် (၅၃၁-၅၇၈) လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ စီမံကိန်း ပြီးစီးမှုအတွက် အထိမ်းအမှတ် မျှော်စင် (ယနေ့ခေတ် ဘာ့ဂျ် အယ်လ်-ကွာအင်) ကို ဆမ်မာရာတောင်ဘက် တောင်ပိုင်းအဝင်တွင် တည်ဆောက်ခဲ့ပြီး မြောက်ဘက်အဝင် အက်-ဒါဝါ အနီးတွင်မူ ကောင်းကင်ဘုံ ပါဝင်သော နန်းတော်နှင့် တံတိုင်းကာထားသော အမဲလိုက် ဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ (ယနေ့ခေတ် နာ အာ-ရာဆာဆီ ဖြစ်သည်။) |
လူဦးရေ များပြားလာရသည့် အကြောင်းအချက်မှာ နာရာဝမ်တူးမြောင်း၏ မြောက်ဘက် တိုးချဲ့မှု ကာတူး အယ်လ်-ကစ်စ်ရာဝီ အား ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ တိုင်းဂရစ်မြစ်မှ ရေများကို ဆမ်မာရာသို့ ဆွဲယူပေးသည်။ သမိုင်းပညာရှင် ရာကွတ် အယ်လ်-ဟာမာဝီ ကမူ ပထမခိုစရော ဘုရင် (၅၃၁-၅၇၈) လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ စီမံကိန်း ပြီးစီးမှုအတွက် အထိမ်းအမှတ် မျှော်စင် (ယနေ့ခေတ် ဘာ့ဂျ် အယ်လ်-ကွာအင်) ကို ဆမ်မာရာတောင်ဘက် တောင်ပိုင်းအဝင်တွင် တည်ဆောက်ခဲ့ပြီး မြောက်ဘက်အဝင် အက်-ဒါဝါ အနီးတွင်မူ ကောင်းကင်ဘုံ ပါဝင်သော နန်းတော်နှင့် တံတိုင်းကာထားသော အမဲလိုက် ဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ (ယနေ့ခေတ် နာ အာ-ရာဆာဆီ ဖြစ်သည်။) ဖြည့်စွက်တူးမြောင်းတစ်ခု ဖြစ်သော ကာတူး အဘီ အယ်လ်ဂျန်အား အဘာဆစ် ကယ်လစ်ဘုရင် တစ်ဦး ဖြစ်သူ ဟာရွန်းအယ်လ်ရာရှစ် မှ တူးဖော်ခဲ့ပြီး စနစ်တကျစီစဉ်ထားသော မြို့တော် အခင်းအကျင်း အနေနှင့် အယ်လ်မူဘာရတ် ဟုခေါ်သော ထောင့်ကျကျ အဋ္ဌဂံပုံ ဖော်ကလုပ်ခဲ့သော်လည်း ၇၉၆ ခုနှစ်တွင် မပြီးစီးမီ ရပ်တန့်ထားခဲ့သည်။ |
||
===အဘာဆစ် မြို့တော်=== |
|||
<br /> |
|||
[[File:Dirhem of al-Muntasir, AH 247-248.jpg|thumb|left|အယ်လ်-မွန်တာဆာ၏ ဒါဟမ်ငွေကြေး ။ ဆမ်မာရာတွင် ၈၆၁/၈၆၂ အေဒီတွင် သွန်းလုပ်ခဲ့သည်။]] |
|||
အေဒီ ၈၃၆ ခုနှစ်တွင် အဘာဆစ် ကယ်လစ်ဘုရင် အယ်လ်-မူတာဆင်းမှ တိုက်ဂရစ်မြစ်၏ ကမ်းပါးတွင် မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။ သူသည် အလွန် များပြားကျယ်ပြန့်သော နန်းတော် အဆောက်အဦးများကို ဆောက်လုပ်ခဲ့ပြီး သူ၏ အစောင့်များ နေထိုင်ရန် တန်းလျားများကို ဝိုင်းပတ် ဆောက်လုပ်ခဲ့သည်။ အစောင့်များမှာ အများအားဖြင့် အာရှ အလယ်ပိုင်းမှ ခေါ်ယူထားခြင်း ဖြစ်ပြီး တာ့ခ်လူမျိုးများနှင့် ခူရာဆာနီ လူမျိုးများ နှင့် မြောက်အာဖရိကမှ ပါဝင်သည်။ သူတို့အား အမြဲလိုလို မမ်လွတ် သို့မဟုတ် ကျွန်စစ်သားများဟု ခေါ်လေ့ ရှိသော်လည်း သူတို့၏ အဆင့်မှာ အလွန်မြင့်သည်။ အချို့သော တပ်ဗိုလ်များသည် သူကောင်းမျိုး ဘွဲ့ထူးဖြစ်သော ဆိုဒီဂန် အဖြစ် ချီးမြှင့် အပ်နှင်း ခံထားရသည်။ <ref name="Babaie">{{cite book | title=Slaves of the Shah | publisher=I.B.Tauris & Co Ltd | author=Babaie, Sussan | year=2004 | location=New York | pages=4–5 | isbn=1 86064 721 9}}</ref> |
|||
ထိုမြို့တော်အား အယ်လ်-မူတာဝါကေး ကယ်လစ်ဘုရင်လက်ထက်တွင် ထပ်မံတေည်ဆောက်ခဲ့ပြီး ၎င်းမှ ကြွယ်ဝခမ်းနားသော နန်းတော် အဆောက်အဦးများဖြစ်သော အယ်လ်-မူလ်တာဝတ်ကီလေယာ နှင့် ဆမ်မာရာရှိ မဟာဗလီကြီး နှင့် ၎င်း၏ ထင်ရှားသော ကြောင်လိမ်လှေကားပုံ ဗလီမျှော်စင် သို့မဟုတ် မာလ်ဝီယာ စသည်တို့ကို ဆောက်လုပ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သားဖြစ်သူ အယ်လ်မူတာ့ဇ်အတွက် သူသည် ကြီးမားသော နန်းတော် ဖြစ်သည် ဘူလ်ကူဝါရာကို ဆောက်လုပ်ခဲ့သည်။ |
|||
ဆမ်မာရာသည် ၈၉၂ ခုနှစ်အထိ ကယ်လစ်ဘုရင်တို့ နေထိုင်ရာ နေရာဖြစ်ခဲ့ပြီး ထိုအချိန်တွင် အလ်မူတာဒစ်မှ နောက်ဆုံး ဘဂ္ဂဒက်မြို့သို့ ပြန်သွားခဲ့သည်။ မြို့တော်၏ အနေအထားမှာ ကျဆင်းလာသော်လည်း ၁၀ ရာစု အစောပိုင်း အထိ ငွေကြေးတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။ |
|||
==ကိုးကား== |
==ကိုးကား== |
၁၇:၀၅၊ ၃၀ နိုဝင်ဘာ ၂၀၁၉ ရက်နေ့က မူ
ဆမ်မာရာမြို့ سَامَرَّاء | |
---|---|
မြို့ | |
နိုင်ငံ | အီရတ်နိုင်ငံ |
ဒေသ | ဆလာဒင် |
ဆမ်မာရာ ရှေးဟောင်းသုတေသနမြို့တော်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အီရတ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii, iii, iv |
ကိုးကား | ၂၇၆ |
ဒေသ** | အာရှ နှင့် ပစိဖိတ်ဒေသ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၂၀၀၇ (၃၁ ကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ဆမ်မာရာမြို့သည် အီရတ်နိုင်ငံရှိ မြို့တော်တစ်ခု ဖြစ်သည်။ ဆလာဒင် အုပ်ချုပ်ရေးဒေသအတွင်း တိုင်းဂရစ်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိကာ ဘဂ္ဂဒက်မြို့၏ မြောက်ဘက် ၇၈မိုင် (၁၂၅ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ၂၀၀၃ ခုနှစ် မြို့တော်၏ ခန့်မှန်းခြေ လူဦးရေမှာ ၃၄၈,၇၀၀ ဦး ဖြစ်သည်။ ၂၀၀၆-၂၀၀၇ ခုနှစ် အီရတ်နိုင်ငံ လူမျိုးရေး အကြမ်းဖက်မှုများအတွင်း ဆမ်မာရာမြို့သည် ဆွန်နီတြိဂံ အကြမ်းဖက်ဒေသ အတွင်း ရှိခဲ့သည်။
အလယ်ခေတ်ကာလအတွင်းတွင် ဆမ်မာရာသည် အဘာဆစ် ကယ်လီဖိတ်၏ မြို့တော် ဖြစ်ခဲ့ပြီး ဖွဲ့စည်းပုံ၊ ဗိသုကာနှင့် အနုပညာဆိုင်ရာ အမွေအနှစ်များ မူလအတိုင်း ကျန်ခဲ့သော တစ်ခုတည်းသော အစ္စလာမ် မြို့တော် ဖြစ်သည်။[၁] ၂၀၀၇ ခုနှစ်တွင် ယူနက်စကိုမှ ဆမ်မာရာအား ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်းခဲ့သည်။[၂]
သမိုင်းကြောင်း
ရှေးခေတ် ဆမ်မာရာ
ဆမ်မာရာရှိ သမိုင်းမတင်မီကာလ အကြွင်းအကျန်များကို ၁၉၁၁ ခုနှစ်မှ ၁၉၁၄ ခုနှစ်အတွင်းတွင် ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင် အန့် ဟာ့ဇ်ဖဲလ်ဒ် မှ ပထမဆုံး စတင် တူးဖော်ခဲ့သည်။ ဆမ်မာရာသည် ဆမ်မာရာ ယဉ်ကျေးမှုအတွက် ရှေးဟောင်းသုတေသနဆိုင်ရာ စံပြနေရာ ဖြစ်ခဲ့သည်။ ၁၉၄၆ ခုနှစ်မှစ၍ မှတ်စုများ၊ စာများ၊ မထုတ်ဝေရသေးသော တူးဖော်မှု အစီရင်ခံစာများ နှင့် ဓာတ်ပုံများသည် ဝါရှင်တန် ဒီစီမြို့ရှိ ဖရီးယား အနုပညာပြတိုက်တွင် ရှိနေခဲ့သည်။
ယဉ်ကျေးမှုလောက သည် အူဘိတ်ခေတ်နှင့် အပြိုင် စည်ပင်ထွန်းကားလာခဲ့ပြီး အရှေ့နားဒေသတွင် ပထမဆုံးသော မြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ ၎င်းသည် ဘီစီ ၅,၅၀၀ မှ စတင်၍ နောက်ဆုံး ပျက်သုဉ်းသွားချိန် ဘီစီ ၃,၉၀၀ အထိ တည်ရှိခဲ့သည်။
ဆာ-မာရာတီမြို့တော် ( ဝေါလ်တာ ယဉ်ကျေးမှု ပြတိုက်ရှိ ကျောက်စာအရ ဆန်နာခါရစ်မှ ၆၉၀ ဘီစီတွင် ပြန်လည် တည်ထောင်ခဲ့သည်။) ကိုမူ ယနေ့ခေတ် ဆမ်မာရာမြို့၏ တိုင်းဂရစ်မြစ် တစ်ဖက်ကမ်းရှိ အဆီးရီးယားတို့၏ အဆီးရီးယား ခံတပ်ဒေသ အယ်လ်ဟူဝေ့ရှ် နှင့်အတူ မသဲမကွဲ ဖော်ပြလေ့ ရှိသည်။ အဆီးရီးယန်း အွန်လိုင်းမှ ဆူရီမာရတ်အား ဆမ်မာရာ၏ ခေတ်သစ်ဒေသဟု ဖော်ပြထားသည်။
ဆမ်မာရာ ရှေးဟောင်းသုတေသန လေ့လာမှုအဖွဲ့မှ ဆမ်မာရာ၏ ရှေးခေတ်နာမည်များကို မှတ်သားရာတွင် ဂရိအခေါ်အဝေါအားဖြင့် ဆိုမာ၊ လက်တင်ဘာသာတွင် အေဒီ ၃၆၃ ၌ ဂျူလီယန်၏ စစ်တပ် ပြန်ဆုတ်ရာတွင် ဖော်ပြထားသော ခံတပ်အမည် ဆူမာရီ နှင့် ဆီးရီးယားမှာ ဆူမရာ အမည်ရှိ ကျေးရွာအဖြစ် ဖော်ပြထားသည်။
လူဦးရေ များပြားလာရသည့် အကြောင်းအချက်မှာ နာရာဝမ်တူးမြောင်း၏ မြောက်ဘက် တိုးချဲ့မှု ကာတူး အယ်လ်-ကစ်စ်ရာဝီ အား ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ တိုင်းဂရစ်မြစ်မှ ရေများကို ဆမ်မာရာသို့ ဆွဲယူပေးသည်။ သမိုင်းပညာရှင် ရာကွတ် အယ်လ်-ဟာမာဝီ ကမူ ပထမခိုစရော ဘုရင် (၅၃၁-၅၇၈) လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ စီမံကိန်း ပြီးစီးမှုအတွက် အထိမ်းအမှတ် မျှော်စင် (ယနေ့ခေတ် ဘာ့ဂျ် အယ်လ်-ကွာအင်) ကို ဆမ်မာရာတောင်ဘက် တောင်ပိုင်းအဝင်တွင် တည်ဆောက်ခဲ့ပြီး မြောက်ဘက်အဝင် အက်-ဒါဝါ အနီးတွင်မူ ကောင်းကင်ဘုံ ပါဝင်သော နန်းတော်နှင့် တံတိုင်းကာထားသော အမဲလိုက် ဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ (ယနေ့ခေတ် နာ အာ-ရာဆာဆီ ဖြစ်သည်။) ဖြည့်စွက်တူးမြောင်းတစ်ခု ဖြစ်သော ကာတူး အဘီ အယ်လ်ဂျန်အား အဘာဆစ် ကယ်လစ်ဘုရင် တစ်ဦး ဖြစ်သူ ဟာရွန်းအယ်လ်ရာရှစ် မှ တူးဖော်ခဲ့ပြီး စနစ်တကျစီစဉ်ထားသော မြို့တော် အခင်းအကျင်း အနေနှင့် အယ်လ်မူဘာရတ် ဟုခေါ်သော ထောင့်ကျကျ အဋ္ဌဂံပုံ ဖော်ကလုပ်ခဲ့သော်လည်း ၇၉၆ ခုနှစ်တွင် မပြီးစီးမီ ရပ်တန့်ထားခဲ့သည်။
အဘာဆစ် မြို့တော်
အေဒီ ၈၃၆ ခုနှစ်တွင် အဘာဆစ် ကယ်လစ်ဘုရင် အယ်လ်-မူတာဆင်းမှ တိုက်ဂရစ်မြစ်၏ ကမ်းပါးတွင် မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။ သူသည် အလွန် များပြားကျယ်ပြန့်သော နန်းတော် အဆောက်အဦးများကို ဆောက်လုပ်ခဲ့ပြီး သူ၏ အစောင့်များ နေထိုင်ရန် တန်းလျားများကို ဝိုင်းပတ် ဆောက်လုပ်ခဲ့သည်။ အစောင့်များမှာ အများအားဖြင့် အာရှ အလယ်ပိုင်းမှ ခေါ်ယူထားခြင်း ဖြစ်ပြီး တာ့ခ်လူမျိုးများနှင့် ခူရာဆာနီ လူမျိုးများ နှင့် မြောက်အာဖရိကမှ ပါဝင်သည်။ သူတို့အား အမြဲလိုလို မမ်လွတ် သို့မဟုတ် ကျွန်စစ်သားများဟု ခေါ်လေ့ ရှိသော်လည်း သူတို့၏ အဆင့်မှာ အလွန်မြင့်သည်။ အချို့သော တပ်ဗိုလ်များသည် သူကောင်းမျိုး ဘွဲ့ထူးဖြစ်သော ဆိုဒီဂန် အဖြစ် ချီးမြှင့် အပ်နှင်း ခံထားရသည်။ [၄]
ထိုမြို့တော်အား အယ်လ်-မူတာဝါကေး ကယ်လစ်ဘုရင်လက်ထက်တွင် ထပ်မံတေည်ဆောက်ခဲ့ပြီး ၎င်းမှ ကြွယ်ဝခမ်းနားသော နန်းတော် အဆောက်အဦးများဖြစ်သော အယ်လ်-မူလ်တာဝတ်ကီလေယာ နှင့် ဆမ်မာရာရှိ မဟာဗလီကြီး နှင့် ၎င်း၏ ထင်ရှားသော ကြောင်လိမ်လှေကားပုံ ဗလီမျှော်စင် သို့မဟုတ် မာလ်ဝီယာ စသည်တို့ကို ဆောက်လုပ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သားဖြစ်သူ အယ်လ်မူတာ့ဇ်အတွက် သူသည် ကြီးမားသော နန်းတော် ဖြစ်သည် ဘူလ်ကူဝါရာကို ဆောက်လုပ်ခဲ့သည်။
ဆမ်မာရာသည် ၈၉၂ ခုနှစ်အထိ ကယ်လစ်ဘုရင်တို့ နေထိုင်ရာ နေရာဖြစ်ခဲ့ပြီး ထိုအချိန်တွင် အလ်မူတာဒစ်မှ နောက်ဆုံး ဘဂ္ဂဒက်မြို့သို့ ပြန်သွားခဲ့သည်။ မြို့တော်၏ အနေအထားမှာ ကျဆင်းလာသော်လည်း ၁၀ ရာစု အစောပိုင်း အထိ ငွေကြေးတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။
ကိုးကား
- ↑ UNESCO, Samarra Archaeological City, http://whc.unesco.org/en/list/276
- ↑ "Unesco names World Heritage sites"၊ BBC News၊ 2007-06-28။ 2010-05-23 တွင် ပြန်စစ်ပြီး။
- ↑ Stanley A. Freed, Research Pitfalls as a Result of the Restoration of Museum Specimens, Annals of the New York Academy of Sciences, Volume 376, The Research Potential of Anthropological Museum Collections pages 229–245, December 1981.
- ↑ Babaie, Sussan (2004)။ Slaves of the Shah။ New York: I.B.Tauris & Co Ltd။ pp. 4–5။ ISBN 1 86064 721 9။