ဗြာဟ္မီအရေးအသား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"အိန္ဒိယတိုက်၏..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၇:၀၂၊ ၂၃ နိုဝင်ဘာ ၂၀၁၉ ရက်နေ့က မူ

အိန္ဒိယတိုက်၏ ရှေးအကျဆုံးသော အရေးအသားမှာ အိန္ဒုမြစ်ဝှမ်း ကျောက်စာအရေးအသားဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၅၀၀ ခန့်က ရေးသားခဲ့ခြင်းဖြစ်ပြီး အရုပ်စာအရေးအသားမျိုးဖြစ်သည်။ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၇၀၀ အထိ တည်ရှိခဲ့သည်။ ယင်းကာလမှစ၍ ခရစ်တော်မပေါ်မီ ၅၀၀ လောက်အထိအတွက်မူ အရေးအသားများနှင့် ပတ်သက်၍ ရှာဖွေမတွေ့ကြသေးပေ။


၃-ရာစု ဘီစီသို့ ရောက်သောအခါ အသောက ကျောက်စာများကို အရေးအသား ၂-မျိုးဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းအရေးအသား ၂-မျိုးမှာ ဗြာဟ္မီနှင့် ခရောသျှဌီတို့ပင် ဖြစ်သည်။

ဗြာဟ္မီအရေးအသားမှာ ဗျည်းနှင့် သရများကို အသုံးပြု၍ ရေးသာ အရေးအသားတစ်မျိုးပင်ဖြစ်သည်။ ဘယ်မှညာသို့သွားသော အရေးအသားဖြစ်သည်။ ဗြဟ္မီအရေးအသားကို အိန္ဒိယတိုက်တစ်တိုက်လုံးတွင် အသုံးပြုကြောင်းတွေ့ရသည်။