ရှောင်းကျန့်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ဇာတ်လမ်းတို: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၆ - စာကြောင်း ၇၆ -
| ''Shao Nian Zi Jiu Fang Huo Qiang'' || 少年自救防火墙 || ||
| ''Shao Nian Zi Jiu Fang Huo Qiang'' || 少年自救防火墙 || ||
|-
|-
| rowspan=2|၂၀၁၅ ||''Warrior Spirit'' || 骑士精神 || လေစစ်သည်တော် ||
| rowspan=2|၂၀၁၆ ||''Warrior Spirit'' || 骑士精神 || လေစစ်သည်တော် ||
|-
|-
| ''The Brightest Star in the Sky'' || 夜空中最亮的星 || ||
| ''The Brightest Star in the Sky'' || 夜空中最亮的星 || ||

၀၄:၄၅၊ ၅ နိုဝင်ဘာ ၂၀၁၉ ရက်နေ့က မူ

ရှောင်ဇန် ( တရုတ် : 肖战၊ အောက်တိုဘာလ ၅ရက် ၁၉၉၁ မွေးဖွား၊ အခြားအမည် : ရှောင်ရှောင်) သည် တရုတ်လူမျိုး သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦးဖြစ်ပြီး X NINE အမည်ရအမျိုးသားအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ရှောင်သည် Oh! My Emperor (၂၀၁၈) နှင့် The Untamed (၂၀၁၉) ဇာတ်လမ်းတွဲတို့တွင် လူသိများလာခဲ့သည်။

ရှောင်ဇန်
မွေးဖွား (1991-10-05) ၅ အောက်တိုဘာ၊ ၁၉၉၁ (အသက် ၃၂)
Chongqing၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အခြား အမည်များရှောင်ရှောင် (Sean Xiao)
မိခင်ကျောင်းModern International Art Design Academy of CTBU
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၅ - ယခု
ကိုယ်စားလှယ်XZ Studio
တရုတ်အမည်
ရိုးရာ တရုတ်肖戰
ရိုးရှင်းသော တရုတ်肖战
ဂီတခရီးလမ်း
ဂီတဟန်Mandopop
တူရိယာ
တေးသံသွင်း ကုမ္ပဏီWajijiwa Entertainment
ပူးတွဲ ပါဝင်မှုX NINE

အစောပိုင်းဘဝနှင့် ပညာရေး

ရှောင်ကို အောက်တိုဘာလ ၅ရက် ၁၉၉၁ တွင် Chongqing၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မွေးဖွားခဲ့သည်။ ရှောင်သည် ငယ်ရွယ်စဉ်အခါကပင် ပုံဆွဲခြင်းနှင့် တယောတီးခြင်းတို့ကို သင်ယူခဲ့သည်။ ရှောင်သည် Modern International Art Design Academy of CTBU (Chongqing Technology and Business University) တွင် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်တက်နေချိန်အတွင်း၌လည်း သံပြိုင်အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ရှောင်သည် ၎င်း၏ အနုပညာအလုပ်များမစတင်ခင်အချိန်တွင် ဓာတ်ပုံဆရာနှင့် ဂရက်ဖစ်ဒီဇိုင်နာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။

အလုပ်အကိုင်

၂၀၁၅ -၂၀၁၈

၂၀၁၅ ခုနှစ်တွင် ရှောင်ဇန်သည် X-Fire Realiy Program တွင် အခြားသင်တန်းသား (၁၅)ဦးနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သူသည် Recording Program တစ်ခုဖြစ်သည့် Tencent မှ စီစဉ်သော Teen Channel တွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ရှောင်၏ပထမဆုံး ဖျော်ဖြေတင်ဆက်မှုမှာ ၂၀၁၆ ခုနှစ် Zhejuang တီဗီ၏ နှစ်သစ်ကူးပွဲအစီအစဉ်တွင်ဖြစ်သည်။ ထိုပွဲတွင် ရှောင်သည် "Freeze" နှင့် "Be A Man" သီချင်းတို့ကို အဖွဲ့ဝင်များနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့သည်။

ရှောင်သည် အခြားသင်တန်းသား (၈)ဦးနှင့်အတူ X NINE အမျိုးသားအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့တွင် အဓိကအဆိုရှင်အဖြစ်ပါဝင်ခဲ့သည်။ X NINE အဖွဲ့သည် ၎င်း၏ အသေးစားအယ်လ်ဘမ် X Jiu ကို စက်တင်ဘာလ ၂၀၁၆ တွင် ထုတ်ဝေခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရှောင်သည် စိတ်ကူးယဉ်ဝက်ဘ်ဒရာမာကားတစ်ခုဖြစ်သည့် Super Star Academy တွင် အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ရှောင်သည် အချိန်ခရီးသွားအချစ်ဒရာမာကားတစ်ခုဖြစ်သည့် Shuttle Love Millennium တွင် အသေးစားပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ခုနှစ်တွင် ရှောင်သည် နန်းတွင်းအချစ် ဝက်ဘ်ဒရာမာဖြစ်သည့် Oh! My Emperor တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲသည် ဟာသနှင့် အချစ်ကို အခြေခံသည့် ဇာတ်သွားကြောင့် လူကြိုက်များခဲ့သည်။ ရှောင်သည် ထိုဇာတ်လမ်းတွဲတွင် မင်းသားဇာတ်ရုပ်ဖြင့် လူသိများခဲ့သည်။ ရှောင်သည် ထိုဇာတ်လမ်းတွဲ၏ တေးသီချင်းဖြစ်သော "Stepping on Shadows" ကိုလည်း သီဆိုခဲ့သည်။ ထိုနှစ်ထဲမှာပင် ရှောင်သည် စိတ်ကူးယဉ်အက်ရှင်ဒရာမာတစ်ခုဖြစ်သည့် Through The Heavens နှင့် နန်းတွင်းဒရာမာတစ်ခုဖြစ်သည့် The Wolf တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ - ယခု

၂၀၁၉ ခုနှစ်တွင် ရှောင်သည် Mo Dao Zu Shi ဝတ္ထုကိုအခြေခံထားသည့် The Untamed တွင် အမျိုးသားဇာတ်ဆောင်တစ်ဦးအဖြစ် အခြားအမျိုးသားဇာတ်ဆောင် ဝမ်ဝီဘိုနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရှောင်နှင့် ဝမ်သည် ၎င်းဒရာမာ၏ တေးသီချင်းဖြစ်သော "Unrestrained" ကိုလည်း သီဆိုခဲ့ကြသည်။ ဤဇာတ်လမ်းတွဲတွင် ရှောင်၏ ပီပြင်သောသရုပ်ဆောင်စွမ်းရည်ကြောင့် ကောင်းမွန်သော မှတ်ချက်များရရှိခဲ့ပြီး ပိုမိုရေပန်းစားလာခဲ့သည်။ ထိုနှစ်ထဲမှာပင် ရှောင်သည် Jade Dynasty ရုပ်ရှင်တွင် ဇန်ရှောင်ဖန် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည်။ စက်တင်ဘာလတွင် ရှောင်သည် ၎င်း၏ ကိုယ်ပိုင်စတူဒီယို "XZ Studio" ကို တည်ထောင်ခဲ့သည်။ ရှောင်ဇန်သည် Forbes China ၏ လူကြိုက်များအောင်မြင်ကျော်ကြားသော အသက် ၃၀ အောက်လူငယ် ၃၀ ကို ရွေးချယ်သော "30 Under 30 Asia 2019" စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။

Filmography

ရုပ်ရှင်များ

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်များ Ref.
၂၀၁၈ Monster Hunt 2 捉妖记2 Little demon Cameo appearance|Cameo [၁]
၂၀၁၉ The Rookies 素人特工 ယွမ်ဂျင်လင် [၂]
Jade Dynasty 诛仙 ဇန်ရှောင်ဖန် [၃]

ရုပ်သံဇာတ်လမ်းတွဲများ

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်များ Ref.
၂၀၁၆ Super Star Academy 超星星学园 Fang Tianze [၄]
Shuttle Love Millennium 相爱穿梭千年2:月光下的交换 Boss Liang Cameo [၅]
2018 Oh! My Emperor 哦!我的皇帝陛下 Beitang Moran [၆]
Battle Through the Heavens 斗破苍穹 Lin Xiuya [၇]
2019 The Untamed 陈情令 ဝေဝူရှန် [၈]
Joy of Life 庆余年 Yan Bingyun [၉]
TBA The Wolf 狼殿下 Ji Chong [၁၀]
Douluo Continent 斗罗大陆 Tang San
The Oath of Love 余生,请多指教 Gu Wei [၁၁]

ဇာတ်လမ်းတို

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်များ/Ref.
၂၀၁၅ Eighteen 十八岁 ရှောင်ဇန်
Shi Lian Dian Chang Ji 失恋点唱机 ချန်၏ ရည်းစားဟောင်း
Shao Nian Zi Jiu Fang Huo Qiang 少年自救防火墙
၂၀၁၆ Warrior Spirit 骑士精神 လေစစ်သည်တော်
The Brightest Star in the Sky 夜空中最亮的星
၂၀၁၉ Feel The World 慢游旅行家 [၁၂]
Xiao Zhan Lipstick Movie 口红微电影 Estee Lauder short film[၁၃]
  1. 《捉妖记2》曝阵容 七大群星领衔加盟新捉妖天团 (in zh) (28 November 2016)။
  2. 《素人特工》曝王大陆&肖战跑酷片段 (in zh) (4 July 2019)။
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named jade
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ssa
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named slm
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ome
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ba
  8. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named untamed
  9. 《庆余年》肖战帅气亮相 谈角色:宠辱不惊 (in zh) (26 January 2018)။
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named wolf
  11. 《余生,请多指教》全阵容海报曝光 杨紫肖战主演 (in zh) (15 August 2019)။
  12. 肖战《慢游旅行家》厦门站正片上线 (in zh) (September 30, 2019)။
  13. 雅诗兰黛×肖战口红微电影第二集:请你继续勇敢表达自己 (in zh) (October 2019)။