ရဝမ်လူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး robot Adding: fr:Nung Rawang
စာကြောင်း ၅၃ - စာကြောင်း ၅၃ -


[[en:Nung Rawang]]
[[en:Nung Rawang]]
[[fr:Nung Rawang]]
[[hr:Rawang]]
[[hr:Rawang]]
[[th:ราวาง]]
[[th:ราวาง]]

၂၀:၀၁၊ ၂၁ အောက်တိုဘာ ၂၀၁၀ ရက်နေ့က မူ

ဖိုင်:Yawan.jpg
ရဝမ်လူမျိုး

ရဝမ်လူမျိုး များသည် ကချင်လူမျိုးနွယ်စုဝင် ၆ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန်ခေျာင်း) ချိုင့်ဝှမ်း ခေါင်လန်ဖူးဒေသမေခချိုင့်ဝှမ်း နှင့် ခရန်ခူးစသည့် ခါကာဘိုရာဇီ တောင်ခြေဒေသများတွင် နေထိုင်ကြသည်။

ရဝမ်လူမျိုးကွဲများ

ရဝမ်လူမျိုးများတွင် မျိုးကွဲများ ရှိသေးသည်။ ၄င်းတို့သည် ပြောဆိုသည့် စကားအလိုက် တူရာခွဲခြားသည့်အခါ လူမျိုးစုငယ် လေးစု အဖြစ်တွေ့ရသည်။ အဓိကအားဖြင့် မတ်ဝမ်၊ ဒရူ၊ တန်ဆာရ်နှင့် လုံမီ တို့ဖြစ်သည်။ ဒေသအလိုက် ပြောဆိုသည့် စကားနှင့် လေယူလေသိမ်း အနည်းငယ် ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ပြောဆိုသည့် စကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အထောက်အထားများစွာတွေ့ရသည်။ အုပ်စုငယ်များနှင့် မိသားစုအလိုက် ပြောဆိုသည့် စကားလည်း အနည်းငယ် ကွဲပြားသည်။ ထိုလူမျိုးငယ် တစ်ခုအတွင်းရှိ မိသားစု တစ်ခုနှင့် တစ်ခုပင် ပြောဆိုသည့် လေယူလေသိမ်း၊ အသုံးပြုပုံ ကွဲပြားသည်။

အမည်မှည့်ပုံ

ရဝမ်လူမျိုးများသည် မိမိတို့ သား သမီးများအား နာမည် မှည့်ရာတွင် အကြီးမှ အငယ်အလိုက်မှည့်ကြသည်။ ၄င်းမှာ အောက်ပါအလိုက်ဖြစ်သည်။

သား သမီး
ပထမ ဖုန် နန်
ဒုတိယ ဒီး၊ ထင် နင်
တတိယ ခင်၊ ဂျုံ ချန်၊ ခေါ်
စတုတ္ထ ဆင် နွန်၊ ထီ
ပဉ်စမ မင် ဇင်၊ ခူရ်
ဆဌမ ဖီ ထန်၊ ဂင်း
သတ္တမ ယုန် ထမ်း