ကျောက်တိုင်ရှင်မ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး →‎သမိုင်း
စာကြောင်း ၁၁ - စာကြောင်း ၁၁ -
သက္ကရာဇ် ၆၃၀ ပြည့်နှစ်တွင် ဖြစ်၏။ လင်းဇင်းမင်းဆက်ဖြစ်သည့် ဗြရာမသွန်မင်းနှင့် ကျမိုင်းမင်းသမီးတို့သည် လက်ထပ်ကြပြီးနောက် နဂါးသေရွာတွင် တနင်္သာရီမြို့ကို တည်ထောင်ကြ၏။ ထိုသို့ မြို့ကို တည်ထောင်သည့်အခါ ရေဘေးဖြင့် အကြိမ်ကြိမ်အခါခါ ပျက်စီးလျက် ရှိနေလေသည်။

ထိုသို့ မြို့သည် တည်မရဘဲ ပျက်စီးနေသဖြင့် ၆၃၅ ခုနှစ်တွင် မြို့တွင်းမြို့ပြင်သို့ တဘောင်နာစေရာ အရှေ့ဆငင်ဖြူတံခါးအနီးတွင် ကျောင်းသားအရွယ်သူငယ်တို့သည် ကစားနေရာမှ “အောင်ပါသူ ကျောက်တိုင်စတေးမှ တိုင်းရွှေပြည် သာယာလိမ့်လေး” ဟု သီဆိုကြသည်ကို မှူးမတ်တို့ ကြားခဲ့လေသည်။ ထိုအကြောင်းကို မှူးမတ်တို့သည် မင်းကြီးအား လျှောက်တင်၏။
ထိုသို့ မြို့သည် တည်မရဘဲ ပျက်စီးနေသဖြင့် ၆၃၅ ခုနှစ်တွင် မြို့တွင်းမြို့ပြင်သို့ တဘောင်နာစေရာ အရှေ့ဆင်ဖြူတံခါးအနီးတွင် ကျောင်းသားအရွယ်သူငယ်တို့သည် ကစားနေရာမှ “အောင်ပါသူ ကျောက်တိုင်စတေးမှ တိုင်းရွှေပြည် သာယာလိမ့်လေး” ဟု သီဆိုကြသည်ကို မှူးမတ်တို့ ကြားခဲ့လေသည်။ ထိုအကြောင်းကို မှူးမတ်တို့သည် မင်းကြီးအား လျှောက်တင်၏။

ထို့နောက် မင်းကြီးသည် “အောင်” ပါသော အမည်နှင့်လူကို ရှာ၍ မြို့တည်အထိမ်းအမှတ်ကျောက်တိုင်၌ စတေးရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် ဝန်အမတ်တို့သည် ရပ်ကွက်အနှံ့လူစာရင်းကောက်ယူကာ “ညအချိန် အောင်ပါသော အမည်ကို ခေါ်ပါ မထူးကြလေနှင့်၊ ထူးပါက အရှင်လတ်လတ်မြို့တည် အထိမ်းအမှတ်ကျောက်တိုင်တွင် စတေးမည်” ဟု ဘုရင့်အမိန်ကို ကြေညာကြလေသည်။

၀၅:၅၆၊ ၂၁ ဇူလိုင် ၂၀၁၉ ရက်နေ့က မူ

ကျောက်တိုင်ရှင်မ သည် မြန်မာလူမျိုးများ ကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း

သက္ကရာဇ် ၆၃၀ ပြည့်နှစ်တွင် ဖြစ်၏။ လင်းဇင်းမင်းဆက်ဖြစ်သည့် ဗြရာမသွန်မင်းနှင့် ကျမိုင်းမင်းသမီးတို့သည် လက်ထပ်ကြပြီးနောက် နဂါးသေရွာတွင် တနင်္သာရီမြို့ကို တည်ထောင်ကြ၏။ ထိုသို့ မြို့ကို တည်ထောင်သည့်အခါ ရေဘေးဖြင့် အကြိမ်ကြိမ်အခါခါ ပျက်စီးလျက် ရှိနေလေသည်။

ထိုသို့ မြို့သည် တည်မရဘဲ ပျက်စီးနေသဖြင့် ၆၃၅ ခုနှစ်တွင် မြို့တွင်းမြို့ပြင်သို့ တဘောင်နာစေရာ အရှေ့ဆင်ဖြူတံခါးအနီးတွင် ကျောင်းသားအရွယ်သူငယ်တို့သည် ကစားနေရာမှ “အောင်ပါသူ ကျောက်တိုင်စတေးမှ တိုင်းရွှေပြည် သာယာလိမ့်လေး” ဟု သီဆိုကြသည်ကို မှူးမတ်တို့ ကြားခဲ့လေသည်။ ထိုအကြောင်းကို မှူးမတ်တို့သည် မင်းကြီးအား လျှောက်တင်၏။

ထို့နောက် မင်းကြီးသည် “အောင်” ပါသော အမည်နှင့်လူကို ရှာ၍ မြို့တည်အထိမ်းအမှတ်ကျောက်တိုင်၌ စတေးရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် ဝန်အမတ်တို့သည် ရပ်ကွက်အနှံ့လူစာရင်းကောက်ယူကာ “ညအချိန် အောင်ပါသော အမည်ကို ခေါ်ပါ မထူးကြလေနှင့်၊ ထူးပါက အရှင်လတ်လတ်မြို့တည် အထိမ်းအမှတ်ကျောက်တိုင်တွင် စတေးမည်” ဟု ဘုရင့်အမိန်ကို ကြေညာကြလေသည်။

ထိုအချိန်တွင် ယိုးဒယားတံခါးအနီး ကုန်သည်တစ်ဦးတွင် “မယ်အောင်သာ” ဟု အမည်ရှိသည့် လှပသည့် သမီးတစ်ဦး ရှိ၏။ မယ်အောင်သာသည် သူဌေးသားတစ်ဦးနှင့် လက်ထပ်ထားပြီး သုံးနှစ်အရွယ်သားတစ်ဦးနှင့် ၇ လရှိသည့် ကိုယ်ဝန်ကို လွယ်ထားရလေသည်။ မိဘ၊ လင်သား၊ ဆွေမျိုးများသည် မယ်အောင်သာအတွက် စိုးရိမ်ကြသဖြင့် ခေါ်လျှင် မထူးရန် မှာကြားပြီး အစောင့်အကြပ်ကြီးစွာ နေနေကြလေသည်။

သို့သော် မယ်အောင်သာသည် ဘုရင့်အမိန့်သံကို ကြားရသည့်နေ့မှ စပြီး သီချင်းတကျော်ကျော်နှင့် ရွှင်လန်းဝမ်းမြောက်လျှက် ရှိသည်။

တစ်ခုသောနေ့ ညသန်းခေါင်ယံအချိန်တွင် မှူးမတ်တို့က မောင်းစည်တီးခတ်ကာ လှည့်လည်ခေါ်သည့်အခါ မယ်အောင်သာတို့ အိမ်ရှေ့သို့ ရောက်လာ၏။ ထို့နောက် “အို.... သမီးမယ်အောင်သာ” ဟု ခေါ်လိုက်ရာ မယ်အောင်သာသည် မည်သူတားတား တားမရဘဲ “ရှင် ကျွန်မလာပါပြီ” ဟု ပြောကာ အတင်းရုန်းကန်၍ အိမ်ပေါ်မှ ဆင်းပြေးခဲ့သည်။

မြို့တည် မော်ကွန်းကျောက်တိုင်သို့ ရောက်သည့်အခါတွင် မယ်အောင်သာသည် တွင်းထဲသို့ ခုန်ဆင်းပြီး ပုဆစ်တုပ်လျက် နန်းတော်ရှိရာဘက်နှင့် မိဘ၊ လင်သားများ ရှိရာအိမ်ဘက်သို့ လှမ်းကန်တော့ခဲ့သည်။ ထို့နောက်တွင် မှူးမတ်များအား ကျောက်တိုင်ကို စိုက်ချရန် ပြောသဖြင့် မှူးမတ်တို့သည် စိုက်ချရာ ကျောက်တိုင်၏ ထိပ်သို့တိုင် သွေးများ ပန်းထွက်လာခဲ့သည်။

ထိုကဲ့သို့ မယ်အောင်သာကို စတေးပြီးမှ မြို့တည်မှုလည်း အောင်မြင်ပြီး ယခုထက်တိုင် ရေများစွာ မကြီးဘဲ ရှိလေသည်။[၁]

ကိုးကွယ်မှုများ

မယ်အောင်သာကို တနင်္သာရီ နယ်သူနယ်သားတို့က “ကျောက်တိုင်ရှင်မ”၊ “အောင်သာရှင်မ” စသည်ဖြင့် ခေါ်ဝေါ်ကြပြီး နှစ်စဉ်နှစ်တိုင်း အရိုအသေပြုကာ နတ်ကန္နားပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။

မည်သူမဆို နတ်နန်းအတွင်းသို့ ဝင်ရောက်မည်ဆိုပါက ဖိနပ်ချွတ်ကာ အရိုအသေပြုပြီးမှ ဝင်ကြရသည်။[၁]

ယုံကြည်မှုများ

တနင်္သာရီမြို့တွင် ဘေးဥပဒ်တစ်ခုခု ကြုံရမည်ဆိုလျှင် လပြည့်၊ လကွယ်နေ့များတွင် ကျောက်တိုင်ထိပ်မှ သွေးများ ထွက်လာသည်ဟု ဆိုကြသည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၇၆၊ ၁၇၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)