၃၈ ဖြာ မင်္ဂလာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉ - စာကြောင်း ၉ -
# ဗာဟုသစ္စ (ဗာဟုသစ္စဉ္စ )=အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
# ဗာဟုသစ္စ (ဗာဟုသစ္စဉ္စ )=အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
# သိပ္ပ (သိပ္ပဉ္စ)=အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊
# သိပ္ပ (သိပ္ပဉ္စ)=အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊
# ဝိနယ သုသိက်္ခိတ (ဝိနယောစ သုကိက္ခိတော)=ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊
# ဝိနယ သုသိက္ခိတ (ဝိနယောစ သုကိက္ခိတော)=ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊
# သု ဘာသိတဝါစာ (သုဘာသိတာ စ ယာ ဝါစာ)=အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊
# သု ဘာသိတဝါစာ (သုဘာသိတာ စ ယာ ဝါစာ)=အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊
# မာတာပိတု ဥပဋ္ဌာနံ (မာတာပိတု ဥပဋ္ဌာန)=အမိ အဖ တို့အား ပြုစု လုပ်ကျွေး ကျေးဇူးဆပ်ရခြင်း၊
# မာတာပိတု ဥပဋ္ဌာနံ (မာတာပိတု ဥပဋ္ဌာန)=အမိ အဖ တို့အား ပြုစု လုပ်ကျွေး ကျေးဇူးဆပ်ရခြင်း၊

၀၂:၃၃၊ ၂၀ ဇူလိုင် ၂၀၁၉ ရက်နေ့က မူ

ဗုဒ္ဓ ရှင်တော် ဟောကြားတော် မူခဲ့သော မင်္ဂလာ တရား ၃၈ ပါး

ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အားလုံးတို့အား ချမ်းသာခြင်းကို ပေးတတ်သော မင်္ဂလာတရား ၃၈-ပါး

  1. အသေဝနာစ ဗာလာနံ (အသေဝနာ စ ဗာလာနံ)=သူမိုက်ကို မဆည်းကပ်ရခြင်း၊
  2. ပဏ္ဍိတာနဉ္စ သေဝနာ (ပဏ္ဍိတာနဉ္စ သေဝနာ)=ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
  3. ပူဇာစ ပူဇနေယျာနံ (ပူဇာ စ ပူဇနေယျာနံ)=ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
  4. ပဋိရူပ ဒေသာဝါသ (ပတိရူပ ဒေသဝါသော စ)=သင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊
  5. ပုဗ္ဗေစ ကတ ပုညတာ (ပုဗ္ဗေ စ ကတ ပုညတာ)=မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
  6. အတ္တသမ္မာ ပဏီဓိ (အတ္တသမ္မာပဏိဓိ စ)=ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
  7. ဗာဟုသစ္စ (ဗာဟုသစ္စဉ္စ )=အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
  8. သိပ္ပ (သိပ္ပဉ္စ)=အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊
  9. ဝိနယ သုသိက္ခိတ (ဝိနယောစ သုကိက္ခိတော)=ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊
  10. သု ဘာသိတဝါစာ (သုဘာသိတာ စ ယာ ဝါစာ)=အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊
  11. မာတာပိတု ဥပဋ္ဌာနံ (မာတာပိတု ဥပဋ္ဌာန)=အမိ အဖ တို့အား ပြုစု လုပ်ကျွေး ကျေးဇူးဆပ်ရခြင်း၊
  12. ပုတ္တဒါရဿ သင်္ဂဟ (ပုတ္တဒါရဿ သင်္ဂဟော)=သားမယား တို့အား စွမ်းနိုင်သလောက် ကျွေးမွေး ထောက်ပံ့ရခြင်း၊
  13. အနာကုလ ကမ္မန္တ (အနာကုလာ စ ကမ္မန္တာ)=ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်း၊
  14. ဒါန (ဒါနဉ္စ)=ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
  15. ဓမ္မစရိယ (ဓမ္မစရိယာ စ)=ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
  16. ညာတကာနဉ္စသင်္ဂဟ (ဉာတကာနဉ္စ သင်္ဂဟော)=ဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
  17. အနဝဇ္ဇ ကမ္မ (အနဝဇ္ဇာနိ ကမ္မာနိ၊)=နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
  18. အာရတီ (အာရတီ)=မကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်း၊
  19. ဝိရတီ ( ဝိရတီ)=မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
  20. မဇ္ဇပါန သံယမ (မဇ္ဇပါနာ စ သံယမော)=သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
  21. အပ္ပမာဒ ဓမ္မ (အပ္ပမာဒေါ စ ဓမ္မေသု)=ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
  22. ဂါရဝ (ဂါရဝေါ စ )=ရိုသေထိုက်သူကို ရိုသေခြင်း၊
  23. နိဝါတ (နိဝါတော စ)=မာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
  24. သန္တုဋ္ဌိ (သန္တုဋ္ဌိ စ )=ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
  25. ကတညုတာ (ကတညုတာ)=မိမိ အပေါ် ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
  26. ကာလေန ဓမ္မဿဝန (ကာလေန ဓမ္မဿဝနံ)=သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
  27. ခန္တီ (ခန္တီစ)=နေရာတိုင်း၌သည်းခံရခြင်း၊
  28. သောဝစဿတာ (သောဝစဿတာ)=ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
  29. သမဏဒဿန (သမဏာနဉ္စ ဒဿန)=အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
  30. ကာလေန ဓမ္မသာကစ္ဆ (ကာလေန ဓမ္မသာကစ္ဆာ)=လျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
  31. တပ (တပေါ စ)=မကောင်းကြံ မကောင်းဩပ, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊
  32. ဗြဟ္မစရိယ (ဗြဟ္မစရိယဉ္စ)=မြတ်သော အကျင့်ရှိခြင်း၊
  33. အရိယာ သစ္စာန ဒဿန (အရိယာသစ္စာန ဒဿနံ)=သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
  34. နိဗ္ဗာနသစ္ဆိကိရိယ (နိဗ္ဗာန သစ္ဆိကိရိယာ စ၊)=အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊
  35. ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ ( ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊)=လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊
  36. အသောက (အသောကံ)=စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
  37. ဝိရဇ (ဝိရဇံ)=ရာဂစသော ကိလေသာမြူမရှိခြင်း၊
  38. ခေမ (ခေမံ)=ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။

(၃၈)ဖြာ မင်္ဂလာကဗျာများ

၃၈ ဖြာ မင်္ဂလာ ကို ကဗျာပုံစံဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ယံမင်္ဂလံ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇာစ်မြစ်မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား ဝါဒများ ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။

ဧဝံ မေ သုတံ

သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌
ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ
သန်းခေါင်ယံခါ မထင်ရှားသည့်
နတ်သားတစ်ပါး ချဉ်းကပ်လေ
လေးမြတ်ရိုသေ မင်္ဂလာသဘောကို
ထင်ရှားဟော လျှောက်ပန်ချွေ
အသေဝနာတရား အစထား ဟောကြားမိန့်ခဲ့ပေ။
အဲဒါကြောင့် နာရ၊ ကြားရ ကမ္ဘာ့မင်္ဂတွေ။

အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ပဋိရူပ ဒေသဝါသော စ၊ ပုဗ္ဗေစ ကတ ပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ

ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့၊ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ဗာဟုဿဉ္စ၊ သိပ္ပဉ္စ၊ ဝိနယောစ သုကိက္ခိတော၊ သုဘာသိတာ စ ယာ ဝါစာ

တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတရှိပါစေ။
အိုးအိမ်တည်ထောင်ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊ အနာကုလာ စ ကမ္မန္တာ

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယားကို မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန်မလစ်ဟင်းနဲ့ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ဒါနဉ္စ၊ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊ အနဝဇ္ဇာနိ ကမ္မာနိ

သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်လေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊ အပ္ပမာဒေါ စ ဓမ္မေသု

မကောင်းမှုတွေဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနှင့်၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ဂါရဝေါစ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ၊ ကာလေန ဓမ္မဿဝနံ

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ခန္တီစ၊ သောဝစဿတာ၊ သမဏာနဉ္စ ဒဿန၊ ကာလေန ဓမ္မသာကစ္ဆာ

ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ချုပ်ထိန်းသည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

တပေါစ၊ ဗြဟ္မစရိယဉ္စ၊ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ

လောကီအာရုံ ဇိမ်ယစ်မူးလို့ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချင်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ

ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောက ကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

မင်္ဂလာအကျိုး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို လိုက်နာကျင့်သုံး ပန်သူတွေ
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ကောင်းကျိုးစည်ပွင့် တဝေဝေ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ကိုယ်ရောစိတ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။

နိဂုံးကဗျာ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်းသတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရား ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာက သိပါစေ။

ဒဂုန်ဦးထွန်းမြင့်


ကျမ်းကိုး